ရှေးခေတ် အီဂျစ်သမိုင်းတွင် ထင်ရှားခဲ့သော အလှဘုရင်မ ကလီယိုပါထရား အကြောင်း
Unicode
ကလီယိုပါထရားသည်(Cleopatra)ရှေးခေတ် ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။ထူးခြားစွာ လှပသော အဆင်းအင်္ဂါပြည့်စုံသည့်ဘုရင်မဖြစ်ပြီး ထိုခေတ်က အထူးချွန်ဆုံး ဘုရင်နှစ်ပါးအားသူမ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍
သူမစေသမျှကို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ကလီယိုပါထရားကို “နိုင်းမြစ် ဒေသမြွေဟောက်မ”ဟူ၍ ခေါ်ကြသည်။
ကလီယိုပါထရားမှာ အီဂျစ်သွေးမပါ။ မက်ဆီဒိုနီးယန်းနှင့် ဂရိသွေးနှောသည့် အဆက်အနွယ်ဝင် ဘုရင်မဖြစ်သည်။ သူမသည် အီဂျစ်နိုင်ငံကို အုပ်စိုးခဲ့သော ၁၁-ဆက်မြောက် တော်လမီ ဘုရင်ကြီး၏ သမီးတော်ဖြစ်သည်။
ဘီစီ ၅၁-ခုနှစ်တွင် ခမည်းတော်ဘုရင်ကြီး ကံကုန်သောအခါ ၁၇-နှစ်အရွယ်ရှိ သမီးတော် ကလီယိုပါထရားနှင့် ၁၀-နှစ်အရွယ်ရှိ သားတော် ၁၂-ဆက်မြောက် တော်လမီမင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။
ခမည်းတော်ဘုရင်ကြီး နတ်ရွာစံ၍ သုံးနှစ်အကြာ မောင်တော်ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယိုပါထရားကို နန်းချ၍ တိုက်ထုတ်လိုက်ကြသည်။ထိုအချိန်တွင် ရောမဗိုလ်ချုပ်ကြီး ဂျူးလယပ်ဆီဇာသည် ပွန်ပီကို လိုက်လံတိုက်ခိုက်လျက် အီဂျစ်နိုင်ငံ အယ်လယ်ဇန္ဒြီးယားမြို့သို့ ရောက်ရှိလာခိုက်ဖြစ်သည်။
ထိုအခါ ကလီယိုပါထရားသည် မိမိ၏ ကိုယ်ကို ကော်ဇောတွင်ထည့်၍ လိပ်စေပြီးနောက် ဆီဇာဘုရင်၏ရှေ့မှောက်သို့ ရောက်အောင် ဝင်လေသည်။ထိုစဉ်က အသက် ၂၀-ခန့်သာရှိသေး၍ အလှသွေးတက်ကြွနေသော ကလီယိုပါထရားက ထီးနန်း ပြန်ရရေးအတွက် ကူညီဖေးမရန် ဆီဇာဘုရင်ကို ဖြားယောင်းတောင်းပန်လေသည်။
စစ်သားပီပီ တည်တည်ကြီးနေလေ့ရှိသော ၅၂-နှစ်အရွယ် ဆီဇာဘုရင်ကြီးသည် အလှဘုရင်မ ကလီယိုပါထရား၏ ညွတ်ကွင်းမှလွတ်အောင် မရှောင်တိမ်းနိုင်ဘဲ အလှဘုရင်မ၏ လိုအင်ဆန္ဒဟူသမျှကို ဆောင်ရွက်ပေးရလေတော့သည်။
