ရေသန့်ဗူးကြီးထဲတွင် စုဆောင်းထားသော အကြွေစေ့လေးတွေနှင့် အိမ်တစ်လုံး ဝယ်ယူခဲ့သော အမျိုးသား

Unicode

တရုတ်နိုင်ငံ Shandongပြည်နယ် Qinanမြို့တွင် နေထိုင်သော အမျိုးသားတစ်ဦးသည် အလုပ်လုပ်ရင်း ရရှိသော လစာထဲမှ အကြွေစေ့လေးတွေကို စုဆောင်းရင်းကနေ ရေသန့်ဗူးကြီး၂၀ထိ ရရှိခဲ့သည်။

အမျိုးသားသည် ထိုအကြွေစေ့လေးတွေနဲ့ပဲ မြို့ထဲရှိ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုတွင် တိုက်အိမ်တစ်လုံးအား ဝယ်ယူရန် အသုံးပြုခဲ့ရာ ကုမ္ပဏီမှလည်း အကြွေစေ့လေးတွေကို လက်ခံပေးခဲ့ရာ ဝန်ထမ်းပေါင်းအယောက် ၂၀ကို ရေတွက်ခိုင်းခဲ့သည်။

သို့သော်လည်း ငွေပမာဏမှာ များလွန်းသည့်အတွက်ကြောင့် နောက်ထပ်ဝန်ထမ်း၆ယောက်ကို ထပ်ခေါ်ခဲ့ရင်း ရေတွက်ကြရာ ၄နာရီအကြာမှာတော့ ယွမ်၁၅၀,၀၀၀ကို ရေတွက်ပြီးဆုံးခဲ့သည်။

ထိုအဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် ပျံ့နှံ့သွားပြီး အများဧ။်အာရုံစိုက်မှုကို ရရှိကာ ရေသန့်ဗူးကြီး၂၀ထိကို အကြွေစေ့လေးတွေ စုဆောင်းနိုင်သည့် အမျိုးသားအား ချီးမွမ်းခဲ့ကြသည်။

Credit

Zaw Gyi





Credit