အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္(တစ္နာရီလၽွင္ (၉၅)မိုင္ႏွုန္းျဖင္႔)ႏွင့္ ပတ္သက္ျပီး အသိေပးႏွိုးေဆာ္ခ်က္
Zaw Gyi
အားအလြြန္ေကာင္းေသာဆိုိင္ကလုန္းမုန္တိုင္းသတင္း(၂၀၂၀ ျပည့္ႏွစ္၊ ေမလ ၁၈ ရက္)
(ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္္)
အားအလြန္ေကာင္းေသာဆိုိင္ကလုန္းမုန္တိုင္း( Very Severe Cyclonic Storm)အေျခအေန
၁။ (က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ
ဘဂၤလားပင္လယ္ ေအာ္ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN)သည္ ေျမာက္-အေရွ႕ေျမာက္ ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊
ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ ရွိေသာ ဘဂၤလားပင္လယ္ေအာ္အလယ္ပိုင္းသို႔ ေရာက္ရွိခဲ့ပါသည္။
အဆိုပါ အားအလြန္ ေကာင္းေသာ ဆိုိင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) သည္ အိႏၵိယနိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (Paradip) (ဩရိႆ-Odisha) ၏ ေတာင္ဘက္ ေရမိုင္ (၄၄၀)မိုင္ခန႔္၊ ဒီဂါၿမိဳ႕(Digha)၏
ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၃၀)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္နိုင္ငံ၊
ကမ္ပူပါရာၿမိဳ႕ (Khepupara)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၅၉၀)မိုင္ခန႔္၊ ျမန္မာနိုင္ငံ၊ ကိုကိုးကၽြန္းၿမိဳ႕(Coco Island) ၏
အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ (၄၁၀)မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕ (Pathein)၏
အေနာက္ေတာင္ဘက္ ေရမိုင္ (၅၄၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။
(ခ) အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုိင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN)၏ လက္ရွိအေျခအေနမွာ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားမည့္ အေျခအေနမရွိ ေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။
အားအလြန္ေကာင္းေသာဆိုိင္ကလုန္းမုန္တိုင္း( Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) ၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏွုန္း
၂။ အဆိုပါအားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) သည္ ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၂.၉)ဒီဂရီႏွင့္
အေရွ႕ေလာင္ဂ်ီက်ဳ (၈၆.၄)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၆၅)ဟက္တိုပါစကယ္ႏွင့္
အျမင့္ဆုံး ေလတိုက္ႏွုန္းမွာ တစ္နာရီလၽွင္ (၉၅)မိုင္ႏွုန္း ျဖစ္ပါသည္။
ေနာက္(၇၂)နာရီအတြင္းခန္႔မွန္းခ်က္
၃။ အဆိုပါ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) သည္ ေနာက္(၆)နာရီအတြင္း အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Extremely Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) အျဖစ္သို႔ ေရာက္ရွိနိုင္ၿပီး၊ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေကြ႕ကာ၊
အိႏၵိယနိုင္ငံ၊ အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ ကမ္းေျခေဒသမ်ားကို ျဖတ္ေက်ာ္ဝင္ေရာက္နိုင္သည္ဟု ခန႔္မွန္းရပါသည္။
မိုးရြာသြန္းမွုအေျခအေနခန႔္မွန္းခ်က္္
၄။ အဆိုပါ အားအလြန္ေကာင္းေသာ ဆိုိင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm)
အမ္ဖန္ (AMPHAN) ၏ အရွိန္ေၾကာင့္ (၁၈.၅.၂၀၂၀)မွ (၂၁.၅.၂၀၂၀)ရက္ေန႔အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊
မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္ တိုင္းေဒသႀကီး၊
ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊
ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း ရြာနိုင္ပါသည္။
ျမန္မာ့ပင္လယ္ျပင္အေျခအေနခန႔္မွန္းခ်က္္
၅။ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ
မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။
လွိုင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၂)ေပခန္႔ရွိနိုင္ပါ သည္။
မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္
တစ္ခါတစ္ရံ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး လွိုင္းအသင့္အတင့္မွ လွိုင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၃၅)မိုင္မွ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။
လွိုင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္
ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀)ေပခန္႔ရွိနိင္ပါသည္။
အသိေပးႏွိုးေဆာ္ခ်က္
မုန္တိုင္းေၾကာင့္ မုန္တိုင္းဒီေရတက္ျခင္းတို႔ကို ၾကဳံေတြ႕ရနိုင္သည့္အတြက္
ေအာက္ေဖာ္ျပပါအခ်က္မ်ားကို သတိျပဳလိုက္နာ ေဆာင္ရြက္နိုင္ပါရန္
လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက အႀကံျပဳအပ္ပါသည္-
(၁) ကမ္းေျခမ်ားအနီး ေနထိုင္သူမ်ား၊ အလုပ္လုပ္ကိုင္ေနသူမ်ား၊
ပင္လယ္ျပင္တြင္ ငါးဖမ္းလုပ္ငန္း လုပ္ကိုင္ေနသူမ်ား မုန္တိုင္းသတင္းကို စဥ္ဆက္မျပတ္ နားေထာင္၊ ေလ့လာ၍ လိုအပ္ပါက ႀကိဳတင္ တိမ္းေရွာင္ပါ။
(၂) ေနအိမ္အေဆာက္အဦမ်ား၏ ႀကံ့ခိုင္မႈကိုစစ္ေဆး၍ ေလဒဏ္၊ မိုးဒဏ္ခံနိုင္ေစရန္ ျပဳျပင္ေဆာင္ရြက္ ပါ။
အိမ္ေပၚသို႔ က်ိဳးက်နိုင္ေသာ သစ္ပင္၊ သစ္ကိုင္းမ်ားကို ခုတ္ထြင္ ရွင္းလင္းထားပါ။
(၃) အေရးေပၚအသုံးျပဳနိုင္ရန္ လက္ႏွိပ္ဓါတ္မီး၊ ဖေယာင္းတိုင္၊ မီးျခစ္မ်ား အရံသင့္ ေဆာင္ထားပါ။
လက္ကိုင္ဖုန္းမ်ားကို အားသြင္းထားပါ။
(၄) ေလျပင္းတိုက္ခတ္ခ်ိန္ႏွင့္ မိုးသည္းထန္စြာရြာသြန္းခ်ိန္တို႔တြင္ သစ္ပင္၊ သစ္ကိုင္းမ်ား၊ လၽွပ္စစ္မီး တိုင္မ်ား၊ တယ္လီဖုန္းတိုင္မ်ား က်ိဳးက်နိုင္ျခင္း၊ လဲၿပိဳနိုင္ျခင္း၊ ေလျပင္းႏွင့္အတူ လြင့္ပါလာသည့္ သြပ္ႏွင့္
အျခားအရာဝတၱဳမ်ားေၾကာင့္ ထိခိုက္နိုင္ျခင္း၊မိုးႀကိဳးပစ္ျခင္းမ်ား ျဖစ္ပြားနိုင္သျဖင့္
တတ္နိုင္ပါက အေဆာက္အဦအျပင္ဘက္သို႔ မထြက္ပါႏွင့္။ ဖုန္းမ်ားအသုံးမျပဳပါႏွင့္။ လၽွပ္စစ္ပစၥည္း မ်ား အသုံးမျပဳပါႏွင့္။
(၅) ေလတိုက္ႏႈန္း တစ္နာရီ မိုင္ (၅၀၊ ၆၀)ခန႔္သည္ တဲအိမ္ငယ္မ်ား ၿပိဳလဲနိုင္ျခင္း၊
ေနအိမ္မ်ား အမိုး၊ အကာလန္ျခင္းမ်ားလည္းျဖစ္ပြားနိုင္သျဖင့္မိမိအိမ္သည္ေလျပင္းဒဏ္ ခံနိုင္ရည္ အားနည္းသည္ဟု ယူဆပါကခိုင္ခံသည့္
နီးစပ္ရာ အိမ္မ်ား အေဆာက္အဉီမ်ားသို႔ႀကိဳတင္ေရႊ႕ေျပာင္းေနထိုင္ပါ။
(၆) အႏၲရာယ္ရွိသည့္ျမစ္ေခ်ာင္းမ်ားအနီး၊ ေတာင္က်ေခ်ာင္းမ်ားအနီးႏွင့္
ေျမၿပိဳမႈမ်ားျဖစ္ ေပၚနိုင္သည့္ ေနရာမ်ားတြင္ေနထိုင္သူမ်ား အထူးသတိျပေနထိုင္ပါ။ လိုအပ္ပါက ေခတၱေရွာင္ရွားေနထိုင္ပါ။
(၇) မိုးသည္းထန္စြာရြာသြန္းရာမွ လၽွပ္တျပက္ေရႀကီးျခင္းမ်ား ျဖစ္ေပၚနိုင္ၿပီး
လၽွပ္တျပက္ ေရႀကီးျခင္း သည္ ေရွာင္တိမ္းရန္ အခ်ိန္အလြန္နည္းပါသည္။ ညအခ်ိန္မ်ားတြင္ ပိုမို ဂ႐ုျပဳ ေနထိုင္ပါ။
(၈) မိုးထစ္ခ်ဳန္းရြာသြန္းေနခ်ိန္ ေတာင္က်ေခ်ာင္းမ်ားအတြင္းေမာ္ေတာ္ကား၊ ေမာ္ေတာ္ဆိုင္ကယ္၊ ႏြားလွည္းမ်ား၊
လူမ်ား မျဖတ္သန္းပါႏွင့္။ ႐ုတ္တရက္ ေရမ်ားအရွိန္ျဖင့္ စီးဆင္းလာနိုင္ၿပီးအႏၲရာယ္ရွိနိုင္ပါသည္။
