ဆေးမင်ကြောင်ထိုးခြင်းရဲ့ မူလအစ နှင့် ရှေးမြန်မာတွေရဲ့ ထိုးကွင်းထိုးတဲ့ဓလေ့ အကြောင်:

Unicode

ဆေးမင်ကြောင်ရဲ့ မူလအစက ဘယ်ကနေ စတင်ခဲ့တာလဲ?

ဆေးမင်ကြောင် (Tattoo) ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။

ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။

ဆေးမင်ကြောင်မူလအစ

ဆေးမင်ကြောင် ထိုးခြင်းကို ပေါ်လီနေးရှင်း လူမျိုးများက စတင်ခဲ့ပြီး ၎င်းလူမျိုး၏ ဘာသာစကား Ta Tau မှ အင်္ဂလိပ်လို Tattoo သို့ ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်သည်။

ဆေးမင်ကြောင်ကို အစောဆုံး တွေ့ရှိရသည့် သက်သေ အထောက်အထားမှာ ဆိုက်ဘေးရီးယားရှိ ရေခဲပြင်မှ တူးဖော်ရရှိသော ဆေးမင်ကြောင်ရုပ်ပါ ရုပ်အလောင်း ဖြစ်သည်။

၎င်းရုပ်အလောင်းသည် ဘီစီ ၅ ရာစုမှ ရုပ်အလောင်း ဖြစ်ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်တွင် ပြသခဲ့ဖူးသည်။ အီဂျစ်နိုင်ငံတွင်မူ ၁၅ ရာစုခန့်က ဆေးမင်ကြောင် အတတ်ပညာ ပေါ်ထွန်းခဲ့သည်ဟု အထောက်အထားများ တွေ့ရှိရသည်။

ဗြိတိသျှတို့က ဆေးမင်ကြောင်ကို အပျော်တမ်းသဘော၊ အလှအပ သဘောဖြင့် ထိုးနှံလေ့ ရှိကြသည်။ ဟာရိုလ်ဘုရင်ကြီး၏ ဘယ်ဘက်ရင်အုံ၌ Edith ဟု ထိုးခဲ့သည်။

သတ္တမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုးခြင်းကို ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင် ထိုးနှံခဲ့သည်။

ပဉ္စမမြောက် ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင့်ဂိုမာရီတို့သည်လည်း ၎င်းတို့၏ ကိုယ်ပေါ်တွင် နဂါးရုပ်နှင့် လိပ်ပြာရုပ်များ ထိုးခဲ့သည်။ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်သည်

၎င်း၏ ကိုယ်ခန္ဓာတွင် တစ်ကိုယ်လုံးအနှံ့ ဆေးရောင်စုံ အရုပ်များ ထိုးနှံခဲ့ခြင်းကြောင့် ဆေးမင်ကြောင် ပြခန်းကြီးဟု ဖရက်ဒရစ်ဘုရင်ကို ချီးကျူးခဲ့ကြသည်။

တကိုယ်လုံးနီးပါး ဆေးမင်ကြောင် ထိုးထားသည့် ဂျပန် နပန်းသမား

ဂျပန်လူမျိုးတို့တွင် ဆေးမင်ကြောင် ထိုးသည့် ဓလေ့မှာ အနုပညာ ပိုဆန်ပါသည်။ ဂျပန်လူမျိုးတို့ ထိုးနှံလေ့ရှိသော အရုပ်များမှာ ရိုးရာဓလေ့နှင့် ရှေးဟောင်း သမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန် အမျိုးမျိုး ပါဝင်သည်။

လူ့အလုံးအရပ်နှင့် ညီသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ပုံများ၊ နဂါးရုပ်များအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံ၊ ပန်းပုံများ ထိုးနှံလေ့ရှိကြသည်။

၁၉ ရာစုနှစ်တွင် ဂျပန်နိုင်ငံ၌ ဆေးမင်ကြောင် ထိုးခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သော်လည်း ပပျောက်သွားခြင်း မရှိပေ။

ငွေကုန်ကြေးကျ ခံကာ လပေါင်းများစွာ သည်းညဉ်းခံပြီး ကြိုးစားပမ်းစား အနုစိတ် ပြီးစီးအောင် ထိုးနှံလေ့ ရှိသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံရှိ ယာဂူဇာဂိုဏ်းဝင်များသည် ဆေးမင်ကြောင် ထိုးလေ့ရှိသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများအနက် ကိုယ်ခန္ဓာတွင် ဆေးမင်ကြောင် ထိုးထားသူများသည် အခြားသော အကျဉ်းသားများထက် ပိုမို ကံဆိုးခဲ့ကြသည်။

အကြောင်းမှာ အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသားများ၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်ရုပ်များကို အရေခွံခွာယူပြီး မီးအုပ်ဆောင်း လုပ်ခဲ့ကြဟု သိရသည်။

မလေးရှားလူမျိုးတို့သည် ဆေးမင်ကြောင်ကို တင်ပါးတွင် ထိုးနှံကြပြီး ဆေးမင်ကြောင်မှာ အရုပ်များ မဟုတ်ပဲ လှပဆန်းကြယ်သည့် ပန်းကနုတ် ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြသည်။

ထိုင်ဝမ် မြောက်ပိုင်းဒေသတွင် နေထိုင်ကြသည့် ထိုက်ရာလူမျိုး လူငယ်များကမူ လူလားမြောက် အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် မျက်နှာတွင် ဆေးမင်ကြောင် ထိုးလေ့ရှိသည်။

ယောက်ျားလေးများမှာ နဖူးနှင့် မေးတွင် လည်းကောင်း၊ မိန်းကလေးများမှာ နဖူးနှင့် ပါးနှစ်ဘက်တွင် လည်းကောင်း ထိုးနှံကြသည်။ ပါးရဲထိုးသည်ဟုလည်း ခေါ်သည်။

ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန်ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ ရှိခဲ့ဖူးသည်။

မြောက်အမေရိကမှ အင်ဒီယန်း လူမျိုးများသည်လည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်း ထိုးနှံလေ့ ရှိသည်။

ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းများပေါ်မှ ပေါ်လီနေးရှင်း လူမျိုး၊ မာအိုရီလူမျိုး၊ မာကေဆလူမျိုး ကျွန်းသားများမှာလည်း ယောက်ျားရော မိန်းမပါ ဆေးမင်ကြောင် ထိုးနှံကြသည့် ရှေးရိုးအစဉ်အလာ ရှိသည်။

ဆော်လမွန်ကျွန်းသူ မိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင် ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ဖော်မိုဆာကျွန်းသူများမှာလည်း ထိုနည်းတူ လက်ထပ်ပွဲ မကျင်းပမီ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရသည်။

နယူးဂီနီကျွန်းမှ ပါပူအန် အမျိုးသမီးများမှာ လက်မထပ်မီ မျက်နှာကို ချန်ကာ တစ်ကိုယ်လုံးအနှံ့ ဆေးမင်ကြောင် ရေးခြယ်ထိုးနှံပြီး မင်္ဂလာပွဲ ကျင်းပသောအခါတွင် မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရပြန်သည်။

