ဒီလိုလူမျိုးတွေကို အိမ်ထောင်ဖက်အဖြစ်ရွေးမိရင် ငါးပါးမှောက်ပါလိမ့်မယ်

Unicode

မိန်းကလေးတစ်ယောက်အဖို့ အိမ်ထောင်ပြုမယ် လို့ မတွေးထားဘူး ဆိုရင်တောင် ကိုယ့်ကို ချဉ်းကပ်လာတဲ့သူတွေထဲ မှာ သဘောကျလောက်စရာ လူမျိုးတွေ့ရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားတတ်ပါတယ်။

တကယ်တော့ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ်၊ ချစ်သူအဖြစ် ရွေးချယ်ရင်ပဲ ဖြစ်ဖြစ် ကိုယ့်ကို ဒုက္ခပေးမယ့် လူမျိုးကို မရွေးမိဖို့လိုပါတယ်။ ချစ်သူ၊ ဘဝလက်တွဲဖော် ရွေးတဲ့အခါ ဒီလိုလူမျိုးတွေကို ရှောင်ပါ။

ရည်မှန်းချက်မရှိသူ

အလုပ်အကိုင် မယ်မယ်ရရ မရှိ၊ ဘဝ ရည်မှန်းချက် မရှိတဲ့ သူကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးမိရင် ကိုယ်ပါရောပြီး မှေးမှိန် တဲ့ ဘဝမျိုး ဖြစ်သွားပါလိမ့်မယ်။ မျက်နှာငယ်ရပါလိမ့်မယ်။

ပွေရှုပ်လွန်းတဲ့သူ

ပွေရှုပ် တဲ့ သူတွေနဲ့ ပတ်သက်မိ တဲ့ အခါ ဘယ်အချိန် ကိုယ့်ကို သစ္စာဖောက်မလဲ မသိနိုင်ဘူး၊ ကိုယ့်အပြင် နောက်ထပ် ဘယ်သူတွေ ရှိသေးလဲ မသိနိုင်ဘူး၊ ဘယ်အချိန်မှာ သူ့ရဲ့သက်ဆိုင်သူပါ ဆိုပြီး ကိုယ့်ရှေ ပေါ်လာမယ် မသိဘူး၊ ကိုယ်က နံပါတ်စဉ် ဘယ်လောက်လဲ မသိနိုင်ဘူး။ ဒီလို လူမျိုးကို လုံးဝရှောင်ပါ။

ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်လွန်းတဲ့သူ

အရာအားလုံးသူ့သဘော၊ သူ့စိတ်ကြိုက်ဖြစ်ချင်တယ်၊ ကိုယ့်ကိုလွှမ်းမိုးချုပ်ကိုင်ပြီး ပြောင်းလဲပစ်ဖို့ကြိုးစားတယ်၊ နောက်ဆုံး ကိုယ့်ရဲ့ဖြစ်တည်မှုကတဖြည်းဖြည်း မှေးမှိန်လာပြီး ကိုယ့်ကိုယ်ကိုတောင်မပိုင်တော့သလိုဖြစ်လာနိုင်လို့ ဒီလိုလူမျိုးကိုလည်း ရှောင်ပါ။

အချိန်ပြည့်စိတ်ဓာတ်ကျနေသူ

ဒါကလည်း ရည်မှန်းချက် မရှိတဲ့ သူနဲ့အတူတူပါပဲ။ ကိုယ့်ဘဝ တိုးတက်အောင် အားမထုတ်ချင်ဘူး။ အမြဲတမ်း စိတ်ဓာတ်ကျ ညီးညူ နေတတ်တယ်။ အလုပ်လုပ်ရမယ် ဆို အကြောင်းပြချက် အမျိုးမျိုး ပေးပြီး ရှောင်လွဲ နေတတ်တယ်။ ဒီလိုလူမျိုး ကို ရွေးမိရင်လည်း ငါးပါးမှောက်ပါလိမ့်မယ်။

