ကင္ဆာေနာက္ဆံုးအဆင့္ျဖစ္ေနတဲ့သူ႔ကုိ​ ​ေသ​ေစခ်င္​​ေနတဲ့အ​ေျပာ​ေတြ​ေၾကာင့္ ဝမ္းနည္းေနတဲ့ မီးမီးခဲ

Zaw Gyi

မီးမီးခဲကေတာ့ ၾသစေတးလ်မွာ မိသားစုနဲ့အတူတူေနထိုင္ရင္း ရင္သားကင္ဆာေဝဒနာကို ခံစားခဲ့ရတာ ျဖစ္ပါတယ္။

ေနာက္ဆံုးအဆင့္ရိွတဲ့ ကင္ဆာေရာဂါကို ၾကံ့ၾကံ့ခံရင္း ဒီေန့ဒီအခ်ိန္ထိ

အသက္ရွင္ေနေသးတဲ့ မီးမီးခဲက သူမရဲ့ ပိုစ့္ေအာက္က ေကာမန္႔​ေ​လးတစ္ခုေၾကာင့္

စိတ္မေကာင္းျဖစ္ခဲ့ရေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္။ “က်ြန္မဟာ Breast Cancer stage 4 ကို2017 စၿပီးခံစားရပါတယ္။

အ႐ိုးထဲကိုျပန္ ႏွံ့သြားတဲ့အတြက္ ရင္းသားကို ျဖတ္ထုတ္ဖို ့ေနာက္က်ခဲ့ရပါတယ္။ ဓါတ္၇ခါနဲ႔ chemo ကီမို ၅ ႀကိမ္ေပးခဲ့ရပါတယ္။

ဒါ့ေၾကာင့္ Australia ရဲ ့ေဆးကုထံုးအတိုင္းထိန္းခ်ဳပ္ကုသရင္း ခရီးဆက္ အသက္ရွင္ေနတာ ဒီေန ထိပါပဲ။”

“၂၀၁၈ မွာေခါင္းနဲ႔လည္ပင္း ေတြမွာထပ္ေပၚလာလိုထပ္မံ ့Radiotherapy 5 ႀကိမ္လုပ္ခဲ့ၿပီးပါၿပီ။ ၂၀၁၉ကေတာ့ ကၽြန္မအတြက္က်န္းမာဆံုးႏွစ္ေပါ့။

၂၀၂၀ႏွစ္အစ Show လဲ အရမ္းေအာင္ျမင္ခဲ့လို ့ကၽြန္မရဲ ့ဝမ္းသာမ်က္ရည္မ်ားနဲ႔ ခုထိေပ်ာ္ရႊင္ေနဆဲပါ။

၂၀၂၀ျမန္မာျပည္ကအျပန္ မွာေတာ့ေျခေထာက္က စနာလာပါၿပီ။ ကိုက္ခဲရံုမ်ိဳးမို ့သတိမထားခဲ့ပါ။ ဆရာဝန္ေတြက ကင္ဆာေဆးဒဏ္လို့ပဲ ထင္ခဲ့ၾကပါတယ္။

စစ္ေဆး ၂ ခါေျမာက္မွာေတာ့ ေျခေထာက္က ေပါင္ရင္း ဆက္ထားတဲ့တင္ပဆံုနားကက်ိဳးၿပီးအက္ေနခဲ့တာပါ”

“သိသိခ်င္းပဲ ေဆးရံုတတ္ ဓါတ္ကင္ရပါတာ္ေနာက္ဆက္တြဲ ခါး နဲ႔ညာဘက္နံ႐ိုးပါ ကင္ဆာအစက္ေတြ ေတြ႔တာေၾကာင့္Radiotherapy ထပ္ေပးရပါတယ္။

၇ခါ ထပ္Trearment ယူၿပီးေဆးရံုကေနဆင္းခဲ့ရပါတယ္။ အဆင့္၄ ရွိတဲ့ကင္ဆာ သမားက အသက္ရွင္ေသးတယ္ေနာ္လိုေျပာတဲ့comment ​ေလးတစ္ခုေတြ႔ပါတယ္။

