တိရစ္ဆာန်ရုံကိုလာတဲ့ ဧည့်သည်တွေကို ဆဲ ဆို နေလို့ နေရာခွဲထားရတဲ့ ကြက်တူရွေးအုပ်စု

Unicode

ကြက်တူရွေးဆိုတဲ့ ငှက်လေးတွေဟာ လူတွေရဲ့ စကားအတိုင်း လိုက်လံတုပပြီး ပြောနိုင်တဲ့ ငှက်ကလေးတွေပါ။ များသောအားဖြင့် သူတို့ရဲ့ မပီကလာ ပီကလာစကားလေးတွေဟာ လူတွေရဲ့နားထဲမှာ အရမ်းကို ချစ်ဖိုပကောင်းနေပြီး စိတ်ချမ်းမြေ့စေပါတယ်။

အခုပြောပြချင်တဲ့ ကြက်တူရွေးလေး ၅ ကောင်ဆိုလည်း အရမ်းစကားတတ်ပါတယ်။ ဒါပေမယ့် ဒီကြက်တူရွေး ၅ ကောင်ကတော့အရမ်းကိုစကားအတက်လွန်ပြီးတိရစ္ဆာန်ဥယျာဉ်ဆီလာလည်တဲ့ဧည့်သည်မှန်သမျှကို ၅ ကောင်ပေါင်းပြီးထိုင်ဆဲနေလို့အခုဆိုရင်အဆိုပါကြက်တူရွေး ၅ ကောင်စလုံးကို တိရစ္ဆာန်ရုံဝန် ထမ်း တွေက အတူတူမထားရဲပဲ ခွဲထားရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကြက်တူရွေး ၅ ကောင်ကတော့ အင်္ဂလန်နိုင်ငံ၊ Lincolnshire မြို့မှာရှိတဲ့ Lincolnshire Wildlife Center ရှိ ကြက်တူရွေးလေးတွေပဲ ဖြစ်ပါတယ်။ နာမည်လေးတွေကတော့ Billy, Eric, Tyson, Jade နဲ့ Elise တို့ဖြစ်ပြီး အာဖရိကန် မီးခိုးရောင်ကြက်တူရွေး အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

သူတို့ ၅ ကောင်စလုံးဟာ ၂၀၂၀ခုနှစ်၊ သြဂုတ်လလောက်မှာမှ Lincolnshire Wildlife Centerကိုရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ၅ ကောင်းစလုံးရဲ့ ထူးခြားချက်ကတော့ လာလည်တဲ့ဧည့်သည်မှန်သမျှကို f*** off လို့ ထိုင်ပြောနေတတ်ပြီး တစ်ခါတစ်လေကျရင်လည်း go to the hell လို့အော်နေပြီး ကျိန်စာတိုက်နေတတ်ပါသေးတယ်။

နောက်ဆုံးမှာတော့ အဆိုပါတိရစ္ဆာန်ရုံရှိ ဝန်ထမ်းတွေဟာ သူတို့ ၅ ကောင်ကို အတူတူမထားရဲတော့ပဲတစ်ကောင်ဆီခွဲထားခဲ့ရပါတော့တယ်။ “သူတို့ဆဲတာကို လာလည်တဲ့ ပရိသတ်တွေအကုန်လုံးက သဘောကျတတ်ပါတယ်။ ဒီကဝန်ထမ်းတွေက သင်ထားတာမျိုးလည်း မဟုတ်ဘူး။

အရင်ပြောင်းရွှေ့ခဲ့တဲ့ တိရစ္ဆာန်ရုံထဲက တစ်ယောက်ယောက်က သင်ပေးခဲ့လို့လား မသိဘူး။ ရောက်ကတည်းက ၅ ကောင်းပူးမိပြီဆိုတာနဲ့ ထိုင်ဆံနေတော့တာပါပဲ။

လာလည်တဲ့လူတွေထဲမှာ ကလေးတွေပါလာရင်တော့ မကောင်းဘူးလေ။ ဒါ့ကြောင့် လက်ရှိမှာသူတို့ ၅ ကောင်ကိုခွဲထားရတာပါ”လို့ Lincolnshire Wildlife Center ရှိ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ Steve Nichols က ပြောကြားခဲ့ပါတယ်။ Credit

