သောက်ရေအခက်ခဲဖြစ်ပြီး ရေနောက်နေတဲ့ ဒေသတွေအတွက် အရေးပေါ် သဘာဝ သောက်ရေသန့် စစ်နည်း

Unicode

ဒီနည်းက အရမ်းကို လွယ်ကူတဲ့အပြင် ရေ ကို အတော်လေး သန့်စင်ပြီးသား ဖြစ်စေပါတယ်။

“ထမင်း အသက် ခုနစ်ရက်၊ ရေ အသက် တစ်မနက်” ပါ။ မသန့်ရှင်းတဲ့ ရေ တွေကို သောက်မိမယ်ဆိုရင် ဘက်တီးရီးယားပိုး တွေ ပါလာနိုင်တယ်။

အမှိုက်သရိုက် တွေ၊ တိရစ္ဆာန်တွေရဲ့ အမှုန်အမွှားတွေ ပါလာနိုင်ပါတယ်။ ညစ်ပတ်တဲ့ ရေ တွေကြောင့် အစာအိမ် က အလုပ် ကောင်းကောင်း မလုပ်နိုင်ဘဲ ဝမ်းလျှောပြန်တော့ ဒုက္ခတွေက ပိုများလာနိုင်ပါသေးတယ်။

ခရီး သွားရင်း ဖြစ်ဖြစ်၊ မတော်တဆ လမ်းခရီးမှာ ဒုက္ခကြုံလို့ ဖြစ်ဖြစ် အရေးပေါ် သောက်ရေ၊ သုံးရေ လိုအပ်လာတဲ့အခါ ရေသန့် ရရှိအောင် ပြုလုပ်နည်းကို ဗဟုသုတ တစ်ခုအဖြစ် သိထားသင့်တယ် ထင်ပါတယ်။

ပလပ်စတစ် ရေသန့်ဘူး အခွံ တစ်လုံး ရှိဖို့တော့ လိုပါတယ်။ ပြီးရင် ရေသန့်ဘူး ကို အလယ်ကနေ ထက်ဝက်ပိုင်းလိုက်ပါ။ ပုလင်းအဝနဲ့ အပိုင်းကို ရေစ စ်လုပ်မှာ ဖြစ်ပြီး အောက်က ဘူးခွံ ကိုတော့ ရေသန့်ထည့်မှာ ဖြစ်ပါတယ်။

ရေစစ် ပြုလုပ်နည်း

ရေသန့်ဘူး အဖုံးကို အပေါက်သေးသေးတစ်ပေါက် ဖောက်ပါ။ ဘူးကို ကတော့လို ဖြစ်သွားအောင် ဇောက်ထိုး ထားထားပါ။

မှာ ရေညှိ ရှိလား ကြည့်ပြီး ကတော့ ထဲကို လက်တစ်ဆုပ်စာလောက် ထည့်ထားလိုက်ပါ။ မြက်ပင်စိမ်းစိမ်း တွေ ရှိလည်း နုတ်ယူပြီး ထည့်လို့ ရပါတယ်။ မြေကြီး ပေါ်က သဲကို ထပ်ထည့်ပါ။

နောက်ပြီး မီးသွေးမှုန့် ရှိရင် ထည့်ပါ။ အပေါ်ကနေ ကျောက်စရစ်ခဲ အနည်းငယ် တစ်လွှာ ထည့်ပါ။ အထဲမှာ သေချာ သိပ်သိပ်လေးဖြစ်အောင် ဖိပေးလိုက်ပါ။ အပေါ်က ပုံထဲကလို အလွှာ လေးတွေနဲ့ ကတော့လေး ရပြီဆိုရင် ရေစစ်ကြည့်လို့ ရပါပြီ။

စမ်းချောင်း လျှိုမြောင် တွေထဲကို ကျတဲ့ရေက ဒီလိုပဲ မြက်ပင် တွေ၊ ကျောက်စရစ်ခဲ နဲ့ သဲမှုန့် တွေကို ဖြတ်သန်းပြီး စီးဆင်းသွားတဲ့ ရေတွေပါပဲ။ ချောင်းထဲ၊ အိုင်ထဲမှာ ရေ က အနည်ထိုင်သွားတာကြောင့် ရေကြည်ကြည်လေး ဖြစ်နေတာပါ။

ရေစစ်နည်း

စီးဆင်းနေတဲ့ ရေရှင် ရေ ရင် သောက်သုံးလို့ ရတဲ့ရေလို့ ဆိုကြပါတယ်။ ချောင်းတွေ၊ မြစ်တွေလို ရေရှင် မဟုတ်ဘဲ ရေအိုင် ထဲက ရေ ဆိုရင်တော့ အနည်းဆုံး ဒီလိုလေး စစ်ပြီး သောက်တဲ့အခါ စိတ်ထဲလည်း အတော်လေး သန့်သွား၊ စိတ်ချသွားရမယ် ထင်ပါတယ်။ သောက်မယ့် ရေ ကို ခပ်ပြီးတဲ့အခါ အဝတ်အပိုင်းစလေးနဲ့ အရင်စစ်ချလိုက်ပါ။

