ခန္ဓာ ကိုယ်မှာ ရေ မွှေးအ နံ့ အကြာကြီးစွဲနေ စေဖို့အတွက် နည်းလမ်းမှန်မှန် ရေမွှေးစွတ်နည်း

Unicode

ရေမွှေးအနံ့က ခန္ဓာကိုယ်မှာ အကြာကြီးစွဲမနေဘဲ မြန်မြန်အနံ့ပျောက်သွားနေလို့ စိတ်ညစ်နေလား။အဲဒါဆိုရင်တော့ ရေမွှေးစွပ်တာ နည်းလမ်းမမှန်တာဖြစ်နိုင်ပါတယ်။

ကျွန်မတို့တွေက ရေမွှေးစွပ်ထားရင် ခန္ဓာကိုယ်မှာ တစ်နေ့လုံးစွဲနေတာကို လိုချင်ကြတာပါ။ရေမွှေးစွပ်တာ နေရာမမှန်တာ၊ ရေမွှေးပုလင်းထားတဲ့နေရာမမှန်တာကြောင့် ရေမွှေးအနံ့ တစ်နေ့လုံးမစွဲတာလို့ ပြောလို့ရနိုင်ပါတယ်။

ကဲ…ဒါဆိုရင် ရေမွှေးအနံ့ အကြာကြီးစွဲနေစေဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

ရေမွှေးနဲ့ ချွေးနံ့ပျောက်ဆေးတို့ကို တစ်ချိန်တည်းသုံးတာကနေ ရှောင်ပါ

သင်က ခန္ဓာကိုယ်ရနံ့လေး သင်းနေစေဖို့အတွက် ရေမွှေးစွပ်မယ်ဆိုရင် ချွေးနံ့ပျောက်ဆေးကို မသုံးတော့ပါနဲ့။နှစ်မျိုးလုံးကို သုံးမယ်ဆိုရင် ရေမွှေးအနံ့က တစ်နေ့လုံး စွဲနေမှာမဟုတ်တော့ပါဘူး။

အနံ့ (၂) မျိုးလုံးရောသွားပြီး နှာခေါင်းက အမွှေးရနံ့မရသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးတစ်မျိုးတည်းကိုပဲ အသုံးပြုပါ။

ရေမွှေးကို အဝတ်အစားတွေမှာလည်း ဖြန်းပေးပါ

ရေမွှေးကို သင့်ခန္ဓာကိုယ်မှာတင်မဟုတ်ဘဲ သင့်ရဲ့အဝတ်အစားတွေမှာလည်း နည်းနည်းဖြန်းပေးသင့်ပါတယ်။ဒါမှ ရေမွှေးအနံ့က အချိန်အကြာကြီး စွဲနေမှာဖြစ်ပါတယ်။

အဝေးကနေ ရေမွှေးမဖြန်းပါနဲ့

တချို့တွေက ရေမွှေးဖြန်းတဲ့အခါမှာ ရေမွှေးပုလင်းကို အကွာအဝေးအနည်းငယ်ထားပြီး ဖြန်းတတ်ကြပါတယ်။အဝေးကနေ ရေမွှေးဖြန်းတာက ရေမွှေးအနံ့အကြာကြီးခံမှာမဟုတ်ပါဘူး။ သင့်အသားရေပေါ် တိုက်ရိုက်ရေမွှေးစွပ်ပေးသင့်ပါတယ်။

နားကိုလည်း ရေမွှေးစွပ်‌ပေးဖို့မမေ့ပါနဲ့

နားရွက်တွေကိုလည်း ရေမွှေးစွပ်ပေးသင့်ပါတယ်။နားရွက်ကို ရေမွှေးစွပ်တဲ့အခါ နားနောက်ကို စွပ်မယ့်အစား နားရွက်ထိပ်ကို ဖြန်းပေးတာက ရေမွှေးအနံ့စွဲနေမှာဖြစ်ပါတယ်။

စိုစွတ်တဲ့နေရာ (သို့) နေရောင်ခြည်ကျတဲ့နေရာတွေမှာ ရေမွှေးပုလင်းမထားပါနဲ့

သင့်ရဲ့ရေမွှေးအာနိသင်တွေ ပျယ်မသွားစေဖို့အတွက် ရေမွှေးပုလင်းကို စိုစွတ်တဲ့နေရာနဲ့ နေရောင်ခြည်ကျရောက်တဲ့နေရာတွေမှာ မထားပါနဲ့။သင့်ရဲ့အိပ်ခန်းထဲမှာပဲ အခန်းတွင်းအပူချိန်နဲ့ ထားပေးသင့်ပါတယ်။

