“တချိန်က စည်ကားခေတ်မီခဲ့သော်လည်း နေထိုင်သူအားလုံး စွန့်ပစ်သွားခဲ့တဲ့ ဂျပန်ရှိ တစ္ဆေကျွန်း (သို့မဟုတ်) စစ်သင်္ဘောကျွန်း
Unicode
(၁၆)ဧက ကျယ်ဝန်းပြီး ပင်လယ်ရေအောက် ကျောက်မီးသွေးတွင်းတွေကြောင့် တစ်ချိန်က လူသိများခဲ့တဲ့ သမိုင်းဝင် ကျွန်းကလေးတစ်ကျွန်း ပင်လယ်ထဲမှာ ရှိပါတယ်။
အဲဒီကျွန်းမှာ ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ရဲ့ အသိအမှတ်ပြုနေရာဖြစ်တဲ့ ကျောက်မီးသွေးတွင်းတွေ ရှိတဲ့အပြင် လူနေထိုင်လို့ရတဲ့ အထပ်မြင့်အဆောက်အဦတွေလည်း အများအပြားရှိပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီကျွန်းပေါ်မှာ လူတစ်ဦးတစ်ယောက်မျှ နေထိုင်ခြင်း မရှိတော့ဘဲ စွန့်ပစ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ဒီကျွန်းက ဘယ်မှာ ရှိတာလဲ။ လူတွေက ဘာကြောင့် စွန့်ခွာခဲ့ကြတာလဲဆိုတာ စိတ်ဝင်စားစရာပါ။
ကျွန်းပုံစံက စစ်သင်္ဘောနဲ့ တူတဲ့ ဒီကျွန်းကို မူရင်းအမည် 端島 (はしま) Hashima အပြင် 軍艦島 (ぐんかんじま) Gunkanjima လို့လည်း ခေါ်ဆိုကြပါတယ်။ဒီကျွန်းဟာ ဂျပန်နိုင်ငံ၊ နာဂါဆာကီစီရင်စုမှာ တည်ရှိပြီး နာဂါဆာကီမြို့နဲ့ ရေမိုင် ၈မိုင်ခန့် ကွာဝေးပါတယ်။
၁၈၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၁၈၉၀ ခုနှစ်မှာ Mitsubishi က ဝယ်ယူခဲ့ပါတယ်။သိပ်လှတဲ့ ဒီကျွန်းဟာ ကျောက်မီးသွေးတွင်းတွေကြောင့် လူသိများလာခဲ့ပြီး နေထိုင်သူ လူဦးရေလည်း များပြားလာခဲ့ပါတယ်။
ကျောင်း၊ ဆေးရုံနဲ့ စားသောက်ဆိုင်တွေ အများအပြား ရှိပြီး စည်ကားခေတ်မီတဲ့ ဒီကျွန်းဟာ ၁၉၅၉ ခုနှစ်မှာတော့ လူဦးရေ ၅,၂၅၉ နဲ့ လူနေအထူထပ်ဆုံး ဖြစ်ခဲ့ပါတယ်။
?
