ညဘက္ စာအုပ္ဖတ္ၿပီးမွ အိပ္မယ္ဆိုရင္ ရလာမယ့္ အက်ိဳးေက်းဇူးမ်ား

Unicode နှင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည်

စာအုပ္ဖတ္ျခင္းကေန လူေတြအတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး ရေစႏိုင္တယ္ဆိုတာကို လူတိုင္းနီးပါး သိၿပီး ျဖစ္ၾကမွာပါ။ ဒါေပမဲ့ စာဖတ္တဲ့အက်င့္ နည္းတဲ့သူေတြ အမ်ားအျပား ရွိေနသလို စာမဖတ္တဲ့ သူေတြလည္း ရွိလို႔ ေနပါတယ္။

အင္တာနက္ေတြ ဖုန္းေတြ အလြယ္တကူ ရွိလာတဲ့အခါ လူေတြက ဖုန္း အသံုးျပဳမႈ ပိုမ်ားလ်က္ ရွိပါတယ္။ ညအိပ္ရာဝင္ခ်ိန္မွာ ဖုန္းအသံုးျပဳျခင္းက က်န္းမာေရးနဲ႔ မညီညြတ္ေၾကာင္းကိုလည္း ပညာရွင္ေတြက ေျပာဆိုထားပါတယ္။

ဒါေၾကာင့္လည္း ညမအိပ္ခင္ ဖုန္းသံုးတာထက္ စာဖတ္တာက ပိုၿပီး သင့္ကို ဒီလို အက်ိဳးရလဒ္ေတြ ရလာေစမွာပါ။

(၁) စာအုပ္ဖတ္ျဖစ္တယ္

စာအုပ္ဖတ္သူေတြက တျဖည္းျဖည္း ေလ်ာ့က်လာသလို လူေတြရဲ႕ စာဖတ္ႏႈန္းလည္း က်လာပါတယ္။ ဒါေၾကာင့္ စာဖတ္ျခင္းက ရတဲ့ အက်ိဳးေတြကို ရဖို႔ အခြင့္အလမ္းနည္းသြားပါတယ္။ ညအိပ္ခါနီးတိုင္း စာဖတ္ၿပီး အိပ္မယ္လို႔ ဆံုးျဖတ္္လိုက္ရင္ ေန႔စဥ္ စာဖတ္ျဖစ္မွာပါ။ ဒါဆို စာဖတ္ဖို႔အတြက္ အခ်ိန္အျမဲ ရွာေနရတဲ့ ျပႆနာကို ေျဖရွင္းၿပီးသား ျဖစ္သြားသလို စာအုပ္ေတြလည္း အျမဲ ဖတ္္ျဖစ္ေတာ့မွာပါ။

(၂) အနားယူၿပီးသား ျဖစ္တယ္

လူတိုင္းနီးပါးက ေန႔ဘက္မွာ အလုပ္ေတြ ကိုယ္စီ လုပ္ၾကရပါတယ္။ ဒါ့အျပင္ ကိုယ့္ရဲ႕ အနီးပတ္ဝန္းက်င္ကသူေတြကိုလည္း အေဖာ္ျဖစ္ေပးရသလို အခ်ိန္လည္း ေပးရပါတယ္။ ပင္ပန္းေနတဲ့ ခႏၶာကိုယ္ကို အနားယူဖို႔က အိပ္ရာထက္မွာ အိပ္လိုက္ျခင္းပါပဲ။

အိပ္ရာထက္မွာ ဖုန္းသံုးေနတဲ့အခါ သင့္ရဲ႕ က်န္းမာေရးကို ထိခိုက္သလို မ်က္လံုးနဲ႔ ဦးေႏွာက္ကလည္း အရုပ္ေတြ အေရာင္ေတြကို ျမင္ရၿပီး မွတ္သားရတဲ့ အလုပ္လုပ္ရပါမယ္။

ဒါေပမဲ့ စာဖတ္တာကေတာ့ ဒီအေျခအေနေတြကို ေျဖရွင္းၿပီးသား ျဖစ္မွာပါ။

(၃) ဗဟုသုတလည္း ျဖစ္ႏိုင္တယ္

စာအုပ္ေတြတိုင္းက စာအုပ္ထဲမွာ ပါဝင္တဲ့အေၾကာင္းအရာေတြေၾကာင့္ လူေတြကို အသိပညာနဲ႔ ဗဟုသုတ တိုးပြားေစပါတယ္။ ဒါေၾကာင့္ စာဖတ္္ျခင္းကေန အက်ိဳးေက်းဇူးေတြကို တစ္ခု မဟုတ္ တစ္ခု ရေစသြားပါတယ္။ စာအုပ္ပါ အေၾကာင္းေတြကေန ေလ့လာထားတဲ့ သိထားတာေတြက လက္ေတြ႔ဘဝအတြက္ အက်ိဳး ျဖစ္ေစတာမ်ိဳးအထိလည္း အက်ိဳးထူးႏိုင္ပါတယ္။