အင်္ဂလန်နှင့် အနောက် ဥရောပတွင် ၁၇ ရာစုအထိ ဆေးမင်ကြောင်ကို မမြင်ဖူးခဲ့ကြပေ။ ဥရောပတိုက်သား ဒမ်ပီယာ ဆိုသူသည် ထိုးကွင်းထိုးသော ပစိဖိတ် တောင်ပိုင်း ကျွန်းသားများကို ခေါ်ယူ၍ ပြပွဲ ပြခဲ့ဖူးသောကြောင့်သာ ဆေးမင်ကြောင်ကို တွေ့မြင်ကြရခြင်း ဖြစ်သည်။

ဩစတြေးလျမှ သိုးမွေးသော သူဌေးတစ်ဦးသည် သူ၏ သေတမ်းစာကို ကျောပြင်တွင် ရေးထိုးခဲ့ဖူးသည်ဟု မှတ်သားရသည်။ ပထမ ကမ္ဘာစစ် မတိုင်မီ နှစ်များနှင့် စစ်အတွင်း ကာလ၌ သူလျှိုများသည် ဆေးမင်ကြောင် ထိုးသော ပညာကို အသုံးချခဲ့ကြသည်။

ရန်သူ၏ အရေးကြီးသော ခြေကုတ်စခန်းများကို စက္ကူတွင် ရေးဆွဲ ယူဆောင်ရန် မလွယ်ကူသောကြောင့် ဦးခေါင်းကို ပြောင်အောင် ရိတ်ကာ လျှို့ဝှက်မြေပုံများကို စုတ်ဖြင့် ရေးထိုး၍

ဆံပင်ရှည်အောင် ထားပြီးမှ ကိုယ့်နိုင်ငံသို့ ပြန်သွားကြသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့သည် အလှအပ အလို့ငှာ ဆေးမင်ကြောင် ထိုးနှံကြသည်လည်း ရှိကြသည်။​

ဆေးမင်ကြောင်နှင့် မြန်မာနိုင်ငံ

ကုန်းဘောင်ခေတ်ဦး အချိန်ကတည်းက ရှေးမြန်မာများ ထိုးကွင်းမင်ကြောင် ထိုးသည့်ဓလေ့ ရှိနေနှင့်ပြီလို့ မှန်းဆရသည်။ အလှအပအနေနဲ့ ထိုးကွင်းထိုးခြင်း သိဒ္ဓိတင်၊ ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးခြင်း ရည်ရွယ်ချက် နှစ်မျိုး ရှိသည်။

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်း မင်းများလက်ထက်၌ လူ့ခန္ဓာပေါ်တွင် အမှတ်အသား ပြုမှုကို ဆေးမှင်ကြောင် ထိုးနှံ၍ အမှတ်အသားပြုလေ့ ရှိကြောင်း

အမှတ်အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသား ဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင် မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ ဟူ၍ လည်းကောင်း၊

‘သူခိုး’ ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍ လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ် အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် ခေတ်ကောင်းခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက်၌ ငုံးရုပ်၊ တစ်ဖက်၌ ကြက်ရုပ် တစ်ဖက်တစ်ရုပ်စီ ထိုးနှံကြခြင်းမျိုး ဖြစ်သည်။

မှိန်းကဲ့သို့ အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်ခေတ် မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး အပ်ဖြင့်ထိုးသော မင်ကြောင်ရုပ်များ ပေါ်ပေါက်လာခဲ့သည်။

ကြောင်တက်၊ ကြောင်ဆင်း၊ ကြောင်ဖီလာ ဟူသော ကြောင်ရုပ်များကို မင်ဆေးဖြင့် ထိုးသောကြောင့် မင်ကြောင် ဟူသည့် ဝေါဟာရဖြစ်လာသည်ဟု သုတေသီများက မှန်းဆကြသည်။

မင်ကြောင်ထိုးရာတွင် ရင်အုပ်၊ နောက်ကျော၊ ခြေသလုံး၊ ပုခုံး၊ လက်မောင်း၊ လက်ဖျံများကအစ ဦးရေခွံပါ မကျန် တကိုယ်လုံး နေရာမျိုးစုံတွင် ထိုးသည်။

အင်းကွက်၊ ဂါထာ စာတန်းများနှင့် အရုပ်အမျိုးမျိုးကို မင်နီ၊ မင်နက်များနှင့် ထိုးလေ့ရှိသည်။ အမျိုးသမီးများလည်း လက်ကောက်ဝတ် နေရာတွင် စားခွက်နှိုက် အဆောင်ဟူ၍ ထိုးတတ်ကြသည်။

နတ်ရုပ်၊ ဘီလူးရုပ်များ၊ အခြားအရုပ်များကို မန္တာန်စာလုံးများ ခြံရံ၍ ထိုးခဲ့ကြသည်။ အင်းကွက်များတွင် အင်းစာများ သွင်း၍ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြသည်။

အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေးသည်။ သို့ရာတွင် အစက်အပြောက်မျှသာ အထိုးခံနိုင်ပေသည်။

စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင် ထိုးနှံကြရာတွင် ခန္ဓာကိုယ် အထက်ပိုင်းတွင်သာ ဆေးအနီဖြင့် အထိုးများတတ်ကြသည်။

သို့ရာတွင် ရံဖန်ရာခါ၌လည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေးသည်။ လက်ယာဘက် လက်ဆစ်၊ လက်ဖမိုးလက်ကောက်ဝတ်များတွင် တွေ့ရလေ့ ရှိသော

ဆေးမင်ကြောင် အနီစက်၊ အနက်စက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရသော အနက်စက်များမှာ အဆောင်သဘောဖြင့် ထိုးကြခြင်း ဖြစ်သည်။

ထိုးကွင်းလို့ ခေါ်တာကတော့ အကွင်းအကွင်း အဝိုင်းပုံစံတွေထဲမှာ အရုပ်မျိုးစုံကို မင်ဆေးနဲ့ ထိုးထားတာကြောင့်ပါ။

ထိုးကွင်းအရွယ်က ၁ လက်မခွဲ ကနေ ၂ လက်မ တမတ်လောက် အထိ ရှိတယ်။ ရှေးကျတဲ့ ထိုးကွင်းတွေက အရွယ်ပိုကြီးပြီး၊ နောက်ပိုင်းကျလာရင် ထိုးကွင်းအရွယ်တွေက ငယ်ငယ်လာတယ်။

ထိုးကွင်းမထိုးခင် လေးထောင့်အကွက်တွေနဲ့ အကွင်းပုံစံကို အရင်မင်နဲ့ ရေးပြီး ရာထားပါတယ်။ တချို့ ထိုးကွင်းဆရာတွေက အလွတ်ထိုးတယ်။

နောက်ပိုင်းခေတ်မှာတော့ လက်ပံဆူးပေါ်မှာ အဆင်သင့်ထွင်းထားတဲ့ အရုပ်ကို မင်သုတ်၊ ပုံနှိပ်ပြီး ကောက်ကြောင်း ပုံစံအတိုင်း ထပ်ထိုးတာလည်းရှိတယ်။

ထိုးကွင်းထဲမှာ အထိုးအများဆုံးအရုပ်က ဘီလူးရုပ်ပါ။ ဘီလူးစက်နင်း၊ အလံကိုင်၊ တံခွန်လွှား၊ သံလျှက်ထမ်း၊ ဘီလူးခေါင်းတုံး စတဲ့ ဘီလူးရုပ်အမျိုးမျိုး ရှိတယ်။

