မိခင်စိတ်ကုန်သွားတဲ့ကျားမကြီးရဲ့ကလေးတွေကိုနို့ဗူးတိုက်ပြီးသူ့ကလေးရင်းသဖွယ်နွေးထွေးကြင်နာစွာစောင့်ရှောက်ပေးခဲ့တဲ့မျောက်ဝံမကြီး

Unicode

မိခင်စိတ်ကုန်သွားတဲ့ကျားမကြီးရဲ့ကလေးတွေကိုနို့ဗူးတိုက်ပြီးသူ့ကလေးရင်းသဖွယ်နွေးထွေးကြင်နာစွာစောင့်ရှောက်ပေးခဲ့တဲ့မျောက်ဝံမကြီး

မင်္ဂလာပါခင်ဗျာ လောကကြီးမှာ ထူးခြားဆန်းပြားတဲ့ အရာတွေများစွာရှိကြတာကို ပရိသတ်ကြီးလည်း သိကြမှာပါနော်။ တစ်ချို့သောဖြစ်ရပ်ဆန်းတွေဆို ကိုယ့်ရဲ့မျက်လုံးနဲ့မှ မကြည့်ရရင် ယုံနိုင်လောက်မယ် မထင်ပါဘူးနော်။

မျိုးစိတ်မတူညီတဲ့ တိရိစ္ဆာန်တွေဟာ ခင်မင်ရင်းနှီးဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တာပါ။ အထူးသဖြင့် သားရဲလို သတ္တဝါတွေနဲ့ သားကောင်လို့ သတ္တဝါလေးတွေဟာ မိသားစုသဖွယ်နေဖို့ရာ တကယ်ကိုမဖြစ်နိုင်တဲ့ မယုံနိုင်စရာ ကိစ္စရပ်တစ်ခုပါပဲနော်။

သို့ပေမယ့်ဒီလိုအဖြစ်ပျက်တွေဟာ တကယ်ရှိပါတယ်နော်။ ယခင်တုန်းကလည်း ခွေးမေကြီးနဲ့ ကျားသားပေါက်ငယ်လေးတွေအကြောင်း ကျနော်တင်ဆက်ပေးဖူးပါတယ်။ ယခုတစ်ခေါက်မှာတော့ မျောက်ဝံမကြီးတစ်ကောင်နဲ့ကျားသားပေါက်လေးတွေအကြောင်းပါ။

အ မေ ရိ ကန် နိုင်. ငံ ရှိ အ မျိုး သား ဥ ယျာဉ် ကြီးတစ်ခုတွင် ကျားမေကြီးတစ်ကောင်ဟာ သူ့ရဲ့ကလေးတွေကို မွေးဖွားပေးပြီးနောက်မှာတော့ မိခင်စိတ်ကုန်သွားခဲ့ပြီး မိခင်စိတ်လည်း အပြည့်အဝ ရှိပုံမပေါ်ပဲသူမရဲ့ ကျားသားပေါက်လေးတွေကို ဂရုလည်းမစိုက် နို့ချိုလည်း ဟုတ်တိပတ်တိ မတိုက်တဲ့အပြင်ကို သူ့ရဲကလေးတွေ အနားကပ်လာရင်ကိုပဲ လုံးဝအကပ်မခံပဲ အမြဲ မောင်းထုတ်လေ့ရှိပါတယ်။

သူတို့မိသားစုလေးရဲ့ အခြေနေကို အမြဲစောင့်ကြည့်နေတဲ့ဥယျာဉ် ဝန်ထမ်း အစောင့်များက မိခင်ရဲ့နွေးထွေးတဲ့ မေတ္တာနဲ့ ကြင်နာမှုတွေ များစွာလိုအပ်နေသေးတဲ့ ကျားသားပေါက်လေး 3 ကောင်ကို တစ်ကောင်တည်း အထီးကျန်နေရှာတဲ့ မျောက်ဝံမကြီးတစ်ကောင်ဆီကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ကံကောင်းချင်တော့ မျောက်ဝံမကြီးကလည်း အမြဲအထီးကျန်နေတာမို့ ဒီကျားသားပေါက်လေးတွေကို အဖော်အဖြစ်လည်းရ မိခင်စိတ်လည်း အပြည့်ရှိတာမို့ မျိုးစိတ်မတူတဲ့ သူများရဲ့ကလေးတွေကို သူ့ရဲ့ကလေးရင်းချာသဖွယ် ဂရုတစိုက်နဲ့ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

