တစ္ႀကိမ္တည္း လုပ္႐ုံနဲ႔ ဆားဝက္ၿခံေတြကို ေပ်ာက္ကင္းသြားေစတဲ့ သခြားသီးနည္း
လွတဲ့သူတိုင္း ဆားဝက္ၿခံရွိတယ္လို႔ ၾကားဖူးတယ္ ။
ဒါေပမယ့္ ဆားဝက္ၿခံရွိေနတာေတာ့ ဘယ္သူမွ ႀကိဳက္ၾကမယ္ မထင္ပါဘူး …။
ဆားဝက္ၿခံေတြဟာ ႏွာေခါင္း ၊ေမးေစ့ႏွင့္ ပါးျပင္ေတြမွာ အမ်ားဆုံးျဖစ္ေလ့ရွိၿပီး
ညႇစ္ရင္လည္း ပြါးတတ္တာေၾကာင့္ အေတာ္စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္ …။
ဒိထက္ပိုးဆိုးလွ်င္ အေပါက္အႀကီးႀကီးေတြ ျဖစ္ၿပီး မ်က္ႏွာမွာ ၾကည့္ရဆိုးလြန္းပါတယ္ …။
ဆားဝက္ၿခံ သက္သာေစတဲ့ နည္းေတြကေတာ့ အမ်ားႀကီးရွိပါတယ္ ။
ဒီတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ လြယ္ကူၿပီး ႐ိုးရွင္းပါတယ္ …။
ဆားဝက္ၿခံကို ေပ်ာက္ကင္းေစ႐ုံသာမက အသားအေရကို ျဖဴဝင္းၿပီး စိုေျပလာေစပါတယ္။
ပထမဦးဆုံး လုပ္ရမွာကေတာ့ သခြားသီးကို အကြင္းပုံစံ လွီးလိုက္ပါ …။
တစ္ခုဆို လုံေလာက္ပါၿပီ ။ ၿပီးလွ်င္ အေပၚမွ သၾကားျဖဴးလိုက္ပါ ။
ဒါဆိုရင္ေတာ့ ႏွာေခါင္းေပၚက ဆားဝက္ၿခံေတြကို ဖယ္ရွားဖို႔အတြက္ အဆင္သင့္ျဖစ္ပါၿပီ …။
” ျပဳလုပ္နည္း ”
ပထမဦးစြာ လက္ကိုင္ပုဝါ (သို႔)အဝတ္သန႔္သန႔္ကို ေရေႏြးေႏြးထဲမွာစိမ္ၿပီး ဆားဝက္ၿခံရွိတဲ့ ႏွာေခါင္းေပၚမွာ ဖိကပ္ေပးပါ မိနစ္အနည္းငယ္ ဖိကပ္ေပးပါ …။
ဒီလိုလုပ္ျခင္းအားျဖင့္ ေခြၽးေပါက္ေတြကို က်ယ္ေစၿပီး ဆားဝက္ၿခံ ဖယ္ရွားႏိုင္ဖို႔အတြက္ ပိုၿပီး အေထာက္အကူ ျဖစ္ပါတယ္ေနာ္ …။
ထို႔ေနာက္ သၾကားျဖဴးထားေသာ သခြားသီးျဖင့္ ႏွာေခါင္းကို ပြတ္ေပးပါ ။
အနည္းဆုံး ၅မိနစ္ႏွင့္အထက္ သ ၾကားမ်ား အရည္ေပ်ာ္သည္အထိ ပြတ္ေပးရပါမယ္ …။
ပြတ္ၿပီးသြားလွ်င္ေတာ့ ေရေအးျဖင့္ ေဆးေၾကာလိုက္ပါ ။
ထို႔ေနာက္ ေခြၽးေပါက္က်ဥ္းသြားေအာင္ တိုနာ (သို႔) ႏွင္းဆီရည္ျဖင့္ ႏွာေခါင္းကို လိမ္းေပးလိုက္ပါ …။
“ႏွင္းဆီေရ ျပဳလုပ္ပုံ”
(၁) ႏွင္းဆီပြင့္ဖက္ မ်ားကို သန႔္ရွင့္ေသာ ဇလုံတစ္လုံး ထဲသို႔ေႁခြထည့္ပါ …။
(၂) ေႁခြၿပီးသား ပြင့္ဖက္မ်ားကို ေရသ န႔္သန႔္ႏွင့္ ေဆးပါ …။
(၃) ေဆးၿပီးသား ပြင့္ဖက္မ်ားထဲသို႔ ေရေႏြး ဆူဆူတစ္ခြက္ ေလာင္းထည့္ၿပီး ၅ မိနစ္ခန႔္ေမႊပါ …။
(၄) ၿပီးလွ်င္အေအးခံၿပီး ပြင့္ဖက္မ်ားမပ ါေအာင္ အေငႊ႕လုံေသာ ဘူးသန႔္ေသးေသး တစ္လုံးထဲသို႔ ေလာင္းထည့္ပါ …။
(၅) ဤအေရမ်ားကို ႏွင္းဆီ ေရအျဖစ္ အသုံးျပဳႏိုင္ပါၿပီေနာ္ …။
တစ္ခါလုပ္႐ုံျဖင့္ သိသိသာသာကို ဆားဝက္ၿခံေတြ မရွိေတာ့တာ ျမင္ေတြ႕ရမွာပါ ။
သင့္ႏွာေခါင္းမွာ ဆားဝက္ၿခံေတြ ထူလပ်စ္ျဖစ္ေနတဲ့ ေန႔မ်ိးဆိုရင္ ဒီနည္းလမ္းေလးက ေျဖရွင္းေပးႏိုင္မွာပဲ ျဖစ္ပါတယ္ …။
ေန႔စဥ္ပုံမွန္ လုပ္ေပးမယ္ဆိုရင္ေတာ့ အသားအေရကို