ရေချိုးပြီးနောက် ရေမွှေးစွပ်ပေးပါ

ရေမွှေးစွပ်ဖို့အတွက် အကောင်းဆုံးအချိန်က ရေချိုးပြီးတဲ့နောက်ပါပဲ။အဲဒီအချိန်မှာ ရေမွှေးစွပ်ပေးတာက ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေအောင် ကူညီပေးမှာဖြစ်ပါတယ်။

လက်ကောက်ဝတ်မှာ ရေမွှေးစွပ်ပြီးရင် မပွတ်ပစ်ပါနဲ့

လက်ကောက်ဝတ်မှာ ရေမွှေးစွပ်ပြီးရင် လက်ကောက်ဝတ်အချင်းချင်းပွတ်ပစ်တာမျိုးမလုပ်ပါနဲ့။အဲဒီလိုလုပ်တာက ရေမွှေးအနံ့ကို မြန်မြန်ဆန်ဆန်ပျောက်သွားစေနိုင်ပါတယ်လက်ကောက်ဝတ်တွေမှာ ရေမွှေးစွပ်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။

သွေးခုန်နှုန်းရှိတဲ့နေရာတွေကို စွပ်ပါ

လက်ကောက်ဝတ်၊ လည်ပင်းနဲ့ ဒူးခေါင်းနောက်လို သွေးခုန်နှုန်းရှိတဲ့နေရာတွေက ရေမွှေးစွပ်လို့ အကောင်းဆုံးနေရာတွေပါ။ရေမွှေးအနံ့ကို အကြာကြီးစွဲနေစေမှာဖြစ်ပါတယ်။

ဘီးတွေမှာလည်း ဖြန်းပေးလို့ရပါတယ်

သင့်ဆံပင်မှာ ရေမွှေးတိုက်ရိုက်မဖြန်းပါနဲ့။ ခေါင်းဘီးတွေမှာပဲ ရေမွှေးဖြန်းပေးသင့်ပါတယ်။ခေါင်းဘီးမှာရှိတဲ့ ရေမွှေးအနံ့က သင့်ဆံပင်မှာ စွဲနေပါလိမ့်မယ်။

Credit

Zaw Gyi

ေရေမႊးအနံ႔က ခႏၶာကိုယ္မွာ အၾကာႀကီးစြဲမေနဘဲ ျမန္ျမန္အနံ႔ေပ်ာက္သြားေနလို႔ စိတ္ညစ္ေနလား။အဲဒါဆိုရင္ေတာ့ ေရေမႊးစြပ္တာ နည္းလမ္းမမွန္တာျဖစ္ႏိုင္ပါတယ္။

ကြၽန္မတို႔ေတြက ေရေမႊးစြပ္ထားရင္ ခႏၶာကိုယ္မွာ တစ္ေန႔လုံးစြဲေနတာကို လိုခ်င္ၾကတာပါ။ေရေမႊးစြပ္တာ ေနရာမမွန္တာ၊ ေရေမႊးပုလင္းထားတဲ့ေနရာမမွန္တာေၾကာင့္ ေရေမႊးအနံ႔ တစ္ေန႔လုံးမစြဲတာလို႔ ေျပာလို႔ရႏိုင္ပါတယ္။

ကဲ…ဒါဆိုရင္ ေရေမႊးအနံ႔ အၾကာႀကီးစြဲေနေစဖို႔အတြက္ ဘယ္လိုလုပ္ရမလဲဆိုတာကို ဆက္လက္ဖတ္ရႈၾကည့္ရေအာင္..။

ေရေမႊးနဲ႔ ေခြၽးနံ႔ေပ်ာက္ေဆးတို႔ကို တစ္ခ်ိန္တည္းသုံးတာကေန ေရွာင္ပါ

သင္က ခႏၶာကိုယ္ရနံ႔ေလး သင္းေနေစဖို႔အတြက္ ေရေမႊးစြပ္မယ္ဆိုရင္ ေခြၽးနံ႔ေပ်ာက္ေဆးကို မသုံးေတာ့ပါနဲ႔။ႏွစ္မ်ိဳးလုံးကို သုံးမယ္ဆိုရင္ ေရေမႊးအနံ႔က တစ္ေန႔လုံး စြဲေနမွာမဟုတ္ေတာ့ပါဘူး။

အနံ႔ (၂) မ်ိဳးလုံးေရာသြားၿပီး ႏွာေခါင္းက အေမႊးရနံ႔မရသလို ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ေရေမႊးတစ္မ်ိဳးတည္းကိုပဲ အသုံးျပဳပါ။

ေရေမႊးကို အဝတ္အစားေတြမွာလည္း ျဖန္းေပးပါ

ေရေမႊးကို သင့္ခႏၶာကိုယ္မွာတင္မဟုတ္ဘဲ သင့္ရဲ႕အဝတ္အစားေတြမွာလည္း နည္းနည္းျဖန္းေပးသင့္ပါတယ္။ဒါမွ ေရေမႊးအနံ႔က အခ်ိန္အၾကာႀကီး စြဲေနမွာျဖစ္ပါတယ္။