(၄) အိပ္ေပ်ာ္ေစတယ္

ဖုန္းသံုးတဲ့အခါ ဖုန္းက ထြက္ရွိတဲ့ လိႈင္းေတြက လူေတြကို အိပ္မေပ်ာ္ျဖစ္ေစပါတယ္။

ဒါေၾကာင့္ ညအိပ္ခါနီး ဖုန္းသံုးတာက ေကာင္းတဲ့ အျပဳအမူ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဖုန္းသံုးမယ့္အစား စာဖတ္တာကမွ သင့္ကို ပိုၿပီး အက်ိဳးထူးေစတာပါ။

စာဖတ္တာက စိတ္ဝင္စားဖို႔ ေကာင္းတာ မွန္ေပမယ့္ စာဖတ္ရတာက လူကို အိပ္ခ်င္စိတ္လည္း ျဖစ္ေစတာမို႔ သင္တို႔ ပံုမွန္ ေစာေစာေတာ့ အိပ္ရမွာပါ။

(၅) ဖုန္းအသံုးျပဳခ်ိန္ကို ေလ်ာ့ခ်ရာ ေရာက္တယ္

တစ္ေန႔တစ္ေန႔ မိုးလင္း မ်က္လံုး ႏွစ္လံုး ပြင့္တည္းက ဖုန္းကို အရင္ကိုင္တတ္ၾကပါတယ္။ တစ္ေန႔လံုးလည္း အားရင္ အားသလို ဖုန္းကို လူအေတာ္အမ်ားမ်ားက လူအေတာ္မ်ားမ်ားက အသံုးျပဳတတ္ၾကပါတယ္။

ဒါေၾကာင့္ တစ္ေန႔ကို ဖုန္းအသံုးျပဳခ်ိန္က ၁၀ နာရီ ပတ္ဝန္းက်င္ေလာက္ သံုးျဖစ္ေနၾကပါတယ္။ ဒီလို အသံုးျပဳေနမႈကို ညအိပ္ရာဝင္တဲ့အခါ စာဖတ္ျခင္းျဖင့္ အစားထိုးႏိုင္ပါတယ္။

ဒါက ဖုန္းအသံုးျပဳခ်ိန္ကို ေလွ်ာ့ခ်ေပးရာ ေရာက္သလို ညေတြမွာ ေစာေစာစီးစီး အိပ္ျဖစ္ေစႏိုင္ပါေသးတယ္။

စာအုပ်ဖတ်ခြင်းကနေ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရစေနိုင်တယ်ဆိုတာကို လူတိုင်းနီးပါး သိပြီး ဖြစ်ကြမှာပါ။ ဒါပေမဲ့ စာဖတ်တဲ့အကျင့် နည်းတဲ့သူတွေ အများအပြား ရှိနေသလို စာမဖတ်တဲ့ သူတွေလည်း ရှိလို့ နေပါတယ်။

Unicode

အင်တာနက်တွေ ဖုန်းတွေ အလွယ်တကူ ရှိလာတဲ့အခါ လူတွေက ဖုန်း အသုံးပြုမှု ပိုများလျက် ရှိပါတယ်။ ညအိပ်ရာဝင်ချိန်မှာ ဖုန်းအသုံးပြုခြင်းက ကျန်းမာရေးနဲ့ မညီညွတ်ကြောင်းကိုလည်း ပညာရှင်တွေက ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း ညမအိပ်ခင် ဖုန်းသုံးတာထက် စာဖတ်တာက ပိုပြီး သင့်ကို ဒီလို အကျိုးရလဒ်တွေ ရလာစေမှာပါ။

(၁) စာအုပ်ဖတ်ဖြစ်တယ်

စာအုပ်ဖတ်သူတွေက တဖြည်းဖြည်း လျော့ကျလာသလို လူတွေရဲ့ စာဖတ်နှုန်းလည်း ကျလာပါတယ်။ ဒါကြောင့် စာဖတ်ခြင်းက ရတဲ့ အကျိုးတွေကို ရဖို့ အခွင့်အလမ်းနည်းသွားပါတယ်။ ညအိပ်ခါနီးတိုင်း စာဖတ်ပြီး အိပ်မယ်လို့ ဆုံးဖြတ်လိုက်ရင် နေ့စဉ် စာဖတ်ဖြစ်မှာပါ။ ဒါဆို စာဖတ်ဖို့အတွက် အချိန်အမြဲ ရှာနေရတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားသလို စာအုပ်တွေလည်း အမြဲ ဖတ်ဖြစ်တော့မှာပါ။