ဆီဇာသည် ကလီယိုပါထရားအား အီဂျစ်နိုင်ငံ၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် ပြန်လည်ရရှိအောင် ရန်သူများကို တိုက်ခိုက်သုတ်သင်ပေးသည်။ ကလီယိုပါထရားသည် ဆီဇာဘုရင်ကြီးနှင့် ပေါင်းသင်း၍ ဆီဇာရွန်းအမည်ရှိ သားတယောက်ရရှိ၏။
ဘီစီ ၄၆-တွင် ဆီဇာ ရောမသို့ပြန်သွားသောအခါ ကလီယိုပါထရားလည်း လိုက်ပါသွားသည်။ ဘီစီ ၄၄-တွင် ဆီဇာလုပ်ကြံခံရပြီးနောက် ကလီယိုပါထရားသည် အီဂျစ်နိုင်ငံသို့ ပြန်လာခဲ့သည်။
ကလီယိုပါထရား၏ ရူပါရုံကျော့ကွင်းသို့ ဒုတိယ သက်ဆင်းလာသော ရောမအာဇာနည်ကြီးမှာ မတ်အန်တိုနီ ဖြစ်သည်။ မတ်အန်တိုနီသည် ရန်သူများတို နှိမ်နင်းတိုက်ခိုက်လျက် အရှေ့ဘက်နိုင်ငံများသို့ ရောက်လာသည်။
တားဆပ်မြို့သို့ရောက်လာသောအခါ ကလီယိုပါထရားအား ရန်သူအားပေးသူအဖြစ် စွပ်စွဲ၍ ထိုအကြောင်းကို ရှင်းလင်းချေပရန် ဆင့်ခေါ်လေသည်။ကလီယိုပါထရားသည် ဗီးနပ်နတ်သမီးကဲ့သို့ လှပစွာဝတ်ဆင်ပြီးလျှင် မတ်အန်တိုနီထံသို့ ဝင်ရောက်လေသည်။
ကလီယိုပါထရား၏ အလှဒဏ်ကို မခံနိုင်ရှာသော မတ်အန်တိုနီသည် အပြစ်သဘောဖြင့် စစ်ဆေးရန်ကိုပင် မေ့ပျောက်လျက် အယ်လယ်ဇန္ဒြီးယားမြို့အရောက် ကလီယိုပါထရား၏နောက်သို့ လိုက်ပါသွားလေတော့သည်။
အန်တိုနီဘုရင်ကြီးသည် ကလီယိုပါထရားနှင့် အတူ အယ်လယ်ဇန္ဒြီးယားမြို့တွင် တနှစ်ခန့် ပျော်ရွှင်စွာနေထိုင်ပြီးနောက် ရောမမြို့သို့ ပြန်သွားလေသည်။ အန်တိုနီသည် တွဲဖက်အုပ်ချုပ်သူ အော့တေးဗီးယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏နှမနှင့် လက်ဆက်လိုက်သည်။
ကလီယိုပါထရားမှာ မတ်အန်တိုနီနှင့် ပေါင်းသင်းရရှိလာသော အမြွှာမောင်နှမကို မွေးဖွားခဲ့၏။ အန်တိုနီသည် လေးနှစ်ခန့်အကြာ၌ အီဂျစ်နိုင်ငံသို့ ပြန်လာ၍ ကလီယိုပါထရားနှင့်ပျော်ပါးနေပြီး ရောမနိုင်ငံတော်၏ အရေးကို မေ့လျော့၍ နေတော့သည်
