ပဲခူးတိုင္းေဒသႀကီးမိုးညိဳၿမိဳ႕နယ္ထဲက လူမသိသူမသိ ေရွးေဟာင္းအေမြအႏွစ္မ်ားရွိရာေနရာ

Unicode နှင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည်

ပဲခူးတိုင္းေဒသႀကီး မိုညိဳၿမိဳ႕နယ္၊ ေရကင္းအုပ္စုမင္းႀကီးေက်း႐ြာအနီးရွိ လူမသိသူမသိ ေရွးေဟာင္းအေမြအႏွစ္မ်ားရွိရာ ဒီေနရာကို မေမွ်ာ္လင့္ပဲ မဂၤလာေဆာင္တစ္ခု႐ိုက္ကူးေရးသြားရင္းေရာက္ခဲ့ပါတယ္။

မင္းႀကီးေက်း႐ြာအနီးမွာ ေရွးေဟာင္း

ဘုရားေတြ အမ်ားစုရွိတယ္ဆိုတာ ဟိုတုန္းကတည္းကသိခဲ့ေပမဲ့ ဒီေလာက္မ်ားမယ္မထင္ခဲ့ပါ။ လူအမ်ားစုသိတဲ့ ေလာကေဇယ်ာ၊ ေလာကမွန္ကူ၊ မိေခ်ာင္းပတ္ဘုရားစတဲ့ ဘုရားေတြကိုသာ သတိထားခဲ့မိပါတယ္။ ကလ်ာဏီသိမ္ေတာ္ ဟုသိရွိရတဲ့

ေရွးေဟာင္းသိမ္၏ ေက်ာက္တိုင္တစ္ခု ဒီေန႔လက္ေတြ႕ဖူးေမ်ာ္ရမွ အံ့ၾသမင္သက္မိသလို ဒီေလာက္မ်ားတဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြကို ဝိုင္းဝန္းထိမ္းသိမ္းေစာင့္ေရွာက္ဖို႔ အသိတစ္ခု စိတ္ထဲေရာက္လာသလို ႏိုင္ငံေတာ္တာဝန္ရွိသူမ်ားနဲ႔

အမ်ားျပည္သူတို႔သိရွိၿပီး လက္ေတြ႕ဖူးေမ်ာ္နိင္ေအာင္ မွတ္တမ္း႐ိုက္ကူးၿပီး တင္ေပးလိုက္ပါတယ္။

ေသခ်ာေရတြက္မၾကည့္ခဲ့ေပမဲ့ ေစတီေပါင္း အဆူ ၆၀ ေက်ာ္ရွိတယ္လို႔ လိုက္ပို႔တဲ့ ဦးမင္းမင္းေျပာျပလို႔ သိရပါတယ္။ ဘုရားဖူးရင္း သိရွိခဲ့တဲ့

အေၾကာင္းအရာေလးေတြကို ပုံနဲ႔ပူးတြဲတင္ျပေပးလိုက္ပါတယ္။ ျပန္လည္မွ်ေဝ SHARE ေပးျခင္းျဖင့္ ကုသိုလ္ပါဝင္ၾကေစခ်င္ပါတယ္။ ေရွးေဟာင္း႐ုပ္ပြားေတာ္မ်ား၊

ၿပိဳပ်က္လွ်က္ရွိတဲ့ ေရွးေဟာင္းေစတီမ်ား၊ ကလ်ာဏီသိမ္ေတာ္ႀကီးအျပင္မွ

ဖူးေမ်ာ္ရပုံ၊ ေတာအုပ္ႀကီးအတြင္းက ေစတီပုထိုးမ်ား၊ သိမ္ေတာ္ႀကီးအတြင္းမွ ေရွးေဟာင္း႐ုပ္ပြားေတာ္၊ ကလ်ာဏီသိမ္ေတာ္ႀကီးအတြင္းဘက္နံရံမ်ားၿပိဳက်ေနပုံ၊ ၿပိဳပ်က္လွ်က္ရွိတဲ့ ေရွးေဟာင္းေစတီမ်ား၊ ရာဇဝတ္သားတို႔ကြက္မ်က္ရာ

လူသတ္ကုန္း၊ ေရွးေဟာင္း ဘုန္းေတာ္ႀကီးေက်ာင္းေဟာင္းေျမေနရာ ကြပ္မ်က္ရာ လူသတ္ကုန္းေပၚရွိ ေရွးေဟာင္း႐ုပ္ပြားေတာ္မ်ား၊ ရာဇဝတ္သားတို႔ကြက္မ်က္ရာ ေနရာ ျပန္လည္မွ်ေဝ SHARE ေပးျခင္းျဖင့္ ကုသိုဟ္ပါဝင္ၾကေစခ်င္ပါတယ္။

