တစ္နာရီကိုေဒၚလာ ၄ သန္း ဝင္ေငြရွိတဲ့ ကမာၻ႔အခ်မ္းသာဆုံး မိသားစု
အေမရိကန္ႏိုင္ငံက လက္လီအေရာင္းလုပ္ငန္း Walmart ကုမၸဏီ တည္ေထာင္သူ မိသားစုရဲ႕ ဝင္ေငြဟာ တစ္နာရီကို
အေမရိကန္ေဒၚလာ ေလးသန္း ရရွိၿပီး ကမာၻ႔အခ်မ္းသာဆုံး မိသားစုအျဖစ္ ရပ္တည္ေနပါတယ္။Bloomberg သတင္းဌာနရဲ႕ ၂၀၁၈ ဇြန္လက စာရင္းမွာ ကမာၻ႔အခ်မ္းသာဆုံး မိသားစုအျဖစ္
ထိပ္ပိုင္းက ေဖာ္ျပခံရၿပီးေနာက္မွာ Waltonမိသားစုရဲ႕ တစ္မိနစ္ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ခုနစ္ေသာင္း ရွိပါတယ္။Walmart မိသားစုရဲ႕ လက္ရွိ ဓနအင္အားဟာ
အေမရိကန္ေဒၚလာ ၁၉၁ ဘီလီယံ ရွိေနၿပီ ျဖစ္ပါတယ္။ အဲဒီ ပမာဏဟာ ၿပီးခဲ့တဲ့ ႏွစ္က နယူးဇီလန္ႏိုင္ငံရဲ႕ အသားတင္ကုန္ထုတ္လုပ္မႈတန္ဖိုး အေမရိကန္ေဒၚလာ ၂၀၆ ဘီလီယံနဲ႔ သိပ္မကြာေတာ့တဲ့ ပမာဏပါပဲ
ဒါေပမယ့္ Walmart လုပ္ငန္းကုမၸဏီက အေရာင္းသမားတစ္ဦးရဲ႕ ဝင္ေငြကေတာ့ တစ္နာရီကို ၁၁ ေဒၚလာပဲ ရွိတယ္လို႔ Bloomberg က ေဖာ္ျပထားပါတယ္။ကမာၻ႔အခ်မ္းသာဆုံး မိသားစုအျဖစ္
ဒုတိယေနရာမွာ ရပ္တည္တဲ့ မိသားစုကေတာ့ Mars ကုမၸဏီ မိသားစုပဲ ျဖစ္ၿပီး တည္ေထာင္သူ Frank Mars ဟာ ေက်ာင္းသားဘဝမွာပဲ လက္ျဖစ္ေခ်ာကလက္ ကိုယ္တိုင္ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။
သူတို႔ မိသားစုရဲ႕ ခ်မ္းသာႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ ၁၂၇ ဘီလီယံ ရွိပါတယ္။
အခု ကမာၻ႔အခ်မ္းသာဆုံး မိသားစုမ်ား စာရင္းမွာ တတိယေနရာက ေဖာ္ျပခံရတာက အေျခခံကုန္စည္ေတြ ထုတ္လုပ္တဲ့ Kochs ကုမၸဏီ မိသားစုပဲျဖစ္ၿပီး
အဲဒီ မိသားစုရဲ႕ ပိုင္ဆိုင္မႈဟာ အေမရိကန္ေဒၚလာ ၁၂၅ ဘီလီယံ ရွိပါတယ္။ကမာၻ႔ အခ်မ္းသားဆုံး မိသားစုႀကီး ၂၅ စုရဲ႕ ဓနအင္အားဟာ
ျပီးခဲ့တဲ့ ႏွစ္ကထက္ ၂၄ ရာခိုင္ႏႈန္း ပိုမို အင္အားႀကီးလာခဲ့ၿပီး အေမရိကန္ေဒၚလာ ၁ ဒသမ ၄ ထရီယံနီးပါးအထိ ရွိလာခဲ့ပါတယ္။
ယူနီကုဒ္ျဖင့္ ဖတ္ရန္
အမေရိကန်နိုင်ငံက လက်လီအရောင်းလုပ်ငန်း Walmart ကုမ္ပဏီ တည်ထောင်သူ မိသားစုရဲ့ ဝင်ငွေဟာ တစ်နာရီကို
အမေရိကန်ဒေါ်လာ လေးသန်း ရရှိပြီး ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ် ရပ်တည်နေပါတယ်။Bloomberg သတင်းဌာနရဲ့ ၂၀၁၈ ဇွန်လက စာရင်းမှာ ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ်
ထိပ်ပိုင်းက ဖော်ပြခံရပြီးနောက်မှာ Waltonမိသားစုရဲ့ တစ်မိနစ် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ခုနစ်သောင်း ရှိပါတယ်။Walmart မိသားစုရဲ့ လက်ရှိ ဓနအင်အားဟာ
အမေရိကန်ဒေါ်လာ ၁၉၁ ဘီလီယံ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ နှစ်က နယူးဇီလန်နိုင်ငံရဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၆ ဘီလီယံနဲ့ သိပ်မကွာတော့တဲ့ ပမာဏပါပဲ
ဒါပေမယ့် Walmart လုပ်ငန်းကုမ္ပဏီက အရောင်းသမားတစ်ဦးရဲ့ ဝင်ငွေကတော့ တစ်နာရီကို ၁၁ ဒေါ်လာပဲ ရှိတယ်လို့ Bloomberg က ဖော်ပြထားပါတယ်။ကမ္ဘာ့အချမ်းသာဆုံး မိသားစုအဖြစ်
ဒုတိယနေရာမှာ ရပ်တည်တဲ့ မိသားစုကတော့ Mars ကုမ္ပဏီ မိသားစုပဲ ဖြစ်ပြီး တည်ထောင်သူ Frank Mars ဟာ ကျောင်းသားဘဝမှာပဲ လက်ဖြစ်ချောကလက် ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။
သူတို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံ ရှိပါတယ်။
အခု ကမ္ဘာ့အချမ်းသာဆုံး မိသားစုများ စာရင်းမှာ တတိယနေရာက ဖော်ပြခံရတာက အခြေခံကုန်စည်တွေ ထုတ်လုပ်တဲ့ Kochs ကုမ္ပဏီ မိသားစုပဲဖြစ်ပြီး
အဲဒီ မိသားစုရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၁၂၅ ဘီလီယံ ရှိပါတယ်။ကမ္ဘာ့ အချမ်းသားဆုံး မိသားစုကြီး ၂၅ စုရဲ့ ဓနအင်အားဟာ
ပြီးခဲ့တဲ့ နှစ်ကထက် ၂၄ ရာခိုင်နှုန်း ပိုမို အင်အားကြီးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီယံနီးပါးအထိ ရှိလာခဲ့ပါတယ်။