အော့တေးဗီးယန်းသည် နှမတော်အား စွန့်ပစ်သွားသည့် အန်တိုနီကို လက်စားချေလို၍ တကြောင်း၊ ဆီဇာရွန်း၏ ရန်စွယ်ကို ကြိုတင်ကာကွယ်လိုသည်ကတကြောင်းတို့ကြောင့် မတ်အန်တိုနီအပေါ် စစ်ကြေညာသည်။
ဘီစီ ၃၁-တွင် အက်ရှမ်ရေကြောင်းတိုက်ပွဲ၌ အန်တိုနီနှင့် ကလီယိုပါထရားတို့၏တပ်များကို အနိုင်ရရှိလေသည်။ ကလီယိုပါထရားသည် သူ၏သင်္ဘောတပ်ကို ရုပ်သိမ်း၍ အလက်ဇန္ဒြီးယားမြို့သို့ ပြန်ပြေးလေသည်။
နောက်ပါအခြွေအရံ ကင်းပြီဖြစ်သော အန်တိုနီသည် ကလီယိုပါးထရားနောက်သို့ လိုက်ပါပြေးခဲ့ရလေသည်။အက်လက်ဇန္ဒြီးယားမြို့သို့ရောက်သောအခါ ကလီယိုပါးထရား သေဆုံးပြီဟူသော သတင်းကို ကြားသိရသဖြင့် အန်တိုနီသည် မိမိကိုယ် ကိုဓာ!ဖြင့် အဆုံးစီရင်လေသည်။
သို့သော် လှည့်စားထားသော သတင်းဖြစ်ကြောင်း မသေခင်သိရသဖြင့် ကလီယိုပါးထရားထံသို့ ပို့ဆောင်စေရာ ၊ ကလီယိုပါးထရား၏ လက်ပေါ်တွင်ပင် အသက်ပျောက်သွားလေသည်။
ကလီယိုပါထရားသည် အော့တေးဗီးယန်းအား မိမိ၏ရူပါရုံဖြင့် ချော့မြူရန်ကြိုးစားသော်လည်း မရခဲ့ပေ။ မိမိအား သံကြိုးနှင့်ချည်နှောင်ကာ ရောမဗိုလ်ပုံအလယ်တွင် အရှက်ခွဲမည်ကို ကြိုတင်သိမြင်သည်။
ထို့ကြောင့် အသက် ၃၈-နှစ်အရွယ် ကလီယိုပါထရားသည် မိမိတွင် အသင့်ဆောင်ထားသော မြွေပွေးငယ်အား မိမိ၏ရင်ကို ကိုက်စေပြီးလျှင် မိမိကို ယ်ကိုအ ဆုံးစီရင်လိုက်သည်။ ထိုအခါ အော့တေးဗီးယန်းသည် ဆီဇာနှင့် ရထားခဲ့သော ဆီဇာရွန်းကိုလည်း ကွပ်မျက်လိုက်လေသည်။
မြွေဟောက်သတ္တဝါသည် အဆိပ်ပြင်းထန်သဖြင့် အကိုက်ခံရသူတိုင်း အသက်ဆုံးရှုံးကြရသည်။ ထို့အတူ ကလီယိုပါထရား၏ အလှယမက်သည် ယောကျ်ားတိုင်းအား ဆွဲဆောင်နိုင်ပြီး
သူမ၏အလှမာယာ ကျော့ကွင်းသို့ ဝင်ရောက်လာသူကို အလွတ်မပေးပဲ သူ့ဆန္ဒအတိုင်း လိုက်လျောကြရသည်ဖြစ်၍ ကလီယိုပါထရားကို မြွေဟောက်နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။