ပြီးရင် ဖြတ်ထားတဲ့ ဘူးခွံ ကို အောက်ကနေ ကို ခံထားပြီး ရေစစ် ကတော့ထဲကို ရေ လောင်းထည့််လိုက်ပါ။ တစ်ဆင့်ချင်းဆီ ဖြတ်ပြီး ကျလာတဲ့ရေက တော်တော်လေး သန့်နေပါလိမ့်မယ်။

မြက်ပင်၊ သဲ နဲ့ ကျောက်စရစ်ခဲ တွေ ထည့်ထားတဲ့ အလွှာ ကြီးလေလေ၊ ရေ ကို ပိုစစ်ချပေးနိုင်လေ ဖြစ်ပါတယ်။

ကျိုချက်နည်း

ရလာတဲ့ရေ ကို ကျိုချက်ပြီး သောက်သုံးရုံပါပဲ။ ရေ ကို ပွက်ပွက်ဆူတဲ့အထိ ကျိုချက်ပေးပါ။ ထည့်ကျိုစရာ ခွက်၊ အိုး မရှိဘူးဆိုရင် ဒီ ပလပ်စတစ် သောက်ရေဘူး နဲ့ ကျိုချက်လို့ ရပါတယ်။

ပလပ်စတစ်ဘူး က မီးပူ ကို ခံနိုင်ပြီး ရေပွက်တဲ့အထိ ထည့်ကျိုနိုင်ပါတယ်။ ဒီဘူးနဲ့ ကျိုတာတော့ အရေးပေါ် အဖြစ်သာ သုံးပါ။ ပလပ်စတစ်ဘူး နဲ့ ကျိုတာက ရေရှည်သောက်သုံးဖို့ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

Credit

Zaw Gyi

ဒီနည္းက အရမ္းကို လြယ္ကူတဲ့အျပင္ ေရ ကို အေတာ္ေလး သန႔္စင္ၿပီးသား ျဖစ္ေစပါတယ္။

“ထမင္း အသက္ ခုနစ္ရက္၊ ေရ အသက္ တစ္မနက္” ပါ။ မသန႔္ရွင္းတဲ့ ေရ ေတြကို ေသာက္မိမယ္ဆိုရင္ ဘက္တီးရီးယားပိုး ေတြ ပါလာႏိုင္တယ္။

အမႈိက္သ႐ိုက္ ေတြ၊ တိရစာၦန္ေတြရဲ႕ အမႈန္အမႊားေတြ ပါလာႏိုင္ပါတယ္။ ညစ္ပတ္တဲ့ ေရ ေတြေၾကာင့္ အစာအိမ္ က အလုပ္ ေကာင္းေကာင္း မလုပ္ႏိုင္ဘဲ ဝမ္းေလွ်ာျပန္ေတာ့ ဒုကၡေတြက ပိုမ်ားလာႏိုင္ပါေသးတယ္။

ခရီး သြားရင္း ျဖစ္ျဖစ္၊ မေတာ္တဆ လမ္းခရီးမွာ ဒုကၡႀကဳံလို႔ ျဖစ္ျဖစ္ အေရးေပၚ ေသာက္ေရ၊ သုံးေရ လိုအပ္လာတဲ့အခါ ေရသန႔္ ရရွိေအာင္ ျပဳလုပ္နည္းကို ဗဟုသုတ တစ္ခုအျဖစ္ သိထားသင့္တယ္ ထင္ပါတယ္။

ပလပ္စတစ္ ေရသန႔္ဘူး အခြံ တစ္လုံး ရွိဖို႔ေတာ့ လိုပါတယ္။ ၿပီးရင္ ေရသန႔္ဘူး ကို အလယ္ကေန ထက္ဝက္ပိုင္းလိုက္ပါ။ ပုလင္းအဝနဲ႔ အပိုင္းကို ေရစ စ္လုပ္မွာ ျဖစ္ၿပီး ေအာက္က ဘူးခြံ ကိုေတာ့ ေရသန႔္ထည့္မွာ ျဖစ္ပါတယ္။

ေရစစ္ ျပဳလုပ္နည္း

ေရသန႔္ဘူး အဖုံးကို အေပါက္ေသးေသးတစ္ေပါက္ ေဖာက္ပါ။ ဘူးကို ကေတာ့လို ျဖစ္သြားေအာင္ ေဇာက္ထိုး ထားထားပါ။

