“ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ”
Zaw Gyi
၎။ ဖန်တီးနိုင်စွမ်းတွေ
၆။ လက်တွေ့လုပ်ဆောင်ပါ။
Credit
(ခ) ငယ်သေးတာပိုကောင်းတာပေါ့ ဒါမှမှားသွားရင် ပြန်စဖို့အချိန်ရှိမှာ
Unicode
၁။ လူအထင်ကြီးခံရအောင် မကြိုးစားပါနဲ့။
ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိနေဖို့သာ အရေးကြီးပါတယ်။
၂။ ရည်မှန်းချက် ကြီးကြီးထားပါ။
ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။
၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ယုံကြည်ထားပါ။
၄။ ဖန်တီးနိုင်စွမ်းတွေ
တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။
၅။ သင့်အတွက် အကျိုးရှိစေမယ့်
စာအုပ်ကောင်းတွေကို ရှာဖွေဖတ်ရှုပါ။
၆။ လက်တွေ့လုပ်ဆောင်ပါ။
အမှားတွေ လုပ်မိမှာကို မကြောက်ပါနဲ့။
၇။ ဥစ္စာပစ္စည်းတွေအပေါ် အရမ်းလောဘမကြီးပါနဲ့။ လောဘကြီးခြင်းဟာ ကျရှုံးခြင်းဆီကို ဦးတည်စေပါတယ်။
၈။ နားထောင်သူတစ်ယောက် ဖြစ်အောင်နေပါ။ သူများစကားပြောတာကို ကောင်းကောင်း နားထောင်ပေးခြင်းက သင့်အတွက် အကျိုးရှိစေပါတယ်။
၉။ အမှားတွေကနေ သင်ခန်းစာယူနိုင်အောင် ကြိုးစားပါ။
အရင်က ဘာကြောင့်ကျရှုံးခဲ့တယ်ဆိုတာ
ကိုလဲ သေချာသိအောင်လုပ်ပါ။
၁၀။ ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး၊ ဆွေးနွေးလုပ်ဆောင်တတ်အောင် ကြိုးစားပါ။
၁၁။ သိသမျှအကုန်လုံးကို အမြဲဖွင့်ပြောစရာမလိုပါဘူး။ တချို့အရာတွေက လျှို့ဝှက်ထားဖို့လိုပါတယ်။
၁၂။ တတ်ထားတဲ့ အသိပညာတွေကို အခြားသူတွေဆီ မျှဝေသင်ကြားပေးပါ။
အခြားသူကို မျှဝေရင်း ကိုယ်ကိုတိုင်လဲ ပြန်လည်လေ့လာပြီးသား ဖြစ်သွားပါတယ်။
၁၃။ တော်ပြီး၊ထက်မြတ်တဲ့ မိတ်ဆွေတွေကို ရှာဖွေပေါင်းသင်းပါ။
ပတ်ဝန်းကျင်ကောင်းဆိုတာ သင့်ဘဝကို တိုးတက်ပြောင်းလဲစေပါတယ်။
၁၄။ ကိုယ့်ကိုကိုယ် ချစ်ပါ။
ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကြည်လင်နေအောင် ကြိုးစားနေထိုင်ပါ။ မိသားစုကိုလဲ အချိန်ပေးပါ။
၁၅။ မကောင်းတဲ့ အလေ့အကျင့်တွေကို ဖယ်ရှားပါ။
အချိန်တွေ၊ငွေတွေ ဖြုံးတတ်တဲ့ အကျင့်ဆိုးတွေကို အခုကစပြီးရပ်တန့်လိုက်ပါ။
Credit
ကိုယ့်ရဲ့အနာဂတ်က ကိုယ့်ရဲ့အဖြေပေါ်မှာမူတည်ပါတယ်
(က) ငါကငယ်သေးတယ် အတွေ့အကြုံမများသေးဘူး
(ခ) ငယ်သေးတာပိုကောင်းတာပေ့ါ ဒါမှမှားသွားရင် ပြန်စဖို့အချိန်ရှိမှာ
(က) ငါအသက်ကြီးပြီ မစွန့်စားချင်တော့ဘူး
(ခ) ငါအသက်ကြီးပြီ အခုမလုပ်ရင် ဘယ်ချိန်သွားလုပ်မှာလဲ
(က) ငါ့ဆီမှာ မိသားစုတွေ ၊ နောက်ဆံတင်းရမယ့်အရာတွေအများကြီးရှိတယ် အသစ်အဆန်းတွေစလုပ်ဖို့မဖြစ်နိုင်လောက်ပါဘူး
(ခ) ငါ့ကိုစောင့်နေတဲ့မိသားစုတွေရှိတယ်၊ ဒါကြောင့်ငါပိုပြီးမြန်မြန်အောင်မြင်ရမယ်
(က)ငါအဆင်သင့်မဖြစ်သေးဘူး ၊ လေ့လာသင်ယူဖို့အချိန်လေးယူပါရစေ
(ခ) အဆင်သင့်အချိန်မရှိပါဘူး ၊ လက်တွေ့လုပ်ရင်း ငါသင်ယူသွားမယ်
(က) ငါစီးပွားရေးစလုပ်ချင်တယ် ဒါပေမဲ့ အရင်းမရှိဘူး
(ခ) ငါ့မှာအရင်းမရှိဘူး ဒါဆိုရင်စီးပွားစဖို့ဘယ်လိုလုပ်ရင်ကောင်းမှာလဲ
ကိုယ့်ဘဝကိုနိုင်ရမယ့် game တစ်ခုအဖြစ် သဘောထားပါ။
ပြီးတော့ အဆင်သင့်မဖြစ်ဘူး၊မရဘူး၊မရှိဘူး ဆိုတဲ့စကားလေးတွေကိုမသုံးတော့ပါနဲ့
ကိုယ့်ဘဝ Game ကိုနိုင်အောင် နည်းလမ်းတွေရှာပါ
သာမာန်ထက်သာတဲ့ဘဝရှိချင်တယ်ဆိုရင်
အတွေးကလဲ သာမာန်ထက်သာမှရပါမယ်
သာမာန်လူထက်တော်ချင်တယ်ဆိုရင်
သာမာန်မဟုတ်တဲ့အရာကိုလေ့လာရမှာပါ
လေးစားစွာဖြင့်…ပြန်လည်မျှဝေပေးပါ။