သရက်အပြင် တခြားသီးနှံပင်တွေ ရာသီချိန်မဟုတ်ဘဲ အပွင့်အမြန်ထွက်အောင်လုပ်နည်း

Unicode

သရက်အပွင့်ထွက်ဖို့ကို ရှေ့လူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။ ဓါးထစ်လို့အပင်က ကြောက်လန့်ပြီးအပွင့်ထွက်တာတော့ မဟုတ်ပါ။ အပင်တွေရဲ့သဘောသဘာဝက အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။

ပုံမှန်ဆိုရင် အပင်တွေက ရှင်သန်ရေး အပင်သန်မာရေးကို ဦးစားပေးလေ့ရှိတယ်။ အသီအပွင့်အတွက် ဦးစားပေးလေ့မရှိဘူး။ အပင်အများစုက အေးတဲ့ဆောင်းရာသီမှာ အပွင့်ထွက်တာများပါတယ်။

အကြောင်းအရင်းတခုက အရွက်တွေနှင်းရည်စိုနေချိန် လေထုက ပါလာတဲ့ မြေသြဇာကိုအရွက်တွေမှာကပ်ပြီး အရွက်တွေကမြေသြဇာတိုက်ရိုက်ရသွားတယ်။ နေထွက်ချိန်မှ မနက် 11 နာရီလောက်အထိမှာ အရွက်တွေက အစာချက်လုပ်ပါတယ်။

ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့အခေါက်ဆဲလ်တွေက ကျုံ့သွားပြီးအရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာခက်ခဲ သွားတယ်။အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အဝရသွားပြီး အပွင့်ထွက်လေ့ရှိပါတယ်။

ဒါကြောင့် ဓါးနဲ့ထစ်လိုက်ရင် အရွက်တွေချက်လုပ်တဲ့ အစာအဟာရလမ်းကြောင်းပြတ်သွားပြီး အမြစ်ဆီကိုပြန်မပို့နိုင်တော့လို့အပွင့်ထွက်တာဖြစ်ပါတယ်။ဓါးနဲ့ထစ်တာက အထစ်များရင် မှိုပိုးဝင်တတ်ပါတယ်။ အထစ်မမှန်ရင် အစာအဟာရ လမ်းကြောင်းမပြတ်ဘူးဖြစ်တတ်ပါတယ်။

ပင်စည်ကိုဖြစ်ဖြစ် အကိုင်းကိုဖြစ်ဖြစ် အခွံအခေါက် ပတ်ပတ်လည်ကို ဓါးနဲ့ရစ်ပြီးဖြတ်တာက အစာအဟာရ လမ်းကြောင်းကိုလုံးဝ ပြတ်သွားစေပါတယ်။ ဓါးဒဏ်ရာ အနည်းငယ်သာဖြစ်လို့ မှိုပိုးဝင်ဖို့အခွင့်အလမ်းနည်းတယ်။အနာကျက်မြန်ပြီး ပြန်ဆက်မြန်တယ်။ အပွင့်ထွက် နောက် အသီးကို မြေသြဇာ အစာအဟာရတွေ အမြစ်ကနေ ပို့ဖို့လိုအပ်တာကြောင့် ဖြတ်ရာ အမြန်ပြန်ဆက်ဖို့လည်း လိုအပ်ပါတယ်။

အပင် လောင်းရိပ်ကျရင် အသီးအပွင့် မထွက် ဘူးဆိုတာက အလင်းရောင် မရလို့ဖြစ်တယ်။ အလင်းရောင်မရင် အရွက်က အစာချက်လုပ်တဲ့ အ ပေါက်တွေ မပွင့်ပဲ အစာချက်လုပ်ချင်း အားနည်းသွားတာကြောင့်ဖြစ်တယ်။

ဘယ်အချိန်မှာ ဓါးနဲ့ရစ်ဖြတ်ရမလဲ
အပင်အမြစ်ကို မြေသြဇာ NPK အပြည့်အစုံ နဲ့ရေကို ပုံမှန်ပေးထားရပါမယ်။ အရွက်အတွက်က ကြက်ဥဟော်မုန်းဆေးရည် ဟင်းခတ်ဇွန်း 5 ဇွန်း (50 စီစီ) ကို ရေလီတာ 20 နဲ့ရောပြီး 3 ရက်တစ်ခါ ပေးထားရမယ်။

