လူသိနည်းနေသေးသည့် နို့ဆီဖြစ်ပေါ်လာပုံ သမိုင်းကြောင်း
Unicode
အင်္ဂလန်နိူင်ငံ၏ဆောင်းရာသီတွင် ကြီးကျယ်သောကုန်စည်ပြပွဲကျင်းပရာ ကမ္ဘာအနှံ့မှလူ ၆ သန်းခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။
၈၅၁ခုနှစ်တွင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ဆုံးပေါ်တီထွင်မှုများကိုပြသထားသည်။
အမေရိကန်နိုင်ငံသားများအတွက် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ ရက် ၂၀ခန့်ကြာမည့်ခရီးစဉ်ကို ရေနွေးငွေ့ သင်္ဘောများဖြင့် အကြိုအပို့လုပ်ပေးသည်။
အမေရိကန်သို့သွားသည့် သင်္ဘောများပေါ်တွင် ရွှေ့ပြောင်းအခြေချသူများနှင့်ဆင်းရဲနွမ်းပါးသူများ အများဆုံးလိုက်ပါလေ့ရှိသည်။
အင်္ဂလန်မှအမေရိကသို့ သွားသောရေနွေးငွေ့ သင်္ဘောများပေါ်တွင် အသက် ၅၀အရွယ်ရှိ ကျောင်းဆရာဟောင်း ဂေးလ်ဘော်ဒန် ဆိုသူလည်းလိုက်ပါလာသည်။
ခရီးစဉ်အစပိုင်းတွင် အခြေအနေကောင်းသော်လည်း နောက်ပိုင်းတွင် သင်္ဘောပေါ်မှကလေးငယ် အများးအပြား နေထိုင်မကောင်းဖြစ်လာသည်။
ခေါင်းမူး၍အန်ကြသည်။အစားလည်း မစားနိုင်တော့ချေ။ထိုလက္ခဏာများပေါ်ပြီး မကြာမှီတွင် ကလေးတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားသည်။
သင်္ဘောပေါ်တွင်ဆရာဝန်မပါရှိချေ။ဂေးလ်ဘော်ဒန် သည်ဆရာဝန်မဟုတ်သော်လည်း ကလေးများ သေဆုံးနေသည့်
ပြဿနာအရင်းအမြစ်ကို ရှာဖွေခဲ့သည်။ဂေးလ်သည် ကေလးငယ်များရဲ့ တူညီသည့်အချက်ကိုစတင်လေ့လာခဲ့သည်။
မကြာမီအကြောင်းရင်း တစ်ခုကို သတိထားမိခဲ့သည်။ကလေးများသေသည့် နေ့က သူတို့အားလုံးလတ်ဆတ်သည့် နွားနို့ သောက်ခဲ့ကြသည်။
ထိုခေတ်အခါက သင်္ဘောပေါ်တွင် နွားနို့ကိုသယ်ယူလာလျှင် ရေရှည်မခံသဖြင့် နွားမများကို သင်္ဘောများပေါ် တင်ဆောင်လာလေ့ရှိသည်။
သို့မှသာလတ်ဆတ်သည့် နွားနို့ရမည်ဖြစ်သည်။ဂေးလ် သည် နွားများ ထားသည့်နေရာသို့သွားရောက်ကြည့်ရှုရာ နွားများ နေမကောင်းဖြစ်နေသည်ကိုတွေ့ခဲ့ရသည်။
နွားတွင်ဖြစ်သောရောဂါသည် နို့မှတဆင့် ကလေးများထံ ရောက်သွားသည်ဟု ဂေးလ်ကယူဆခဲ့သည်။
ဂေးလ်သည် နွားနို့ကြောင့် ကလေးများ အန်လိုက်၊ဖျားလိုက်၊ သေဆုံးလိုက် ဖြစ်နေသည်ကိုကြည့်၍ယူကြုံးမရဖြစ်နေသည်။
နယူးယောက်သို့ရောက်သောအခါ ဂေးလ် သည်နွားနို့ကို ဘေးကင်းအောင် ထားနိူင်မည့် နည်းကိုရှာဖွေတော့သည်။အဖြေမရမခြင်းမနားခဲ့ချေ။ဂေးလ်သည် လေလုံဒယ်အိုးကို သုံး၍ နွားနို့ကိုမီးအေးအေးဖြင့် ကျိုသည်။