ဘာေၾကာင့္လဲဆိုတာကၽြန္မရဲ႕အသက္ရွင္ခ်င္တဲ့စိတ္ေၾကာင့္​ပါလို ့” “ကင္ဆာေရာဂါသည္လို႔

မခံယူပဲပံုမွန္မိသားစုဝင္ေတြလိုပဲမွ်တတဲ့အစားကိုစားေသာက္ စိတ္ညစ္ေစမဲ့အေတြးေတြကိုေဘးဖယ္ၿပီး အခ်ိန္မွန္အိပ္စက္ခဲ့လို႔ပါ။

ဒါ့ေၾကာင့္ကၽြန္မfacebook page ကို စသံုးခဲ့တာလဲ ကၽြန္မလို ေမ်ာ္လင့္ခ်က္မဲ့သူေတြအခ်င္းခ်င္း ခြန္အားေပးရင္း မွ်ေဝရေအာင္လို ့

စာေလးေတြေရးၿပီး ခြန္အားေပး ေဝမွ်ရင္း ပရိတ္သတ္ မိတ္ေဆြမ်ားဆီးကေန ေမတၱာနဲ႔ ေရးတဲ့စာေလးေတြဖတ္ရင္းအားတင္း​ေနရတာပါ။

ေရွ႕ဆက္ကၽြန္မရဲ ့ေရာဂါအေျခအေနဘာျဖစ္မလဲဆိုတာဘုရားမွ တပါးဘယ္သူမွ မသိႏိုုင္ပါဘူး။ က်န္ရွိတဲ့ေန ရက္ေလးေတြကို

ကၽြန္မအျပံဳးနဲ႔အၿမဲတမ္းႏိုး ထအသက္ရွင္ပါတယ္” “ေသမိန္႔ခ်ခံထားရသူေတြဟာ ကင္ဆာေရာဂါသယ္ေတြေလဆိုၿပီး ေျပာၾကတဲ့ စကားေတြရဲ ့ဆန္႔က်င္ဘက္နဲ႔အသက္ရွင္ ေနခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကၽြန္မေျပာခ်င္တာခဏတာတိုေတာင္းလွတဲ့လူ ့ဘဝမွာအသက္ရွင္တုႏ္ုးအဓိပၸါယ္ရွိစြာ အသက္ရွင္ပါေနာ္။

သမီးေလးႏွစ္ေယာက္နဲ႔သားေတြကို မနက္စာ ခ်က္ျပဳတ္ၿပီးေက်ာင္းကို ပို့ေပးခ်င္ေသးတယ္။

တေနကုန္ အိမ္မွဳကိစၥေတြလုပ္ရင္းကေလးေတြရဲ ့အေဖနဲ႔သားသမီးေတြညေနစာကိုခ်က္ျပဳတ္ေပးတဲ့ အိမ္ရွင္မေကာင္းတေယာက္အျဖစ္နဲ႔ ဆက္အသက္ရွင္ခ်င္ေသးတယ္။

ဒါကၽြန္မရဲ႕မိခင္တေယာက္ရဲ႕ဆႏၵပါ။” လို့ ရင္ဖြင့္ေျပာဆိုထားပါတယ္။ ခရက္​ဒစ္​

Unicode

မီးမီးခဲကတော့ သြစတေးလျမှာ မိသားစုနဲ့အတူတူနေထိုင်ရင်း ရင်သားကင်ဆာဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ရှိတဲ့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံရင်း ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေသေးတဲ့ မီးမီးခဲက သူမရဲ့ ပိုစ့်အောက်က ကောမန့်လေးတစ်ခုကြောင့်

စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်။ “ကျွန်မဟာ Breast Cancer stage 4 ကို2017 စပြီးခံစားရပါတယ်။

အရိုးထဲကိုပြန် နှံ့သွားတဲ့အတွက် ရင်းသားကို ဖြတ်ထုတ်ဖို့နောက်ကျခဲ့ရပါတယ်။ ဓါတ်၇ခါနဲ့ chemo ကီမို ၅ ကြိမ်ပေးခဲ့ရပါတယ်။

ဒါ့ကြောင့် Australia ရဲ့ဆေးကုထုံးအတိုင်းထိန်းချုပ်ကုသရင်း ခရီးဆက် အသက်ရှင်နေတာ ဒီနေ ထိပါပဲ။”

“၂၀၁၈ မှာခေါင်းနဲ့လည်ပင်း တွေမှာထပ်ပေါ်လာလိုထပ်မံ့Radiotherapy 5 ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ၂၀၁၉ကတော့ ကျွန်မအတွက်ကျန်းမာဆုံးနှစ်ပေါ့။

