တစ်နေကုန်လုံး ကမာကောင်တွေချည်းသာဖမ်းမိခဲ့ပေမဲ့လည်း မထင်ထားလောက်အောင် ကံကောင်းသွားခဲ့တဲ့ တံငါသည်အဘိုးအို

Unicode

တရုတ်နိုင်ငံ၊ ယူနန်က အဘိုးကြီးတစ်ဦးဟာ ဈေးကွက်မှာ ငါးတွေကို ရောင်းချခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်းရှာဖွေနေရပါတယ် ။

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ Liu ဟာ တံငါသည်တစ်ယောက်ဖြစ်ပြီး တစ်သက်လုံးငါးဖမ်းအလုပ်လုပ်စားနေတာပါ ။

အဘိုးဟာ အသက်ကြီးတာကြောင့် မြစ်ဝမှာသာ ပိုက်ကွန်ချနိုင်ခဲ့တာပါ ။ တစ်နေ့မှာ အဘိုးငါးဖမ်းထွက်သွားပြီး ကမာကောင်အချို့ ဖမ်းရန် သူ့ရဲ့ ပိုက်ကွန်ကို မြစ်ပေါ်ပစ်ချလိုက်ပါတယ် ။ တစ်နေ့တာကုန်ဆုံးချိန်မှာ အဘိုးဟာ ဖမ်းမိတဲ့ ပိုက်ကွန်ကို ဆွဲထုတ်လိုက်ပါတယ် ။

ပိုက်ကွန်ထဲမှာ ငါးတွေအစား အဘိုးက ကမာကောင်ကြီးတွေကိုသာ ဖမ်းဆီးနိုင်ခဲ့ပါတယ် ။ Liu က သူရဲ့ဖမ်းဆီးရမိမှုကို စိတ်ပျက်မိကြောင်းနဲ့ သူဟာ ကမာများကို အိမ်သို့ယူပြန်ခဲ့ပါတယ် ။

အနည်းဆုံးတော့ ကမာတွေကို သူ့မိသားစုအတွက် အစာစားနိုင်အောင် သူလုပ်ပေးနိုင်တယ်လို့ အဘိုးကထင်ခဲ့ပါတယ် ။

အိမ်ရောက်တော့ ကမာကို ချက်ဖို့ လုပ်တဲ့အခါမှာ ယခင်က ဖမ်းမိခဲ့တဲ့ ကမာနဲ့ မတူဘဲ ကမာအတွင်းမှာ ရေချိုပုလဲတွေ ဆယ်ပုံတစ်ပုံပါရှိနေခဲ့ပါတယ် ။ ကမာကောင်အတွင်းမှာ ပုလဲအမြောက်အမြားကို သူကပထမဆုံးတွေ့ခဲ့တာလို့ Liu ကပြောကြားခဲ့ပါတယ် ။

ကံကောင်းတာက Liu ဟာ အခုတော့ပုလဲတွေကို ရောင်းဖို့ပဲလိုပါတော့တယ် ။ အဘိုးအို တကယ်ကို ကံကောင်းပါပေတယ် Crd

Zaw Gyi