( တည္ေနရာကို ၫႊန္ျပတဲ့ ၿမိဳ႕နယ္ေထြ/အုပ္က ညီေလးသန္းေက်ာ္ေဌး၊ လိုက္ပါကူညီတဲ့ ၿမိဳ႕နယ္စည္ပင္ေကာ္မတီ ညီေလးၫြန႔္မင္းစိုး၊ စိတ္ရွည္လက္ရွည္လိုက္ပို႔ၿပီးရွင္းျပတဲ့ မင္းႀကီး႐ြာမွ ဦးမင္းမင္း တို႔ကို အထူးေက်းဇူးတင္လွ်က္ပါ)

Unicode

ပဲခူးတိုင်းဒေသကြီး မိုညိုမြို့နယ်၊ ရေကင်းအုပ်စုမင်းကြီးကျေးရွာအနီးရှိ လူမသိသူမသိ ရှေးဟောင်းအမွေအနှစ်များရှိရာ ဒီနေရာကို မမျှော်လင့်ပဲ မင်္ဂလာဆောင်တစ်ခုရိုက်ကူးရေးသွားရင်းရောက်ခဲ့ပါတယ်။ မင်းကြီးကျေးရွာအနီးမှာ ရှေးဟောင်း

ဘုရားတွေ အများစုရှိတယ်ဆိုတာ ဟိုတုန်းကတည်းကသိခဲ့ပေမဲ့ ဒီလောက်များမယ်မထင်ခဲ့ပါ။ လူအများစုသိတဲ့ လောကဇေယျာ၊ လောကမှန်ကူ၊ မိချောင်းပတ်ဘုရားစတဲ့ ဘုရားတွေကိုသာ သတိထားခဲ့မိပါတယ်။

ကလျာဏီသိမ်တော် ဟုသိရှိရတဲ့

ရှေးဟောင်းသိမ်၏ ကျောက်တိုင်တစ်ခု ဒီနေ့လက်တွေ့ဖူးမျော်ရမှ အံ့သြမင်သက်မိသလို ဒီလောက်များတဲ့

ရှေးဟောင်းအမွေအနှစ်တွေကို ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့ အသိတစ်ခု စိတ်ထဲရောက်လာသလို နိုင်ငံတော်တာဝန်ရှိသူများနဲ့

အများပြည်သူတို့သိရှိပြီး လက်တွေ့ဖူးမျော်နိင်အောင် မှတ်တမ်းရိုက်ကူးပြီး တင်ပေးလိုက်ပါတယ်။ သေချာရေတွက်မကြည့်ခဲ့ပေမဲ့ စေတီပေါင်း အဆူ ၆၀ ကျော်ရှိတယ်လို့ လိုက်ပို့တဲ့ ဦးမင်းမင်းပြောပြလို့ သိရပါတယ်။ ဘုရားဖူးရင်း သိရှိခဲ့တဲ့

အကြောင်းအရာလေးတွေကို ပုံနဲ့ပူးတွဲတင်ပြပေးလိုက်ပါတယ်။

ပြန်လည်မျှဝေ SHARE ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ကြစေချင်ပါတယ်။ ရှေးဟောင်းရုပ်ပွားတော်များ၊ ပြိုပျက်လျှက်ရှိတဲ့ ရှေးဟောင်းစေတီများ၊ ကလျာဏီသိမ်တော်ကြီးအပြင်မှ

ဖူးမျော်ရပုံ၊ တောအုပ်ကြီးအတွင်းက စေတီပုထိုးများ၊ သိမ်တော်ကြီးအတွင်းမှ ရှေးဟောင်းရုပ်ပွားတော်၊ ကလျာဏီသိမ်တော်ကြီးအတွင်းဘက်နံရံများပြိုကျနေပုံ၊ ပြိုပျက်လျှက်ရှိတဲ့ ရှေးဟောင်းစေတီများ၊ ရာဇဝတ်သားတို့ကွက်မျက်ရာ

လူသတ်ကုန်း၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းဟောင်းမြေနေရာ ကွပ်မျက်ရာ လူသတ်ကုန်းပေါ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ၊ ရာဇဝတ်သားတို့ကွက်မျက်ရာ နေရာ ပြန်လည်မျှဝေ SHARE ပေးခြင်းဖြင့် ကုသိုဟ်ပါဝင်ကြစေချင်ပါတယ်။

( တည်နေရာကို ညွှန်ပြတဲ့ မြို့နယ်ထွေ/အုပ်က ညီလေးသန်းကျော်ဌေး၊ လိုက်ပါကူညီတဲ့ မြို့နယ်စည်ပင်ကော်မတီ ညီလေးညွန့်မင်းစိုး၊ စိတ်ရှည်လက်ရှည်လိုက်ပို့ပြီးရှင်းပြတဲ့ မင်းကြီးရွာမှ ဦးမင်းမင်း တို့ကို အထူးကျေးဇူးတင်လျှက်ပါ)