ချက်စားလို့ ရသလို သူ့အတိုင်းလဲ စားလို့ရတဲ့ ရွှေတောင် ဒေသထွက်အစားအစာ “ရေဥ”
Unicode
ချက်စားလို့ ရသလို သူ့အတိုင်းလဲ စားလို့ရတဲ့ ရွှေတောင် ဒေသထွက်အစားအစာ “ရေဥ”
“ရွှေတောင် ဒေသထွက်အစားအစာ ရေဥ”
ရေဥကို ၊ ရေကန်တွေ ရေအိုင်တွေထဲမှာ တွေ့ရတယ် ။ ရေကန်တိုင်း ၊ ရေဥ ရသလားဆိုတော့ မရဘူးဗျ ။ များသောအားဖြင့်
ကန်တွေမှာ ရေမှော်တွေပဲ တွေ့ရတတ်တယ် ၊ ရေဥက ရေမှော် မဟုတ် ။ ရေဥက ၊ သူ ဥလေ့ဥထ ရှိတဲ့ ကန်တွေ အိုင်တွေမှာမှ ရတာ။
အစိမ်းရောင်ရှိတဲ့ ရေဥလေးတွေကို ကိုင်ကြည့်ရင် ငါးဥလေးတွေလိုဘဲ ။ ရေမျက်နှာပြင် အပေါ်မှာပဲ ရှိနေတဲ့ ရေဥကို ၊ ရေစစ်လို
ဆန်ကာလေးတွေနဲ့ ကျော့ကျော့ပြီး ဆယ်ယူရတယ် ။ အမှိုက်ကင်းစင်အောင် အထပ်ထပ်အခါခါ ရေဆေးရတယ် ။
ရေဥချက်ကို ရှောက်ရွက်နည်းနည်းလေး ထည့်ချက်ရင် ရှောက်ရွက်အနံ့လေး မွှေးပြီး ဆိမ့်တဲ့အရသာ‌ စားလို့အရမ်းကောင်းတယ်၊ သူ့အတိုင်းစားလဲ ကောင်းတယ် ၊ ထမင်းနဲ့ စားလဲ ကောင်းတယ်။
ဟိုတုန်းကဆို ရေဥပေါ်ချိန်ကြမှ ရတာ ၊ စားရတာ ။ အခုတော့ ရေကန်သန့်သန့်မှာ ရေဥကို ပျိုးထားကြတယ် ။ ရေကန်ထဲ ထည့်ထားကြတယ်ပေါ့ဗျာ ။ ရေဥစားချင်ရင် ရွှေတောင်ဈေးထဲမှာ နေ့တိုင်းလိုလို လာဝယ်လို့ ရနေပါပြီ ။ Crd
Zaw Gyi