တစ္ပတ္စာ ခုႏွစ္ရက္သားသမီး ကံၾကမၼာေဟာကိန္း (25-5-2020 မွ 31-5-2020)။
Zaw Gyi
တစ္ပတ္စာ ခုႏွစ္ရက္သားသမီး ကံၾကမၼာေဟာကိန္း (25-5-2020 မွ 31-5-2020)
တနဂၤေႏြသားသမီး
ငယ္႐ြယ္သူမ်ား အထူးစန္းပြင့္မည့္ကာလ ျဖစ္သလို ႐ုတ္တရက္ အိမ္ေထာင္က်တတ္ေသာ ကာလပါ။
လုပ္ငန္းႏွင့္ပါတ္သက္၍ မိမိႀကံ႐ြယ္ထားေသာ အႀကံအစည္မ်ား အထေျမာက္ ေအာင္ျမင္ပါလိမ့္မည္။
လက္ရွိလုပ္ငန္းတြင္ လက္ေအာက္ငယ္သား အခ်င္းခ်င္း နားလည္မူ လြဲမွားျခင္း၊ ရန္မ်ားျခင္းမ်ား ျဖစ္ေနတတ္ပါသည္။
က်န္းမာေရးမွာ ဒူးအဆစ္အျမစ္မ်ား နာ၍ မလႈပ္ခ်င္မကိုင္ခ်င္ ျဖစ္ေနလိမ့္မည္။
ထီ- 96ပါေသာ ထီထိုးပါ။
ယၾတာ- ႀကံတစ္ၫႊန႔္ႏွင့္ သေျပ၆ၫႊန႔္ပူး၍ ဘုရားလႈေပးပါ။
တနလၤာသားသမီး
အတိုက္အခံေတြ အလြန္မ်ားေနေသာ ကာလပါ။ မိမိ၏ ေအာင္ျမင္မူအေပၚတြင္ မနာလိုသူမ်ား၏ တိုက္ခိုက္ျခင္းခံရပါလိမ့္မည္။
ဘယ္လိုအေျခအေနပဲ ႀကဳံႀကဳံ မိမိရဲ႕ႀကိဳးစားမူကို လုံးဝမေလွ်ာ့ပါႏွင့္။ ႏွစ္ဆတိုး၍ ထပ္ႀကိဳးစားပါ။အထူးခြၽန္ဆုံး ေအာင္ျမင္မူ ရလာဘ္မ်ားကို ခံစားရပါလိမ့္မည္။
က်န္းမာေရးတြင္ အာ႐ုံေၾကာအားနည္းတတ္ပါသည္။ သတိမၾကာခဏ ေမ့တတ္ပါသည္။
ထီ- 90ပါေသာထီကို ထိုးပါ။
ယၾတာ သစ္သီး၆မ်ိဴး ဘုရားလႈေပးပါ
အဂၤါသားသမီး
က်န္းမာေရး အထူးဂ႐ုျပဳရမည့္ ကာလပါ။ ႐ုတ္တရက္ႀကီး ေခါင္းေတြ မူးေဝလာတတ္ပါတယ္။ ဒီလိုကာလေတြမွာ အစားမွား ေဆးမွားျဖစ္တတ္လို႔ အထူးသတိျပဳရပါလိမ့္မည္။
ရပ္ေဝးခရီးမသြားသင့္ေသာ ကာလပါ။အထူးသျဖင့္ ေရလမ္းခရီးေရွာင္ပါ။ စက္ပစၥည္းအေဟာင္းေတြ အဝင္မခံပါႏွင့္။
အကယ္၍ ဝင္လာလွ်င္လည္း မၾကာခဏပ်က္တတ္လို႔ စိတ္ညစ္ေနရတတ္ပါတယ္။ ငယ္႐ြယ္သူမ်ား တနယ္သူႏွင့္ ခ်စ္သူရည္းစားျဖစ္တတ္ပါသည္။
ထီ-35ပါေသာထီထိုးပါ။ ယၾတာ မိမိေမြးနံေထာင့္တြင္ ပန္းငါးမ်ိဴးလႈ၍ ဆုေတာင္းပါ။
ဗုဒၶဟူးသားသမီး
မိမိရစရာရွိေသာ ေငြေၾကးမ်ားထဲမွ တစ္ခ်ိဴ႕တစ္ဝက္ ျပန္လည္ရရွိပါမည္။ အနက္ေရာင္ အသုံးအေဆာင္ပစၥည္းေတြေရွာင္ပါ။