ကျားပေါက်လေးတွေကလည်း မိခင်မေတ္တာငတ်နေတာမို့ သူ့ရဲ့မိခင်ရင်း ထင်မှတ်ပြီး အတူတူ ဆော့ကစားလေ့ရှိပါတယ်။ မျောက်ဝံမကြီးလည်း ဒီကျားပေါက်လေးတွေကို ကြည့်ရင်းမိခင်သဖွယ် ပီတိအပြုံးလေးနဲ့ အမြဲတမ်းကလေးငယ်တွေနဲ့ဆော့ကစားပေးပြီး နို့ဗူးလေးကိုလည်း သေချာဂရုတစိုက်နဲ့ တိုက်ကျွေးပေးလေ့ရှိပါတယ်။

ဒီကျားသားပေါက်လေး 3 ကောင်ကလည်း နွေးထွေးပြီး ကြင်နာလှတဲ့ မျောက်ဝံမကြီးကိုသူတို့ရဲ့ မိခင်ထင်မှတ်ပြီး ရန်မဖြစ်ပဲချစ်ခင်စွာနဲ့ ပျော်ရွှင်ကြည်နူးစွာ နေခဲ့ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ဆန်းကြယ်ပေမယ့် မိခင်စိတ်ရှိတဲ့ ဘယ်တိရိစ္ဆာန်မဆို အခြားသော သားပေါက်ကလေးငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်ပါတယ်နော်။ ပုံရိပ်ထဲမှာ မျောက်ဝံမကြီးက ကျားသားပေါက်လေးတွေကိုသိပ်ချစ်တာကို မြင်တွေ့ကြရမှာပါနော်။

သူ့မှာချစ်မဝဖြစ်နေပြီး ခဏခဏနမ်းလိုက် ၊ ဖက်လိုက်နဲ့ အပြုံးတွေက အရမ်းကိုလှပနေခဲ့တာပါနော်။ စာဖတ်သူ တွေရဲ့ အ မြင် တွေကိုလည်း ရေးသားမျှ ဝေ ပေး ခဲ့ ကြ ပါ ဦး နော်။ အား လုံး ပဲ နေ ကောင်း ကျန်း မာ ကြ ပါ စေ နော်။

crd

Zaw Gyi

မိခင္စိတ္ကုန္သြားတဲ့က်ားမႀကီးရဲ႕ကေလးေတြကိုႏို႔ဗူးတိုက္ၿပီးသူ႔ကေလးရင္းသဖြယ္ေႏြးေထြးၾကင္နာစြာေစာင့္ေရွာက္ေပးခဲ့တဲ့ေမ်ာက္ဝံမႀကီး

မဂၤလာပါခင္ဗ်ာ ေလာကႀကီးမွာ ထူးျခားဆန္းျပားတဲ့ အရာေတြမ်ားစြာရွိၾကတာကို ပရိသတ္ႀကီးလည္း သိၾကမွာပါေနာ္။ တစ္ခ်ိဳ႕ေသာျဖစ္ရပ္ဆန္းေတြဆို ကိုယ့္ရဲ႕မ်က္လုံးနဲ႔မွ မၾကည့္ရရင္ ယုံႏိုင္ေလာက္မယ္ မထင္ပါဘူးေနာ္။

မ်ိဳးစိတ္မတူညီတဲ့ တိရိစာၦန္ေတြဟာ ခင္မင္ရင္းႏွီးဖို႔ဆိုတာ လုံးဝကို မျဖစ္ႏိုင္တာပါ။ အထူးသျဖင့္ သားရဲလို သတၱဝါေတြနဲ႔ သားေကာင္လို႔ သတၱဝါေလးေတြဟာ မိသားစုသဖြယ္ေနဖို႔ရာ တကယ္ကိုမျဖစ္ႏိုင္တဲ့ မယုံႏိုင္စရာ ကိစၥရပ္တစ္ခုပါပဲေနာ္။

သို႔ေပမယ့္ဒီလိုအျဖစ္ပ်က္ေတြဟာ တကယ္ရွိပါတယ္ေနာ္။ ယခင္တုန္းကလည္း ေခြးေမႀကီးနဲ႔ က်ားသားေပါက္ငယ္ေလးေတြအေၾကာင္း က်ေနာ္တင္ဆက္ေပးဖူးပါတယ္။ ယခုတစ္ေခါက္မွာေတာ့ ေမ်ာက္ဝံမႀကီးတစ္ေကာင္နဲ႔က်ားသားေပါက္ေလးေတြအေၾကာင္းပါ။