ၾကည္လင္ သန႔္စင္လာေစၿပီး ေခြၽးေပါက္ေတြက်ဥ္းသြားကာ ဆားဝက္ၿခံမ်ား
နာက္ထပ္ မျဖစ္ေပၚေအာင္ ကာကြယ္ၿပီးသား ျဖစ္ေနမွာပါ ေနာ္ ….။ ။
Credit
Unicode
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ် ။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ် မထင်ပါဘူး …။
ဆားဝက်ခြံတွေဟာ နှာခေါင်း ၊မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း
ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် …။
ဒိထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေ ဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးလွန်းပါတယ် …။
ဆားဝက်ခြံ သက်သာစေတဲ့ နည်းတွေကတော့ အများကြီးရှိပါတယ် ။
ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ် …။
ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။
ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ …။
တစ်ခုဆို လုံလောက်ပါပြီ ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ ။
ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ …။
” ပြုလုပ်နည်း ”
ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ …။
ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူ ဖြစ်ပါတယ်နော် …။
ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ ။
အနည်းဆုံး ၅မိနစ်နှင့်အထက် သ ကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ် …။
ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ ။
ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးလိုက်ပါ …။
“နှင်းဆီရေ ပြုလုပ်ပုံ”
(၁) နှင်းဆီပွင့်ဖက် များကို သန့်ရှင့်သော ဇလုံတစ်လုံး ထဲသို့ခြွေထည့်ပါ …။
(၂) ခြွေပြီးသား ပွင့်ဖက်များကို ရေသ န့်သန့်နှင့် ဆေးပါ …။
(၃) ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေး ဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ …။
(၄) ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပ ါအောင် အငွှေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ …။
(၅) ဤအရေများကို နှင်းဆီ ရေအဖြစ် အသုံးပြုနိုင်ပါပြီနော် …။
တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ ။
သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပဲ ဖြစ်ပါတယ် …။
နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ
နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ နော် ….။ ။