စရိုက်ကြမ်းတဲ့သူ

အပြောအဆိုလည်း မိုက်ရိုင်း၊ အပြုအမူလည်း မိုက်ရိုင်းတဲ့ စရိုက်ကြမ်းတဲ့ သူမျိုးကိုလည်း ရှောင်ကိုရှောင်သင့်ပါတယ်။ စရိုက်ကြမ်းတဲ့သူ ကို ရွေးမိရင်လည်း ငါးပါးမှောက်ရုံတင်မက အရှက်လည်းကွဲပါလိမ့်မယ်။

ရည်းစားဟောင်း

ကိုယ်နဲ့ သဘောထား အမြဲတိုက်ဆိုင်နေရင်၊ သဘောကျတဲ့ အချက်တွေ များနေခဲ့ရင် ရည်းစားဟောင်းဆိုတာ ဖြစ်မလာပါဘူး။ ရည်းစားဟောင်းဖြစ်သွားပြီ ဆိုကတည်းက သူ့မှာ ကိုယ် သဘောမကျတဲ့အချက် တွေရှိလို့ပါ။

ဒါပေမယ့် သံယောဇဉ် လက်ကျန်လေးတွေ ရှိနေသေးတာကြောင့် ပြန်တွဲရကောင်းနိုးနိုး စဉ်းစားမိတတ်ပါတယ်။ လုံးဝ ပြန်မတွဲပါနဲ့။ ရည်းစားဟောင်းနဲ့ ပြန်တွဲရင် အဆင်ပြေနိုင်ချေ နည်းလွန်းပြီး စိတ်ရှုပ်ရဖို့ သချာသလောက်မို့ပါ။

Credit to Original Uploader.

Zaw Gyi

မိန္းကေလးတစ္ေယာက္အဖို႔ အိမ္ေထာင္ျပဳမယ္ လို႔ မေတြးထားဘူး ဆိုရင္ေတာင္ ကိုယ့္ကို ခ်ဥ္းကပ္လာတဲ့သူေတြထဲ မွာ သေဘာက်ေလာက္စရာ လူမ်ိဳးေတြ႕ရင္ေတာ့ အိမ္ေထာင္ျပဳဖို႔ စဥ္းစားတတ္ပါတယ္။

တကယ္ေတာ့ အိမ္ေထာင္ျပဳတာပဲ ျဖစ္ျဖစ္၊ ခ်စ္သူအျဖစ္ ေ႐ြးခ်ယ္ရင္ပဲ ျဖစ္ျဖစ္ ကိုယ့္ကို ဒုကၡေပးမယ့္ လူမ်ိဳးကို မေ႐ြးမိဖို႔လိုပါတယ္။ ခ်စ္သူ၊ ဘဝလက္တြဲေဖာ္ ေ႐ြးတဲ့အခါ ဒီလိုလူမ်ိဳးေတြကို ေရွာင္ပါ။

ရည္မွန္းခ်က္မရွိသူ

အလုပ္အကိုင္ မယ္မယ္ရရ မရွိ၊ ဘဝ ရည္မွန္းခ်က္ မရွိတဲ့ သူကိုသာ အိမ္ေထာင္ဖက္အျဖစ္ ေ႐ြးမိရင္ ကိုယ္ပါေရာၿပီး ေမွးမွိန္ တဲ့ ဘဝမ်ိဳး ျဖစ္သြားပါလိမ့္မယ္။ မ်က္ႏွာငယ္ရပါလိမ့္မယ္။

ေပြရႈပ္လြန္းတဲ့သူ

ေပြရႈပ္ တဲ့ သူေတြနဲ႔ ပတ္သက္မိ တဲ့ အခါ ဘယ္အခ်ိန္ ကိုယ့္ကို သစၥာေဖာက္မလဲ မသိႏိုင္ဘူး၊ ကိုယ့္အျပင္ ေနာက္ထပ္ ဘယ္သူေတြ ရွိေသးလဲ မသိႏိုင္ဘူး၊ ဘယ္အခ်ိန္မွာ သူ႔ရဲ႕သက္ဆိုင္သူပါ ဆိုၿပီး ကိုယ့္ေရွ ေပၚလာမယ္ မသိဘူး၊ ကိုယ္က နံပါတ္စဥ္ ဘယ္ေလာက္လဲ မသိႏိုင္ဘူး။ ဒီလို လူမ်ိဳးကို လုံးဝေရွာင္ပါ။