အစိမ္းေရာင္ အသုံးအေဆာင္ပစၥည္းေတြ အက်ိဴးေပးပါတယ္။ ဘာသာေရးကိစၥ၊ အလႈအတန္းကိစၥမ်ားတြင္ ဝင္ေရာက္ကူညီ လုပ္ကိုင္ေပးေနရတတ္ေသာ ကာလပါ။
ထီေပါက္ျခင္း ဆုမဲမ်ားေပါက္ျခင္းမ်ား ႀကဳံရတတ္ေသာ ကာလပါ။ သြားကိုက္ျခင္း၊ သြားဖုံးေယာင္ျခင္းမ်ား ခံစားရတတ္ပါတယ္။
ထီ-67ပါေသာ ထီထိုးပါ။
ယၾတာ-အုန္း၆ၫႊန႔္ သေျပ၆ၫႊန႔္ပူး၍ ဘုရားလႈေပးပါ။
ၾကာသာပေတးသားသမီး
ႏွစ္ကာလရွည္ၾကာစြာ လက္တြဲလာေသာ ခ်စ္သူမ်ား လက္ထပ္မဂၤလာျပဳရမည့္ ကာလပါ။ မိမိရသင့္ရထိုက္ေသာ အေမြအႏွစ္မ်ားလည္း ရရွိပါမည္။
လုပ္ငန္းတြင္ အတြင္းရန္သူကို အထူးသတိထားပါ။ စာရင္းဇယားမ်ားကို အထူးလုံၿခဳံစြာထားပါ။ အေရးႀကီး စာ႐ြက္စာတမ္းေတြ ေပ်ာက္ဆုံးတတ္ပါသည္။
အတြင္းလူ ဒုကၡေပးတတ္ေသာ ကာလပါ။ က်န္းမာေရးမွာ မ်က္႐ိုးမၾကာခဏ ကိုက္ေနတတ္ပါတယ္။ထီ-45ပါေသာထီထိုးပါ။
ယၾတာ-ရဟန္းသံဃာေတာ္မ်ားအား ဆပ္ျပာမႈန႔္ မၾကာခဏ လႈဒါန္းေပးပါ။
ေသာၾကာသားသမီး
အခက္အခဲမွန္သမွ် ေက်ာ္လႊား၍ အဆင့္ျမင့္တက္လမ္းမ်ား ဖန္တီးႀကိဳးစားႏိုင္မည့္ ကာလပါ။ ရင္းႏွီးျမဳပ္ႏွံထားေသာ လုပ္ငန္းမ်ားမွ အက်ိဴးအျမတ္မ်ားရရွိမည္။
က်န္းမာေရးတြင္ လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာပိုမ်ားပါမည္။ စက္ပစၥည္းမ်ား မၾကာခဏပ်က္တတ္ၿပီး စက္ပစၥည္းကိစၥအတြက္ ေငြကုန္ေၾကးက် မ်ားပါလိမ့္မည္။
ထီ-၃၅ပါေသာ ထီထိုးပါ။
ယၾတာ-သစ္သီး၆မ်ိဴး ဘုရားလႈ၍ ဆုေတာင္းပါ။
စေနသားသမီး
ပုံမွန္ဝင္ေနက် ဝင္ေငြထက္ပိုၿပီး ေငြဝင္ကိန္းရွိပါသည္။ အလုပ္မရွိေသးသူမ်ား အလုပ္အကိုင္ရရွိပါမည္။
ကိုယ္တိုင္အတြက္ေသာ္လည္းေကာင္း၊ မိသားစုအတြက္ေသာ္လည္းေကာင္း၊ က်န္းမာေရးအတြက္ ေငြကုန္ေၾကးက်မ်ားမည္။
မိမိအထက္လူႀကီးမ်ားထံမွ မိမိအတြက္ သတင္းေကာင္းၾကားရပါမည္။ စုေပါင္းေဆာင္႐ြက္ရေသာလုပ္ငန္းမ်ား အထူးေအာင္ျမင္ပါမည္။
ထီ-၆၅ပါေသာထီထိုးပါ။
ယၾတာ-ေနအိမ္ဘုရားတြင္ မာလကာ႐ြက္၁၁႐ြက္ လႈေပးပါ။
Credit-ေက်ာ္ဘိုဘိုဟိန္း
Unicode
တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (25-5-2020 မှ 31-5-2020)
တနင်္ဂနွေသားသမီး
ငယ်ရွယ်သူများ အထူးစန်းပွင့်မည့်ကာလ ဖြစ်သလို ရုတ်တရက် အိမ်ထောင်ကျတတ်သော ကာလပါ။
လုပ်ငန်းနှင့်ပါတ်သက်၍ မိမိကြံရွယ်ထားသော အကြံအစည်များ အထမြောက် အောင်မြင်ပါလိမ့်မည်။
လက်ရှိလုပ်ငန်းတွင် လက်အောက်ငယ်သား အချင်းချင်း နားလည်မူ လွဲမှားခြင်း၊ ရန်များခြင်းများ ဖြစ်နေတတ်ပါသည်။
ကျန်းမာရေးမှာ ဒူးအဆစ်အမြစ်များ နာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည်။
ထီ- 96ပါသော ထီထိုးပါ။
ယတြာ- ကြံတစ်ညွှန့်နှင့် သပြေ၆ညွှန့်ပူး၍ ဘုရားလှုပေးပါ။
တနင်္လာသားသမီး
အတိုက်အခံတွေ အလွန်များနေသော ကာလပါ။ မိမိ၏ အောင်မြင်မူအပေါ်တွင် မနာလိုသူများ၏ တိုက်ခိုက်ခြင်းခံရပါလိမ့်မည်။
ဘယ်လိုအခြေအနေပဲ ကြုံကြုံ မိမိရဲ့ကြိုးစားမူကို လုံးဝမလျှော့ပါနှင့်။ နှစ်ဆတိုး၍ ထပ်ကြိုးစားပါ။အထူးချွန်ဆုံး အောင်မြင်မူ ရလာဘ်များကို ခံစားရပါလိမ့်မည်။
ကျန်းမာရေးတွင် အာရုံကြောအားနည်းတတ်ပါသည်။ သတိမကြာခဏ မေ့တတ်ပါသည်။
ထီ- 90ပါသောထီကို ထိုးပါ။
ယတြာ သစ်သီး၆မျိူး ဘုရားလှုပေးပါ
အင်္ဂါသားသမီး
ကျန်းမာရေး အထူးဂရုပြုရမည့် ကာလပါ။ ရုတ်တရက်ကြီး ခေါင်းတွေ မူးဝေလာတတ်ပါတယ်။ ဒီလိုကာလတွေမှာ အစားမှား ဆေးမှားဖြစ်တတ်လို့ အထူးသတိပြုရပါလိမ့်မည်။
ရပ်ဝေးခရီးမသွားသင့်သော ကာလပါ။အထူးသဖြင့် ရေလမ်းခရီးရှောင်ပါ။ စက်ပစ္စည်းအဟောင်းတွေ အဝင်မခံပါနှင့်။
အကယ်၍ ဝင်လာလျှင်လည်း မကြာခဏပျက်တတ်လို့ စိတ်ညစ်နေရတတ်ပါတယ်။ ငယ်ရွယ်သူများ တနယ်သူနှင့် ချစ်သူရည်းစားဖြစ်တတ်ပါသည်။
ထီ-35ပါသောထီထိုးပါ။ ယတြာ မိမိမွေးနံထောင့်တွင် ပန်းငါးမျိူးလှု၍ ဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီး
မိမိရစရာရှိသော ငွေကြေးများထဲမှ တစ်ချိူ့တစ်ဝက် ပြန်လည်ရရှိပါမည်။ အနက်ရောင် အသုံးအဆောင်ပစ္စည်းတွေရှောင်ပါ။