နောက်ပိုင်းမှာ ကျောက်မီးသွေးထွက်ရှိမှု လျော့နည်းလာခဲ့ပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ကျောက်မီးသွေးလုပ်ငန်းတွေအားလုံး ပိတ်သိမ်းခဲ့ပါတယ်။
၃လခန့်အကြာ၊ ဧပြီလမှာတော့ နေထိုင်သူအားလုံးက ကျွန်းကို စွန့်ခွာသွားခဲ့ကြတာကြောင့် ကာလကြာလာတဲ့အခါ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ ဒီကျွန်းဟာ တစ္ဆေကျွန်းသဖွယ် ဖြစ်ခဲ့ပါတယ်။
၁၈၉၀ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်အထိ ၈၄ နှစ်တာ ကာလအတွင်းမှာ ဒီကျွန်းကနေ ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၆ ဒသမ ၅ မီလျံအထိ တူးဖော်ရရှိခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်အလွန် ကာလတွေမှာတော့ သမိုင်းဝင် အပျက်အစီးတွေနဲ့ ဒီကျွန်းကို စိတ်ဝင်စားသူတွေ တဖြည်းဖြည်း များပြားလာခဲ့ပါတယ်။၂၀၀၉ ခုနှစ်၊ ဧပြီလမှာတော့ ဒီကျွန်းကို လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
မေဂျီစက်မှုတော်လှန်ရေးရဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တာကြောင့် ထိန်းသိမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။လှပပြီး သမိုင်းဝင်ဖြစ်တဲ့ ဒီကျွန်းကို ရုပ်ရှင်ရိုက်ကွင်းတည်နေရာအဖြစ် စိတ်ဝင်စားမှုတွေလည်း ရှိလာခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင် “SkyFall” အပါအဝင် နာမည်ကြီးရုပ်ရှင်တွေရဲ့ အချို့သော ဇာတ်ဝင်ခန်းတွေကိုလည်း ဒီကျွန်းမှာ ရိုက်ကူးခဲ့ကြပါတယ်။၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာတော့ ဒီကျွန်းရဲ့ ကျောက်မီးသွေးတွင်းတွေကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO က တရားဝင် အတည်ပြုသတ်မှတ်ခဲ့ပါတယ်။
ဒီလို အသိအမှတ်ပြုမှုကို ငြင်းဆန်ပြီး ကမ္ဘာ့အမွေအနှစ်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ဒုတိယကမ္ဘာစစ်အတွင်းကာလမှာ တောင်ကိုရီးယားလူမျိုးနဲ့ တရုတ်စစ်သုံ့ပန်းတွေဟာ ဒီကျွန်းရဲ့ ကျောက်မီးသွေးတွင်းတွေမှာ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး မတရား ခိုင်းစေခံခဲ့ရတာကြောင့်ပါ။
“Prison Island” , “Hell Island” လို့ ဆိုရလောက်တဲ့အထိပါ။ ဒါကြောင့် အဓမ္မ ခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားလူမျိုးတွေက ဒီနေရာကို ကမ္ဘာ့အမွေအနှစ်အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဒီကျွန်းရဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံပြီး The Battleship Island ဆိုတဲ့ အမည်နဲ့ တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားလည်း ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။
?