ခါးပတ်ပတ်လည်ကစလို့ ဒူးဆစ်နားဆီမှာ ဆုံးတဲ့ ထိုးကွင်းကိုတော့ မြန်မာယောက်ျားသားတွေပဲ ထိုးလေ့ရှိတယ်။

ထိုးကွင်းရှိမှ ယောက်ျားဟန်ပန် ပီသတယ်လို့ ယူဆကြတဲ့ခေတ်ဆိုတော့ ရောင်ကြီးဗွေ၊ ရောင်တစောင်း ထုံးတဲ့ပြီး ခါးတောင်းကျိုက်နဲ့ ခြင်းအယိုင် ခတ်ကြတဲ့အခါ ဖြစ်ဖြစ်၊

အပျော်သဘောနဲ့ နပန်းလုံးကြတဲ့ အခါဖြစ်ဖြစ်၊ ထိုးကွင်း မထိုးရသေးရင်၊ ပေါင်တွေလုံးချင်းအတိုင်း ပြောင်ပြောင်ကြီး မြင်နေရတာကို ရှက်စနိုး ဖြစ်တတ်ကြတယ်။

ဒါကြောင့် အများအားဖြင့် ၁၂ နှစ်သား၊ ၁၄ နှစ်သားလောက်မှာ ထိုးကွင်း ထိုးပြီးနေကြပြီ။ ၁ဝ နှစ်သားလောက်က စပြီး ၁၇ နှစ်သား လောက် အတွင်းမှာ ထိုးလေ့ရှိပါတယ်။

ဆေးမင်ကြောင်ထိုးရာတွင် အထက်ဆေး၊ အောက်ဆေး ဆိုပြီးတော့လည်း ရှိခဲ့သေးသည်။အထက်ဆေးတွင် ဘုရားဆေး၊ နတ်မှော် ဆေး၊ ဝိဇ္ဇာမှော်ဆေးဟူ၍ ရှိပြီး အောက်ဆေးတွင် ကာယသိဒ္ဓိဆေး၊ ပီယသိဒ္ဓိဆေးဟူ၍ ထိုးကြသည်ဟု သိရသည်။

ရှေးအခါက ပေါင်တွင် ထိုးကွင်းမရှိသူကို မိန်းကလေးများက မနှစ်သက်ကြသည့် အတွက် ‘ပေါင်ဖြူချင်း မယူချင်ဘူး’ ဟု ငြင်းလေ့ရှိကြရာ အမျိုးသားများမှာ မျက်ရည်တောက်တောက်ယို၍ ထိုးကွင်း ထိုးခဲ့ကြရသည်ဟု သိရသည်။

ထိုးကွင်းမင်ကြောင် ထိုးရာတွင် ချစ်သူ မိန်းကလေးက ထောင်ပုဆိုး၊ ရာပုဆိုးဟူ၍ မင်ခံပုဆိုးကို ပေးကြရသည်ဟုလည်း သိရသည်။

ထိုးကွင်း မထိုးသူများကို မိန်းကလေးရှင်များကလည်း လောကဓံ၏ အထုအထောင်းကို မခံနိုင်သူဟူ၍ မိမိ၏ သမီး မိန်းကလေးနှင့် ပေးစားရန် ဝန်လေးခဲ့ကြသည် ဟုလည်း သိရသည်။

ထိုးကွင်း မထိုးသူများ အိမ်ထောင်ပြုလျှင် ‘ပေါင်ဖြူချင်း သေမင်း ခေါ်တတ်တယ်’ ဟူ၍ ဆိုကြသည်။

‘ပေါင်ဖြူစင်းမို့ နတ်စိမ်းပွယ်ရတယ်၊ မင်ကြောင်စိမ်းမို့ ပျိုသိမ်းပါရမယ်’ ဟူသော စကားကြောင့် ယောက်ျားမပီသသော ပေါင်ဖြူသူကို ယူမိလျှင် ရိုးရာနတ်ကို တောင်းပန် ပသရသဖြင့် မင်ကြောင်စိမ်းနှင့် လူကိုသာ ယူတော့မည်ဟု ဆိုခြင်း ဖြစ်သည်။

ဝက်၊ ကြောင်၊ ဥဒေါင်း၊ လိပ်၊ ငှက်တော်၊ မျောက်၊ ဇော်၊ ငုံး အရုပ်အမျိုးမျိုး၊ ပန်းခက်နဲ့ အကွက်အဆင်တွေကိုလည်း ထိုးကွင်းဆရာက လက်စွမ်းပြတဲ့အနေနဲ့ရော ကွက်လပ်ဖြည့်တဲ့အနေနဲ့ရော အစုံထိုးပါတယ်

တခြားအရုပ်တွေက ဘီလူးရုပ်လောက်တော့ လက်မဝင်ပါ။ ဒါကြောင့် ထိုးကွင်းတခုမှာ “မင်းဟာက ဝက်ကုန်းတွေပဲ များနေတာပါကွာ” လို့ အဝေဖန်ခံရရင်၊ ထိုးကွင်းဆရာက လက်ရာခိုထားတယ်လို့ ဆိုလိုပါတယ်။

ထိုးကွင်းအထိုးခံရတာ မသက်သာလှပါ။ အသွား ၁ဝ ခွ၊ ၁၂ ခွပါတဲ့ ကြေးစုတ်ကြီးနဲ့ သွေးပေါက်ပေါက်ကျအောင်ထိုးမှ အရုပ်စွဲတယ်။

ထိုးကွင်း အထိုးခံနေတုန်းမှာ ကွမ်းသီးမာမာ တစ်လုံးကို အလုံးလိုက် အံသွားနဲ့ ခဲထားတာတောင်မှ တခွမ်းခွမ်းနဲ့ ကွဲအောင်ကိုက်မိတဲ့အထိ နာတယ်လို့ ဆိုပါတယ်။

ပေါင်တဖက်ကို တမနက်ခင်းနဲ့ အပြီးထိုးပေမယ့်၊ ခံရတဲ့ ဒဏ်ချက်ပြင်းတာကြောင့် အနာယဉ်းပြီး ဖျားတတ်ကြတယ်။

ဒါကြောင့် တပတ်၊ ၁ဝ ရက်လောက်ခြားပြီးမှ နောက်တဖက် ထိုးလေ့ရှိတယ်။ တနေ့တည်းနဲ့ နှစ်ဖက်စလုံး အထိုးခံနိုင်တဲ့သူတွေလည်း ရှိတယ်လို့ ကြားဖူးပါတယ်။

အနာမခံနိုင်တော့လို့ ထိုးနေရင်း လက်စသတ်မပြီးခင် ထပြေးတာကြောင့် တဝက်တပျက်ပဲ ထိုးထားပြီး ကြောင်သွားတဲ့ ထိုးကွင်းကြောင်၊ အင်းကြောင်တွေလည်း ရှိသတဲ့။

မြန်မာဘုရင် လက်ထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါမျိုးမှာ ထိုးကွင်း မထိုးရသေးရင် အခက်အခဲ တွေ့ကြရတယ်။ ထိုးကွင်းထိုးဖို့ကလည်း အချိန်မရှိတော့ ထိုးကွင်းပုံစံအတိုင်း ပေါင်နှစ်ဖက်မှာ မင်ဆေးနဲ့ ရေးသွားကြသတဲ့။

