အျမဲလိုလိုု ေညာင္းညာ ကိုက္ခဲေနသူမ်ားႏွင္႔ အေၾကာဆိုင္းသလုိ ျဖစ္ေနလွ်င္္ ဒီေဆးနည္းကို သတိရလိုက္ပါ
လူသားေတြဟာ အသက္အရြယ္္ေလး အတန္သင့္ရလာတာနဲ႔အမၽွ ေသြးသားေတြဟာလည္း တေျဖးေျဖးဆုတ္ယုတ္လာၿပီး
အလုပ္ေတြ ပင္ပင္ပန္းပန္းလုပ္တဲ့ ဒဏ္ကို မိမိတို႔ခႏၶာကိုယ္ႀကီးက ခံနိုင္ရည္စြမ္း က်ဆင္းလာတတ္ပါတယ္။
အလုုပ္ေတြ ပင္ပင္ပန္းပန္း လုပ္ရတဲ့, လုပ္ခဲ့တဲ့ဒဏ္ေတြေၾကာင့္
ခႏၶာကိုယ္ထဲမွာရွိတဲ့ အေၾကာေတြက မၾကာခဏ ေညာင္းညာ ကိုက္ခဲေနတာမ်ိဳး, အေၾကာေတြ ဆိုင္းခ်င္သလိုလို ျဖစ္သြားတာ
အေၾကာေတြ လုံးဝဆိုင္သြားတာမ်ိဳး, ေလျဖန္းခ်င္သလိုလိုျဖစ္သြားတာ, လုံးဝေလ ျဖန္းသြားတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။
အဲဒီလိုိ ေရာဂါေတြ ခံစားေနရၿပီဆိုရင္ အခုေဖာ္ျပမဲ့ ေဆးနည္းေလးက သက္သာေပ်ာက္ကင္းေစမွာပါ။
ဦးဇင္းကိုယ္လဲ ဦးဇင္းနဲ႔ ပက္သတ္ဆက္ႏြယ္ေနတဲ့ ဒကာ
ႀကီးေတြ,ဒကာမႀကီးေတြကိို ေဆးနည္းေျပာျပၿပီး သုံးစြဲဖို႔ တိုက္တြန္းသလို ၾကဳံတဲ့အခါမွာလည္း ကိုယ္တိုင္ကိုယ္က် ေဖာ္စပ္ေပးခဲ့ပါတယ္။
အျမဲလိုိလို ေညာင္းညာကိုက္ခဲေနသူမ်ားဟာ တစ္ပတ္ေလာက္ ပုံမွန္စားလိုက္တဲ့အခါ
ေညာင္းညာ ကိုက္ခဲမွုေတြေပ်ာက္ကင္းၿပီး ေနာက္ထပ္ ေပၚမလာေတာ့ေျကာင္းဝမ္းသာအားရ လာၿပီးေျပာၾကပါတယ္။
အေၾကာဆိုိင္းေနသူမ်ားနဲ ႔ေလျဖန္းေနသူမ်ားကလည္းတစ္လ,ႏွစ္လစသည္အားျဖင့္ ေဖာ္စားလိုက္, ခဏနားလိုက္နဲ႔ သုံးစြဲလိုက္လို႔ သက္သာေပ်ာက္ကင္းေၾကာင္း ဝမ္းသာအားရ ျပန္ေျပာၾကပါတယ္။
ေဆးနည္္းေလးကေတာ
၁။ဖီးၾကမ္္းငွက္ေပ်ာသီးမွည့္မွည့္ရယ္ (မမွည့္ရင္ေခ်ာင္းဆိုးတတ္ပါသည္)
၂။သက္ရင္းႀကီးရြက္ရယ္္
(၎အပင္မွာေဒသတိုင္းတြင္ေပါက္ေလ့ရွိပါသည္) ဒီႏွစ္မ်ိဳးပဲလိုအပ္မွာပါ။
ေဖာ္စပ္ပံုံကေတာ့
၁။ဖီးၾကမ္းငွက္္ေပ်ာသီးကို ဟိုဘက္ထိပ္ ဒီဘက္ထိပ္ အတြင္းသားေလးေတြ ေပၚ႐ုံေလာက္ လွီးျဖတ္ထားပါ။
၂။သက္ရင္းႀကီးရြက္ကို ေရစင္ေအာင္ေဆးၿပီး ႏွစ္ရြက္ သုံးရြက္ထပ္ကာ ငွက္ေပ်ာသီးကို လုံေအာင္ဖုံး၍ ေလ်ာ္ႏွင့္ စည္းၿပီးထုတ္ပါ။