Ref-wiki Photo-crd
Zaw Gyi
ကလီယိုပါထရားသည္(Cleopatra)ေရွးေခတ္ ကမာၻ႔သမိုင္းတြင္ ထင္ရွားခဲ့ေသာ အီဂ်စ္ဘုရင္မျဖစ္သည္။ထူးျခားစြာ လွပေသာ အဆင္းအဂၤါျပည့္စုံသည့္ဘုရင္မျဖစ္ၿပီး ထိုေခတ္က အထူးခြၽန္ဆုံး ဘုရင္ႏွစ္ပါးအားသူမ၏ ႐ူပါ႐ုံေက်ာ့ကြင္းသို႔ သက္ဆင္းေစ၍
သူမေစသမွ်ကို တသေဝမတိမ္း ျပဳလုပ္ေပးၾကရေသာ အေျခသို႔ေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္သည္။ ထို႔ေၾကာင့္ ကလီယိုပါထရားကို “ႏိုင္းျမစ္ ေဒသေႁမြေဟာက္မ”ဟူ၍ ေခၚၾကသည္။
ကလီယိုပါထရားမွာ အီဂ်စ္ေသြးမပါ။ မက္ဆီဒိုနီးယန္းႏွင့္ ဂရိေသြးေႏွာသည့္ အဆက္အႏြယ္ဝင္ ဘုရင္မျဖစ္သည္။ သူမသည္ အီဂ်စ္ႏိုင္ငံကို အုပ္စိုးခဲ့ေသာ ၁၁-ဆက္ေျမာက္ ေတာ္လမီ ဘုရင္ႀကီး၏ သမီးေတာ္ျဖစ္သည္။
ဘီစီ ၅၁-ခုႏွစ္တြင္ ခမည္းေတာ္ဘုရင္ႀကီး ကံကုန္ေသာအခါ ၁၇-ႏွစ္အ႐ြယ္ရွိ သမီးေတာ္ ကလီယိုပါထရားႏွင့္ ၁၀-ႏွစ္အ႐ြယ္ရွိ သားေတာ္ ၁၂-ဆက္ေျမာက္ ေတာ္လမီမင္းသားတို႔သည္ အီဂ်စ္ႏိုင္ငံကို တြဲဖက္၍ အုပ္စိုးခဲ့ၾကသည္။
ခမည္းေတာ္ဘုရင္ႀကီး နတ္႐ြာစံ၍ သုံးႏွစ္အၾကာ ေမာင္ေတာ္ဘုရင္ငယ္ႏွင့္ အေပါင္းပါတို႔သည္ ကလီယိုပါထရားကို နန္းခ်၍ တိုက္ထုတ္လိုက္ၾကသည္။ထိုအခ်ိန္တြင္ ေရာမဗိုလ္ခ်ဳပ္ႀကီး ဂ်ဴးလယပ္ဆီဇာသည္ ပြန္ပီကို လိုက္လံတိုက္ခိုက္လ်က္ အီဂ်စ္ႏိုင္ငံ အယ္လယ္ဇျႏၵီးယားၿမိဳ႕သို႔ ေရာက္ရွိလာခိုက္ျဖစ္သည္။
ထိုအခါ ကလီယိုပါထရားသည္ မိမိ၏ ကိုယ္ကို ေကာ္ေဇာတြင္ထည့္၍ လိပ္ေစၿပီးေနာက္ ဆီဇာဘုရင္၏ေရွ႕ေမွာက္သို႔ ေရာက္ေအာင္ ဝင္ေလသည္။ထိုစဥ္က အသက္ ၂၀-ခန႔္သာရွိေသး၍ အလွေသြးတက္ႂကြေနေသာ ကလီယိုပါထရားက ထီးနန္း ျပန္ရေရးအတြက္ ကူညီေဖးမရန္ ဆီဇာဘုရင္ကို ျဖားေယာင္းေတာင္းပန္ေလသည္။