ဒီအတိုင်းနေရင်တော့ ခါးတောင်းကျိုက်နဲ့ ဘာနဲ့ ဟန်မပျက်ဖူးလေ။ တကယ် စစ်ချီရလို့ ချောင်းတွေ ကန်တွေကို ဖြတ်ကူးကြရတဲ့အခါ ဆေးတွေက ရေနဲ့ မျောကုန်ရော။

ဒါကြောင့် ရှေးက မေတ္တာစာ ရေးပေးတဲ့အခါ မောင့်မေတ္တာက ခိုင်မြဲပါတယ်၊ ရေမှာမျောတတ်တဲ့ အယောင်ဆောင် ထိုးကွင်း မင်ကြောင်မျိုး မဟုတ်ပါလို့ ညွှန်းဆိုဂုဏ်တင်တတ်ကြတယ်။

(၂ဝ)ရာစု နှောင်းပိုင်းတွင်မှ ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့သည် မြန်မာပြည်တွင် တဖြည်းဖြည်း ပပျောက်လာပေသည်။

အကြောင်းမှာ ရောဂါ ကူးစက်ခံရခြင်း၊ ထိုးကွင်းထိုးသူများကို မိန်းကလေးအများစု ရွံကြောက်လာကြခြင်းတို့ကြောင့် အဓိက ဖြစ်သည်ကို တွေ့ရသည်။

ယခု(၂၁)ရာစု အစောပိုင်းတွင်တော့ တစ်ခါသုံး အပ်များဖြင့် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် ပြန်လည် ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။

ဆယ်ကျော်သက် လူငယ်အများစုသည် ယနေ့ခေတ်တွင် လှပသော အရုပ်ဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်တွင် ရေးတင်လာကြသည်မှာ လူငယ်တိုင်းလိုလိုတွင် တွေ့နေရပေသည်။

ယခုခေတ်တွင် မြန်မာပြည်၌ ဆေးမင်ကြောင်များ ပြန်လည် ခေတ်စားလာခြင်းမှာ အနောက်တိုင်း အနုပညာရှင်များ၊ လူငယ်များမှ ယဉ်ကျေးမှု ရွေ့လျောလာသည့်သဘော ဖြစ်ပေသည်။

ဆေးမင်ကြောင်သည် ရှေးခေတ်အခါက ဂုဏ်ယူဖွယ်တစ်ရပ် အဖြစ် ထိုးနှံခဲ့ကြသည်ကို ယခုခေတ်လူငယ်များ အလှအပ သက်သက်၊ အပျော်သဘော သက်သက် ထိုးနှံနေကြခြင်း ဖြစ်သည်။

ကိုးကား – ဆင်ဖြူကျွန်းအောင်သိန်း။ မြန်မာ့ ထိုးကွင်းမင်ကြောင်ဓလေ့ ခရက်ဒေ့ ဝီကီပီးဒီးယား

Zaw Gyi

Unicode

ေဆးမင္ေၾကာင္ရဲ႕ မူလအစက ဘယ္ကေန စတင္ခဲ့တာလဲ?

ေဆးမင္ေၾကာင္ (Tattoo) ယေန႔ေခတ္ လူငယ္မ်ားသည္ ေဆးမင္ေၾကာင္ (Tattoo) ကို မိမိတို႔၏ ခႏၶာကိုယ္တြင္ ႏွစ္ၿခိဳက္စြာ ေဆးျခယ္လာၾကသည္ကို ေတြ႕ရွိေနရသည္။

က်ား၊ မ မေ႐ြး အလွအပအျဖစ္ မိမိကိုယ္တြင္ ေရးထိုးလာၾကသည္။

ေဆးမင္ေၾကာင္မူလအစ

ေဆးမင္ေၾကာင္ ထိုးျခင္းကို ေပၚလီေနးရွင္း လူမ်ိဳးမ်ားက စတင္ခဲ့ၿပီး ၎လူမ်ိဳး၏ ဘာသာစကား Ta Tau မွ အဂၤလိပ္လို Tattoo သို႔ ေျပာင္းလဲ ဆင္းသက္လာျခင္း ျဖစ္သည္။

ေဆးမင္ေၾကာင္ကို အေစာဆုံး ေတြ႕ရွိရသည့္ သက္ေသ အေထာက္အထားမွာ ဆိုက္ေဘးရီးယားရွိ ေရခဲျပင္မွ တူးေဖာ္ရရွိေသာ ေဆးမင္ေၾကာင္႐ုပ္ပါ ႐ုပ္အေလာင္း ျဖစ္သည္။

၎႐ုပ္အေလာင္းသည္ ဘီစီ ၅ ရာစုမွ ႐ုပ္အေလာင္း ျဖစ္ၿပီး လန္ဒန္ၿမိဳ႕ရွိ ၿဗိတိသွ်ျပတိုက္တြင္ ျပသခဲ့ဖူးသည္။ အီဂ်စ္ႏိုင္ငံတြင္မူ ၁၅ ရာစုခန႔္က ေဆးမင္ေၾကာင္ အတတ္ပညာ ေပၚထြန္းခဲ့သည္ဟု အေထာက္အထားမ်ား ေတြ႕ရွိရသည္။

ၿဗိတိသွ်တို႔က ေဆးမင္ေၾကာင္ကို အေပ်ာ္တမ္းသေဘာ၊ အလွအပ သေဘာျဖင့္ ထိုးႏွံေလ့ ရွိၾကသည္။ ဟာ႐ိုလ္ဘုရင္ႀကီး၏ ဘယ္ဘက္ရင္အုံ၌ Edith ဟု ထိုးခဲ့သည္။

သတၱမေျမာက္ အက္ဒြပ္ဘုရင္သည္လည္း ေဝလမင္းသား ဘဝကပင္ ေဆးမင္ေၾကာင္ထိုးျခင္းကို ဝါသနာပါကာ တစ္ကိုယ္လုံးတြင္ ေဆးမင္ေၾကာင္ ထိုးႏွံခဲ့သည္။

ပၪၥမေျမာက္ ေဂ်ာ့ဘုရင္ႏွင့္ စစ္ေသနာပတိေဟာင္းႀကီး ေမာင့္ဂိုမာရီတို႔သည္လည္း ၎တို႔၏ ကိုယ္ေပၚတြင္ နဂါး႐ုပ္ႏွင့္ လိပ္ျပာ႐ုပ္မ်ား ထိုးခဲ့သည္။ ဒိန္းမတ္ဘုရင္ႀကီး ဖရက္ဒရစ္သည္

၎၏ ကိုယ္ခႏၶာတြင္ တစ္ကိုယ္လုံးအႏွံ႔ ေဆးေရာင္စုံ အ႐ုပ္မ်ား ထိုးႏွံခဲ့ျခင္းေၾကာင့္ ေဆးမင္ေၾကာင္ ျပခန္းႀကီးဟု ဖရက္ဒရစ္ဘုရင္ကို ခ်ီးက်ဴးခဲ့ၾကသည္။