Zaw Gyi

ၾကက္တူေ႐ြးဆိုတဲ့ ငွက္ေလးေတြဟာ လူေတြရဲ႕ စကားအတိုင္း လိုက္လံတုပၿပီး ေျပာႏိုင္တဲ့ ငွက္ကေလးေတြပါ။ မ်ားေသာအားျဖင့္ သူတို႔ရဲ႕ မပီကလာ ပီကလာစကားေလးေတြဟာ လူေတြရဲ႕နားထဲမွာ အရမ္းကို ခ်စ္ဖိုပေကာင္းေနၿပီး စိတ္ခ်မ္းေျမ့ေစပါတယ္။

အခုေျပာျပခ်င္တဲ့ ၾကက္တူေ႐ြးေလး ၅ ေကာင္ဆိုလည္း အရမ္းစကားတတ္ပါတယ္။ ဒါေပမယ့္ ဒီၾကက္တူေ႐ြး ၅ ေကာင္ကေတာ့အရမ္းကိုစကားအတက္လြန္ၿပီးတိရစာၦန္ဥယ်ာဥ္ဆီလာလည္တဲ့ဧည့္သည္မွန္သမွ်ကို ၅ ေကာင္ေပါင္းၿပီးထိုင္ဆဲေနလို႔အခုဆိုရင္အဆိုပါၾကက္တူေ႐ြး ၅ ေကာင္စလုံးကို တိရစာၦန္႐ုံဝန္ ထမ္း ေတြက အတူတူမထားရဲပဲ ခြဲထားရေၾကာင္း People သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ ၾကက္တူေ႐ြး ၅ ေကာင္ကေတာ့ အဂၤလန္ႏိုင္ငံ၊ Lincolnshire ၿမိဳ႕မွာရွိတဲ့ Lincolnshire Wildlife Center ရွိ ၾကက္တူေ႐ြးေလးေတြပဲ ျဖစ္ပါတယ္။ နာမည္ေလးေတြကေတာ့ Billy, Eric, Tyson, Jade နဲ႔ Elise တို႔ျဖစ္ၿပီး အာဖရိကန္ မီးခိုးေရာင္ၾကက္တူေ႐ြး အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။

သူတို႔ ၅ ေကာင္စလုံးဟာ ၂၀၂၀ခုႏွစ္၊ ၾသဂုတ္လေလာက္မွာမွ Lincolnshire Wildlife Centerကိုေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။အဆိုပါ ၅ ေကာင္းစလုံးရဲ႕ ထူးျခားခ်က္ကေတာ့ လာလည္တဲ့ဧည့္သည္မွန္သမွ်ကို f*** off လို႔ ထိုင္ေျပာေနတတ္ၿပီး တစ္ခါတစ္ေလက်ရင္လည္း go to the hell လို႔ေအာ္ေနၿပီး က်ိန္စာတိုက္ေနတတ္ပါေသးတယ္။

ေနာက္ဆုံးမွာေတာ့ အဆိုပါတိရစာၦန္႐ုံရွိ ဝန္ထမ္းေတြဟာ သူတို႔ ၅ ေကာင္ကို အတူတူမထားရဲေတာ့ပဲတစ္ေကာင္ဆီခြဲထားခဲ့ရပါေတာ့တယ္။ “သူတို႔ဆဲတာကို လာလည္တဲ့ ပရိသတ္ေတြအကုန္လုံးက သေဘာက်တတ္ပါတယ္။ ဒီကဝန္ထမ္းေတြက သင္ထားတာမ်ိဳးလည္း မဟုတ္ဘူး။

အရင္ေျပာင္းေ႐ႊ႕ခဲ့တဲ့ တိရစာၦန္႐ုံထဲက တစ္ေယာက္ေယာက္က သင္ေပးခဲ့လို႔လား မသိဘူး။ ေရာက္ကတည္းက ၅ ေကာင္းပူးမိၿပီဆိုတာနဲ႔ ထိုင္ဆံေနေတာ့တာပါပဲ။

လာလည္တဲ့လူေတြထဲမွာ ကေလးေတြပါလာရင္ေတာ့ မေကာင္းဘူးေလ။ ဒါ့ေၾကာင့္ လက္ရွိမွာသူတို႔ ၅ ေကာင္ကိုခြဲထားရတာပါ”လို႔ Lincolnshire Wildlife Center ရွိ အမႈေဆာင္ဒါ႐ိုက္တာတစ္ဦးျဖစ္သူ Steve Nichols က ေျပာၾကားခဲ့ပါတယ္။ Credit