အရွက်အောက်ဘက်က အစာအဟာရစုပ်ယူတဲ့ အဖေါက်တွေရှိလို့အရွက်အောက်ဘက်ကို ထိအောင်ဖြန်းရပါမယ်။ အရွက် အပေါက်တွေပွင့်တဲ့ အချိန် နေထွက်ချိန်မှ မနက် 11 နာရီအတွင်းမှာ ဖြန်းရပါမယ်။

11 နာရီနောက်ပိုင်းမှာ အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပြန်ပိတ်သွားပါတယ်။ ကြက်ဥဟော်မုန်းဆေးရည်ကို အနည်းဆုံး 15 ရက်မှ ရက် 30 လောက်ကြိုပေးထားရပါမယ်။အအေးဓါတ်များရင် ကြက်ဥ ဟော်မုန်းဆေးရည်ဖြန်းတာနဲ့ပဲ အပွင့် ထွက်ပါမယ်။ တကယ်လို့ အပွင့်မထွက်ဘူးဆိုရင်တော့ အစာအဟာရလမ်းကြောင်းကို ဖြတ်ပေးရပါမယ်။

အရွက်နုရင်တော့ အပွင့်ထွက်မှာ မဟုတ်ပါ။ အရွက်တွေရင့်နေပြီဆိုရင် အစာအဟာရ လမ်းကြောင်းကို ဓါးနဲ့ရစ်ဖြတ်ပေးရပါမယ်။ တချိန်ထဲမှာပဲ ကြက်ဥဟော်မုန်းဆေးရည်ကို 3 ရက်တစ်ခါဆက်တိုက်ဖြန်းပေးရပါမယ်။ 15 ရက်မှ ရက် 30 အတွင်းအပွင့်ထွက်ပါမယ်။

တစ်ပင်တည်းမှာ အရွက်နု အကိုင်းက အပွင့်မထွက်ဘူး။ အရွက်အရင့်အကိုင်းတွေကပဲ ပွင့်ပါတယ်။ ညအခါ မှာ မီးထွန်း ပေးရင်လည်း အပွင့်အမြန်ထွက်ပါတယ်။ ညမိုးချုပ်တာနဲ့မီးထွန်းပေးရပါမယ်။

နေ့လည် 11 နောက်ပိုင်း အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေ ပိတ် သွားပြီးနောက် မိုးချုပ်ချိန် မီးထွန်းပေးတော့ အလင်းရောင်ရပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေပြန်ပွင့်လာတယ်။

ညပိုင်းလေထုမှာ ပါလာတဲ့ မြေသြဇာတွေက အစိုဓါတ်ရှိတယ်။ အရွက်တွေ နှင်းရည်နဲ့စိုနေချိန်ဖြစ်လို့ အရွက်တွေမှာ လေထုက မြေသြဇာတွေ အရွက်ကို လာကပ်ပြီး အရွက်တွေ မြေသြဇာရတယ်။နေ့ရော ညမီးအလင်းကြောင့် အစာချက်လုပ်မှုက 2 ဆ 3 ဆ ဖြစ်ပြီး အရွက်အခက်တွေ အဟာရပိုရများပြီး အပွင့်အမြန်ပွင့်တာဖြစ်တယ်။ မီးထွန်းရင် အရွက်တွေ အလင်းအားလုံးရ အောင်ထွန်းပေးရပါမယ်။

သရက်အပြင် တခြား သီးနှံပင်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းက ရာသီချိန်မဟုတ်ရင်လည်း အပွင့်ထွက်အောင်လုပ်နိုင်ပါတယ်။

ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zaw Gyi

သရက္အပြင့္ထြက္ဖို႔ကို ေရွ႕လူႀကီးေတြက ဓါးထစ္ခိုင္းၾကပါတယ္။ ဓါးထစ္လို႔အပင္က ေၾကာက္လန႔္ၿပီးအပြင့္ထြက္တာေတာ့ မဟုတ္ပါ။ အပင္ေတြရဲ႕သေဘာသဘာဝက အ႐ြက္ကေန အစာခ်က္လုပ္ၿပီး အျမစ္ကို ျပန္ပို႔ေပးပါတယ္။

