သစ္တံခါးဆရာေတာ္ အရွင္မဏိေဇာတ( ေယာ )၏ ” ေျမ”ပိုင္ရွင္ “အိမ္”ပိုင္ရွင္ျဖစ္ေအာင္ ေဆာင္ရြက္နည္း

Zaw Gyi

သစ္တံခါးဆရာေတာ္ အရွင္မဏိေဇာတ( ေယာ )၏ ” ေျမ”ပိုင္ရွင္ “အိမ္”ပိုင္ရွင္ျဖစ္ေအာင္ ေဆာင္ရြက္နည္း

(ေတးသံရွင္ပိုပိုဟာဆိုရင္လဲ မႏွစ္က ဆရာေတာ္ႀကီးရဲ႕ ၾသဝါဒခံယူၿပီး လမ္းညႊမ္တ့ဲအတိုင္း အဓိ႒ါန္ဝင္ခ့ဲပါေသးတယ္

တိုက္ဆိုင္မႈလား ဘာလားမေျပာႏိုင္ေပမ့ဲ တစ္ႏွစ္သာသာေလးမွာ

သိန္းငါးေထာင္ေက်ာ္တန္တ့ဲ အိမ္အသစ္ႀကီးကို ပိုင္ဆိုင္ေနပါၿပီ။)

သစ္တံခါးဆရာေတာ္၏ “ေျမပိုင္ရွင္၊ အိမ္ပိုင္ရွင္”ျဖစ္ေအာင္ ေဆာင္ရြက္နည္း၊ ျမန္မာဂမၻီရ

ေလာကီဝိဇၨာ ဓရ ပညာျဖင့္ “ေျမပိုင္ရွင္၊ အိမ္ပိုင္ရွင္”ျဖစ္ေအာင္ ေဆာင္ရြက္နည္း

သစ္တံခါးဆရာေတာ္၏ ေရးသားေဖာ္ျပခ်က္အား အဓိ႒ာန္က်င့္ေဆာင္ပံု တင္ျပေပးျခင္းပါ။

မိမိမွာ အိမ္ပိုင္ရွင္ ေျမပိုင္ရွင္ျဖစ္လိုပါက ေန႔စဥ္ေန႔တိုင္း ထမင္းစားေသာက္သည့္အခါ မိမိစားသံုးေနေသာ စားပြဲမွလည္းေကာင္း

တစ္ေနရာတြင္ သီးသန္႔ထား၍ေသာ္လည္းေကာင္း တစ္ေယာက္စာ တစ္ပန္းကန္စာကို ဟင္းအားလံုး စုပံုထည့္ကာ

ခက္ရင္း၊ ဇြန္း တပ္ၿပီး လက္ႏွင့္ကိုင္ေျမႇာက္ကာ ”ဂဂၤါဝါဠဳ သဲစုမက ပြင့္ေတာ္မူၿပီးၾကေသာ ျမတ္ဗုဒၶအဆူဆူတို႔အား တစ္ပြဲ။

ရဟႏၲာ ပုဂၢိဳလ္ထူးပုဂၢိဳလ္ျမတ္မ်ားႏွင့္ သံဃာေတာ္အေပါင္း အရိယာဝိဇၨာဓမၼဝိဇၨာထြက္ရပ္လမ္း စေရာက္ေတာ္မူၾကေသာ

ဝိဇၨာထိုရ္သူေတာ္ေကာင္းအေပါင္း အရွင္ေကာင္းတို႔အား ကိုယ္တိုင္ၾကြေရာက္၍ ဘုန္းေပးေတာ္မူၾကပါ။

သံုးေဆာင္ေတာ္မူၾကပါဟု ”ပင့္ဖိတ္၍ အလႈဒါနျပဳေပးပါ၊ ေသာက္ေတာ္ေရ(သို႔)ေရေႏြးၾကမ္းတစ္ခြက္စီခ်၍ ကပ္လွဴေပးပါ။

