မင္းကြတ္သီးႏွင့္သၾကား မတည့္ဟူေသာ အယူအဆမွာ အမွား
Zaw Gyi
မင္းကြတ္သီးစားရန္ အသင့္ေတာ္ဆုံးအခ်ိန္
မင္းကြတ္သီးကို အပင္မွခူးၿပီး (၁၀) ရက္ၾကာလၽွင္စားပါက အေကာင္းဆုံးျဖစ္သည္။
ထိုအခ်ိန္တြင္ အခြံမွာ အနည္းငယ္ေပ်ာ့ေနသည့္အတြက္ ခြဲရလြယ္ကူၿပီး
အသားကလည္း အျဖဴေရာင္၊ နို႔ႏွစ္ေရာင္ရွိေသာေၾကာင့္ အရသာအေကာင္းဆုံး ျဖစ္ပါသည္။
ယင္းထက္ေနာက္က်ပါက အခြံပိုေပ်ာ့လာၿပီး အတြင္းအသားကလည္း အျဖဴေရာင္မွ
အၾကည္ေရာင္သန္းသြားၿပီး စားလို႔မေကာင္းေတာ့ေပ။
ထို႔အျပင္ ယင္းမွာပါဝင္သည့္ အာဟာရဓာတ္မ်ားလည္း ေလ်ာ့နည္းသြားေသာေၾကာင့္
ၾကာေလ စားရန္မသင့္ေတာ့ေလ ျဖစ္သည္။
မင္းကြတ္သီးႏွင့္ သၾကားတည့္/မတည့္
မင္းကြတ္သီးတြင္ ပါဝင္ေသာ ေဆးဖက္ဝင္ဓာတ္ပစၥည္းမ်ားအနက္ ၂၀% သည္
ကာဘိုဟိုက္ၿဒိတ္ဟုေခၚသည့္ သၾကားဓာတ္မ်ား ျဖစ္ပါသည္။
မင္းကြတ္သီးေဖ်ာ္ရည္ျပဳလုပ္လၽွင္ အခါးဓာတ္ကိုထိန္းရန္ သၾကား သို႔မဟုတ္
ပ်ားရည္ ထည့္ေဖ်ာ္ေလ့ရွိသည္။
ထို႔ေၾကာင့္ မင္းကြတ္သီးသည္ သၾကားႏွင့္မတည့္ဟူေသာ အယူအဆမွာ အမွားတစ္ခုျဖစ္ပါသည္။Credit
Dr. Khin Maung Lwin
Unicode
မင်းကွတ်သီးစားရန် အသင့်တော်ဆုံးအချိန်
မင်းကွတ်သီးကို အပင်မှခူးပြီး (၁၀) ရက်ကြာလျှင်စားပါက အကောင်းဆုံးဖြစ်သည်။
ထိုအချိန်တွင် အခွံမှာ အနည်းငယ်ပျော့နေသည့်အတွက် ခွဲရလွယ်ကူပြီး
အသားကလည်း အဖြူရောင်၊ နို့နှစ်ရောင်ရှိသောကြောင့် အရသာအကောင်းဆုံး ဖြစ်ပါသည်။
ယင်းထက်နောက်ကျပါက အခွံပိုပျော့လာပြီး အတွင်းအသားကလည်း အဖြူရောင်မှ
အကြည်ရောင်သန်းသွားပြီး စားလို့မကောင်းတော့ပေ။
ထို့အပြင် ယင်းမှာပါဝင်သည့် အာဟာရဓာတ်များလည်း လျော့နည်းသွားသောကြောင့်
ကြာလေ စားရန်မသင့်တော့လေ ဖြစ်သည်။
မင်းကွတ်သီးနှင့် သကြားတည့်/မတည့်
မင်းကွတ်သီးတွင် ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများအနက် ၂၀% သည်
ကာဘိုဟိုက်ဒြိတ်ဟုခေါ်သည့် သကြားဓာတ်များ ဖြစ်ပါသည်။
မင်းကွတ်သီးဖျော်ရည်ပြုလုပ်လျှင် အခါးဓာတ်ကိုထိန်းရန် သကြား သို့မဟုတ်
ပျားရည် ထည့်ဖျော်လေ့ရှိသည်။
ထို့ကြောင့် မင်းကွတ်သီးသည် သကြားနှင့်မတည့်ဟူသော အယူအဆမှာ အမှားတစ်ခုဖြစ်ပါသည်။Credit
Dr. Khin Maung Lwin