စစ္သားပီပီ တည္တည္ႀကီးေနေလ့ရွိေသာ ၅၂-ႏွစ္အ႐ြယ္ ဆီဇာဘုရင္ႀကီးသည္ အလွဘုရင္မ ကလီယိုပါထရား၏ ၫြတ္ကြင္းမွလြတ္ေအာင္ မေရွာင္တိမ္းႏိုင္ဘဲ အလွဘုရင္မ၏ လိုအင္ဆႏၵဟူသမွ်ကို ေဆာင္႐ြက္ေပးရေလေတာ့သည္။
ဆီဇာသည္ ကလီယိုပါထရားအား အီဂ်စ္ႏိုင္ငံ၏ တစ္ဦးတည္းေသာ ဘုရင္မအျဖစ္ ျပန္လည္ရရွိေအာင္ ရန္သူမ်ားကို တိုက္ခိုက္သုတ္သင္ေပးသည္။ ကလီယိုပါထရားသည္ ဆီဇာဘုရင္ႀကီးႏွင့္ ေပါင္းသင္း၍ ဆီဇာ႐ြန္းအမည္ရွိ သားတေယာက္ရရွိ၏။
ဘီစီ ၄၆-တြင္ ဆီဇာ ေရာမသို႔ျပန္သြားေသာအခါ ကလီယိုပါထရားလည္း လိုက္ပါသြားသည္။ ဘီစီ ၄၄-တြင္ ဆီဇာလုပ္ႀကံခံရၿပီးေနာက္ ကလီယိုပါထရားသည္ အီဂ်စ္ႏိုင္ငံသို႔ ျပန္လာခဲ့သည္။
ကလီယိုပါထရား၏ ႐ူပါ႐ုံေက်ာ့ကြင္းသို႔ ဒုတိယ သက္ဆင္းလာေသာ ေရာမအာဇာနည္ႀကီးမွာ မတ္အန္တိုနီ ျဖစ္သည္။ မတ္အန္တိုနီသည္ ရန္သူမ်ားတို ႏွိမ္နင္းတိုက္ခိုက္လ်က္ အေရွ႕ဘက္ႏိုင္ငံမ်ားသို႔ ေရာက္လာသည္။
တားဆပ္ၿမိဳ႕သို႔ေရာက္လာေသာအခါ ကလီယိုပါထရားအား ရန္သူအားေပးသူအျဖစ္ စြပ္စြဲ၍ ထိုအေၾကာင္းကို ရွင္းလင္းေခ်ပရန္ ဆင့္ေခၚေလသည္။ကလီယိုပါထရားသည္ ဗီးနပ္နတ္သမီးကဲ့သို႔ လွပစြာဝတ္ဆင္ၿပီးလွ်င္ မတ္အန္တိုနီထံသို႔ ဝင္ေရာက္ေလသည္။
ကလီယိုပါထရား၏ အလွဒဏ္ကို မခံႏိုင္ရွာေသာ မတ္အန္တိုနီသည္ အျပစ္သေဘာျဖင့္ စစ္ေဆးရန္ကိုပင္ ေမ့ေပ်ာက္လ်က္ အယ္လယ္ဇျႏၵီးယားၿမိဳ႕အေရာက္ ကလီယိုပါထရား၏ေနာက္သို႔ လိုက္ပါသြားေလေတာ့သည္။
အန္တိုနီဘုရင္ႀကီးသည္ ကလီယိုပါထရားႏွင့္ အတူ အယ္လယ္ဇျႏၵီးယားၿမိဳ႕တြင္ တႏွစ္ခန႔္ ေပ်ာ္႐ႊင္စြာေနထိုင္ၿပီးေနာက္ ေရာမၿမိဳ႕သို႔ ျပန္သြားေလသည္။ အန္တိုနီသည္ တြဲဖက္အုပ္ခ်ဳပ္သူ ေအာ့ေတးဗီးယန္းႏွင့္ ပိုမိုစည္းလုံးမိေစရန္ ေအာ့ေတးဗီးယန္း၏ႏွမႏွင့္ လက္ဆက္လိုက္သည္။
ကလီယိုပါထရားမွာ မတ္အန္တိုနီႏွင့္ ေပါင္းသင္းရရွိလာေသာ အႁမႊာေမာင္ႏွမကို ေမြးဖြားခဲ့၏။ အန္တိုနီသည္ ေလးႏွစ္ခန႔္အၾကာ၌ အီဂ်စ္ႏိုင္ငံသို႔ ျပန္လာ၍ ကလီယိုပါထရားႏွင့္ေပ်ာ္ပါးေနၿပီး ေရာမႏိုင္ငံေတာ္၏ အေရးကို ေမ့ေလ်ာ့၍ ေနေတာ့သည္