ကပ္လွဴထားေသာ ပန္းကန္၂ခုထဲတြင္ အခ်ိဴ ပြဲပါစုပံုၿပီး ကပ္လွဴပါ။

မိမိထမင္းစားၿပီးပါက ျမတ္ဗုဒၶႏွင့္ရဟႏၲာမ်ား၊ အရိယာဝိဇၨာ၊ ဓမၼဝိဇၨာတို႔အတြက္ အလွဴဒါနျပဳထားေသာ

ပန္းကန္မ်ားကိုကိုင္ၿပီး ေျမႀကီးအလြတ္တစ္ေနရာတြင္(ေျမျပင္ေပၚတြင္ ဘာမွမခင္းရပါ။)

သစၥာျပဳကာ “တပည့္ေတာ္ တစ္ခါမွမလွဴဒါန္းဖူးေသာ အလွဴဒါနကို လွဴဒါန္းပါ၏။

ဘုရားတပည့္ေတာ္သည္ ေျမႀကီးေပၚမွာေန၊ ေျမႀကီးေပၚမွာစား၊ ေျမႀကီးေပၚမွာ က်င္ႀကီးက်င္ငယ္စြန္႔ကာ ေနထိုင္သည့္အတြက္

‘အသင္’ေျမႀကီးသည္ ေက်းဇူးႀကီးမားလွပါသည္။

ဤကဲ့သို႔ ေက်းဇူးႀကီးမားလွေသာေၾကာင့္ ဤေျမႀကီးကို ေစာင့္ေရွာက္ေနပါေသာ ‘ဝသုႏၵေရ’ေျမေစာင့္နတ္မင္းႏွင့္

ေျမႀကီးေပၚတြင္ရွိၾကကုန္ေသာ ပုရြတ္ဆိတ္၊ တီေကာင္၊ ပိုးေကာင္မႊားေကာင္ အစရွိေသာ သတၱဝါမွန္သမွ်တို႔သည္ ဘုရားတပည့္ေတာ္စားသလို စားႏို္ုင္ပါေစ။

ဘုရားတပည့္ေတာ္ ျပည့္ျပည့္ဝဝ စံုစံုလင္လင္ သံုးေဆာင္ရသလို သံုးေဆာင္ရပါေစ၊

ေအးခ်မ္းၾကပါေစ၊ သာယာၾကပါေစ၊ က်န္းမာၾကပါေစ၊

ခ်မ္းခ်မ္းသာသာ စားေသာက္ ႏိုင္ၾကပါေစ”ဟု သစၥာျပဳဆုေတာင္းကာအရင္ကပ္လႈထားေသာ ထမင္းဟင္း ၂ပြဲ၊ ေရတို႔ကို တဝက္စီခြဲ၍ ေျမႀကီးေပၚပံုပါ

အလွဴဒါနျပဳပါ ေဆြေတာ္မ်ိဴးေတာ္အေပါင္းႏွင့္ ျမင္အပ္ေသာပုဂၢိဳလ္ မျမင္အပ္ေသာပုဂၢိဳလ္ ‘ဝသုႏၵေရ’နတ္မင္းႏွင့္ (၃၁)ဘံုသား သတၱဝါမ်ား စားသံုးေတာ္မူၾကပါ။

သံုးေဆာင္ေတာ္မူၾကပါ။

ဤကဲ့သို႔ ကုသိုလ္ေကာင္းမႈ႔ထူး ကို ျပဳလုပ္ရပါေသာေကာင္းက်ိဴးမ်ားေၾကာင့္

“ဘုရားတပည့္ေတာ္(နာမည္)သည္

“ေျမပိုင္ရွင္ အိမ္ပိုင္ရွင္”သူေ႒းႀကီး မေၾကာင့္မၾက မေတာင္းတရပဲ ျဖစ္ႏိုင္ပါေစ။

အျမန္ျဖစ္၍ ဘာသာအက်ိဴးး သာသနာအက်ိဴးး သာသနာျပဳႏိုင္ပါေစသား”ဟု ဆုေတာင္းသစၥာျပဳပါ။

က်န္တစ္ဝက္ကို မိမိစားပါ။ေရာဂါေပ်ာက္ပါေစ၊ က်န္းမာပါေစ၊ လာဘ္လာဘပြင့္ပါေစ၊ ဝင္ေငြတိုးပါေစဟုရြတ္၍ လက္ေတြ႕ေဆာင္ရြက္ၾကည့္ပါ။

