ပိုက်ဆံကြောင့် ရန်မဖြစ်တတ်တဲ့သူမကို အခွင့်ကောင်းယူအသုံးချတာကိုစိတ်မကောင်းဖြစ်နေတဲ့ ဖွေးဖွေး
ယူနီကုဒ်​ဖြင့်​ ဖတ်​ရန်
နိုင်ငံကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးက နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အလျောက် ကုန်ပစ္စည်းပေါင်းများစွာရဲ့ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးက လုပ်ငန်းပေါင်းများစွာနဲ့အတူတူ အလုပ်တွဲလုပ်ခဲ့ပြီး
နာမည်ကြီး ရုပ်သံကုမ္ပဏီတစ်ခုနဲ့ ပက်သတ်ပြီးတော့ ပြဿနာရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးက ထိုရုပ်သံလိုင်းနဲ့ သုံးနှစ်အလုပ်လုပ်ဖို့ စာချုပ်ချုပ်ထားပေမယ့် နှစ်နှစ်မှာတင် သူကို အဆက်အသွယ်ဖြတ်သွားခဲ့ပြီး ရသင့်ရထိုက်တဲ့ အနုပညာကြေးတွေမရရှိခဲ့လိုက်ပါဘူး။
ထိုကိစ္စနဲ့ ပက်သတ်ပြီး ဖွေးဖွေးက သူမအတွက်ရော ပြည်သူတွေကိုပါ နစ်နာအောင် လုပ်ခဲ့တဲ့ ရုပ်သံလိုင်းဟာ ပြင်ပမှာတော့ အကောင့်ငွေဖြည့်ကဒ်တွေရောင်းချနေသေးတဲ့အတွက် အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
ဖွေးဖွေးက ” မြန်မာပြည်က လူတွေကို အကြွေးမပေးပဲ
ဒေဝါလီခံသလိုလိုလုပ်ပြီးအဲ့လို ယဆက်ရောင်းလို့ရလားရှင် Iflix ကျွန်မနှလုံးသားပိုက်ဆံ ကြောင့်ရန်မဖြစ်ချင်တာကို သူတို့အခွင့်ကောင်းယူတတ်တယ်ရှင်” ဆိုပြီးရင်ဖွင့်လာပါတယ်၊ ဖွေးဖွေးကတော့ ထိုရုပ်သံလိုင်းကုမ္ပဏီဆီက
တစ်နှစ်စာ ပိုက်ဆံအကြွေးရစရာရှိနေတာဖြစ်ပြီး ကြီးကြီးကျယ်ကျယ် ဘာမှမတုံ့ပြန်တာကို အခွင့်ကောင်းယူတတ်သူတွေကြောင့် ဝမ်းနည်းနေရတာပဲ ဖြစ်ပါတယ်။
အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရက်ဒစ်