တကိုယ္လုံးနီးပါး ေဆးမင္ေၾကာင္ ထိုးထားသည့္ ဂ်ပန္ နပန္းသမား

ဂ်ပန္လူမ်ိဳးတို႔တြင္ ေဆးမင္ေၾကာင္ ထိုးသည့္ ဓေလ့မွာ အႏုပညာ ပိုဆန္ပါသည္။ ဂ်ပန္လူမ်ိဳးတို႔ ထိုးႏွံေလ့ရွိေသာ အ႐ုပ္မ်ားမွာ ႐ိုးရာဓေလ့ႏွင့္ ေရွးေဟာင္း သမိုင္းဝင္ ဇာတ္ေကာင္မ်ား၏ ပုံသဏၭာန္ အမ်ိဳးမ်ိဳး ပါဝင္သည္။

လူ႔အလုံးအရပ္ႏွင့္ ညီေသာ လူစြမ္းေကာင္းပုံမ်ား၊ ဘီလူးသဘက္ပုံမ်ား၊ နဂါး႐ုပ္မ်ားအျပင္ သစ္ပင္ပုံ၊ ငွက္ပုံ၊ ငါးပုံ၊ ပန္းပုံမ်ား ထိုးႏွံေလ့ရွိၾကသည္။

၁၉ ရာစုႏွစ္တြင္ ဂ်ပန္ႏိုင္ငံ၌ ေဆးမင္ေၾကာင္ ထိုးျခင္းကို ဥပေဒျဖင့္ ပိတ္ပင္ခဲ့ေသာ္လည္း ပေပ်ာက္သြားျခင္း မရွိေပ။

ေငြကုန္ေၾကးက် ခံကာ လေပါင္းမ်ားစြာ သည္းညဥ္းခံၿပီး ႀကိဳးစားပမ္းစား အႏုစိတ္ ၿပီးစီးေအာင္ ထိုးႏွံေလ့ ရွိသည္ကို ေတြ႕ရသည္။ ဂ်ပန္ႏိုင္ငံရွိ ယာဂူဇာဂိုဏ္းဝင္မ်ားသည္ ေဆးမင္ေၾကာင္ ထိုးေလ့ရွိသည္။

ဒုတိယ ကမာၻစစ္အတြင္း နာဇီ စစ္အက်ဥ္းစခန္းေရာက္ အက်ဥ္းသားမ်ားအနက္ ကိုယ္ခႏၶာတြင္ ေဆးမင္ေၾကာင္ ထိုးထားသူမ်ားသည္ အျခားေသာ အက်ဥ္းသားမ်ားထက္ ပိုမို ကံဆိုးခဲ့ၾကသည္။

အေၾကာင္းမွာ အက်ဥ္းစခန္း အရာရွိမ်ားသည္ အက်ဥ္းသားမ်ား၏ ရင္ဘတ္ႏွင့္ ေက်ာျပင္မွ ေဆးမင္ေၾကာင္႐ုပ္မ်ားကို အေရခြံခြာယူၿပီး မီးအုပ္ေဆာင္း လုပ္ခဲ့ၾကဟု သိရသည္။

မေလးရွားလူမ်ိဳးတို႔သည္ ေဆးမင္ေၾကာင္ကို တင္ပါးတြင္ ထိုးႏွံၾကၿပီး ေဆးမင္ေၾကာင္မွာ အ႐ုပ္မ်ား မဟုတ္ပဲ လွပဆန္းၾကယ္သည့္ ပန္းကႏုတ္ ဒီဇိုင္းမ်ား၊ အကြက္မ်ား ျဖစ္ၾကသည္။

ထိုင္ဝမ္ ေျမာက္ပိုင္းေဒသတြင္ ေနထိုင္ၾကသည့္ ထိုက္ရာလူမ်ိဳး လူငယ္မ်ားကမူ လူလားေျမာက္ အ႐ြယ္ေရာက္ျခင္း အထိမ္းအမွတ္အျဖစ္ မ်က္ႏွာတြင္ ေဆးမင္ေၾကာင္ ထိုးေလ့ရွိသည္။

ေယာက္်ားေလးမ်ားမွာ နဖူးႏွင့္ ေမးတြင္ လည္းေကာင္း၊ မိန္းကေလးမ်ားမွာ နဖူးႏွင့္ ပါးႏွစ္ဘက္တြင္ လည္းေကာင္း ထိုးႏွံၾကသည္။ ပါးရဲထိုးသည္ဟုလည္း ေခၚသည္။

ဥေရာပတိုက္တြင္ ေရွးေခတ္အခါက ဂ်ာမန္လူမ်ိဳး၊ ေဂါလလူမ်ိဳးမ်ားႏွင့္ အဂၤလန္ကြၽန္းသား တိုင္းရင္းသားမ်ားတြင္ ထိုးကြင္းထိုးေသာ ဓေလ့ ရွိခဲ့ဖူးသည္။

ေျမာက္အေမရိကမွ အင္ဒီယန္း လူမ်ိဳးမ်ားသည္လည္း ကေလးအ႐ြယ္မွ စတင္ၿပီး ထိုးကြင္း ထိုးႏွံေလ့ ရွိသည္။

ပစိဖိတ္ သမုဒၵရာ အတြင္းရွိ ကြၽန္းမ်ားေပၚမွ ေပၚလီေနးရွင္း လူမ်ိဳး၊ မာအိုရီလူမ်ိဳး၊ မာေကဆလူမ်ိဳး ကြၽန္းသားမ်ားမွာလည္း ေယာက္်ားေရာ မိန္းမပါ ေဆးမင္ေၾကာင္ ထိုးႏွံၾကသည့္ ေရွး႐ိုးအစဥ္အလာ ရွိသည္။

ေဆာ္လမြန္ကြၽန္းသူ မိန္းကေလးမ်ားမွာမူ မ်က္ႏွာႏွင့္ ရင္ဘတ္၌ ေဆးမင္ေၾကာင္ ထိုးၿပီးမွသာ အိမ္ေထာင္ျပဳႏိုင္သည္။ ေဖာ္မိုဆာကြၽန္းသူမ်ားမွာလည္း ထိုနည္းတူ လက္ထပ္ပြဲ မက်င္းပမီ မ်က္ႏွာ၌ ေဆးမင္ေၾကာင္ ထိုးႏွံၾကရသည္။

နယူးဂီနီကြၽန္းမွ ပါပူအန္ အမ်ိဳးသမီးမ်ားမွာ လက္မထပ္မီ မ်က္ႏွာကို ခ်န္ကာ တစ္ကိုယ္လုံးအႏွံ႔ ေဆးမင္ေၾကာင္ ေရးျခယ္ထိုးႏွံၿပီး မဂၤလာပြဲ က်င္းပေသာအခါတြင္ မ်က္ႏွာကို ေဆးမင္ရည္ စုတ္ထိုးၾကရျပန္သည္။

အဂၤလန္ႏွင့္ အေနာက္ ဥေရာပတြင္ ၁၇ ရာစုအထိ ေဆးမင္ေၾကာင္ကို မျမင္ဖူးခဲ့ၾကေပ။ ဥေရာပတိုက္သား ဒမ္ပီယာ ဆိုသူသည္ ထိုးကြင္းထိုးေသာ ပစိဖိတ္ ေတာင္ပိုင္း ကြၽန္းသားမ်ားကို ေခၚယူ၍ ျပပြဲ ျပခဲ့ဖူးေသာေၾကာင့္သာ ေဆးမင္ေၾကာင္ကို ေတြ႕ျမင္ၾကရျခင္း ျဖစ္သည္။