ရလဒ်မှာပျစ်ခဲနေသောနို့ကိုရသည်။သူ့အကြံမှာနို့ပျစ်အား အောက်ဆီဂျင် မကိန်းအောင်းစေရန်ဖြစ်သည်။အောက်ဆီဂျင်သည် နို့ကိုပိုပျစ်စေသည်။ညစ်ပတ်အောင်လည်းလုပ်နိူင်သည်။
ဂေးလ်သည်ပျစ်ခဲနေသော နို့ကို သကြားထည့်၍ဗူးတစ်ခုအတွင်း ထည့်ကာ ရက်သတ္တပတ်ခန့်မျှထားလိုက်သည်။
တစ်ပတ်ခန့်ကြာသောအခါဗူးကိုဖွင့်၍ စမ်းကြည့်လိုက်ရာ နို့သည်အရောင်နှင့်အရသာပါ မပြောင်းလဲသလိုဆိုးကျိုးလည်းမရှိသည်ကိုတွေ့လိုက်ရသည်။
ဂေးလ်သည်သူ၏တီထွင်မှု အောင်မြင်သည်ကိုသိလိုက်ရသဖြင့် နွားနို့ကို ဘေးကင်းအောင်ထားနိူင်သွားသည်။သူတီထွင်ခဲ့သောအရာကိုနို့ဆီဟုအမည်ပေးခဲ့သည်။
နှစ်အနည်းငယ်အကြာတွင်ဖြစ်ပွားသော ပြည်တွင်းစစ်တွင်မြောက်ပိုင်းတပ်ဖွဲ့သည် ဂေးလ်ထံမှနို့ဆီအများအပြား ဝယ်ယူကာရှေ့တန်းသို့ပို့ခဲ့သည်။
စစ်သားများသည်အိမ်ပြန်ရောက်သည့်အခါ ငါတို့နို့ဆီသောက်ခဲ့တာဟုပြန်ပြောကြလေ့ရှိသည်။
ဂေးလ်ဘော်ဒန်၏နို့ဆီသည် နာမည်ကြီးသွားသည်။သင်္ဘောများသည်လည်း နွားများတင်၍ခရီးထွက်ရန်မလိုတော့ချေ ။ ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
Credit ; Kyae Sin Linn Lett
Zaw Gyi
အဂၤလန္ႏိူင္ငံ၏ေဆာင္းရာသီတြင္ ႀကီးက်ယ္ေသာကုန္စည္ျပပြဲက်င္းပရာ ကမာၻအႏွံ႔မွလူ ၆ သန္းခန႔္ လာေရာက္ၾကည့္ရႈခဲ့ၾကသည္။
၈၅၁ခုႏွစ္တြင္က်င္းပခဲ့ျခင္း ျဖစ္ၿပီး ေနာက္ဆုံးေပၚတီထြင္မႈမ်ားကိုျပသထားသည္။
အေမရိကန္ႏိုင္ငံသားမ်ားအတြက္ အတၱလႏၲိတ္သမုဒၵရာကို ျဖတ္ေက်ာ္၍ ရက္ ၂၀ခန႔္ၾကာမည့္ခရီးစဥ္ကို ေရေႏြးေငြ႕ သေဘၤာမ်ားျဖင့္ အႀကိဳအပို႔လုပ္ေပးသည္။
အေမရိကန္သို႔သြားသည့္ သေဘၤာမ်ားေပၚတြင္ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားႏွင့္ဆင္းရဲႏြမ္းပါးသူမ်ား အမ်ားဆုံးလိုက္ပါေလ့ရွိသည္။
အဂၤလန္မွအေမရိကသို႔ သြားေသာေရေႏြးေငြ႕ သေဘၤာမ်ားေပၚတြင္ အသက္ ၅၀အ႐ြယ္ရွိ ေက်ာင္းဆရာေဟာင္း ေဂးလ္ေဘာ္ဒန္ ဆိုသူလည္းလိုက္ပါလာသည္။
ခရီးစဥ္အစပိုင္းတြင္ အေျခအေနေကာင္းေသာ္လည္း ေနာက္ပိုင္းတြင္ သေဘၤာေပၚမွကေလးငယ္ အမ်ားးအျပား ေနထိုင္မေကာင္းျဖစ္လာသည္။
ေခါင္းမူး၍အန္ၾကသည္။အစားလည္း မစားႏိုင္ေတာ့ေခ်။ထိုလကၡဏာမ်ားေပၚၿပီး မၾကာမွီတြင္ ကေလးတစ္ေယာက္ၿပီးတစ္ေယာက္ေသဆုံးသြားသည္။