(၂) အနားယူပြီးသား ဖြစ်တယ်

လူတိုင်းနီးပါးက နေ့ဘက်မှာ အလုပ်တွေ ကိုယ်စီ လုပ်ကြရပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်ကသူတွေကိုလည်း အဖော်ဖြစ်ပေးရသလို အချိန်လည်း ပေးရပါတယ်။

ပင်ပန်းနေတဲ့ ခန္ဓာကိုယ်ကို အနားယူဖို့က အိပ်ရာထက်မှာ အိပ်လိုက်ခြင်းပါပဲ။

အိပ်ရာထက်မှာ ဖုန်းသုံးနေတဲ့အခါ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်သလို မျက်လုံးနဲ့ ဦးနှောက်ကလည်း အရုပ်တွေ အရောင်တွေကို မြင်ရပြီး မှတ်သားရတဲ့ အလုပ်လုပ်ရပါမယ်။ ဒါပေမဲ့ စာဖတ်တာကတော့ ဒီအခြေအနေတွေကို ဖြေရှင်းပြီးသား ဖြစ်မှာပါ။

(၃) ဗဟုသုတလည်း ဖြစ်နိုင်တယ်

စာအုပ်တွေတိုင်းက စာအုပ်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကြောင့် လူတွေကို အသိပညာနဲ့ ဗဟုသုတ တိုးပွားစေပါတယ်။ ဒါကြောင့် စာဖတ်ခြင်းကနေ အကျိုးကျေးဇူးတွေကို တစ်ခု မဟုတ် တစ်ခု ရစေသွားပါတယ်။

စာအုပ်ပါ အကြောင်းတွေကနေ လေ့လာထားတဲ့ သိထားတာတွေက လက်တွေ့ဘဝအတွက် အကျိုး ဖြစ်စေတာမျိုးအထိလည်း အကျိုးထူးနိုင်ပါတယ်။

(၄) အိပ်ပျော်စေတယ်

ဖုန်းသုံးတဲ့အခါ ဖုန်းက ထွက်ရှိတဲ့ လှိုင်းတွေက လူတွေကို အိပ်မပျော်ဖြစ်စေပါတယ်။ ဒါကြောင့် ညအိပ်ခါနီး ဖုန်းသုံးတာက ကောင်းတဲ့ အပြုအမူ မဟုတ်ပါဘူး။ ဒါကြောင့် ဖုန်းသုံးမယ့်အစား စာဖတ်တာကမှ သင့်ကို ပိုပြီး အကျိုးထူးစေတာပါ။

စာဖတ်တာက စိတ်ဝင်စားဖို့ ကောင်းတာ မှန်ပေမယ့် စာဖတ်ရတာက လူကို အိပ်ချင်စိတ်လည်း ဖြစ်စေတာမို့ သင်တို့ ပုံမှန် စောစောတော့ အိပ်ရမှာပါ။

(၅) ဖုန်းအသုံးပြုချိန်ကို လျော့ချရာ ရောက်တယ်

တစ်နေ့တစ်နေ့ မိုးလင်း မျက်လုံး နှစ်လုံး ပွင့်တည်းက ဖုန်းကို အရင်ကိုင်တတ်ကြပါတယ်။ တစ်နေ့လုံးလည်း အားရင် အားသလို ဖုန်းကို လူအတော်အများများက လူအတော်များများက အသုံးပြုတတ်ကြပါတယ်။

ဒါကြောင့် တစ်နေ့ကို ဖုန်းအသုံးပြုချိန်က ၁၀ နာရီ ပတ်ဝန်းကျင်လောက် သုံးဖြစ်နေကြပါတယ်။ ဒီလို အသုံးပြုနေမှုကို ညအိပ်ရာဝင်တဲ့အခါ စာဖတ်ခြင်းဖြင့် အစားထိုးနိုင်ပါတယ်။

ဒါက ဖုန်းအသုံးပြုချိန်ကို လျှော့ချပေးရာ ရောက်သလို ညတွေမှာ စောစောစီးစီး အိပ်ဖြစ်စေနိုင်ပါသေးတယ်။