ပုံမွန္ဆိုရင္ အပင္ေတြက ရွင္သန္ေရး အပင္သန္မာေရးကို ဦးစားေပးေလ့ရွိတယ္။ အသီအပြင့္အတြက္ ဦးစားေပးေလ့မရွိဘူး။ အပင္အမ်ားစုက ေအးတဲ့ေဆာင္းရာသီမွာ အပြင့္ထြက္တာမ်ားပါတယ္။

အေၾကာင္းအရင္းတခုက အ႐ြက္ေတြႏွင္းရည္စိုေနခ်ိန္ ေလထုက ပါလာတဲ့ ေျမၾသဇာကိုအ႐ြက္ေတြမွာကပ္ၿပီး အ႐ြက္ေတြကေျမၾသဇာတိုက္႐ိုက္ရသြားတယ္။ ေနထြက္ခ်ိန္မွ မနက္ 11 နာရီေလာက္အထိမွာ အ႐ြက္ေတြက အစာခ်က္လုပ္ပါတယ္။

ဒါေပမယ့္ ေဆာင္းတြင္း အေအးဓါတ္ေၾကာင့္ ပင္စည္နဲ႔အေခါက္ဆဲလ္ေတြက က်ဳံ႕သြားၿပီးအ႐ြက္ေတြက ခ်က္လုပ္တဲ့ အစာအဟာရေတြ အျမစ္ကို ျပန္ပို႔ရတာခက္ခဲ သြားတယ္။အ႐ြက္ေတြက ခ်က္လုပ္တဲ့ ေျမၾသဇာ အဟာရေတြကို ေအာက္ပိုင္းကို ျပန္ပို႔ခက္ခဲသြားတဲ့အတြက္ အ႐ြက္အခက္ေတြက အဟာရအျပည့္အဝရသြားၿပီး အပြင့္ထြက္ေလ့ရွိပါတယ္။

ဒါေၾကာင့္ ဓါးနဲ႔ထစ္လိုက္ရင္ အ႐ြက္ေတြခ်က္လုပ္တဲ့ အစာအဟာရလမ္းေၾကာင္းျပတ္သြားၿပီး အျမစ္ဆီကိုျပန္မပို႔ႏိုင္ေတာ့လို႔အပြင့္ထြက္တာျဖစ္ပါတယ္။ဓါးနဲ႔ထစ္တာက အထစ္မ်ားရင္ မႈိပိုးဝင္တတ္ပါတယ္။ အထစ္မမွန္ရင္ အစာအဟာရ လမ္းေၾကာင္းမျပတ္ဘူးျဖစ္တတ္ပါတယ္။

ပင္စည္ကိုျဖစ္ျဖစ္ အကိုင္းကိုျဖစ္ျဖစ္ အခြံအေခါက္ ပတ္ပတ္လည္ကို ဓါးနဲ႔ရစ္ၿပီးျဖတ္တာက အစာအဟာရ လမ္းေၾကာင္းကိုလုံးဝ ျပတ္သြားေစပါတယ္။ ဓါးဒဏ္ရာ အနည္းငယ္သာျဖစ္လို႔ မႈိပိုးဝင္ဖို႔အခြင့္အလမ္းနည္းတယ္။အနာက်က္ျမန္ၿပီး ျပန္ဆက္ျမန္တယ္။ အပြင့္ထြက္ ေနာက္ အသီးကို ေျမၾသဇာ အစာအဟာရေတြ အျမစ္ကေန ပို႔ဖို႔လိုအပ္တာေၾကာင့္ ျဖတ္ရာ အျမန္ျပန္ဆက္ဖို႔လည္း လိုအပ္ပါတယ္။

အပင္ ေလာင္းရိပ္က်ရင္ အသီးအပြင့္ မထြက္ ဘူးဆိုတာက အလင္းေရာင္ မရလို႔ျဖစ္တယ္။ အလင္းေရာင္မရင္ အ႐ြက္က အစာခ်က္လုပ္တဲ့ အ ေပါက္ေတြ မပြင့္ပဲ အစာခ်က္လုပ္ခ်င္း အားနည္းသြားတာေၾကာင့္ျဖစ္တယ္။

ဘယ္အခ်ိန္မွာ ဓါးနဲ႔ရစ္ျဖတ္ရမလဲ
အပင္အျမစ္ကို ေျမၾသဇာ NPK အျပည့္အစုံ နဲ႔ေရကို ပုံမွန္ေပးထားရပါမယ္။ အ႐ြက္အတြက္က ၾကက္ဥေဟာ္မုန္းေဆးရည္ ဟင္းခတ္ဇြန္း 5 ဇြန္း (50 စီစီ) ကို ေရလီတာ 20 နဲ႔ေရာၿပီး 3 ရက္တစ္ခါ ေပးထားရမယ္။