ဩစေၾတးလ်မွ သိုးေမြးေသာ သူေဌးတစ္ဦးသည္ သူ၏ ေသတမ္းစာကို ေက်ာျပင္တြင္ ေရးထိုးခဲ့ဖူးသည္ဟု မွတ္သားရသည္။ ပထမ ကမာၻစစ္ မတိုင္မီ ႏွစ္မ်ားႏွင့္ စစ္အတြင္း ကာလ၌ သူလွ်ိဳမ်ားသည္ ေဆးမင္ေၾကာင္ ထိုးေသာ ပညာကို အသုံးခ်ခဲ့ၾကသည္။

ရန္သူ၏ အေရးႀကီးေသာ ေျခကုတ္စခန္းမ်ားကို စကၠဴတြင္ ေရးဆြဲ ယူေဆာင္ရန္ မလြယ္ကူေသာေၾကာင့္ ဦးေခါင္းကို ေျပာင္ေအာင္ ရိတ္ကာ လွ်ိဳ႕ဝွက္ေျမပုံမ်ားကို စုတ္ျဖင့္ ေရးထိုး၍

ဆံပင္ရွည္ေအာင္ ထားၿပီးမွ ကိုယ့္ႏိုင္ငံသို႔ ျပန္သြားၾကသည္ဟု သိရသည္။ ကမာၻေပၚတြင္ လူမ်ိဳးအသီးသီးတို႔သည္ အလွအပ အလို႔ငွာ ေဆးမင္ေၾကာင္ ထိုးႏွံၾကသည္လည္း ရွိၾကသည္။​

ေဆးမင္ေၾကာင္ႏွင့္ ျမန္မာႏိုင္ငံ

ကုန္းေဘာင္ေခတ္ဦး အခ်ိန္ကတည္းက ေရွးျမန္မာမ်ား ထိုးကြင္းမင္ေၾကာင္ ထိုးသည့္ဓေလ့ ရွိေနႏွင့္ၿပီလို႔ မွန္းဆရသည္။ အလွအပအေနနဲ႔ ထိုးကြင္းထိုးျခင္း သိဒၶိတင္၊ ပီယေျမာက္ အေဆာင္အျဖစ္ မင္ေၾကာင္ထိုးျခင္း ရည္႐ြယ္ခ်က္ ႏွစ္မ်ိဳး ရွိသည္။

ျမန္မာႏိုင္ငံတြင္ ကုန္းေဘာင္ေခတ္ေႏွာင္း မင္းမ်ားလက္ထက္၌ လူ႔ခႏၶာေပၚတြင္ အမွတ္အသား ျပဳမႈကို ေဆးမွင္ေၾကာင္ ထိုးႏွံ၍ အမွတ္အသားျပဳေလ့ ရွိေၾကာင္း

အမွတ္အသားမွာ ႏွစ္မ်ိဳးရွိၿပီး အေကာင္းဘက္ေရာ အဆိုးဘက္တြင္ပါ သုံးခဲ့ေၾကာင္း သိရသည္။ ထိုေခတ္အခါက ခိုးသား ဓားျပမ်ားကို အဆုံးစီရင္ေလ့ရွိၿပီး အဆုံးစီရင္ မခံရသည့္ ခိုးသား ဓားျပမ်ားကို နဖူးတြင္ ‘ဓားျပ’ ဟူ၍ လည္းေကာင္း၊

‘သူခိုး’ ဟူ၍ လည္းေကာင္း၊ လက္ဖ်ံတြင္ ‘ေနာက္မဆိုးနဲ႔’ ဟူ၍ လည္းေကာင္း ေဆးမင္ေၾကာင္ ထိုးလႊတ္ၿပီး အဆိုးဘက္တြင္ အမွတ္ အသားျဖင့္ အသုံးျပဳခဲ့သည္ဟု သိရွိရသည္။

ျမန္မာႏိုင္ငံတြင္ ထိုးကြင္းမင္ေၾကာင္ ေခတ္ေကာင္းခဲ့စဥ္က အမ်ိဳးသမီးမ်ားလည္း အားက်မခံ ဝင္ထိုးခဲ့ၾကသည္ကို ေတြ႕ရသည္။ ထိုသို႔ထိုးရာတြင္ ေပါင္တစ္ဖက္၌ ငုံး႐ုပ္၊ တစ္ဖက္၌ ၾကက္႐ုပ္ တစ္ဖက္တစ္႐ုပ္စီ ထိုးႏွံၾကျခင္းမ်ိဳး ျဖစ္သည္။

မွိန္းကဲ့သို႔ အခြစုတ္ျဖစ္ေသာ ျမန္မာစုတ္ျဖင့္ထိုးေသာ ေဆးမင္ေၾကာင္ေခတ္ ေမွးမွိန္ခ်ိန္တြင္ ဓာတ္ခဲအားသုံး အပ္ျဖင့္ထိုးေသာ မင္ေၾကာင္႐ုပ္မ်ား ေပၚေပါက္လာခဲ့သည္။

ေၾကာင္တက္၊ ေၾကာင္ဆင္း၊ ေၾကာင္ဖီလာ ဟူေသာ ေၾကာင္႐ုပ္မ်ားကို မင္ေဆးျဖင့္ ထိုးေသာေၾကာင့္ မင္ေၾကာင္ ဟူသည့္ ေဝါဟာရျဖစ္လာသည္ဟု သုေတသီမ်ားက မွန္းဆၾကသည္။

မင္ေၾကာင္ထိုးရာတြင္ ရင္အုပ္၊ ေနာက္ေက်ာ၊ ေျခသလုံး၊ ပုခုံး၊ လက္ေမာင္း၊ လက္ဖ်ံမ်ားကအစ ဦးေရခြံပါ မက်န္ တကိုယ္လုံး ေနရာမ်ိဳးစုံတြင္ ထိုးသည္။

အင္းကြက္၊ ဂါထာ စာတန္းမ်ားႏွင့္ အ႐ုပ္အမ်ိဳးမ်ိဳးကို မင္နီ၊ မင္နက္မ်ားႏွင့္ ထိုးေလ့ရွိသည္။ အမ်ိဳးသမီးမ်ားလည္း လက္ေကာက္ဝတ္ ေနရာတြင္ စားခြက္ႏႈိက္ အေဆာင္ဟူ၍ ထိုးတတ္ၾကသည္။

နတ္႐ုပ္၊ ဘီလူး႐ုပ္မ်ား၊ အျခားအ႐ုပ္မ်ားကို မႏၲာန္စာလုံးမ်ား ၿခံရံ၍ ထိုးခဲ့ၾကသည္။ အင္းကြက္မ်ားတြင္ အင္းစာမ်ား သြင္း၍ျဖစ္ေစ၊ စာလုံးမ်ားခ်ည္းျဖစ္ေစ ထိုးႏွံၾကသည္။

အခ်ိဳ႕လည္း လွ်ာေပၚတြင္ပါ ထိုးႏွံၾကေသးသည္။ သို႔ရာတြင္ အစက္အေျပာက္မွ်သာ အထိုးခံႏိုင္ေပသည္။

စြဲလမ္းမႈကို အေျခခံ၍ အေဆာင္အျဖစ္ ေဆးမင္ေၾကာင္ ထိုးႏွံၾကရာတြင္ ခႏၶာကိုယ္ အထက္ပိုင္းတြင္သာ ေဆးအနီျဖင့္ အထိုးမ်ားတတ္ၾကသည္။

