ဒူးရင္္းသီး ႀကိဳက္တက္ရင္ ဒါေတြသိထားပါ

Zaw Gyi

အသြားမေတာ္တစ္လွွမ္း အစားမေတာ္တစ္လုုတ္’ ဆုိတဲ့စကားပုံဟာ အစားအေသာက္ စားသံုုးရာမွာ အခန္႔မသင့္ရင္ ဒုုကၡေရာက္တတ္တာကိုုိေဖာ္ျပေနတာပဲျဖစ္ပါတယ္။

အခုုအခ်ိန္မွာ ရာသီစာျဖစ္တဲ့ ဒူးရင္းသီးဟာ အစားမတတ္ရင္ေဘးျဖစ္တတ္ပါတယ္။

ဒူးရင္္းသီးဆုိတာက အသီးတကာတိုု႕ရဲ႕ဘုုရင္လိုု႔တင္စားရေလာက္ေအာင္ အနံ႔အရသာ ျပည့္စံုုရုုံမွ်မက အားအင္ျဖစ္ေစႏိိုုင္ေသာ သစ္သီးတစ္မိ်ဳးလည္းျဖစ္ပါတယ္။

ဒူးရင္းသီးဟာ ျမန္မာႏိုုင္ငံတြင္သာမက ထိုုင္းႏိုုင္ငံ၊မေလးရွားႏိုုင္ငံ တိုု႔မွေနၿပီးအမ်ားဆံုုးထြက္ရွိကာ လူႀကိဳက္မ်ားေသာ သစ္သီးလည္းျဖစ္ပါတယ္။

ဒူးရင္္းသီးဟာ စားတတ္ရင္အားအင္ျဖစ္ထြန္းသလိုု မစားတတ္ရင္ ေျမြထက္ေတာင္ အဆိိပ္ျပင္းတဲ့ အသီးလိုု႔လည္းေျပာလိုု႔ရပါတယ္။

ဒူးရင္းသီးကိုုိ စားသံုုးၿပီး ၈-နာရီအတြင္း ႏိုု႔ထြက္အစားအေသာက္မ်ားကိုု မစားသံုုးဖိုု႔ တိုုိက္တြန္းထားပါတယ္။

ထိုု႔အျပင္္ ဒူးရင္းသီးႏွင့္အတူ တြဲဖက္မစားသင့္တဲ့ အစားအေသာက္မ်ားကေတာ့ အရက္၊ ကိုုိကာကိုုလာ ႏွင့္ လိုုင္ခ်ီးသီးမ်ားျဖစ္ၿပီး စားသံုုးမိပါက အသက္အႏၲရာယ္ျဖစ္ေစႏိုုင္တယ္ လုုိ႔ဆိုုပါတယ္။

ဘာေၾကာင့္ဒီလိုုျဖစ္ရတာလဲ?ဗဟုသုတ ရေအာင္ေဖာ္ျပေပးလုိက္ပါတယ္။

၁။ ဒူးရင္းသီးႏွင့္အရက္တြဲဖက္မစားသံုုးသင့္ပါဘူး။ ဘာလိုု႔လည္းဆိုုေတာ့ ႏွစ္ခုုစလံုုး အပူစာေတြျဖစ္တာေၾကာင့္္

သာမန္လူမ်ားသာမက ေသြးတိုုးႏွင့္ ဆီးခ်ိဳရွိသူမ်ားဆိုုရင္ ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္း၊

နွလံုုးေသြးေၾကာေပါက္ျခင္း၊ ေသြးေၾကာမ်ားရုုတ္တရက္ ေပါက္ျခင္း နွင့္ ေလျဖတ္ႏိုုင္ျခင္းတုုိ႔ေၾကာင့္ တြဲဖက္စားသံုုးျခင္း မျပဳဖိုု႔တိုုက္တြန္း လိုုပါတယ္။

၂။ အပူမ်ားတဲ့ခႏၶာကိုုယ္အဖြဲ႔အစည္းရွိသူမ်ား၊ လည္ေခ်ာင္းနာေခ်ာင္္းဆိုုးသူမ်ား၊ ဖ်ားနာသူမ်ား၊ ေလျပြန္ေရာင္ေရာဂါရွိသူမ်ားအေနျဖင့္ ဒူးရင္းသီးစားသံုုးပါက ေရာဂါ အေျခအေန ပိုုမိုုဆိုုးရြားတတ္တာေၾကာင့္ မစားသံုုးသင့္ပါဘူး။