၂၀၂၀နှစ်အစ Show လဲ အရမ်းအောင်မြင်ခဲ့လို့ကျွန်မရဲ့ဝမ်းသာမျက်ရည်များနဲ့ ခုထိပျော်ရွှင်နေဆဲပါ။

၂၀၂၀မြန်မာပြည်ကအပြန် မှာတော့ခြေထောက်က စနာလာပါပြီ။ ကိုက်ခဲရုံမျိုးမို့သတိမထားခဲ့ပါ။ ဆရာဝန်တွေက ကင်ဆာဆေးဒဏ်လို့ပဲ ထင်ခဲ့ကြပါတယ်။

စစ်ဆေး ၂ ခါမြောက်မှာတော့ ခြေထောက်က ပေါင်ရင်း ဆက်ထားတဲ့တင်ပဆုံနားကကျိုးပြီးအက်နေခဲ့တာပါ”

“သိသိချင်းပဲ ဆေးရုံတတ် ဓါတ်ကင်ရပါတာ်နောက်ဆက်တွဲ ခါး နဲ့ညာဘက်နံရိုးပါ ကင်ဆာအစက်တွေ တွေ့တာကြောင့်Radiotherapy ထပ်ပေးရပါတယ်။

၇ခါ ထပ်Trearment ယူပြီးဆေးရုံကနေဆင်းခဲ့ရပါတယ်။ အဆင့်၄ ရှိတဲ့ကင်ဆာ သမားက အသက်ရှင်သေးတယ်နော်လိုပြောတဲ့comment လေးတစ်ခုတွေ့ပါတယ်။

ဘာကြောင့်လဲဆိုတာကျွန်မရဲ့အသက်ရှင်ချင်တဲ့စိတ်ကြောင့်ပါလို့” “ကင်ဆာရောဂါသည်လို့

မခံယူပဲပုံမှန်မိသားစုဝင်တွေလိုပဲမျှတတဲ့အစားကိုစားသောက် စိတ်ညစ်စေမဲ့အတွေးတွေကိုဘေးဖယ်ပြီး အချိန်မှန်အိပ်စက်ခဲ့လို့ပါ။

ဒါ့ကြောင့်ကျွန်မfacebook page ကို စသုံးခဲ့တာလဲ ကျွန်မလို မျော်လင့်ချက်မဲ့သူတွေအချင်းချင်း ခွန်အားပေးရင်း မျှဝေရအောင်လို့

စာလေးတွေရေးပြီး ခွန်အားပေး ဝေမျှရင်း ပရိတ်သတ် မိတ်ဆွေများဆီးကနေ မေတ္တာနဲ့ ရေးတဲ့စာလေးတွေဖတ်ရင်းအားတင်းနေရတာပါ။

ရှေ့ဆက်ကျွန်မရဲ့ရောဂါအခြေအနေဘာဖြစ်မလဲဆိုတာဘုရားမှ တပါးဘယ်သူမှ မသိနိုင်ပါဘူး။ ကျန်ရှိတဲ့နေ ရက်လေးတွေကို

ကျွန်မအပြုံးနဲ့အမြဲတမ်းနိုး ထအသက်ရှင်ပါတယ်” “သေမိန့်ချခံထားရသူတွေဟာ ကင်ဆာရောဂါသယ်တွေလေဆိုပြီး ပြောကြတဲ့ စကားတွေရဲ့ဆန့်ကျင်ဘက်နဲ့အသက်ရှင် နေခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်မပြောချင်တာခဏတာတိုတောင်းလှတဲ့လူ့ဘဝမှာအသက်ရှင်တုန်ုးအဓိပ္ပါယ်ရှိစွာ အသက်ရှင်ပါနော်။

သမီးလေးနှစ်ယောက်နဲ့သားတွေကို မနက်စာ ချက်ပြုတ်ပြီးကျောင်းကို ပို့ပေးချင်သေးတယ်။

တနေကုန် အိမ်မှုကိစ္စတွေလုပ်ရင်းကလေးတွေရဲ့အဖေနဲ့သားသမီးတွေညနေစာကိုချက်ပြုတ်ပေးတဲ့ အိမ်ရှင်မကောင်းတယောက်အဖြစ်နဲ့ ဆက်အသက်ရှင်ချင်သေးတယ်။

ဒါကျွန်မရဲ့မိခင်တယောက်ရဲ့ဆန္ဒပါ။” လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။ ခရက်ဒစ်