အခက္အခဲေတြနဲ႔ အရမ္းၾကံဳေနရရင္ ဒီဂါထာေလးရြတ္ၾကည့္ပါလား တစ္ေန႔ ( ၇ ) ေခါက္ ပံုမွန္ရြတ္႐ုံနဲ႔ထူးျခားပါလိမ့္မယ္ လြယ္ကူထိေရာက္လွေသာ က်မ္းဂန္လာ ဂါထာေတာ္

Zaw Gyi

ဘဝမွာအခက္အခဲေတြနဲ႕ အရမ္း ႀကဳံေနရရင္ ဒီဂါထာေလးကို ႐ြတ္ပြားၾကည့္ပါ တစ္ေန႕ ၇ ေခါက္ ပုံမွန္႐ြတ္ေပး႐ုံနဲ႕ ထူးျခားပါလိမ့္မည္

ပါဠိအနက္ အဓိပၸါယ္ကို သိရွိသေဘာေပါက္ေစရန္ အရင္ဖတ္ထားမွတ္ထားၿပီးေနာက္မွ ရြတ္ပြားပါ ။

သိၾကားမင္း ဂါထာေတာ္

ေဝဒါသာကု ၊ ကုသာဒါေဝ …. ဒါယသာတ ၊ တသာယဒါ

သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု

ဂါထာ၏ အနက္အဓိပၸါယ္

ေဝ  = ငါ၏ရန္သူ ဟူသမွ်တို႔သည္

ဒါ = ေဝးစြာေသာ အရပ္သို႔

သာ = လ်င္စြာ ကု = ေျပးကုန္ေစသတည္း။

ကု = ငါ့အား မေကာင္းသျဖင့္ ႀကံကုန္ေသာသူတို႔သည္

သာ = အလိုလို ဒါ = အႀကံအစည္ ပ်က္ေသာအားျဖင့္

ေဝ = ေပ်ာက္ေစကုန္သတည္း။

ဒါ = ငါ၏ ဒါန ေစတနာတို႔ေၾကာင့္

ယသာ=အၿခံအရံ အေက်ာ္အေမာ္တို႔သည္

တ = ပြါးမ်ား ေစကုန္သတည္း။

တသာ=ငါျပဳမိေသာ အကုသိုလ္ ၁၀ပါးတို႔သည္

ယ = ငါျပဳမိေသာ ကုသိုလ္ဆယ္ပါး၏ ေကာင္းမႈးေတာ္အစြမ္းတို႔ေၾကာင့္

ဒါ = ေျပေပ်ာက္ေစကုန္သတည္း။

သာ = စက္ဆုပ္ဖြယ္ေသာသူတို႔အားလည္းေကာင္း

သာ = အမ်က္မာန ေဒါသရွိေသာ သူတို႔အားလည္းေကာင္း

ဓိ = ဆုံးမၾသဝါဒ ေပးျခင္းျဖင့္သာလွ်င္ ကု = ေအာင္ျမင္ေစသတည္း။

ကု = ထိုထိုေသာ အမ်က္မာန မာန္တက္သူတို႔ႏွင့္

ဓိ = ရွည္ျမင့္စြာ သာ =မေပါင္းေဖာ္ရသည္ သာ = ျဖစ္ပါေစသတည္း။

ကု = ကုသိုလ္စရိုက္ ျပဳက်င့္ေလ့ရွိေသာ

တ = သူေတာ္ေကာင္းတို႔ႏွင့္သာလွ်င္

ကု = ျဖစ္ေလရာ သံသရာ ဘဝအဆက္ဆက္၌

ဘု = ေတြ႕ဆုံေပါင္းေဖာ္ျခင္းကိုျပဳရေစသတည္း။

ဘု = အကုသိုလ္ ဒုစရိုက္ ပြါးမ်ားသူတို႔ႏွင့္

ကု = ျဖစ္ေလရာ သံသရာ ဘဝအဆက္ဆက္၌

တ = အခါ ခပ္သိမ္း

ကု = ေတြ႕ဆုံေပါင္းေဖာ္ျခင္း မျပဳရသည္ျဖစ္ပါေစသတည္းးး။

Unicode

ဘဝမှာအခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင် ဒီဂါထာလေးကို ရွတ်ပွားကြည့်ပါ တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ပေးရုံနဲ့ ထူးခြားပါလိမ့်မည်

ပါဠိအနက် အဓိပ္ပါယ်ကို သိရှိသဘောပေါက်စေရန် အရင်ဖတ်ထားမှတ်ထားပြီးနောက်မှ ရွတ်ပွားပါ ။

သိကြားမင်း ဂါထာတော်

ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ

သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု

ဂါထာ၏ အနက်အဓိပ္ပါယ်

ဝေ  = ငါ၏ရန်သူ ဟူသမျှတို့သည်

ဒါ = ဝေးစွာသော အရပ်သို့

သာ = လျင်စွာ ကု = ပြေးကုန်စေသတည်း။

ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည်

သာ = အလိုလို ဒါ = အကြံအစည် ပျက်သောအားဖြင့်

ဝေ = ပျောက်စေကုန်သတည်း။

ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့်

ယသာ=အခြံအရံ အကျော်အမော်တို့သည်

တ = ပွါးများ စေကုန်သတည်း။

တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည်

ယ = ငါပြုမိသော ကုသိုလ်ဆယ်ပါး၏ ကောင်းမှုးတော်အစွမ်းတို့ကြောင့်

ဒါ = ပြေပျောက်စေကုန်သတည်း။

သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း

သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း

ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင် ကု = အောင်မြင်စေသတည်း။

ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့်

ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည် သာ = ဖြစ်ပါစေသတည်း။

ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော

တ = သူတော်ကောင်းတို့နှင့်သာလျှင်

ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌

ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။

ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့်

ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌

တ = အခါ ခပ်သိမ်း

ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်းးး။