အဲဒီဇာတ်ကားကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြသနိုင်ခဲ့ပြီး တောင်ကိုရီးယား ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ ဝင်ငွေအများဆုံး စံချိန်တင်နိုင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း JCGV , မြရတနာ စတဲ့ ရုပ်ရှင်ရုံတွေမှာ ၂၀၁၇ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့ပါတယ်။
တစ်ချိန်မှာ ဂျပန်ရောက်တဲ့အခါ ဒီလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ သမိုင်းဝင် စစ်သင်္ဘောကျွန်းလေးကိုလည်း သွားရောက်လေ့လာလည်ပတ်ဖို့ မမေ့ပါနဲ့နော်။
မူရင်း 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗯𝘆 𝗦𝘂 – 𝗝𝗕𝗦 ရေးသားထားသည်ကို လေးစားစွာ ခရက်ဒစ်ပေး၍ ပြန်လည်မျှဝေပါသည်။ ဂျပန်အလုပ်အကိုင်နှင့် ပတ်သတ်၍ သိလိုပါက မူရင်း Page (𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗯𝘆 𝗦𝘂 – 𝗝𝗕𝗦) ကိုလည် Like & Follow ပြုလုပ်ပေးထားကြပါခင်ဗျာ။
Zaw Gyi
(၁၆)ဧက က်ယ္ဝန္းၿပီး ပင္လယ္ေရေအာက္ ေက်ာက္မီးေသြးတြင္းေတြေၾကာင့္ တစ္ခ်ိန္က လူသိမ်ားခဲ့တဲ့ သမိုင္းဝင္ ကြၽန္းကေလးတစ္ကြၽန္း ပင္လယ္ထဲမွာ ရွိပါတယ္။
အဲဒီကြၽန္းမွာ ကမာၻ႔အေမြအႏွစ္အျဖစ္ UNESCO ရဲ႕ အသိအမွတ္ျပဳေနရာျဖစ္တဲ့ ေက်ာက္မီးေသြးတြင္းေတြ ရွိတဲ့အျပင္ လူေနထိုင္လို႔ရတဲ့ အထပ္ျမင့္အေဆာက္အဦေတြလည္း အမ်ားအျပားရွိပါတယ္။
ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ဒီကြၽန္းေပၚမွာ လူတစ္ဦးတစ္ေယာက္မွ် ေနထိုင္ျခင္း မရွိေတာ့ဘဲ စြန႔္ပစ္ခံခဲ့ရၿပီး ျဖစ္ပါတယ္။ဒီကြၽန္းက ဘယ္မွာ ရွိတာလဲ။ လူေတြက ဘာေၾကာင့္ စြန႔္ခြာခဲ့ၾကတာလဲဆိုတာ စိတ္ဝင္စားစရာပါ။
ကြၽန္းပုံစံက စစ္သေဘၤာနဲ႔ တူတဲ့ ဒီကြၽန္းကို မူရင္းအမည္ 端島 (はしま) Hashima အျပင္ 軍艦島 (ぐんかんじま) Gunkanjima လို႔လည္း ေခၚဆိုၾကပါတယ္။ဒီကြၽန္းဟာ ဂ်ပန္ႏိုင္ငံ၊ နာဂါဆာကီစီရင္စုမွာ တည္ရွိၿပီး နာဂါဆာကီၿမိဳ႕နဲ႔ ေရမိုင္ ၈မိုင္ခန႔္ ကြာေဝးပါတယ္။
၁၈၈၇ ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ၁၈၉၀ ခုႏွစ္မွာ Mitsubishi က ဝယ္ယူခဲ့ပါတယ္။သိပ္လွတဲ့ ဒီကြၽန္းဟာ ေက်ာက္မီးေသြးတြင္းေတြေၾကာင့္ လူသိမ်ားလာခဲ့ၿပီး ေနထိုင္သူ လူဦးေရလည္း မ်ားျပားလာခဲ့ပါတယ္။
ေက်ာင္း၊ ေဆး႐ုံနဲ႔ စားေသာက္ဆိုင္ေတြ အမ်ားအျပား ရွိၿပီး စည္ကားေခတ္မီတဲ့ ဒီကြၽန္းဟာ ၁၉၅၉ ခုႏွစ္မွာေတာ့ လူဦးေရ ၅,၂၅၉ နဲ႔ လူေနအထူထပ္ဆုံး ျဖစ္ခဲ့ပါတယ္။
?
ေနာက္ပိုင္းမွာ ေက်ာက္မီးေသြးထြက္ရွိမႈ ေလ်ာ့နည္းလာခဲ့ၿပီး ၁၉၇၄ ခုႏွစ္၊ ဇန္နဝါရီလမွာေတာ့ ေက်ာက္မီးေသြးလုပ္ငန္းေတြအားလုံး ပိတ္သိမ္းခဲ့ပါတယ္။
၃လခန႔္အၾကာ၊ ဧၿပီလမွာေတာ့ ေနထိုင္သူအားလုံးက ကြၽန္းကို စြန႔္ခြာသြားခဲ့ၾကတာေၾကာင့္ ကာလၾကာလာတဲ့အခါ ၿပိဳက်ပ်က္စီးေနတဲ့ အေဆာက္အဦေတြနဲ႔ ဒီကြၽန္းဟာ တေစၦကြၽန္းသဖြယ္ ျဖစ္ခဲ့ပါတယ္။
၁၈၉၀ ခုႏွစ္ကေန ၁၉၇၄ ခုႏွစ္အထိ ၈၄ ႏွစ္တာ ကာလအတြင္းမွာ ဒီကြၽန္းကေန ေက်ာက္မီးေသြးတန္ခ်ိန္ေပါင္း ၁၆ ဒသမ ၅ မီလ်ံအထိ တူးေဖာ္ရရွိခဲ့ပါတယ္။