လက္ေတြ႕အက်ိဴးေပးေသာေၾကာင့္ ေသခ်ာေဆာင္ရြက္ၿပီး အဓိ႒ာန္လုပ္ၾကည့္ၾကပါ

အစစအရာရာ အဆင္ေျပ၍ ေအာင္ျမင္လာပါလိမ့္မည္။

Unicode

သစ်တံခါးဆရာတော် အရှင်မဏိဇောတ( ယော )၏ ” မြေ”ပိုင်ရှင် “အိမ်”ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နည်း

(တေးသံရှင်ပိုပိုဟာဆိုရင်လဲ မနှစ်က ဆရာတော်ကြီးရဲ့ သြဝါဒခံယူပြီး လမ်းညွှမ်တဲ့အတိုင်း အဓိဋ္ဌါန်ဝင်ခဲ့ပါသေးတယ်

တိုက်ဆိုင်မှုလား ဘာလားမပြောနိုင်ပေမဲ့ တစ်နှစ်သာသာလေးမှာ

သိန်းငါးထောင်ကျော်တန်တဲ့ အိမ်အသစ်ကြီးကို ပိုင်ဆိုင်နေပါပြီ။)

သစ်တံခါးဆရာတော်၏ “မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်”ဖြစ်အောင် ဆောင်ရွက်နည်း၊ မြန်မာဂမ္ဘီရ

လောကီဝိဇ္ဇာ ဓရ ပညာဖြင့် “မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်”ဖြစ်အောင် ဆောင်ရွက်နည်း

သစ်တံခါးဆရာတော်၏ ရေးသားဖော်ပြချက်အား အဓိဋ္ဌာန်ကျင့်ဆောင်ပုံ တင်ပြပေးခြင်းပါ။

မိမိမှာ အိမ်ပိုင်ရှင် မြေပိုင်ရှင်ဖြစ်လိုပါက နေ့စဉ်နေ့တိုင်း ထမင်းစားသောက်သည့်အခါ မိမိစားသုံးနေသော စားပွဲမှလည်းကောင်း

တစ်နေရာတွင် သီးသန့်ထား၍သော်လည်းကောင်း တစ်ယောက်စာ တစ်ပန်းကန်စာကို ဟင်းအားလုံး စုပုံထည့်ကာ

ခက်ရင်း၊ ဇွန်း တပ်ပြီး လက်နှင့်ကိုင်မြှောက်ကာ ”ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူပြီးကြသော မြတ်ဗုဒ္ဓအဆူဆူတို့အား တစ်ပွဲ။

ရဟန္တာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များနှင့် သံဃာတော်အပေါင်း အရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရပ်လမ်း စရောက်တော်မူကြသော

ဝိဇ္ဇာထိုရ်သူတော်ကောင်းအပေါင်း အရှင်ကောင်းတို့အား ကိုယ်တိုင်ကြွရောက်၍ ဘုန်းပေးတော်မူကြပါ။

သုံးဆောင်တော်မူကြပါဟု ”ပင့်ဖိတ်၍ အလှုဒါနပြုပေးပါ၊ သောက်တော်ရေ(သို့)ရေနွေးကြမ်းတစ်ခွက်စီချ၍ ကပ်လှူပေးပါ။

ကပ်လှူထားသော ပန်းကန်၂ခုထဲတွင် အချိူ ပွဲပါစုပုံပြီး ကပ်လှူပါ။

မိမိထမင်းစားပြီးပါက မြတ်ဗုဒ္ဓနှင့်ရဟန္တာများ၊ အရိယာဝိဇ္ဇာ၊ ဓမ္မဝိဇ္ဇာတို့အတွက် အလှူဒါနပြုထားသော

