အိုနေပြီလို့ပြောခဲ့တဲ့ ခင်ပွန်းကိုမကျေနပ်လို့ ဇနီးသည်က ခင်ပွန်းရဲ့ဝှေးစေ့ကိုဖြတ်တောက်လိုက်တဲ့အမျိုးသမီး






ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဇနီးသည် အသက်ကြီးနေပြီဖြစ်လို့ နောက်ထပ်မိန်းမတစ်ယောက်ထပ်ယူမယ်လို့ပြောခဲ့တဲ့ ခင်ပွန်း ဖြစ်သူကို ဇနီးသည် အမျိုးသမီးက ဒေါသတကြီးနဲ့အငြှိုးထားပြီး ခင်ပွန်းရဲ့ငယ်ပါကို ဖြတ်တောက် ပစ်လိုက်ပါတယ်။အင်ဒီးယားနားပြည်နယ်က အသက် ၃၀ အရွယ် ကလေးလေးယောက်မိခင်က သူမရဲ့မိဘတွေရှိရာ နေရပ်ကိုပြန်ချိန်မှာ အင်ဒီးယားနား ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။

ဆာရုရူလို့ခေါ်တဲ့ အဆိုပါ အမျိုးသမီးက အိမ်ထောက်သက် ၁၄ နှစ်ကျော်ကြာပေါင်းသင်းနေထိုင်လာ တဲ့ ခင်ပွန်းဖြစ်သူ ဂျက်ဂါဒီဆန်နဲ့ စကားများအချင်းဖြစ်ပွားခဲ့ပြီးနောက်မှာ ခင်ပွန်းဖြစ်သူအိပ်ပျော်နေ ခိုက် ခင်ပွန်းရဲ့ ငယ်ပါကို လှီးဖြတ်ပြီး ပိုက်ဆံအိတ်ထဲ သိမ်းဆည်းကာ မိဘတွေရှိရာသို့ ခရီးထွက် လာခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူထံကနေ အသက်အရွယ်ကြီး အိုမင်းနေတဲ့ မိန်းမဖြစ်သူကြောင့် နောက်ထပ်အိမ်ထောင် ထပ်ပြုဖို့ လိုအပ်လိ မ့်မယ်လို့ စကားဆိုခြင်းကို ကြားလိုက်ရပြီးနောက်မှာ ခင်ပွန်းနဲ့ အချင်းများခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အတွက်ကြောင့် ဇနီးသည်ဖြစ်သူ အမျိုးသမီး ဆာရုရှုက ခင်ပွန်းရဲ့ ပြောစကားကို မကျေနပ်ပဲ ဒေါသတကြီးနဲ့ ခင်ပွန်း သည်အိပ်ပျော်နေခိုက် ညနက်မှ ငယ်ပါကို ဖြတ်တောက်ပစ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ကို ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ကလေးလေးယောက်မိခင်အမျိုးသမီးကို ဖမ်ဆီးထိန်းသိမ်းထားပြီး ငယ်ပါဖြတ် ခံလို က်ရတဲ့ အမျိုးသားကတော့ အသက်အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ပြီး စိုးရိမ်ရ တဲ့ အနေအထားမရှိတော့ကြောင်း သိရပါတယ်။

ခရက်ဒစ်