ကိုယ့္ကိုလႊမ္းမိုးခ်ဳပ္ကိုင္လြန္းတဲ့သူ

အရာအားလုံးသူ႔သေဘာ၊ သူ႔စိတ္ႀကိဳက္ျဖစ္ခ်င္တယ္၊ ကိုယ့္ကိုလႊမ္းမိုးခ်ဳပ္ကိုင္ၿပီး ေျပာင္းလဲပစ္ဖို႔ႀကိဳးစားတယ္၊ ေနာက္ဆုံး ကိုယ့္ရဲ႕ျဖစ္တည္မႈကတျဖည္းျဖည္း ေမွးမွိန္လာၿပီး ကိုယ့္ကိုယ္ကိုေတာင္မပိုင္ေတာ့သလိုျဖစ္လာႏိုင္လို႔ ဒီလိုလူမ်ိဳးကိုလည္း ေရွာင္ပါ။

အခ်ိန္ျပည့္စိတ္ဓာတ္က်ေနသူ

ဒါကလည္း ရည္မွန္းခ်က္ မရွိတဲ့ သူနဲ႔အတူတူပါပဲ။ ကိုယ့္ဘဝ တိုးတက္ေအာင္ အားမထုတ္ခ်င္ဘူး။ အၿမဲတမ္း စိတ္ဓာတ္က် ညီးညဴ ေနတတ္တယ္။ အလုပ္လုပ္ရမယ္ ဆို အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳး ေပးၿပီး ေရွာင္လြဲ ေနတတ္တယ္။ ဒီလိုလူမ်ိဳး ကို ေ႐ြးမိရင္လည္း ငါးပါးေမွာက္ပါလိမ့္မယ္။

စ႐ိုက္ၾကမ္းတဲ့သူ

အေျပာအဆိုလည္း မိုက္႐ိုင္း၊ အျပဳအမူလည္း မိုက္႐ိုင္းတဲ့ စ႐ိုက္ၾကမ္းတဲ့ သူမ်ိဳးကိုလည္း ေရွာင္ကိုေရွာင္သင့္ပါတယ္။ စ႐ိုက္ၾကမ္းတဲ့သူ ကို ေ႐ြးမိရင္လည္း ငါးပါးေမွာက္႐ုံတင္မက အရွက္လည္းကြဲပါလိမ့္မယ္။

ရည္းစားေဟာင္း

ကိုယ္နဲ႔ သေဘာထား အၿမဲတိုက္ဆိုင္ေနရင္၊ သေဘာက်တဲ့ အခ်က္ေတြ မ်ားေနခဲ့ရင္ ရည္းစားေဟာင္းဆိုတာ ျဖစ္မလာပါဘူး။ ရည္းစားေဟာင္းျဖစ္သြားၿပီ ဆိုကတည္းက သူ႔မွာ ကိုယ္ သေဘာမက်တဲ့အခ်က္ ေတြရွိလို႔ပါ။

ဒါေပမယ့္ သံေယာဇဥ္ လက္က်န္ေလးေတြ ရွိေနေသးတာေၾကာင့္ ျပန္တြဲရေကာင္းႏိုးႏိုး စဥ္းစားမိတတ္ပါတယ္။ လုံးဝ ျပန္မတြဲပါနဲ႔။ ရည္းစားေဟာင္းနဲ႔ ျပန္တြဲရင္ အဆင္ေျပႏိုင္ေခ် နည္းလြန္းၿပီး စိတ္ရႈပ္ရဖို႔ သခ်ာသေလာက္မို႔ပါ။

Credit to Original Uploader.