ပန်းကန်များကိုကိုင်ပြီး မြေကြီးအလွတ်တစ်နေရာတွင်(မြေပြင်ပေါ်တွင် ဘာမှမခင်းရပါ။)

သစ္စာပြုကာ “တပည့်တော် တစ်ခါမှမလှူဒါန်းဖူးသော အလှူဒါနကို လှူဒါန်းပါ၏။

ဘုရားတပည့်တော်သည် မြေကြီးပေါ်မှာနေ၊ မြေကြီးပေါ်မှာစား၊ မြေကြီးပေါ်မှာ ကျင်ကြီးကျင်ငယ်စွန့်ကာ နေထိုင်သည့်အတွက်

‘အသင်’မြေကြီးသည် ကျေးဇူးကြီးမားလှပါသည်။

ဤကဲ့သို့ ကျေးဇူးကြီးမားလှသောကြောင့် ဤမြေကြီးကို စောင့်ရှောက်နေပါသော ‘ဝသုန္ဒရေ’မြေစောင့်နတ်မင်းနှင့်

မြေကြီးပေါ်တွင်ရှိကြကုန်သော ပုရွတ်ဆိတ်၊ တီကောင်၊ ပိုးကောင်မွှားကောင် အစရှိသော သတ္တဝါမှန်သမျှတို့သည် ဘုရားတပည့်တော်စားသလို စားနိုုင်ပါစေ။

ဘုရားတပည့်တော် ပြည့်ပြည့်ဝဝ စုံစုံလင်လင် သုံးဆောင်ရသလို သုံးဆောင်ရပါစေ၊

အေးချမ်းကြပါစေ၊ သာယာကြပါစေ၊ ကျန်းမာကြပါစေ၊

ချမ်းချမ်းသာသာ စားသောက် နိုင်ကြပါစေ”ဟု သစ္စာပြုဆုတောင်းကာအရင်ကပ်လှုထားသော ထမင်းဟင်း ၂ပွဲ၊ ရေတို့ကို တဝက်စီခွဲ၍ မြေကြီးပေါ်ပုံပါ

အလှူဒါနပြုပါ ဆွေတော်မျိူးတော်အပေါင်းနှင့် မြင်အပ်သောပုဂ္ဂိုလ် မမြင်အပ်သောပုဂ္ဂိုလ် ‘ဝသုန္ဒရေ’နတ်မင်းနှင့် (၃၁)ဘုံသား သတ္တဝါများ စားသုံးတော်မူကြပါ။

သုံးဆောင်တော်မူကြပါ။

ဤကဲ့သို့ ကုသိုလ်ကောင်းမှု့ထူး ကို ပြုလုပ်ရပါသောကောင်းကျိူးများကြောင့်

“ဘုရားတပည့်တော်(နာမည်)သည်

“မြေပိုင်ရှင် အိမ်ပိုင်ရှင်”သူဋ္ဌေးကြီး မကြောင့်မကြ မတောင်းတရပဲ ဖြစ်နိုင်ပါစေ။

အမြန်ဖြစ်၍ ဘာသာအကျိူးး သာသနာအကျိူးး သာသနာပြုနိုင်ပါစေသား”ဟု ဆုတောင်းသစ္စာပြုပါ။

ကျန်တစ်ဝက်ကို မိမိစားပါ။ရောဂါပျောက်ပါစေ၊ ကျန်းမာပါစေ၊ လာဘ်လာဘပွင့်ပါစေ၊ ဝင်ငွေတိုးပါစေဟုရွတ်၍ လက်တွေ့ဆောင်ရွက်ကြည့်ပါ။

လက်တွေ့အကျိူးပေးသောကြောင့် သေချာဆောင်ရွက်ပြီး အဓိဋ္ဌာန်လုပ်ကြည့်ကြပါ

အစစအရာရာ အဆင်ပြေ၍ အောင်မြင်လာပါလိမ့်မည်။