မိမိအား အေသသတ္သူကို ဖမ္းမမိေအာင္ ေမတၱာပို႔ေပးေန ေသာ ဆရာေတာ္ႀကီး
စစ္ကိုင္းၿမိဳ႕နယ္ ငတေရာ္ရြာေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲဇဝနႏွင့္သံဃာ၂၀ခန႔္ကိုေန႔ဆြမ္းကပ္ၿပီး ဝါဆိုသက္န္းမ်ားကပ္လႉခဲ့ပါတယ္
ဆရာေတာ္ႀကီးဟာသက္ေတာ္၉၁ႏွစ္ရွိေပမယ့္တရားတန္ခိုး ေမတၱာတန္ခိုးေၾကာင့္ပုံပါအတိုင္းႏုပ်ိဳသန္စြမ္းေတာ္မူပါတယ္
တစ္ရက္ဆြမ္းကပ္ငါးခုေလာက္ပံုမွန္ရွိပါတယ္ ငါးခ်ိန္လုံး ၁နာရီေက်ာ္ခန႔္ ပရိတ္ရြတ္ေမတၱာပို႔ေပးပါတယ္ အသံမဝင္တာလည္းအံ့ဩစရာပါ
ဆင္းရဲတာေၾကာင့္စိတ္ရိုင္းဝင္ေနတဲ့ေယာက်္ားတစ္ေယာက္ဟာဆရာေတာ္ကိုဓါးနဲ႔ခုတ္ရမွေက်နပ္မယ္
ဆရာေတာ္ကိုမခုတ္ရရင္ ဒီရြာကဘုန္းႀကီးအကုန္လုံးကိုခုတ္မယ္လို႔လာေျပာတဲ့အခါဆရာေတာ္က ငါ့ကိုပဲခုတ္ပါဆိုၿပီးအခုတ္ခံပါတယ္
ပုံပါအတိုင္းအေသခုတ္ၿပီးထြက္သြားပါတယ္
တရားတန္ခိုးေၾကာင့္ပ်ံေတာ္မမူခဲ့တာပါ အဲလိုျဖစ္တာႏွစ္အတန္ၾကာခဲ့ပါၿပီ ခုတ္သူကိုအမႈမဖြင့္ တရားမစြဲတဲ့အျပင္ဖမ္းမမိေအာင္
ေမတၱာပို႔ေပးလို႔ခုထိဖမ္းမမိပါဝတ္ေႂကြးပါရင္ေၾကေအာင္ဆပ္လိုက္ေတာ့သံသရာမရွည္ေတာ့ဘူးေပါ့ ဆိုတာဆရာေတာ္
ရဲ့ႏွလုံးသြင္းပါေရႏွစ္အသတ္ခံရခါနီး နန္းမေတာ္မယ္ႏုကို ဆရာေတာ္ ဦးဗုဓ္က မိႏု သူ႔အေႂကြးရွိေၾကေအာင္ဆပ္လိုက္ပါဆိုတဲ့စကားကိုအမွတ္ရစရပါ
အမ်ားကရဟႏၲာအျဖစ္သမုတ္ၾကပါတယ္ ဒါကဘုရား ရဟႏၲာမ်ားမွေသခ်ာသိနိုင္တာမ်ိဳးပါ ေသခ်ာတာတစ္ခုကေတာ့ ဆရာေတာ္ႀကီးရဲ့ေမတၱာတရားဟာ ရဟႏၲာေလာက္ထိႀကီးမားတယ္ဆိုတာပါပဲ
ဆရာေတာ္ႀကီးရဲ့ေထ႐ုပၸတၱိကိုေရးဖို႔စာေရးသူကိုတပည့္ဒကာမ်ားက အကူအညီေတာင္းထားပါတယ္ ပါခ်ဳပ္ဆရာေတာ္ႀကီးနဲ႔ငယ္စဥ္ကစာသင္ဖက္လို႔သိရပါတယ္
ပါခ်ဳပ္ဆရာေတာ္ႀကီးထက္ ၁၃ဝါႀကီးပါတယ္ငတေရာ္ရြာမွာဆရာေတာ္ႀကီးဘိုးဘြားရိပ္သာဦးေဆာင္တည္ထားေပမယ့္ မဖြင့္ရေသးပါ