(၉) ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းရြာသြန္းျခင္းမ်ားၿပီးစီး၍ အျပင္ထြက္ပါက လၽွပ္စစ္မီးႀကိဳး၊ လၽွပ္စစ္မီးတိုင္မ်ားႏွင့္ တတ္နိုင္သမၽွေဝးေဝးေနပါ။
ေႁမြႏွင့္ အဆိပ္ရွိေသာ တိရစၧာန္မ်ား၏အႏၲရာယ္ ကို သတိျပဳပါ။
(၁၀) မိမိတို႔ရပ္ရြာအတြင္း ေလျပင္းဒဏ္ခံနိုင္သည့္ နီးစပ္ရာအိမ္မ်ား၊ အေဆာက္အဉီမ်ားသို႔ ေရႊ႕ေျပာင္း ေနထိုင္သည္ျဖစ္ေစ၊
သတ္မွတ္ထားသည့္ ေဘးလြတ္ကင္းရာေနရာမ်ားသို႔ ေရႊ႕ေျပာင္းသည္ျဖစ္ေစ
C 0 V I D – 1 9ကူးစက္ေရာဂါဆိုင္ရာ လိုက္နာရမည့္ ညႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာပါ။
ျပည္သူလူထုအေနျဖင့္ ယခုျဖစ္ေပၚလ်က္ရွိေသာ မုန္တိုင္းႏွင့္ပတ္သက္၍ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဉီးစီးဌာနမွ
အခ်ိန္ႏွင့္တေျပးညီ ထုတ္ျပန္ေပးလ်က္ရွိသည့္ ထုတ္ျပန္ခ်က္ မ်ားကို စဥ္ဆက္မျပတ္
ဂ႐ုျပဳနားေထာင္ရန္လိုအပ္ၿပီး အေရးေပၚအခ်ိန္တြင္ သက္ဆိုင္ရာ
တာ၀န္ရွိ သူမ်ား၏ စီစဥ္ေဆာင္ရြက္မႈမ်ားအတိုင္း လိုက္နာေဆာင္ရြက္ျခင္းျဖင့္ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ ၾကပါရန္ႏွင့္
လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနတြင္ (၂၄)နာရီ ဖြင့္လွစ္ထားရွိေသာ
Hot-l i n e ဖုန္းမ်ားျဖစ္သည့္ ၀၆၇-၃၄၀၄၆၆၆ ႏွင့္ ၀၆၇-၃၄၀၄၇၇၇ တို႔သို႔ အခ်ိန္မေရြး ဆက္သြယ္သတင္းရယူ၊
အကူအညီေတာင္းခံနိုင္ပါေၾကာင္း အသိေပးႏွိုးေဆာ္အပ္ ပါသည္။
Credit
Unicode
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)
(မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm)အခြေအနေ
၁။ (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။
အဆိုပါ အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha) ၏ တောင်ဘက် ရေမိုင် (၄၄၀)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏
တောင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
ကမ်ပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၉၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island) ၏
အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏
အနောက်တောင်ဘက် ရေမိုင် (၅၄၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ သေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN) ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
၂။ အဆိုပါအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN) သည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၂.၉)ဒီဂရီနှင့်
အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၅)ဟက်တိုပါစကယ်နှင့်
အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၉၅)မိုင်နှုန်း ဖြစ်ပါသည်။
နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
၃။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN) သည် နောက်(၆)နာရီအတွင်း အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)
အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
၄။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm)
အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် (၁၈.၅.၂၀၂၀)မှ (၂၁.၅.၂၀၂၀)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်
၅။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ
မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ပါ သည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိင်ပါသည်။
အသိပေးနှိုးဆော်ချက်
မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်းတို့ကို ကြုံတွေ့ရနိုင်သည့်အတွက်