ေအာ့ေတးဗီးယန္းသည္ ႏွမေတာ္အား စြန႔္ပစ္သြားသည့္ အန္တိုနီကို လက္စားေခ်လို၍ တေၾကာင္း၊ ဆီဇာ႐ြန္း၏ ရန္စြယ္ကို ႀကိဳတင္ကာကြယ္လိုသည္ကတေၾကာင္းတို႔ေၾကာင့္ မတ္အန္တိုနီအေပၚ စစ္ေၾကညာသည္။
ဘီစီ ၃၁-တြင္ အက္ရွမ္ေရေၾကာင္းတိုက္ပြဲ၌ အန္တိုနီႏွင့္ ကလီယိုပါထရားတို႔၏တပ္မ်ားကို အႏိုင္ရရွိေလသည္။ ကလီယိုပါထရားသည္ သူ၏သေဘၤာတပ္ကို ႐ုပ္သိမ္း၍ အလက္ဇျႏၵီးယားၿမိဳ႕သို႔ ျပန္ေျပးေလသည္။
ေနာက္ပါအေႁခြအရံ ကင္းၿပီျဖစ္ေသာ အန္တိုနီသည္ ကလီယိုပါးထရားေနာက္သို႔ လိုက္ပါေျပးခဲ့ရေလသည္။အက္လက္ဇျႏၵီးယားၿမိဳ႕သို႔ေရာက္ေသာအခါ ကလီယိုပါးထရား ေသဆုံးၿပီဟူေသာ သတင္းကို ၾကားသိရသျဖင့္ အန္တိုနီသည္ မိမိကိုယ္ ကိုဓာ!ျဖင့္ အဆုံးစီရင္ေလသည္။
သို႔ေသာ္ လွည့္စားထားေသာ သတင္းျဖစ္ေၾကာင္း မေသခင္သိရသျဖင့္ ကလီယိုပါးထရားထံသို႔ ပို႔ေဆာင္ေစရာ ၊ ကလီယိုပါးထရား၏ လက္ေပၚတြင္ပင္ အသက္ေပ်ာက္သြားေလသည္။
ကလီယိုပါထရားသည္ ေအာ့ေတးဗီးယန္းအား မိမိ၏႐ူပါ႐ုံျဖင့္ ေခ်ာ့ျမဴရန္ႀကိဳးစားေသာ္လည္း မရခဲ့ေပ။ မိမိအား သံႀကိဳးႏွင့္ခ်ည္ေႏွာင္ကာ ေရာမဗိုလ္ပုံအလယ္တြင္ အရွက္ခြဲမည္ကို ႀကိဳတင္သိျမင္သည္။
ထို႔ေၾကာင့္ အသက္ ၃၈-ႏွစ္အ႐ြယ္ ကလီယိုပါထရားသည္ မိမိတြင္ အသင့္ေဆာင္ထားေသာ ေႁမြေပြးငယ္အား မိမိ၏ရင္ကို ကိုက္ေစၿပီးလွ်င္ မိမိကို ယ္ကိုအ ဆုံးစီရင္လိုက္သည္။ ထိုအခါ ေအာ့ေတးဗီးယန္းသည္ ဆီဇာႏွင့္ ရထားခဲ့ေသာ ဆီဇာ႐ြန္းကိုလည္း ကြပ္မ်က္လိုက္ေလသည္။
ေႁမြေဟာက္သတၱဝါသည္ အဆိပ္ျပင္းထန္သျဖင့္ အကိုက္ခံရသူတိုင္း အသက္ဆုံးရႈံးၾကရသည္။ ထို႔အတူ ကလီယိုပါထရား၏ အလွယမက္သည္ ေယာက်္ားတိုင္းအား ဆြဲေဆာင္ႏိုင္ၿပီး
သူမ၏အလွမာယာ ေက်ာ့ကြင္းသို႔ ဝင္ေရာက္လာသူကို အလြတ္မေပးပဲ သူ႔ဆႏၵအတိုင္း လိုက္ေလ်ာၾကရသည္ျဖစ္၍ ကလီယိုပါထရားကို ေႁမြေဟာက္ႏွင့္ ႏႈိင္းယွဥ္ထားျခင္း ျဖစ္သည္။
Ref-wiki Photo-crd