ခရက္ဒစ္ မတၱာ႐ွင္ ေရႊျပည္သာ
ယူနီကုဒ္ျဖင့္ ဖတ္ရန္
စစ်ကိုင်းမြို့နယ် ငတရော်ရွာကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဇဝနနှင့်သံဃာ၂၀ခန့်ကိုနေ့ဆွမ်းကပ်ပြီး ဝါဆိုသက်န်းများကပ်လှူခဲ့ပါတယ်
ဆရာတော်ကြီးဟာသက်တော်၉၁နှစ်ရှိပေမယ့်တရားတန်ခိုး မေတ္တာတန်ခိုးကြောင့်ပုံပါအတိုင်းနုပျိုသန်စွမ်းတော်မူပါတယ်
တစ်ရက်ဆွမ်းကပ်ငါးခုလောက်ပုံမှန်ရှိပါတယ် ငါးချိန်လုံး ၁နာရီကျော်ခန့် ပရိတ်ရွတ်မေတ္တာပို့ပေးပါတယ် အသံမဝင်တာလည်းအံ့ဩစရာပါ
ဆင်းရဲတာကြောင့်စိတ်ရိုင်းဝင်နေတဲ့ယောကျ်ားတစ်ယောက်ဟာဆရာတော်ကိုဓါးနဲ့ခုတ်ရမှကျေနပ်မယ်
ဆရာတော်ကိုမခုတ်ရရင် ဒီရွာကဘုန်းကြီးအကုန်လုံးကိုခုတ်မယ်လို့လာပြောတဲ့အခါဆရာတော်က ငါ့ကိုပဲခုတ်ပါဆိုပြီးအခုတ်ခံပါတယ်
ပုံပါအတိုင်းအသေခုတ်ပြီးထွက်သွားပါတယ်
တရားတန်ခိုးကြောင့်ပျံတော်မမူခဲ့တာပါ အဲလိုဖြစ်တာနှစ်အတန်ကြာခဲ့ပါပြီ ခုတ်သူကိုအမှုမဖွင့် တရားမစွဲတဲ့အပြင်ဖမ်းမမိအောင်
မေတ္တာပို့ပေးလို့ခုထိဖမ်းမမိပါဝတ်ကြွေးပါရင်ကြေအောင်ဆပ်လိုက်တော့သံသရာမရှည်တော့ဘူးပေါ့ ဆိုတာဆရာတော်
ရဲ့နှလုံးသွင်းပါရေနှစ်အသတ်ခံရခါနီး နန်းမတော်မယ်နုကို ဆရာတော် ဦးဗုဓ်က မိနု သူ့အကြွေးရှိကြေအောင်ဆပ်လိုက်ပါဆိုတဲ့စကားကိုအမှတ်ရစရပါ
အများကရဟန္တာအဖြစ်သမုတ်ကြပါတယ် ဒါကဘုရား ရဟန္တာများမှသေချာသိနိုင်တာမျိုးပါ သေချာတာတစ်ခုကတော့ ဆရာတော်ကြီးရဲ့မေတ္တာတရားဟာ ရဟန္တာလောက်ထိကြီးမားတယ်ဆိုတာပါပဲ
ဆရာတော်ကြီးရဲ့ထေရုပ္ပတ္တိကိုရေးဖို့စာရေးသူကိုတပည့်ဒကာများက အကူအညီတောင်းထားပါတယ် ပါချုပ်ဆရာတော်ကြီးနဲ့ငယ်စဉ်ကစာသင်ဖက်လို့သိရပါတယ်
ပါချုပ်ဆရာတော်ကြီးထက် ၁၃ဝါကြီးပါတယ်ငတရော်ရွာမှာဆရာတော်ကြီးဘိုးဘွားရိပ်သာဦးဆောင်တည်ထားပေမယ့် မဖွင့်ရသေးပါ
ခရက်ဒစ် မတ္တာရှင် ရွှေပြည်သာ