အောက်ဖော်ပြပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ပါရန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်-
(၁) ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊
ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊ လေ့လာ၍ လိုအပ်ပါက ကြိုတင် တိမ်းရှောင်ပါ။
(၂) နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေး၍ လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြုပြင်ဆောင်ရွက် ပါ။
အိမ်ပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းထားပါ။
(၃) အရေးပေါ်အသုံးပြုနိုင်ရန် လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့် ဆောင်ထားပါ။
လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
(၄) လေပြင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီး တိုင်များ၊ တယ်လီဖုန်းတိုင်များ ကျိုးကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့်အတူ လွင့်ပါလာသည့် သွပ်နှင့်
အခြားအရာဝတ္တုများကြောင့် ထိခိုက်နိုင်ခြင်း၊မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့်
တတ်နိုင်ပါက အဆောက်အဦအပြင်ဘက်သို့ မထွက်ပါနှင့်။ ဖုန်းများအသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်း များ အသုံးမပြုပါနှင့်။
(၅) လေတိုက်နှုန်း တစ်နာရီ မိုင် (၅၀၊ ၆၀)ခန့်သည် တဲအိမ်ငယ်များ ပြိုလဲနိုင်ခြင်း၊
နေအိမ်များ အမိုး၊ အကာလန်ခြင်းများလည်းဖြစ်ပွားနိုင်သဖြင့်မိမိအိမ်သည်လေပြင်းဒဏ် ခံနိုင်ရည် အားနည်းသည်ဟု ယူဆပါကခိုင်ခံသည့်
နီးစပ်ရာ အိမ်များ အဆောက်အဉီများသို့ကြိုတင်ရွှေ့ပြောင်းနေထိုင်ပါ။
(၆) အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့်
မြေပြိုမှုများဖြစ် ပေါ်နိုင်သည့် နေရာများတွင်နေထိုင်သူများ အထူးသတိပြနေထိုင်ပါ။ လိုအပ်ပါက ခေတ္တရှောင်ရှားနေထိုင်ပါ။
(၇) မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး
လျှပ်တပြက် ရေကြီးခြင်း သည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမို ဂရုပြု နေထိုင်ပါ။
(၈) မိုးထစ်ချုန်းရွာသွန်းနေချိန် တောင်ကျချောင်းများအတွင်းမော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ နွားလှည်းများ၊
လူများ မဖြတ်သန်းပါနှင့်။ ရုတ်တရက် ရေများအရှိန်ဖြင့် စီးဆင်းလာနိုင်ပြီးအန္တရာယ်ရှိနိုင်ပါသည်။
(၉) လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။
မြွေနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ၏အန္တရာယ် ကို သတိပြုပါ။
(၁၀) မိမိတို့ရပ်ရွာအတွင်း လေပြင်းဒဏ်ခံနိုင်သည့် နီးစပ်ရာအိမ်များ၊ အဆောက်အဉီများသို့ ရွှေ့ပြောင်း နေထိုင်သည်ဖြစ်စေ၊
သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ
C 0 V I D – 1 9ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။
ပြည်သူလူထုအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ
အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိသည့် ထုတ်ပြန်ချက် များကို စဉ်ဆက်မပြတ်
ဂရုပြုနားထောင်ရန်လိုအပ်ပြီး အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ
တာဝန်ရှိ သူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက် ကြပါရန်နှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသော
Hot-l i n e ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ်သတင်းရယူ၊
အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ် ပါသည်။
Credit