၃။ ဒူးရင္းသီးစားသံုုးျခင္းဟာ အပူမ်ားတတ္ျခင္းေၾကာင့္္ ဒူးရင္းသီးစားၿပီးပါက ပဲစိမ္းသာကူက်ဴိ ကိုု ၀မ္းေအးေစေရန္ေသာက္သံုုးေပးသင့္ပါတယ္။

၄။ ဒူးရင္းသီးမွာ အပူဓာတ္ႏွင့္ သၾကားဓာတ္ႀကြယ္၀စြာပါ၀င္တာမိုု႔ အ၀လြန္ေရာဂါရွိသူမ်ား ႏွင့္ ကိုုယ္အေလးခ်ိန္မ်ားသူမ်ား စားသံုုးရန္မသင့္ပါဘူး။

၅။ ပိုုတက္စီယမ္ဓာတ္အလြန္ျမင့္မားစြာပါ၀င္တာေၾကာင့္ နာတာရွည္ ေက်ာက္ကပ္ မေကာင္းသူမ်ား ႏွင့္ ႏွလံုုးေရာဂါရွိသူမ်ားအတြက္ မသင့္ေလ်ာ္ပါဘူး။

၆။ ဒူးရင္းသီးကိုုတစ္ႀကိမ္စားတိုုင္း အမ်ားအျပားမစားသံုုးသင့္သည့္အျပင္ ဒူရင္းသီးအနံ႔မွာ အရက္န႔ံထြက္ေနၿပီဆိုုရင္လည္း စားသံုုးဖိုု႔မသင့္ေတာ့ပါဘူး။

၇။ ဒူးရင္းသီးထိိပ္ပြင့္ေနရင္ အၾကာႀကီးထားရန္မသင့္သည့္အျပင္ အနံ႔လည္း ေျပာင္းလဲေတာ့မွာျဖစ္တာေၾကာင့္ မ၀ယ္ယူသင့္ပါဘူး။

၈။ ဒူးရင္္းသီး စားသံုုးၿပီးခ်ိန္မွာ ေရအေျမာက္အမ်ားေသာက္သံုုးေပးသင့္ပါတယ္။

ဒူးရင္းသီးအတြင္း အာဟာရဓာတ္အလြန္ၾကြယ္၀စြာပါ၀င္တာေၾကာင့္ အေျမာက္အမ်ား စားသံုုးျခင္းဟာ ခႏၶာကိုုယ္ကိုုဒုုကၡျဖစ္ေစရုုံသာမက ၀မ္းခ်ဳပ္ႏိုုင္တာေၾကာင့္ ထိန္းသိမ္း စားသံုုးသင့္ပါတယ္။

ဒူးရင္းသီးအေျမာက္အမ်ားစားသံုုးမိပါက မင္းကြတ္သီးစားသံုုးေပးျခင္းျဖင့္ အပူဓာတ္ကိုုေလ်ာ့ခ်ေပးႏိုုင္ပါတယ္။

ဒါေၾကာင့္ ဒုူးရင္းသီး ႀကိဳက္ႏွွစ္သက္ၾကေသာ မိတ္ေဆြမ်ားအေနနဲ႔ ဆင္ျခင္စားေသာက္ႏိုုိင္ဖုိ႔ အႏၲရာယ္ကင္းေစျခင္းအက်္ိဳးငွာ ျပန္လည္မ်ွေဝေပးလိုုက္ပါတယ္။

ခရစ္ဒစ္

Unicode

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင် ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူးရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။

ဒူးရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူးရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။

ဒူးရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။

ထို့အပြင် ဒူးရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?ဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူးရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့်

သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။

၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူးရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူးရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူးရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူ ကို ဝမ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။

၄။ ဒူးရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။

၆။ ဒူးရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူးရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူသင့်ပါဘူး။

၈။ ဒူးရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။

ဒူးရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။

ဒူးရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေးခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒုူးရင်းသီး ကြိုက်နှစ်သက်ကြသော မိတ်ဆွေများအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျိုးငှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခရစ်ဒစ်