၃။ၿပီးလၽွင္ အိုိးထဲထည့္ၿပီး မီးဖိုေပၚမွာ၆-နာရီၾကာျပဳတ္ရပါမည္။ (၆-နာရီဆိုျငားလည္း ဦးဇင္းကေတာ့ ႏွစ္ေရပြက္ၿပီး ဖိုေပၚမွာ မီးေအးေအးနဲ႔ ပစ္ထားလိုက္ပါသည္)
စားပုံစားနည္းကေတာ့႔
ျပဳပ္ၿပီးသားအထုပ္ေလးကိို အေပၚကဖက္ေတြျပန္ခြာ,ငွက္ေပ်ာသီးကိုလည္း အခြံခြာၿပီး အတြင္းသားကိုသာ
မနက္တစ္လုံးညတစ္လုံး တစ္ေန႔ႏွစ္ႀကိမ္စားရမွာျဖစ္ပါတယ္။
ငယ္ရြြယ္တဲ့ သူေတြအတြက္လည္း ခရီးပင္ပန္းလို႔ိ အလုပ္ေတြ ပင္ပင္ပန္းပန္းလုပ္ရလို႔ တစ္ကိုယ္လုံး ေညာင္းညာကိုက္ခဲေနရင္ ၎ငွက္ေပ်ာသီးေလး တစ္လုံးမၽွ
စားလိုက္တာနဲ ႔ေညာင္းညာကိုက္ခဲမွုမ်ား လ်င္ျမန္စြာ သက္သာပါေၾကာင္း ကိုယ္ေတြ႕မို႔ သတင္းေကာင္း ပါးလိုက္ပါရေစ။
ေဖာ္စပ္ပုံ အဆင္ဆင့္ ဓာတ္္ပုံေလးေတြကိုလည္း တင္ေပးလိုက္ပါတယ္။
အထက္ပါ ေဆးနည္းကို မိမိအားတစ္ဆင့္မၽွေဝ ေပးခဲ့ပါေသာသူငယ္ခ်င္းျဖစ္သူ
အရွင္ဝိစိတၱ(ကၽြန္ုပ္တို႔အေခၚ”ဦးဝဲေက်ာ္”)စစ္ကိုင္းေတာင္ရိုး ပံ့သကူေခ်ာင္အားအထူးေက်းဇူးတင္ပါေၾကာင္း။
ယူနီကုဒ္ျဖင့္ ဖတ္ရန္
လူသားတွေဟာ အသက်အရွယ်လေး အတန်သင့်ရလာတာနဲ့အမျှ သွေးသားတွေဟာလည်း တဖြေးဖြေးဆုတ်ယုတ်လာပြီး
အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်တဲ့ ဒဏ်ကို မိမိတို့ခန္ဓာကိုယ်ကြီးက ခံနိုင်ရည်စွမ်း ကျဆင်းလာတတ်ပါတယ်။
အလုုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရတဲ့, လုပ်ခဲ့တဲ့ဒဏ်တွေကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောတွေက မကြာခဏ ညောင်းညာ ကိုက်ခဲနေတာမျိုး, အကြောတွေ ဆိုင်းချင်သလိုလို ဖြစ်သွားတာ,
အကြောတွေ လုံးဝဆိုင်သွားတာမျိုး, လေဖြန်းချင်သလိုလိုဖြစ်သွားတာ, လုံးဝလေ ဖြန်းသွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
အဲဒီလို ရောဂါတွေ ခံစားနေရပြီဆိုရင် အခုဖော်ပြမဲ့
ဆေးနည်းလေးက သက်သာပျောက်ကင်းစေမှာပါ။ ဦးဇင်းကိုယ်လဲ ဦးဇင်းနဲ့ ပက်သတ်ဆက်နွယ်နေတဲ့ ဒကာ
ကြီးတွေ,ဒကာမကြီးတွေကို ဆေးနည်းပြောပြပြီး သုံးစွဲဖို့ တိုက်တွန်းသလို ကြုံတဲ့အခါမှာလည်း ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ပေးခဲ့ပါတယ်။
