ဖက်ထုပ် ဆီချက် ပြုလုပ်နည်း

Unicode

ဖက်ထုပ် ဆီချက် ပြုလုပ်နည်း

ဆီချက်လုပ်စာတဲ့အခါ တပွဲစာ အတွက်ဘဲ လုပ်မှ ကောင်းပါတယ်..။

၀က်နံရိုးပြုတ်ရည်/ အရိုးပြုတ် အချိုရည် အဆင်သင့်ရှိရနေပါတယ်။ ပန်းကန်လုံးတခုထဲမှာကြက်သွန်ဖြူ ကြော် ဆီချက် ၁ စားပွဲဇွန်း တို့ကို ထည့်မွှေပေးပီး ဖက်ထုတ်ပြုတ်နဲ့ ခေါက်ဆွဲပေါ် ဆမ်းချပေးလိုက်တာဘဲ..။

ငရုပ်ကောင်းမှုန့် နဲနဲ ဖြူး၊ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူ ကြော်လေး ဖြူးပီး သုံးဆောင်ပါ..။ ဖက်ထုတ်ခွံကတော့ Wonton အခွံလေးတွေ၀ယ်တယ်..

ပါ၀င်ပစ္စည်းများ

အရိုးပြုတ်ရည် ၂ စားပွဲဇွန်း/သကြား ၁/၄ လက်ဘက်ရည်ဇွန်း/ဆား သင့်ရုံ

ပဲငံပြာရည် အကျဲ ၁ လက်ဘက်ရည်ဇွန်း/အချိုမှုန့် သင့်ရုံ

ဖက်ထုပ် အဆာအတွက် ၀က်သား အဆီ အနည်းငယ်ပါ ၁၆၀ ဂရမ် ( နုတ်နုတ်စင်း /ကြိတ်ထားပါ)ကြက်သွန်ဖြူ ၁မွှာ (ဒါးပြား ရိုက်ပီး နုတ်နုတ် စင်းထားပါ)ပဲငံပြာရည် အကျဲ ၁ လက်ဘက်ရည်ဇွန်း/သကြား ၁ လက်ဘက်ရည်ဇွန်း/ဆား သင့်ရုံ

ပြောင်းကော်မှုန့် ၁ စားပွဲဇွန်း/ငရုပ်ကောင်း အနည်းငယ်/ကြက်ဥ သမအောင် ခေါက်ထားတာ တ၀က်ထည့်ပါ..ကျူဆိုင်..(ကုဆိုင်) ၅ -၆ ပင်ခန့်..ကြမ်းကြမ်းလေးလှီးထားပါ

ပြုလုပ်နည်း/ဇလုံတခုတွင် ပါ၀င်ပစ္စည်း အားလုံးကိုသမအောင်ရောမွှေပေးပီး ရေခဲသေတ္တာတွင် အေးနေအောင် နှပ်ထားပါ..။ အေးတဲ့အခါ ဖက်ထုတ်ဖက်ခွံ အလယ်တွင်ထည့် အနားများကို ရေစွတ်ပီး ဖိပိတ်ပါ..

ဆူနေသော အရိုးပြုတ်ရည်တွင် ၄-၅ မိနစ်ခန့် ပြုတ်ပါ.. ကျက်သောအခါ အပေါ်သို့ တက်လာကြပါတယ်..၁ မိနစ်ခန့် ဆက်ပြုတ်ပါ..။

ကျက်တဲ့အခါ ဆယ်ပီး အပေါ်မှာ ရေးထားပေးတဲ့ ဆော့စ် ဆမ်းပီး၊ ကြက်သွန်မြိတ်၊ အကြွတ်ကြော်၊ ကြက်သွန်ဖြူ ကြော်.၊. ငရုပ်ကောင်းတို့ဖြူးပီးသုံးဆောင်ပါ..။

လေးစားလျှက် crd

Zaw Gyi





ပါဝင်ပစ္စည်းများ








လေးစားလျှက် crd