အစိမ်းရောင် အသုံးအဆောင်ပစ္စည်းတွေ အကျိူးပေးပါတယ်။ ဘာသာရေးကိစ္စ၊ အလှုအတန်းကိစ္စများတွင် ဝင်ရောက်ကူညီ လုပ်ကိုင်ပေးနေရတတ်သော ကာလပါ။
ထီပေါက်ခြင်း ဆုမဲများပေါက်ခြင်းများ ကြုံရတတ်သော ကာလပါ။ သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းများ ခံစားရတတ်ပါတယ်။
ထီ-67ပါသော ထီထိုးပါ။
ယတြာ-အုန်း၆ညွှန့် သပြေ၆ညွှန့်ပူး၍ ဘုရားလှုပေးပါ။
ကြာသာပတေးသားသမီး
နှစ်ကာလရှည်ကြာစွာ လက်တွဲလာသော ချစ်သူများ လက်ထပ်မင်္ဂလာပြုရမည့် ကာလပါ။ မိမိရသင့်ရထိုက်သော အမွေအနှစ်များလည်း ရရှိပါမည်။
လုပ်ငန်းတွင် အတွင်းရန်သူကို အထူးသတိထားပါ။ စာရင်းဇယားများကို အထူးလုံခြုံစွာထားပါ။ အရေးကြီး စာရွက်စာတမ်းတွေ ပျောက်ဆုံးတတ်ပါသည်။
အတွင်းလူ ဒုက္ခပေးတတ်သော ကာလပါ။ ကျန်းမာရေးမှာ မျက်ရိုးမကြာခဏ ကိုက်နေတတ်ပါတယ်။ထီ-45ပါသောထီထိုးပါ။
ယတြာ-ရဟန်းသံဃာတော်များအား ဆပ်ပြာမှုန့် မကြာခဏ လှုဒါန်းပေးပါ။
သောကြာသားသမီး
အခက်အခဲမှန်သမျှ ကျော်လွှား၍ အဆင့်မြင့်တက်လမ်းများ ဖန်တီးကြိုးစားနိုင်မည့် ကာလပါ။ ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းများမှ အကျိူးအမြတ်များရရှိမည်။
ကျန်းမာရေးတွင် လူပင်ပန်းတာထက် စိတ်ပင်ပန်းတာပိုများပါမည်။ စက်ပစ္စည်းများ မကြာခဏပျက်တတ်ပြီး စက်ပစ္စည်းကိစ္စအတွက် ငွေကုန်ကြေးကျ များပါလိမ့်မည်။
ထီ-၃၅ပါသော ထီထိုးပါ။
ယတြာ-သစ်သီး၆မျိူး ဘုရားလှု၍ ဆုတောင်းပါ။
စနေသားသမီး
ပုံမှန်ဝင်နေကျ ဝင်ငွေထက်ပိုပြီး ငွေဝင်ကိန်းရှိပါသည်။ အလုပ်မရှိသေးသူများ အလုပ်အကိုင်ရရှိပါမည်။
ကိုယ်တိုင်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများမည်။
မိမိအထက်လူကြီးများထံမှ မိမိအတွက် သတင်းကောင်းကြားရပါမည်။ စုပေါင်းဆောင်ရွက်ရသောလုပ်ငန်းများ အထူးအောင်မြင်ပါမည်။
ထီ-၆၅ပါသောထီထိုးပါ။
ယတြာ-နေအိမ်ဘုရားတွင် မာလကာရွက်၁၁ရွက် လှုပေးပါ။
Credit-ကျော်ဘိုဘိုဟိန်း