သို႔ရာတြင္ ရံဖန္ရာခါ၌လည္း အနက္ေရာင္ျဖင့္ ထိုးတတ္ၾကေသးသည္။ လက္ယာဘက္ လက္ဆစ္၊ လက္ဖမိုးလက္ေကာက္ဝတ္မ်ားတြင္ ေတြ႕ရေလ့ ရွိေသာ

ေဆးမင္ေၾကာင္ အနီစက္၊ အနက္စက္မ်ားႏွင့္ ေျခမ်က္စိဝန္းက်င္တြင္ ေတြ႕ျမင္ရေသာ အနက္စက္မ်ားမွာ အေဆာင္သေဘာျဖင့္ ထိုးၾကျခင္း ျဖစ္သည္။

ထိုးကြင္းလို႔ ေခၚတာကေတာ့ အကြင္းအကြင္း အဝိုင္းပုံစံေတြထဲမွာ အ႐ုပ္မ်ိဳးစုံကို မင္ေဆးနဲ႔ ထိုးထားတာေၾကာင့္ပါ။

ထိုးကြင္းအ႐ြယ္က ၁ လက္မခြဲ ကေန ၂ လက္မ တမတ္ေလာက္ အထိ ရွိတယ္။ ေရွးက်တဲ့ ထိုးကြင္းေတြက အ႐ြယ္ပိုႀကီးၿပီး၊ ေနာက္ပိုင္းက်လာရင္ ထိုးကြင္းအ႐ြယ္ေတြက ငယ္ငယ္လာတယ္။

ထိုးကြင္းမထိုးခင္ ေလးေထာင့္အကြက္ေတြနဲ႔ အကြင္းပုံစံကို အရင္မင္နဲ႔ ေရးၿပီး ရာထားပါတယ္။ တခ်ိဳ႕ ထိုးကြင္းဆရာေတြက အလြတ္ထိုးတယ္။

ေနာက္ပိုင္းေခတ္မွာေတာ့ လက္ပံဆူးေပၚမွာ အဆင္သင့္ထြင္းထားတဲ့ အ႐ုပ္ကို မင္သုတ္၊ ပုံႏွိပ္ၿပီး ေကာက္ေၾကာင္း ပုံစံအတိုင္း ထပ္ထိုးတာလည္းရွိတယ္။

ထိုးကြင္းထဲမွာ အထိုးအမ်ားဆုံးအ႐ုပ္က ဘီလူး႐ုပ္ပါ။ ဘီလူးစက္နင္း၊ အလံကိုင္၊ တံခြန္လႊား၊ သံလွ်က္ထမ္း၊ ဘီလူးေခါင္းတုံး စတဲ့ ဘီလူး႐ုပ္အမ်ိဳးမ်ိဳး ရွိတယ္။

ခါးပတ္ပတ္လည္ကစလို႔ ဒူးဆစ္နားဆီမွာ ဆုံးတဲ့ ထိုးကြင္းကိုေတာ့ ျမန္မာေယာက္်ားသားေတြပဲ ထိုးေလ့ရွိတယ္။

ထိုးကြင္းရွိမွ ေယာက္်ားဟန္ပန္ ပီသတယ္လို႔ ယူဆၾကတဲ့ေခတ္ဆိုေတာ့ ေရာင္ႀကီးေဗြ၊ ေရာင္တေစာင္း ထုံးတဲ့ၿပီး ခါးေတာင္းက်ိဳက္နဲ႔ ျခင္းအယိုင္ ခတ္ၾကတဲ့အခါ ျဖစ္ျဖစ္၊

အေပ်ာ္သေဘာနဲ႔ နပန္းလုံးၾကတဲ့ အခါျဖစ္ျဖစ္၊ ထိုးကြင္း မထိုးရေသးရင္၊ ေပါင္ေတြလုံးခ်င္းအတိုင္း ေျပာင္ေျပာင္ႀကီး ျမင္ေနရတာကို ရွက္စႏိုး ျဖစ္တတ္ၾကတယ္။

ဒါေၾကာင့္ အမ်ားအားျဖင့္ ၁၂ ႏွစ္သား၊ ၁၄ ႏွစ္သားေလာက္မွာ ထိုးကြင္း ထိုးၿပီးေနၾကၿပီ။ ၁ဝ ႏွစ္သားေလာက္က စၿပီး ၁၇ ႏွစ္သား ေလာက္ အတြင္းမွာ ထိုးေလ့ရွိပါတယ္။

ေဆးမင္ေၾကာင္ထိုးရာတြင္ အထက္ေဆး၊ ေအာက္ေဆး ဆိုၿပီးေတာ့လည္း ရွိခဲ့ေသးသည္။အထက္ေဆးတြင္ ဘုရားေဆး၊ နတ္ေမွာ္ ေဆး၊ ဝိဇၨာေမွာ္ေဆးဟူ၍ ရွိၿပီး ေအာက္ေဆးတြင္ ကာယသိဒၶိေဆး၊ ပီယသိဒၶိေဆးဟူ၍ ထိုးၾကသည္ဟု သိရသည္။

ေရွးအခါက ေပါင္တြင္ ထိုးကြင္းမရွိသူကို မိန္းကေလးမ်ားက မႏွစ္သက္ၾကသည့္ အတြက္ ‘ေပါင္ျဖဴခ်င္း မယူခ်င္ဘူး’ ဟု ျငင္းေလ့ရွိၾကရာ အမ်ိဳးသားမ်ားမွာ မ်က္ရည္ေတာက္ေတာက္ယို၍ ထိုးကြင္း ထိုးခဲ့ၾကရသည္ဟု သိရသည္။

ထိုးကြင္းမင္ေၾကာင္ ထိုးရာတြင္ ခ်စ္သူ မိန္းကေလးက ေထာင္ပုဆိုး၊ ရာပုဆိုးဟူ၍ မင္ခံပုဆိုးကို ေပးၾကရသည္ဟုလည္း သိရသည္။

ထိုးကြင္း မထိုးသူမ်ားကို မိန္းကေလးရွင္မ်ားကလည္း ေလာကဓံ၏ အထုအေထာင္းကို မခံႏိုင္သူဟူ၍ မိမိ၏ သမီး မိန္းကေလးႏွင့္ ေပးစားရန္ ဝန္ေလးခဲ့ၾကသည္ ဟုလည္း သိရသည္။

ထိုးကြင္း မထိုးသူမ်ား အိမ္ေထာင္ျပဳလွ်င္ ‘ေပါင္ျဖဴခ်င္း ေသမင္း ေခၚတတ္တယ္’ ဟူ၍ ဆိုၾကသည္။

‘ေပါင္ျဖဴစင္းမို႔ နတ္စိမ္းပြယ္ရတယ္၊ မင္ေၾကာင္စိမ္းမို႔ ပ်ိဳသိမ္းပါရမယ္’ ဟူေသာ စကားေၾကာင့္ ေယာက္်ားမပီသေသာ ေပါင္ျဖဴသူကို ယူမိလွ်င္ ႐ိုးရာနတ္ကို ေတာင္းပန္ ပသရသျဖင့္ မင္ေၾကာင္စိမ္းႏွင့္ လူကိုသာ ယူေတာ့မည္ဟု ဆိုျခင္း ျဖစ္သည္။