အေဝးကေန ေရေမႊးမျဖန္းပါနဲ႔

တခ်ိဳ႕ေတြက ေရေမႊးျဖန္းတဲ့အခါမွာ ေရေမႊးပုလင္းကို အကြာအေဝးအနည္းငယ္ထားၿပီး ျဖန္းတတ္ၾကပါတယ္။အေဝးကေန ေရေမႊးျဖန္းတာက ေရေမႊးအနံ႔အၾကာႀကီးခံမွာမဟုတ္ပါဘူး။ သင့္အသားေရေပၚ တိုက္႐ိုက္ေရေမႊးစြပ္ေပးသင့္ပါတယ္။

နားကိုလည္း ေရေမႊးစြပ္‌ေပးဖို႔မေမ့ပါနဲ႔

နား႐ြက္ေတြကိုလည္း ေရေမႊးစြပ္ေပးသင့္ပါတယ္။နား႐ြက္ကို ေရေမႊးစြပ္တဲ့အခါ နားေနာက္ကို စြပ္မယ့္အစား နား႐ြက္ထိပ္ကို ျဖန္းေပးတာက ေရေမႊးအနံ႔စြဲေနမွာျဖစ္ပါတယ္။

စိုစြတ္တဲ့ေနရာ (သို႔) ေနေရာင္ျခည္က်တဲ့ေနရာေတြမွာ ေရေမႊးပုလင္းမထားပါနဲ႔

သင့္ရဲ႕ေရေမႊးအာနိသင္ေတြ ပ်ယ္မသြားေစဖို႔အတြက္ ေရေမႊးပုလင္းကို စိုစြတ္တဲ့ေနရာနဲ႔ ေနေရာင္ျခည္က်ေရာက္တဲ့ေနရာေတြမွာ မထားပါနဲ႔။သင့္ရဲ႕အိပ္ခန္းထဲမွာပဲ အခန္းတြင္းအပူခ်ိန္နဲ႔ ထားေပးသင့္ပါတယ္။

ေရခ်ိဳးၿပီးေနာက္ ေရေမႊးစြပ္ေပးပါ

ေရေမႊးစြပ္ဖို႔အတြက္ အေကာင္းဆုံးအခ်ိန္က ေရခ်ိဳးၿပီးတဲ့ေနာက္ပါပဲ။အဲဒီအခ်ိန္မွာ ေရေမႊးစြပ္ေပးတာက ခႏၶာကိုယ္မွာ ေရေမႊးအနံ႔အၾကာႀကီးစြဲေနေအာင္ ကူညီေပးမွာျဖစ္ပါတယ္။

လက္ေကာက္ဝတ္မွာ ေရေမႊးစြပ္ၿပီးရင္ မပြတ္ပစ္ပါနဲ႔

လက္ေကာက္ဝတ္မွာ ေရေမႊးစြပ္ၿပီးရင္ လက္ေကာက္ဝတ္အခ်င္းခ်င္းပြတ္ပစ္တာမ်ိဳးမလုပ္ပါနဲ႔။အဲဒီလိုလုပ္တာက ေရေမႊးအနံ႔ကို ျမန္ျမန္ဆန္ဆန္ေပ်ာက္သြားေစႏိုင္ပါတယ္လက္ေကာက္ဝတ္ေတြမွာ ေရေမႊးစြပ္ၿပီးရင္ ဒီအတိုင္းထားလိုက္ပါ။

ေသြးခုန္ႏႈန္းရွိတဲ့ေနရာေတြကို စြပ္ပါ

လက္ေကာက္ဝတ္၊ လည္ပင္းနဲ႔ ဒူးေခါင္းေနာက္လို ေသြးခုန္ႏႈန္းရွိတဲ့ေနရာေတြက ေရေမႊးစြပ္လို႔ အေကာင္းဆုံးေနရာေတြပါ။ေရေမႊးအနံ႔ကို အၾကာႀကီးစြဲေနေစမွာျဖစ္ပါတယ္။

ဘီးေတြမွာလည္း ျဖန္းေပးလို႔ရပါတယ္

သင့္ဆံပင္မွာ ေရေမႊးတိုက္႐ိုက္မျဖန္းပါနဲ႔။ ေခါင္းဘီးေတြမွာပဲ ေရေမႊးျဖန္းေပးသင့္ပါတယ္။ေခါင္းဘီးမွာရွိတဲ့ ေရေမႊးအနံ႔က သင့္ဆံပင္မွာ စြဲေနပါလိမ့္မယ္။

Credit