သေဘၤာေပၚတြင္ဆရာဝန္မပါရွိေခ်။ေဂးလ္ေဘာ္ဒန္ သည္ဆရာဝန္မဟုတ္ေသာ္လည္း ကေလးမ်ား ေသဆုံးေနသည့္
ျပႆနာအရင္းအျမစ္ကို ရွာေဖြခဲ့သည္။ေဂးလ္သည္ ေကလးငယ္မ်ားရဲ႕ တူညီသည့္အခ်က္ကိုစတင္ေလ့လာခဲ့သည္။
မၾကာမီအေၾကာင္းရင္း တစ္ခုကို သတိထားမိခဲ့သည္။ကေလးမ်ားေသသည့္ ေန႔က သူတို႔အားလုံးလတ္ဆတ္သည့္ ႏြားႏို႔ ေသာက္ခဲ့ၾကသည္။
ထိုေခတ္အခါက သေဘၤာေပၚတြင္ ႏြားႏို႔ကိုသယ္ယူလာလွ်င္ ေရရွည္မခံသျဖင့္ ႏြားမမ်ားကို သေဘၤာမ်ားေပၚ တင္ေဆာင္လာေလ့ရွိသည္။
သို႔မွသာလတ္ဆတ္သည့္ ႏြားႏို႔ရမည္ျဖစ္သည္။ေဂးလ္ သည္ ႏြားမ်ား ထားသည့္ေနရာသို႔သြားေရာက္ၾကည့္ရႈရာ ႏြားမ်ား ေနမေကာင္းျဖစ္ေနသည္ကိုေတြ႕ခဲ့ရသည္။
ႏြားတြင္ျဖစ္ေသာေရာဂါသည္ ႏို႔မွတဆင့္ ကေလးမ်ားထံ ေရာက္သြားသည္ဟု ေဂးလ္ကယူဆခဲ့သည္။
ေဂးလ္သည္ ႏြားႏို႔ေၾကာင့္ ကေလးမ်ား အန္လိုက္၊ဖ်ားလိုက္၊ ေသဆုံးလိုက္ ျဖစ္ေနသည္ကိုၾကည့္၍ယူႀကဳံးမရျဖစ္ေနသည္။
နယူးေယာက္သို႔ေရာက္ေသာအခါ ေဂးလ္ သည္ႏြားႏို႔ကို ေဘးကင္းေအာင္ ထားႏိူင္မည့္ နည္းကိုရွာေဖြေတာ့သည္။အေျဖမရမျခင္းမနားခဲ့ေခ်။ေဂးလ္သည္ ေလလုံဒယ္အိုးကို သုံး၍ ႏြားႏို႔ကိုမီးေအးေအးျဖင့္ က်ိဳသည္။
ရလဒ္မွာပ်စ္ခဲေနေသာႏို႔ကိုရသည္။သူ႔အႀကံမွာႏို႔ပ်စ္အား ေအာက္ဆီဂ်င္ မကိန္းေအာင္းေစရန္ျဖစ္သည္။ေအာက္ဆီဂ်င္သည္ ႏို႔ကိုပိုပ်စ္ေစသည္။ညစ္ပတ္ေအာင္လည္းလုပ္ႏိူင္သည္။
ေဂးလ္သည္ပ်စ္ခဲေနေသာ ႏို႔ကို သၾကားထည့္၍ဗူးတစ္ခုအတြင္း ထည့္ကာ ရက္သတၱပတ္ခန႔္မွ်ထားလိုက္သည္။
တစ္ပတ္ခန႔္ၾကာေသာအခါဗူးကိုဖြင့္၍ စမ္းၾကည့္လိုက္ရာ ႏို႔သည္အေရာင္ႏွင့္အရသာပါ မေျပာင္းလဲသလိုဆိုးက်ိဳးလည္းမရွိသည္ကိုေတြ႕လိုက္ရသည္။
ေဂးလ္သည္သူ၏တီထြင္မႈ ေအာင္ျမင္သည္ကိုသိလိုက္ရသျဖင့္ ႏြားႏို႔ကို ေဘးကင္းေအာင္ထားႏိူင္သြားသည္။သူတီထြင္ခဲ့ေသာအရာကိုႏို႔ဆီဟုအမည္ေပးခဲ့သည္။
ႏွစ္အနည္းငယ္အၾကာတြင္ျဖစ္ပြားေသာ ျပည္တြင္းစစ္တြင္ေျမာက္ပိုင္းတပ္ဖြဲ႕သည္ ေဂးလ္ထံမွႏို႔ဆီအမ်ားအျပား ဝယ္ယူကာေရွ႕တန္းသို႔ပို႔ခဲ့သည္။
စစ္သားမ်ားသည္အိမ္ျပန္ေရာက္သည့္အခါ ငါတို႔ႏို႔ဆီေသာက္ခဲ့တာဟုျပန္ေျပာၾကေလ့ရွိသည္။
ေဂးလ္ေဘာ္ဒန္၏ႏို႔ဆီသည္ နာမည္ႀကီးသြားသည္။သေဘၤာမ်ားသည္လည္း ႏြားမ်ားတင္၍ခရီးထြက္ရန္မလိုေတာ့ေခ် ။ ဗဟုသုတရေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။
Credit ; Kyae Sin Linn Lett