ဝက္၊ ေၾကာင္၊ ဥေဒါင္း၊ လိပ္၊ ငွက္ေတာ္၊ ေမ်ာက္၊ ေဇာ္၊ ငုံး အ႐ုပ္အမ်ိဳးမ်ိဳး၊ ပန္းခက္နဲ႔ အကြက္အဆင္ေတြကိုလည္း ထိုးကြင္းဆရာက လက္စြမ္းျပတဲ့အေနနဲ႔ေရာ ကြက္လပ္ျဖည့္တဲ့အေနနဲ႔ေရာ အစုံထိုးပါတယ္

တျခားအ႐ုပ္ေတြက ဘီလူး႐ုပ္ေလာက္ေတာ့ လက္မဝင္ပါ။ ဒါေၾကာင့္ ထိုးကြင္းတခုမွာ “မင္းဟာက ဝက္ကုန္းေတြပဲ မ်ားေနတာပါကြာ” လို႔ အေဝဖန္ခံရရင္၊ ထိုးကြင္းဆရာက လက္ရာခိုထားတယ္လို႔ ဆိုလိုပါတယ္။

ထိုးကြင္းအထိုးခံရတာ မသက္သာလွပါ။ အသြား ၁ဝ ခြ၊ ၁၂ ခြပါတဲ့ ေၾကးစုတ္ႀကီးနဲ႔ ေသြးေပါက္ေပါက္က်ေအာင္ထိုးမွ အ႐ုပ္စြဲတယ္။

ထိုးကြင္း အထိုးခံေနတုန္းမွာ ကြမ္းသီးမာမာ တစ္လုံးကို အလုံးလိုက္ အံသြားနဲ႔ ခဲထားတာေတာင္မွ တခြမ္းခြမ္းနဲ႔ ကြဲေအာင္ကိုက္မိတဲ့အထိ နာတယ္လို႔ ဆိုပါတယ္။

ေပါင္တဖက္ကို တမနက္ခင္းနဲ႔ အၿပီးထိုးေပမယ့္၊ ခံရတဲ့ ဒဏ္ခ်က္ျပင္းတာေၾကာင့္ အနာယဥ္းၿပီး ဖ်ားတတ္ၾကတယ္။

ဒါေၾကာင့္ တပတ္၊ ၁ဝ ရက္ေလာက္ျခားၿပီးမွ ေနာက္တဖက္ ထိုးေလ့ရွိတယ္။ တေန႔တည္းနဲ႔ ႏွစ္ဖက္စလုံး အထိုးခံႏိုင္တဲ့သူေတြလည္း ရွိတယ္လို႔ ၾကားဖူးပါတယ္။

အနာမခံႏိုင္ေတာ့လို႔ ထိုးေနရင္း လက္စသတ္မၿပီးခင္ ထေျပးတာေၾကာင့္ တဝက္တပ်က္ပဲ ထိုးထားၿပီး ေၾကာင္သြားတဲ့ ထိုးကြင္းေၾကာင္၊ အင္းေၾကာင္ေတြလည္း ရွိသတဲ့။

ျမန္မာဘုရင္ လက္ထက္က စစ္မႈထမ္းဖို႔ ဆင့္ေခၚခံရတဲ့အခါမ်ိဳးမွာ ထိုးကြင္း မထိုးရေသးရင္ အခက္အခဲ ေတြ႕ၾကရတယ္။ ထိုးကြင္းထိုးဖို႔ကလည္း အခ်ိန္မရွိေတာ့ ထိုးကြင္းပုံစံအတိုင္း ေပါင္ႏွစ္ဖက္မွာ မင္ေဆးနဲ႔ ေရးသြားၾကသတဲ့။

ဒီအတိုင္းေနရင္ေတာ့ ခါးေတာင္းက်ိဳက္နဲ႔ ဘာနဲ႔ ဟန္မပ်က္ဖူးေလ။ တကယ္ စစ္ခ်ီရလို႔ ေခ်ာင္းေတြ ကန္ေတြကို ျဖတ္ကူးၾကရတဲ့အခါ ေဆးေတြက ေရနဲ႔ ေမ်ာကုန္ေရာ။

ဒါေၾကာင့္ ေရွးက ေမတၱာစာ ေရးေပးတဲ့အခါ ေမာင့္ေမတၱာက ခိုင္ၿမဲပါတယ္၊ ေရမွာေမ်ာတတ္တဲ့ အေယာင္ေဆာင္ ထိုးကြင္း မင္ေၾကာင္မ်ိဳး မဟုတ္ပါလို႔ ၫႊန္းဆိုဂုဏ္တင္တတ္ၾကတယ္။

(၂ဝ)ရာစု ေႏွာင္းပိုင္းတြင္မွ ထိုးကြင္းမင္ေၾကာင္ ထိုးသည့္ ဓေလ့သည္ ျမန္မာျပည္တြင္ တျဖည္းျဖည္း ပေပ်ာက္လာေပသည္။

အေၾကာင္းမွာ ေရာဂါ ကူးစက္ခံရျခင္း၊ ထိုးကြင္းထိုးသူမ်ားကို မိန္းကေလးအမ်ားစု ႐ြံေၾကာက္လာၾကျခင္းတို႔ေၾကာင့္ အဓိက ျဖစ္သည္ကို ေတြ႕ရသည္။

ယခု(၂၁)ရာစု အေစာပိုင္းတြင္ေတာ့ တစ္ခါသုံး အပ္မ်ားျဖင့္ ေဆးမင္ေၾကာင္ထိုးသည့္ ဓေလ့သည္ ျပန္လည္ ေခါင္းေထာင္လာခဲ့ၿပီ ျဖစ္သည္။

ဆယ္ေက်ာ္သက္ လူငယ္အမ်ားစုသည္ ယေန႔ေခတ္တြင္ လွပေသာ အ႐ုပ္ဒီဇိုင္းမ်ားကို မိမိခႏၶာကိုယ္ေပၚတြင္ ေရးတင္လာၾကသည္မွာ လူငယ္တိုင္းလိုလိုတြင္ ေတြ႕ေနရေပသည္။

ယခုေခတ္တြင္ ျမန္မာျပည္၌ ေဆးမင္ေၾကာင္မ်ား ျပန္လည္ ေခတ္စားလာျခင္းမွာ အေနာက္တိုင္း အႏုပညာရွင္မ်ား၊ လူငယ္မ်ားမွ ယဥ္ေက်းမႈ ေ႐ြ႕ေလ်ာလာသည့္သေဘာ ျဖစ္ေပသည္။

ေဆးမင္ေၾကာင္သည္ ေရွးေခတ္အခါက ဂုဏ္ယူဖြယ္တစ္ရပ္ အျဖစ္ ထိုးႏွံခဲ့ၾကသည္ကို ယခုေခတ္လူငယ္မ်ား အလွအပ သက္သက္၊ အေပ်ာ္သေဘာ သက္သက္ ထိုးႏွံေနၾကျခင္း ျဖစ္သည္။

ကိုးကား – ဆင္ျဖဴကြၽန္းေအာင္သိန္း။ ျမန္မာ့ ထိုးကြင္းမင္ေၾကာင္ဓေလ့ ခရက္ေဒ့ ဝီကီပီးဒီးယား