ေသဆံုးခါနီး အစြဲက သင္သြားလိုရာ လမ္းရဲ႕ ေရြးခ်ယ္မႈ့ပါ

ေသခါနီးကာလ ဂိတ္ဝင္ခါနီးမွာ ၾကံစည္ ေျပာဆို ျပဳလုပ္တ့ဲကံကို ‘အာသႏၷကံ အနီးကပ္အလုပ္’ လို႕ ေခၚတယ္ ေသခါနီးမွ ကပ္ျပီးျပဳတ့ဲ ေကာင္းမႈ မေကာင္းမႈကံေတြကို ေခၚတယ္။

ေသဆုံးခါနီးကာလဆိုတာ ကိုယ္အား ႏႈတ္ အားေတြ ေလ်ာ့ပါးေနတ့ဲအတြက္ ကာယကံမႈ ဝစီကံမႈထက္ မေနာကံမႈကိုသာ အမ်ားဆုံး လုပ္နိုင္ခြင့္ရွိေတာ့တယ္ ဆိုတာကိုလဲ သတိျပဳၾကရမယ္။

မေနာကံအလုပ္ စိတ္ထဲက ႏွလုံးသြင္းဆင္ျခင္မႈကိုသာ အမ်ားဆုံး အားထားမွီခိုရေပလိမ့္မယ္ ဒါ့ေၾကာင့္ ေသခါနီးဆိုတာ မ်ားမ်ားၾကီး အလုပ္ မလုပ္နိုင္ေတာ့ဘူး လုပ္သေလာက္ ဟာကေလး တိတိက်က် မိမိရရရွိဖို႕ အေရးၾကီးတယ္။

ဒါကိုသိလို႕ ဘုန္းၾကီး ခုလို အေလးအနက္ ေျပာေပးေနရျခင္း ျဖစ္တယ္ တစ္သက္လုံး ကုသိုလ္ေကာင္းမႈေတြ ဘယ္ေလာက္ပဲ လုပ္ ထားထား ေသကာနီး ဂိတ္ဝခါမွ အေယာနိေသာ မနသိကာရ ေခၚတ့ဲ ။

မသင့္မတင့္တ့ဲ အာရုံကေလး စိတ္ကူးကေလး တစ္ခ်က္ဝင္သြားမိရင္ ေနာက္ဘဝအဆိုးအေကာင္းကို သူကပဲ ဦးစြာအဆုံးအျဖတ္ ေပးသြားတတ္တယ္။

တစ္သက္လုံး လုပ္ထားတ့ဲ ကုသိုလ္ေတြက လုပ္ျပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနရင္ ေသကာနီး စိတ္ကူးထဲမွာ ဝင္မလာနိုင္ဘူး။

အကိ်ဳးေပးစရာရွိလ်ွင္လဲ ေနာက္မွ အကိ်ဳးေပးမွာ ေလာေလာဆယ္ေတာ့ ေသခါနီးမွ ကပ္ျပီး ဝင္လာတ့ဲ အဆိုးကေလးက အကိ်ဳးေပး သြားတတ္တယ္။

ဘုရားရွင္လက္ထက္ေတာ္က သကၤန္းလွဴဖူးတ့ဲ ဒကာတစ္ေယာက္ ေသကာနီးေတာ့ မိမိျပဳလုပ္ခ့ဲတ့ဲ ဒုစရိုက္မႈေတြက ေရွ႕တန္းဝင္လာလို႕ ငရဲနိမိတ္ေတြ ဝင္လာတယ္။

ငရဲအိုးေတြ ငရဲထိန္းေတြ ငရဲမီးေတြ ဒီအာရုံနိမိတ္ေတြဆိုတာ ကိုယ္သြားရမယ့္ ေရာက္ရမယ့္ ဘဝအတြက္ ၾကိဳတင္ထင္လာျမဲ ျဖစ္တယ္။

အဲဒီ သကၤန္းဒကာဟာ ကံေကာင္းေထာက္မခ်င္ေတာ့ မိမိလုပ္ခ့ဲတ့ဲ သကၤန္းအလွဴကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနခ့ဲတာ တကတဲ ငရဲမီးလ်ွံေတြကို ျမင္ရမွ ‘ဟာ ငါလွဴခ့ဲတ့ဲ သကၤန္းေရာင္နဲ႕ တူလိုက္တာ’ဆိုျပီး သကၤန္းလွဴခ့ဲတာ ေျပးျပီး သတိရလိုက္တယ္။

အဲသလို လ်ွပ္တစ္ျပက္ေလာက္ သတိရလိုက္တယ္ ဆိုရင္ပဲ ငရဲနိမိးေတြ ခ်က္ခ်င္းေပ်ာက္ျပီး ဥယ်ာဥ္ဗိမာန္ စေသာ နတ္ျဖစ္ရမယ့္ နိမိတ္ေတြ ေပၚလာတယ္။

ငရဲက်မယ့္သူဟာ မိမိက သၤန္းအလွဴကို လက္မတင္ကေလး သတိရတာႏွင့္ တစ္ျပိဳင္နက္ နတ္ျပည္ေရာက္သြားရဖူးတာရွိတယ္ သိပ္အေရးၾကီးတ့ဲ အခ်က္ေတြ ေလးေလးစားစား မွတ္ၾက။