အ႐ြက္ေအာက္ဘက္က အစာအဟာရစုပ္ယူတဲ့ အေဖါက္ေတြရွိလို႔အ႐ြက္ေအာက္ဘက္ကို ထိေအာင္ျဖန္းရပါမယ္။ အ႐ြက္ အေပါက္ေတြပြင့္တဲ့ အခ်ိန္ ေနထြက္ခ်ိန္မွ မနက္ 11 နာရီအတြင္းမွာ ျဖန္းရပါမယ္။

11 နာရီေနာက္ပိုင္းမွာ အစာစုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ျပန္ပိတ္သြားပါတယ္။ ၾကက္ဥေဟာ္မုန္းေဆးရည္ကို အနည္းဆုံး 15 ရက္မွ ရက္ 30 ေလာက္ႀကိဳေပးထားရပါမယ္။အေအးဓါတ္မ်ားရင္ ၾကက္ဥ ေဟာ္မုန္းေဆးရည္ျဖန္းတာနဲ႔ပဲ အပြင့္ ထြက္ပါမယ္။ တကယ္လို႔ အပြင့္မထြက္ဘူးဆိုရင္ေတာ့ အစာအဟာရလမ္းေၾကာင္းကို ျဖတ္ေပးရပါမယ္။

အ႐ြက္ႏုရင္ေတာ့ အပြင့္ထြက္မွာ မဟုတ္ပါ။ အ႐ြက္ေတြရင့္ေနၿပီဆိုရင္ အစာအဟာရ လမ္းေၾကာင္းကို ဓါးနဲ႔ရစ္ျဖတ္ေပးရပါမယ္။ တခ်ိန္ထဲမွာပဲ ၾကက္ဥေဟာ္မုန္းေဆးရည္ကို 3 ရက္တစ္ခါဆက္တိုက္ျဖန္းေပးရပါမယ္။ 15 ရက္မွ ရက္ 30 အတြင္းအပြင့္ထြက္ပါမယ္။

တစ္ပင္တည္းမွာ အ႐ြက္ႏု အကိုင္းက အပြင့္မထြက္ဘူး။ အ႐ြက္အရင့္အကိုင္းေတြကပဲ ပြင့္ပါတယ္။ ညအခါ မွာ မီးထြန္း ေပးရင္လည္း အပြင့္အျမန္ထြက္ပါတယ္။ ညမိုးခ်ဳပ္တာနဲ႔မီးထြန္းေပးရပါမယ္။

ေန႔လည္ 11 ေနာက္ပိုင္း အစာစုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အ ေပါက္ေတြ ပိတ္ သြားၿပီးေနာက္ မိုးခ်ဳပ္ခ်ိန္ မီးထြန္းေပးေတာ့ အလင္းေရာင္ရၿပီး အစာခ်က္လုပ္တဲ့ အ ေပါက္ေတြျပန္ပြင့္လာတယ္။

ညပိုင္းေလထုမွာ ပါလာတဲ့ ေျမၾသဇာေတြက အစိုဓါတ္ရွိတယ္။ အ႐ြက္ေတြ ႏွင္းရည္နဲ႔စိုေနခ်ိန္ျဖစ္လို႔ အ႐ြက္ေတြမွာ ေလထုက ေျမၾသဇာေတြ အ႐ြက္ကို လာကပ္ၿပီး အ႐ြက္ေတြ ေျမၾသဇာရတယ္။ေန႔ေရာ ညမီးအလင္းေၾကာင့္ အစာခ်က္လုပ္မႈက 2 ဆ 3 ဆ ျဖစ္ၿပီး အ႐ြက္အခက္ေတြ အဟာရပိုရမ်ားၿပီး အပြင့္အျမန္ပြင့္တာျဖစ္တယ္။ မီးထြန္းရင္ အ႐ြက္ေတြ အလင္းအားလုံးရ ေအာင္ထြန္းေပးရပါမယ္။

သရက္အျပင္ တျခား သီးႏွံပင္ေတြကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒီနည္းက ရာသီခ်ိန္မဟုတ္ရင္လည္း အပြင့္ထြက္ေအာင္လုပ္ႏိုင္ပါတယ္။

ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။