အ ေမ ရိ ကန္ ႏိုင္. ငံ ရွိ အ မ်ိဳး သား ဥ ယ်ာဥ္ ႀကီးတစ္ခုတြင္ က်ားေမႀကီးတစ္ေကာင္ဟာ သူ႔ရဲ႕ကေလးေတြကို ေမြးဖြားေပးၿပီးေနာက္မွာေတာ့ မိခင္စိတ္ကုန္သြားခဲ့ၿပီး မိခင္စိတ္လည္း အျပည့္အဝ ရွိပုံမေပၚပဲသူမရဲ႕ က်ားသားေပါက္ေလးေတြကို ဂ႐ုလည္းမစိုက္ ႏို႔ခ်ိဳလည္း ဟုတ္တိပတ္တိ မတိုက္တဲ့အျပင္ကို သူ႔ရဲကေလးေတြ အနားကပ္လာရင္ကိုပဲ လုံးဝအကပ္မခံပဲ အၿမဲ ေမာင္းထုတ္ေလ့ရွိပါတယ္။

သူတို႔မိသားစုေလးရဲ႕ အေျခေနကို အၿမဲေစာင့္ၾကည့္ေနတဲ့ဥယ်ာဥ္ ဝန္ထမ္း အေစာင့္မ်ားက မိခင္ရဲ႕ေႏြးေထြးတဲ့ ေမတၱာနဲ႔ ၾကင္နာမႈေတြ မ်ားစြာလိုအပ္ေနေသးတဲ့ က်ားသားေပါက္ေလး 3 ေကာင္ကို တစ္ေကာင္တည္း အထီးက်န္ေနရွာတဲ့ ေမ်ာက္ဝံမႀကီးတစ္ေကာင္ဆီကို ပို႔ေဆာင္ေပးခဲ့ၾကပါတယ္။

ကံေကာင္းခ်င္ေတာ့ ေမ်ာက္ဝံမႀကီးကလည္း အၿမဲအထီးက်န္ေနတာမို႔ ဒီက်ားသားေပါက္ေလးေတြကို အေဖာ္အျဖစ္လည္းရ မိခင္စိတ္လည္း အျပည့္ရွိတာမို႔ မ်ိဳးစိတ္မတူတဲ့ သူမ်ားရဲ႕ကေလးေတြကို သူ႔ရဲ႕ကေလးရင္းခ်ာသဖြယ္ ဂ႐ုတစိုက္နဲ႔ျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။

က်ားေပါက္ေလးေတြကလည္း မိခင္ေမတၱာငတ္ေနတာမို႔ သူ႔ရဲ႕မိခင္ရင္း ထင္မွတ္ၿပီး အတူတူ ေဆာ့ကစားေလ့ရွိပါတယ္။ ေမ်ာက္ဝံမႀကီးလည္း ဒီက်ားေပါက္ေလးေတြကို ၾကည့္ရင္းမိခင္သဖြယ္ ပီတိအၿပဳံးေလးနဲ႔ အၿမဲတမ္းကေလးငယ္ေတြနဲ႔ေဆာ့ကစားေပးၿပီး ႏို႔ဗူးေလးကိုလည္း ေသခ်ာဂ႐ုတစိုက္နဲ႔ တိုက္ေကြၽးေပးေလ့ရွိပါတယ္။

ဒီက်ားသားေပါက္ေလး 3 ေကာင္ကလည္း ေႏြးေထြးၿပီး ၾကင္နာလွတဲ့ ေမ်ာက္ဝံမႀကီးကိုသူတို႔ရဲ႕ မိခင္ထင္မွတ္ၿပီး ရန္မျဖစ္ပဲခ်စ္ခင္စြာနဲ႔ ေပ်ာ္႐ႊင္ၾကည္ႏူးစြာ ေနခဲ့ၾကပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြဟာ ဆန္းၾကယ္ေပမယ့္ မိခင္စိတ္ရွိတဲ့ ဘယ္တိရိစာၦန္မဆို အျခားေသာ သားေပါက္ကေလးငယ္ေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္ႏိုင္ပါတယ္ေနာ္။ ပုံရိပ္ထဲမွာ ေမ်ာက္ဝံမႀကီးက က်ားသားေပါက္ေလးေတြကိုသိပ္ခ်စ္တာကို ျမင္ေတြ႕ၾကရမွာပါေနာ္။

သူ႔မွာခ်စ္မဝျဖစ္ေနၿပီး ခဏခဏနမ္းလိုက္ ၊ ဖက္လိုက္နဲ႔ အၿပဳံးေတြက အရမ္းကိုလွပေနခဲ့တာပါေနာ္။ စာဖတ္သူ ေတြရဲ႕ အ ျမင္ ေတြကိုလည္း ေရးသားမွ် ေဝ ေပး ခဲ့ ၾက ပါ ဦး ေနာ္။ အား လုံး ပဲ ေန ေကာင္း က်န္း မာ ၾက ပါ ေစ ေနာ္။

crd