၂၀၀၀ ျပည့္ႏွစ္အလြန္ ကာလေတြမွာေတာ့ သမိုင္းဝင္ အပ်က္အစီးေတြနဲ႔ ဒီကြၽန္းကို စိတ္ဝင္စားသူေတြ တျဖည္းျဖည္း မ်ားျပားလာခဲ့ပါတယ္။၂၀၀၉ ခုႏွစ္၊ ဧၿပီလမွာေတာ့ ဒီကြၽန္းကို လာေရာက္လည္ပတ္လိုတဲ့ ခရီးသြားေတြအတြက္ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။
ေမဂ်ီစက္မႈေတာ္လွန္ေရးရဲ႕ သမိုင္းဝင္ေနရာတစ္ခုျဖစ္တာေၾကာင့္ ထိန္းသိမ္းမႈေတြလည္း လုပ္ေဆာင္ခဲ့ပါတယ္။လွပၿပီး သမိုင္းဝင္ျဖစ္တဲ့ ဒီကြၽန္းကို ႐ုပ္ရွင္႐ိုက္ကြင္းတည္ေနရာအျဖစ္ စိတ္ဝင္စားမႈေတြလည္း ရွိလာခဲ့ပါတယ္။
ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ “SkyFall” အပါအဝင္ နာမည္ႀကီး႐ုပ္ရွင္ေတြရဲ႕ အခ်ိဳ႕ေသာ ဇာတ္ဝင္ခန္းေတြကိုလည္း ဒီကြၽန္းမွာ ႐ိုက္ကူးခဲ့ၾကပါတယ္။၂၀၁၅ ခုႏွစ္၊ ဇူလိုင္လမွာေတာ့ ဒီကြၽန္းရဲ႕ ေက်ာက္မီးေသြးတြင္းေတြကို ကမာၻ႔အေမြအႏွစ္အျဖစ္ UNESCO က တရားဝင္ အတည္ျပဳသတ္မွတ္ခဲ့ပါတယ္။
ဒီလို အသိအမွတ္ျပဳမႈကို ျငင္းဆန္ၿပီး ကမာၻ႔အေမြအႏွစ္အျဖစ္ကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာလည္း ရွိပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ဒုတိယကမာၻစစ္အတြင္းကာလမွာ ေတာင္ကိုရီးယားလူမ်ိဳးနဲ႔ တ႐ုတ္စစ္သုံ႔ပန္းေတြဟာ ဒီကြၽန္းရဲ႕ ေက်ာက္မီးေသြးတြင္းေတြမွာ လူမဆန္စြာ ညႇဥ္းပန္းႏွိပ္စက္ၿပီး မတရား ခိုင္းေစခံခဲ့ရတာေၾကာင့္ပါ။
“Prison Island” , “Hell Island” လို႔ ဆိုရေလာက္တဲ့အထိပါ။ ဒါေၾကာင့္ အဓမၼ ခိုင္းေစခံခဲ့ရတဲ့ ေတာင္ကိုရီးယားလူမ်ိဳးေတြက ဒီေနရာကို ကမာၻ႔အေမြအႏွစ္အျဖစ္ကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။
ဒီကြၽန္းရဲ႕ ျဖစ္ရပ္မွန္ေတြကို အေျခခံၿပီး The Battleship Island ဆိုတဲ့ အမည္နဲ႔ ေတာင္ကိုရီးယား႐ုပ္ရွင္ဇာတ္ကားလည္း ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။
?
အဲဒီဇာတ္ကားကို ကမာၻ႔ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္မွာ ျပသႏိုင္ခဲ့ၿပီး ေတာင္ကိုရီးယား ႐ုပ္ရွင္သမိုင္းတစ္ေလွ်ာက္မွာ ဝင္ေငြအမ်ားဆုံး စံခ်ိန္တင္ႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာလည္း JCGV , ျမရတနာ စတဲ့ ႐ုပ္ရွင္႐ုံေတြမွာ ၂၀၁၇ ခုႏွစ္အတြင္းက ႐ုံတင္ျပသခဲ့ၿပီး ပရိသတ္အားေပးမႈ အမ်ားအျပား ရရွိခဲ့ပါတယ္။
တစ္ခ်ိန္မွာ ဂ်ပန္ေရာက္တဲ့အခါ ဒီလို စိတ္ဝင္စားစရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ သမိုင္းဝင္ စစ္သေဘၤာကြၽန္းေလးကိုလည္း သြားေရာက္ေလ့လာလည္ပတ္ဖို႔ မေမ့ပါနဲ႔ေနာ္။
မူရင္း 𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗯𝘆 𝗦𝘂 – 𝗝𝗕𝗦 ေရးသားထားသည္ကို ေလးစားစြာ ခရက္ဒစ္ေပး၍ ျပန္လည္မွ်ေဝပါသည္။ ဂ်ပန္အလုပ္အကိုင္ႏွင့္ ပတ္သတ္၍ သိလိုပါက မူရင္း Page (𝗝𝗮𝗽𝗮𝗻𝗲𝘀𝗲 𝗯𝘆 𝗦𝘂 – 𝗝𝗕𝗦) ကိုလည္ Like & Follow ျပဳလုပ္ေပးထားၾကပါခင္ဗ်ာ။