ဒါ့ေၾကာင့္ မိမိျပဳလုပ္ခ့ဲတ့ဲ ကုသိုလ္ကို ျပန္လည္ျပီး အထပ္ထပ္ ဆင္ျခင္ရမယ္ဆိုျပီး သီလာႏုႆတိ စာဂါႏုႆတိ စသည္ျဖင့္ ေဟာေတာ္မႈထားတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

သေခါနီးကာလ ဂိတ်ဝင်ခါနီးမှာ ကြံစည် ပြောဆို ပြုလုပ်တဲ့ကံကို ‘အာသန္နကံ အနီးကပ်အလုပ်’ လို့ ခေါ်တယ် သေခါနီးမှ ကပ်ပြီးပြုတဲ့ ကောင်းမှု မကောင်းမှုကံတွေကို ခေါ်တယ်။

သေဆုံးခါနီးကာလဆိုတာ ကိုယ်အား နှုတ် အားတွေ လျော့ပါးနေတဲ့အတွက် ကာယကံမှု ဝစီကံမှုထက် မနောကံမှုကိုသာ အများဆုံး လုပ်နိုင်ခွင့်ရှိတော့တယ် ဆိုတာကိုလဲ သတိပြုကြရမယ်။

မနောကံအလုပ် စိတ်ထဲက နှလုံးသွင်းဆင်ခြင်မှုကိုသာ အများဆုံး အားထားမှီခိုရပေလိမ့်မယ် ဒါ့ကြောင့် သေခါနီးဆိုတာ များများကြီး အလုပ် မလုပ်နိုင်တော့ဘူး လုပ်သလောက် ဟာကလေး တိတိကျကျ မိမိရရရှိဖို့ အရေးကြီးတယ်။

ဒါကိုသိလို့ ဘုန်းကြီး ခုလို အလေးအနက် ပြောပေးနေရခြင်း ဖြစ်တယ် တစ်သက်လုံး ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်ပဲ လုပ် ထားထား သေကာနီး ဂိတ်ဝခါမှ အယောနိသော မနသိကာရ ခေါ်တဲ့ ။

မသင့်မတင့်တဲ့ အာရုံကလေး စိတ်ကူးကလေး တစ်ချက်ဝင်သွားမိရင် နောက်ဘဝအဆိုးအကောင်းကို သူကပဲ ဦးစွာအဆုံးအဖြတ် ပေးသွားတတ်တယ်။

တစ်သက်လုံး လုပ်ထားတဲ့ ကုသိုလ်တွေက လုပ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်နေရင် သေကာနီး စိတ်ကူးထဲမှာ ဝင်မလာနိုင်ဘူး။

အကျိုးပေးစရာရှိလျှင်လဲ နောက်မှ အကျိုးပေးမှာ လောလောဆယ်တော့ သေခါနီးမှ ကပ်ပြီး ဝင်လာတဲ့ အဆိုးကလေးက အကျိုးပေး သွားတတ်တယ်။

ဘုရားရှင်လက်ထက်တော်က သင်္ကန်းလှူဖူးတဲ့ ဒကာတစ်ယောက် သေကာနီးတော့ မိမိပြုလုပ်ခဲ့တဲ့ ဒုစရိုက်မှုတွေက ရှေ့တန်းဝင်လာလို့ ငရဲနိမိတ်တွေ ဝင်လာတယ်။

ငရဲအိုးတွေ ငရဲထိန်းတွေ ငရဲမီးတွေ ဒီအာရုံနိမိတ်တွေဆိုတာ ကိုယ်သွားရမယ့် ရောက်ရမယ့် ဘဝအတွက် ကြိုတင်ထင်လာမြဲ ဖြစ်တယ်။

အဲဒီ သင်္ကန်းဒကာဟာ ကံကောင်းထောက်မချင်တော့ မိမိလုပ်ခဲ့တဲ့ သင်္ကန်းအလှူကို မေ့မေ့ပျောက်ပျောက် နေခဲ့တာ တကတဲ ငရဲမီးလျှံတွေကို မြင်ရမှ ‘ဟာ ငါလှူခဲ့တဲ့ သင်္ကန်းရောင်နဲ့ တူလိုက်တာ’ဆိုပြီး သင်္ကန်းလှူခဲ့တာ ပြေးပြီး သတိရလိုက်တယ်။

အဲသလို လျှပ်တစ်ပြက်လောက် သတိရလိုက်တယ် ဆိုရင်ပဲ ငရဲနိမိးတွေ ချက်ချင်းပျောက်ပြီး ဥယျာဉ်ဗိမာန် စသော နတ်ဖြစ်ရမယ့် နိမိတ်တွေ ပေါ်လာတယ်။

ငရဲကျမယ့်သူဟာ မိမိက င်္သန်းအလှူကို လက်မတင်ကလေး သတိရတာနှင့် တစ်ပြိုင်နက် နတ်ပြည်ရောက်သွားရဖူးတာရှိတယ် သိပ်အရေးကြီးတဲ့ အချက်တွေ လေးလေးစားစား မှတ်ကြ။

ဒါ့ကြောင့် မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်ကို ပြန်လည်ပြီး အထပ်ထပ် ဆင်ခြင်ရမယ်ဆိုပြီး သီလာနုဿတိ စာဂါနုဿတိ စသည်ဖြင့် ဟောတော်မှုထားတယ်။