မွာ ေရညႇိ ရွိလား ၾကည့္ၿပီး ကေတာ့ ထဲကို လက္တစ္ဆုပ္စာေလာက္ ထည့္ထားလိုက္ပါ။ ျမက္ပင္စိမ္းစိမ္း ေတြ ရွိလည္း ႏုတ္ယူၿပီး ထည့္လို႔ ရပါတယ္။ ေျမႀကီး ေပၚက သဲကို ထပ္ထည့္ပါ။

ေနာက္ၿပီး မီးေသြးမႈန႔္ ရွိရင္ ထည့္ပါ။ အေပၚကေန ေက်ာက္စရစ္ခဲ အနည္းငယ္ တစ္လႊာ ထည့္ပါ။ အထဲမွာ ေသခ်ာ သိပ္သိပ္ေလးျဖစ္ေအာင္ ဖိေပးလိုက္ပါ။ အေပၚက ပုံထဲကလို အလႊာ ေလးေတြနဲ႔ ကေတာ့ေလး ရၿပီဆိုရင္ ေရစစ္ၾကည့္လို႔ ရပါၿပီ။

စမ္းေခ်ာင္း လွ်ိဳေျမာင္ ေတြထဲကို က်တဲ့ေရက ဒီလိုပဲ ျမက္ပင္ ေတြ၊ ေက်ာက္စရစ္ခဲ နဲ႔ သဲမႈန႔္ ေတြကို ျဖတ္သန္းၿပီး စီးဆင္းသြားတဲ့ ေရေတြပါပဲ။ ေခ်ာင္းထဲ၊ အိုင္ထဲမွာ ေရ က အနည္ထိုင္သြားတာေၾကာင့္ ေရၾကည္ၾကည္ေလး ျဖစ္ေနတာပါ။

ေရစစ္နည္း

စီးဆင္းေနတဲ့ ေရရွင္ ေရ ရင္ ေသာက္သုံးလို႔ ရတဲ့ေရလို႔ ဆိုၾကပါတယ္။ ေခ်ာင္းေတြ၊ ျမစ္ေတြလို ေရရွင္ မဟုတ္ဘဲ ေရအိုင္ ထဲက ေရ ဆိုရင္ေတာ့ အနည္းဆုံး ဒီလိုေလး စစ္ၿပီး ေသာက္တဲ့အခါ စိတ္ထဲလည္း အေတာ္ေလး သန႔္သြား၊ စိတ္ခ်သြားရမယ္ ထင္ပါတယ္။ ေသာက္မယ့္ ေရ ကို ခပ္ၿပီးတဲ့အခါ အဝတ္အပိုင္းစေလးနဲ႔ အရင္စစ္ခ်လိုက္ပါ။

ၿပီးရင္ ျဖတ္ထားတဲ့ ဘူးခြံ ကို ေအာက္ကေန ကို ခံထားၿပီး ေရစစ္ ကေတာ့ထဲကို ေရ ေလာင္းထည့္္လိုက္ပါ။ တစ္ဆင့္ခ်င္းဆီ ျဖတ္ၿပီး က်လာတဲ့ေရက ေတာ္ေတာ္ေလး သန႔္ေနပါလိမ့္မယ္။

ျမက္ပင္၊ သဲ နဲ႔ ေက်ာက္စရစ္ခဲ ေတြ ထည့္ထားတဲ့ အလႊာ ႀကီးေလေလ၊ ေရ ကို ပိုစစ္ခ်ေပးႏိုင္ေလ ျဖစ္ပါတယ္။

က်ိဳခ်က္နည္း

ရလာတဲ့ေရ ကို က်ိဳခ်က္ၿပီး ေသာက္သုံး႐ုံပါပဲ။ ေရ ကို ပြက္ပြက္ဆူတဲ့အထိ က်ိဳခ်က္ေပးပါ။ ထည့္က်ိဳစရာ ခြက္၊ အိုး မရွိဘူးဆိုရင္ ဒီ ပလပ္စတစ္ ေသာက္ေရဘူး နဲ႔ က်ိဳခ်က္လို႔ ရပါတယ္။

ပလပ္စတစ္ဘူး က မီးပူ ကို ခံႏိုင္ၿပီး ေရပြက္တဲ့အထိ ထည့္က်ိဳႏိုင္ပါတယ္။ ဒီဘူးနဲ႔ က်ိဳတာေတာ့ အေရးေပၚ အျဖစ္သာ သုံးပါ။ ပလပ္စတစ္ဘူး နဲ႔ က်ိဳတာက ေရရွည္ေသာက္သုံးဖို႔ က်န္းမာေရးအတြက္ မသင့္ေလ်ာ္ပါဘူး။

Credit