မိန်းကလေးတိုင်းရဲ့အလှအပအတွက် နနွင်းမှုန့်ရဲ့ အသုံးဝင်ပုံ ၅ မျိုး

Unicode

မိန်းကလေးတိုင်းရဲ့အလှအပအတွက် နနွင်းမှုန့်ရဲ့ အသုံးဝင်ပုံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

အလှအပဆိုင်ရာ ပြဿနာတချို့ကိုလည်း အိမ်တိုင်းမှာရှိတဲ့ ဒီနနွင်းမှုန့်နဲ့ပဲ ဖြေရှင်းလို့ရတာကြောင့် အရမ်းကိုအဆင်ပြေတဲ့ နည်းလမ်းတွေပါပဲ။

Anti-Aging

Anti-Aging အတွက် နနွင်းမှုန့်ကို အသုံးပြုလို့ရပါသေးတယ်။လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့်နဲ့ ပဲမှုန့်တို့ကို ဆတူထည့်ပြီး ရေနည်းနည်းထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။

ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သေချာပြောင်အောင် မျက်နှာသစ်ပေးရုံပါပဲ။

Ground Turmeric

အရေးအကြောင်းများ

အရေးအကြောင်းတွေသက်သာအောင်၊ မြန်မြန်မဖြစ်အောင်လည်း နနွင်းမှုန့်ကို သုံးပေးနိုင်ပါတယ်။လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့်၊ ဆန်မှုန့်၊ ခရမ်းချဉ်သီးအရည်၊ နွားနို့တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။

ပြီးရင် အရေးအကြောင်းရှိတဲ့နေရာ (သို့) မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီး ခြောက်အောင်ထားပါ။ခြောက်သွားပြီဆိုမှ မျက်နှာသစ်လိုက်ပါ။

အကြောပြတ်ရာ

နနွင်းမှုန့်၊ ဒိန်ချဉ်၊ နွားနို့တို့ကို ပျစ်ပျစ်လေးဖြစ်အောင်ရောမွှေပြီး အကြောပြတ်တဲ့အနေရာတွေမှာ လိမ်းပေးပါ။နာရီဝက်လောက်ကြာရင်တော့ ရေချိုးလိုက်ပါ။ ဒီလိုပုံမှန်လုပ်ပေးခြင်းက အကြောပြတ်ရာတွေ သက်သာလာစေပါတယ်။

Scrub, Mask

နနွင်းမှုန့်၊ သံပယိုရည်နဲ့ ရေအနည်းငယ်တို့ကို ရောမွှေပြီး ကိုယ် scrub လုပ်ချင်တဲ့နေရာကို ပွတ်ပြီးလုပ်ပေးပါ။၁၅ မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။

နနွင်းမှုန့်နဲ့ စန္ဒကူးမှုန့်တို့ကို ရေနဲ့ပျစ်ပျစ်လေးဖြစ်အောင်မွှေပြီး face mask အနေနဲ့ သုံးနိုင်ပါတယ်။ ၁၀ မိနစ်ထားပြီးရင် မျက်နှာသစ်လိုက်ရုံပါပဲ။ဒီနည်းလမ်းကတော့ ဝက်ခြံတွေလည်း သက်သာစေပါတယ်။

ခြေဖနောင့်ကွဲခြင်း

နနွင်းမှုန့်နဲ့ အုန်းဆီတို့ကို ရောမွှေပြီး ခြေဖနောင့်ကွဲတဲ့နေရာမှာ ပွတ်လိမ်းပြီး ၁၅ မိနစ်ထားပါအချိန်ပြည့်ရင် ရေဆေးချပြီး moisturizer လိမ်းပေးထားပါ။ဒီလိုပုံမှန်လုပ်ပေးခြင်းက ခြေဖနောင့်ကွဲတာတွေကို သက်သာစေပါတယ် Credit

Zaw Gyi



Anti-Aging



အရေးအကြောင်းများ



အကြောပြတ်ရာ


Scrub, Mask



ခြေဖနောင့်ကွဲခြင်း
