သစ်တံခါး ဆရာတော် ကြီးလမ်းညွှန်တဲ့ ဓာတ်ပွင့်၍ လာဘ်ပွင့် ငွေကံထူးစေမည့် အဓိဋ္ဌါန်


အဓိဋ္ဌာန် ကျင့်စဉ်


ကော်ဖီ (၁၀) ခွက် နှင်မြေမြို့ပန်း (၁၀) ပွင့် ကိုပါ ကပ်လှုပါ ထို့နောက် ” အရဟံ သိဒ္ဓိ ဘဂဝါ အောင် ”ပုတီး (၁၀) ပတ် စိပ်ပါ လာဘ်ခေါ် ဂါထာ (၁၀) ခေါက် ရွတ်ပါ ။










လာဘ်ခေါ်ဂါထာ





ယူနီကုဒ်ဖြင့် ဖတ်ရန်

မိမိ၌ ” ငွေ” ကံ မပွင့် ၍ကြပ်တည်း မှုတွေ့နေရပါက လွယ်ကူပြီး ထိရောက်လှတဲ့ ”အဓိဋ္ဌာန် ကျင့်စဉ် ” ဖြစ်သော” ကော်ဖီ ” ဓာတ်ဖွင့်ပြီး ” ငွေ ” ကံထူးအောင်လုပ်ပေး ပါက ထူးခြားစွာ ” ငွေ” ကံလာဘ်ပွင့်၍ အံ့သြဖွယ်ရာတွေ တွေ့ရမည်ဖြစ်သည် ။

အဓိဋ္ဌာန် ကျင့်စဉ်

(၁) တနင်္ဂနွေ သားသမီး ငွေကံပိတ်နေပါက ကြာသပတေး နေ့ နနက် (၇) နာရီ (၃) မိနစ် အချိန်တွင် ” ဘီစကွတ်” မုန့် (၁၀) ခုကို ပန်းကန်တစ်ခုတွင်ထည့်၍ ဘုရားတွင် ကပ်ပါ ။

ကော်ဖီ (၁၀) ခွက် နှင်ြမေမြို့ပန်း (၁၀) ပွင့် ကိုပါ ကပ်လှုပါ ထို့နောက် ” အရဟံ သိဒ္ဓိ ဘဂဝါ အောင် ”ပုတီး (၁၀) ပတ် စိပ်ပါ လာဘ်ခေါ် ဂါထာ (၁၀) ခေါက် ရွတ်ပါ ။

လူ နတ် ဗြဟ္မာ သတ္တဝါနှင့် ရုက္ခစိုးနတ်များအား အမျှဝေပါ သာဓု ခေါ်ပါ ရက်သတ္တပါတ်အနည်းငယ်အတွင်း ထူးခြားလာပါ လိမ့်မည်။

ကျန်နေ့သား သမီးများအတွက်ကပ်လှုရမည့်အချိန် မှာ မနက် (7:03) နာရီအချိန် အတူတူပင်ဖြစ်ပြီး ဘီစကွတ် (၁၀) ချပ်၊ကော်ဖီ (၁၀) ခွက် အလှူနှင့် စိပ်ရမည့် ပုတီး ပတ်ရေ မှာလည်း အတူတူဖြစ် ပါသည်။

နေ့သားအလိုက် အဓိဋ္ဌာန်ဝင် ကပ်လှုရမည့် ပန်း နင့် ရက် ကိုဖော် ပြပေးသွားပါမည် ။

တနင်္လာသားသမီးများသည် သောကြာနေ့ လှုရမည့်ပန်းမှာ သပြေ ပန်း (၁၀) ညွန့်

အင်္ဂါသားသမီးများသည် စနေနေ့ လှုရမည့်ပန်းမှာ နှင်းဆီ (၁၀) ပွင့်

ဗုဒ္ဓဟူးသားသမီးများသည် တနင်္ဂနွေ နေ့ လှုရမည့် ပန်း မှာ အုန်း ညွန့် (၁၀) ညွန့်

ကြာသပတေး သားသမီးများသည် တနင်္လာ နေ့ လှုရမည့်ပန်းမှာ ကံကော် (၁၅) ညွန့် သို့ မဟုတ် ကန်စွန်း(၁၅)ညွန့်

သောကြာသားသမီးများသည် အင်္ဂါနေ့ လှုရမည် မှာ စိန်ပန်း (၈) ညွန့်

စနေသားသမီးများ သည် ဗုဒ္ဓဟူး နေ့ လှုရမည် မှာ ရွက်လှ (၁၇) ညွန့်

လာဘ်ခေါ်ဂါထာ

အရဟံ ဗုဒ္ဓေါ အရဟံ အရဟံ ဗုဒ္ဓေါ ဗုဒ္ဓဿ ဂုဏ တေဇသာ သဗ္ဗသိဒ္ဓိ လာဘံ မေ ဘဝိဿတိ

လုပ်သမျှ အဆင်မပြေ ငွေကံပိတ် နေသူ များသည် အထက်ပါ နေ့နံ အလိုက် မိမိ ၏အိမ်ဘုရား တွင် ကပ်လှုပူဇာ် ပြီး အဓိဋ္ဌာန် ပြု့ ပူဇော် မှု့ပြုကာ။

“သစ္စာ ”ဆို ပြီး ဘုရား တပည့် တော် တွင် ပိတ် ဆို့နေသောအလုပ် ကိစ္စ နှင့် အခက် အခဲများမှလွတ်၍ “ငွေ” ကံပွင့် လေအောင် ” ကော်ဖီ” ဓာတ် ဖွင့်သည့် နေ့ မှ စ၍ ထူးထူးခြားခြား ထူထူထောင်ထောင် အောင်မြင်မှုရပြီး

အေး ချမ်း ရပါစေ အောင် မြင်ရပါစေ ဟုဆုတောင်းပါ ထူး ခြား စွာ ကံပွင့် လာဘ် ပွင့် လာပါလိမ့်မည် ။