အမြဲလိုလို ညောင်းညာကိုက်ခဲနေသူများဟာ တစ်ပတ်လောက် ပုံမှန်စားလိုက်တဲ့အခါ ညောင်းညာ ကိုက်ခဲမှုတွေပျောက်ကင်းပြီး နောက်ထပ် ပေါ်မလာတော့ကြောင်းဝမ်းသာအားရ လာပြီးပြောကြပါတယ်။
အကြောဆိုင်းနေသူများနဲ့လေဖြန်းနေသူများကလည်းတစ်လ,နှစ်လစသည်အားဖြင့်
ဖော်စားလိုက်, ခဏနားလိုက်နဲ့ သုံးစွဲလိုက်လို့ သက်သာပျောက်ကင်းကြောင်း ဝမ်းသာအားရ ပြန်ပြောကြပါတယ်။
ဆေးနည်းလေးကတော
၁။ဖီးကြမ်းငှက်ပျောသီးမှည့်မှည့်ရယ် (မမှည့်ရင်ချောင်းဆိုးတတ်ပါသည်)
၂။သက်ရင်းကြီးရွက်ရယ် (၎င်းအပင်မှာဒေသတိုင်းတွင်ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲလိုအပ်မှာပါ။
ဖော်စပ်ပုံံကတော့
၁။ဖီးကြမ်းငှက်ပျောသီးကို ဟိုဘက်ထိပ် ဒီဘက်ထိပ် အတွင်းသားလေးတွေ ပေါ်ရုံလောက် လှီးဖြတ်ထားပါ။
၂။သက်ရင်းကြီးရွက်ကို ရေစင်အောင်ဆေးပြီး နှစ်ရွက် သုံးရွက်ထပ်ကာ ငှက်ပျောသီးကို လုံအောင်ဖုံး၍ လျော်နှင့် စည်းပြီးထုတ်ပါ။
၃။ပြီးလျှင် အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ၆-နာရီကြာပြုတ်ရပါမည်။
(၆-နာရီဆိုငြားလည်း ဦးဇင်းကတော့ နှစ်ရေပွက်ပြီး ဖိုပေါ်မှာ မီးအေးအေးနဲ့ ပစ်ထားလိုက်ပါသည်)
စားပုံစားနည်းကတော့
ပြုပ်ပြီးသားအထုပ်လေးကို အပေါ်ကဖက်တွေပြန်ခွာ,ငှက်ပျောသီးကိုလည်း အခွံခွာပြီး အတွင်းသားကိုသာ မနက်တစ်လုံးညတစ်လုံး တစ်နေ့နှစ်ကြိမ်စားရမှာဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ သူတွေအတွက်လည်း ခရီးပင်ပန်းလို့ိ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ရလို့ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေး တစ်လုံးမျှ
စားလိုက်တာနဲ့ညောင်းညာကိုက်ခဲမှုများ လျင်မြန်စွာ သက်သာပါကြောင်း ကိုယ်တွေ့မို့ သတင်းကောင်း ပါးလိုက်ပါရစေ။
ဖော်စပ်ပုံ အဆင်ဆင့် ဓာတ်ပုံလေးတွေကိုလည်း တင်ပေးလိုက်ပါတယ်။ အထက်ပါ ဆေးနည်းကို မိမိအားတစ်ဆင့်မျှဝေ ပေးခဲ့ပါသောသူငယ်ချင်းဖြစ်သူ
အရှင်ဝိစိတ္တ(ကျွန်ုပ်တို့အခေါ်”ဦးဝဲကျော်”)စစ်ကိုင်းတောင်ရိုး ပံ့သကူချောင်အားအထူးကျေးဇူးတင်ပါကြောင်း။ ခရက္ဒစ္