ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင်လျှော်နိုင်မယ့်နည်းလမ်း….

Unicode

ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင်လျှော်နိုင်မယ့်နည်းလမ်း

ခေါင်းအုံးညစ်ပတ်ရင်ကျန်းမာရေးအတွက်လည်းမကောင်းသလိုမျက်နှာအသားအရေနဲ့ဆံသားအတွက်လည်းမကောင်းပါဘူး။ခေါင်းအုံးမှာကပ်နေတဲ့ဘတ်တီးရီးယားနဲ့ပိုးမွှားတွေကဝက်ခြံနဲ့အဆီဖုတွေထွက်စေတယ်အသားအရေယားတာမျိုးတွေ ဖြစ်စေပါတယ်။

ဒါကြောင့်ညစ်ပတ်နေတဲ့ခေါင်းအုံးကိုလုံးဝဖြူပြီးသန့်စင်သွားအောင် လျှော်နိုင်မယ့်နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

ရေနွေးကိုအိုးကြီးတစ်အိုးနဲ့အရင်တည်ထားလိုက်ပါရေနွေးဆူပြီဆိုရင်အဲ့ထဲကိုဆပ်ပြာမှုန့်ခွက်တစ်ခွက်စာ၊ပန်းကန်ဆေးဆပ်ပြာရည်ခွက်တစ်ခွက်စာနဲ့ပိုးမွှားသန့်စင်စေတဲ့ဆေးဖြစ်တဲ့ Borax ခွက်တစ်ဝက်စာတို့ကိုထည့်ပြီးမွှေလိုက်ပါမွှေပြီးရင်ဇလုံးအကြီးထဲ ပြောင်းထည့်ပြီး၊

အစွန်းချွတ်ဆေးBleachခွက်တစ်ခွက်စာထည့်ပြီးမွှေပါပြီးတာနဲ့ ခေါင်းအုံးစွတ်ချွတ်ပြီး ခေါင်းအုံးကိုအနည်းဆုံးမိနစ်၃၀ကြာအောင်စိမ်ထားလိုက်ပါ။

စိမ်ထားတဲ့အချိန်မှာပေကျံနေတဲ့စွန်းထင်းညစ်ပတ်နေတဲ့နေရာတွေကိုပွတ်ပေးဖို့လည်းမမေ့ပါနဲ့။အာလုံးပြီးပြီဆိုရင်ကိုယ့်အဝတ်လျှော်စက်ကခေါင်းအုံးလျှော်လို့နိုင်တဲ့စက်ဆိုရင်အဝတ်လျှော်စက်ထဲထည့်ပြီးထပ်လျှော်ပါ။

လျှော်လို့မနိုင်တဲ့စက်ဆိုရင်တော့မိနစ်၃၀ထက်ပိုကြာအောင်စိမ်ထားပြီးBrush နဲ့ သေချာတိုက်ပေးပါဒါဆိုရင်တော့ ညစ်ပတ်နေတဲ့ခေါင်းအုံးက ဖြူပြီးသန့်စင်သွားပါလိမ့်မယ်။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo – Google , Facebook and Others Website

Zaw Gyi

ညစ္ပတ္ေနတဲ့ေခါင္းအုံးကိုလုံးဝျဖဴၿပီးသန႔္စင္သြားေအာင္ေလွ်ာ္ႏိုင္မယ့္နည္းလမ္း

ေခါင္းအုံးညစ္ပတ္ရင္က်န္းမာေရးအတြက္လည္းမေကာင္းသလိုမ်က္ႏွာအသားအေရနဲ႔ဆံသားအတြက္လည္းမေကာင္းပါဘူး။ေခါင္းအုံးမွာကပ္ေနတဲ့ဘတ္တီးရီးယားနဲ႔ပိုးမႊားေတြကဝက္ၿခံနဲ႔အဆီဖုေတြထြက္ေစတယ္အသားအေရယားတာမ်ိဳးေတြ ျဖစ္ေစပါတယ္။

ဒါေၾကာင့္ညစ္ပတ္ေနတဲ့ေခါင္းအုံးကိုလုံးဝျဖဴၿပီးသန႔္စင္သြားေအာင္ ေလွ်ာ္ႏိုင္မယ့္နည္းလမ္းကို ေျပာျပေပးလိုက္ပါတယ္။

ေရေႏြးကိုအိုးႀကီးတစ္အိုးနဲ႔အရင္တည္ထားလိုက္ပါေရေႏြးဆူၿပီဆိုရင္အဲ့ထဲကိုဆပ္ျပာမႈန႔္ခြက္တစ္ခြက္စာ၊ပန္းကန္ေဆးဆပ္ျပာရည္ခြက္တစ္ခြက္စာနဲ႔ပိုးမႊားသန႔္စင္ေစတဲ့ေဆးျဖစ္တဲ့ Borax ခြက္တစ္ဝက္စာတို႔ကိုထည့္ၿပီးေမႊလိုက္ပါေမႊၿပီးရင္ဇလုံးအႀကီးထဲ ေျပာင္းထည့္ၿပီး၊

အစြန္းခြၽတ္ေဆးBleachခြက္တစ္ခြက္စာထည့္ၿပီးေမႊပါၿပီးတာနဲ႔ ေခါင္းအုံးစြတ္ခြၽတ္ၿပီး ေခါင္းအုံးကိုအနည္းဆုံးမိနစ္၃၀ၾကာေအာင္စိမ္ထားလိုက္ပါ။

စိမ္ထားတဲ့အခ်ိန္မွာေပက်ံေနတဲ့စြန္းထင္းညစ္ပတ္ေနတဲ့ေနရာေတြကိုပြတ္ေပးဖို႔လည္းမေမ့ပါနဲ႔။အာလုံးၿပီးၿပီဆိုရင္ကိုယ့္အဝတ္ေလွ်ာ္စက္ကေခါင္းအုံးေလွ်ာ္လို႔ႏိုင္တဲ့စက္ဆိုရင္အဝတ္ေလွ်ာ္စက္ထဲထည့္ၿပီးထပ္ေလွ်ာ္ပါ။

ေလွ်ာ္လို႔မႏိုင္တဲ့စက္ဆိုရင္ေတာ့မိနစ္၃၀ထက္ပိုၾကာေအာင္စိမ္ထားၿပီးBrush နဲ႔ ေသခ်ာတိုက္ေပးပါဒါဆိုရင္ေတာ့ ညစ္ပတ္ေနတဲ့ေခါင္းအုံးက ျဖဴၿပီးသန႔္စင္သြားပါလိမ့္မယ္။

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Photo – Google , Facebook and Others Website