က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ ရဲ႕ ထူးျခားတဲ့နတ္က်ားအေစာင့္ နဲ႔ ဘုရားေလးဆူမီခဲ့ေသာပတၱျမား

Zaw Gyi

တခ်ိဳ႕ေသာအျဖစ္အပ်က္ေတြဟာ တစ္ခါတစ္ရံစိတ္ကူးယဥ္တာထက္ ဆန္းၾကယ္ေနပၚတယ္ ။ အထူးသျဖင့္ မျမင္အပ္တဲ့ပုဂၢိဳလ္ ေတြနဲ႔ဆက္စပ္တဲ့အခါမ်ိဳးမွာ

သာမန္အေတြးနဲ႔ ယုံၾကည္လက္ခံဖို႔ အေတာ္ခဲယဥ္းေနတတ္ပါတယ္။သုဝဏၰ အားကစား ႐ုံတည္ေဆာက္ေနစဥ္ကာလႏိုင္ငံျခားပညာရွင္ေတြဟာ အားကစားဝင္းမွာစိုက္ပ်ိဳးမယ့္

ျမက္အမ်ိဳးအစားရွာေဖြဖို႔ ပဲခူးဘက္ကိုထြက္လာခဲ့ရာက အင္းတိုင္လမ္းဆုံမေရာက္ခင္ ပုံသဏၭာန္ထူးျခားတဲ့ ေစတီေတာ္တစ္ဆူကိုေတြ႕တာနဲ႔ ဝင္ေရာက္ဖူးေျမာ္ၾကပါတယ္။

ရင္ျပင္ေတာ္ကို လွည့္ပတ္ၾကည့္ရာက တနလာေဒၤါင့္က က်ားႏွစ္ေကာင္ကို ေတြ႕တဲ့ခါ တစ္ေကာင္နဲ႔တစ္ေကာင္ ႏႈတ္ခမ္းေမႊးကစ ခြဲျခားမရေအာင္

လက္ရာတူညီေနတာကို သေဘာက်ပီး ပညာရွင္ကို လုပ္ငန္းမွာအသုံးျပဳဖို႔ ေဂါပကအဖြဲ႕ထံ သြားေရာက္စုံစမ္းၾကပါတယ္။

စကားျပန္ကတဆင့္ အက်ိဳးအေၾကာင္း ေျပာပီး စုံစမ္းတဲ့အခါမွာ ေဂါပက အဖြဲ႕ဝင္ေတြက တနလၤာေဒါင့္မွာ က်ားတစ္ေကာင္တည္း ထုလုပ္ထားတာပါလို႔ ရွင္းျပေပမယ့္ ေသခ်ာၾကည့္ပီး စစ္ေဆးခဲ့တဲ့ ႏိုင္ငံျခားသား အဖြဲ႕ကလည္း

က်ားႏွစ္ေကာင္ကိုေသခ်ာျမင္ခဲ့တဲ့အေၾကာင္း ျငင္းခုံၾကရင္း ေဂါပကအဖြဲ႕နဲ႔အတူ တနလာေဒၤါင့္ကို ထပ္မံသြားၾကည့္တဲ့ အခါမွာေတာ့

အမွန္တကယ္ က်ားတစ္ေကာင္ထဲသာ ရွိေနတာကို ျမင္ပီး ႏိုင္ငံျခားသားေတြ အံ့ၾသ တုန္လႈပ္ ကုန္ၾကပါတယ္။

( က်ိဳက္ေဒးဝိ သမိုင္း )

က်ိဳက္ထီး႐ိုး ဘိုးဘိုးႀကီး

သကၤန္းကြၽန္းၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ဦးသိန္းေမာင္တို႔ ဇနီးေမာင္ႏွံဟာ တစ္ေန႔မွာ က်ိဳက္ထီး႐ိုးေစတီ သြားေရာက္ ဖူးေျမာ္ၾကပါတယ္။

ေစတီေတာ္ကို ကန္ေတာ့ပီး လက္အုပ္ကို ျပန္ႂကြလိုက္တဲ့အခါ ဦးသိန္းေမာင္ရဲ႕ လက္အုပ္ထဲမွာ ခိုးလို႔ခုလုနဲ႔ မာေက်ာေက်ာ အရာတစ္ခု ပါလာပါတယ္။

အညိဳေရာင္ ခပ္မြဲမြဲနဲ႔ ကြမ္းသီးလုံးခန႔္ရွိ ေက်ာက္တစ္လုံးကို ေတြ႕တာနဲ႔ သူ႔စိတ္ထဲမွာ ဒါ ငါ့ကိုေပးတာ ျဖစ္မယ္လို႔ယူဆပီး ေက်ာက္ကို အိမ္အျပန္ ယူလာခဲ့ပါတယ္။

အမွတ္မဲ့ေနရာက တစ္ေန႔မွာေတာ့ သိမ္းထားတဲ့ေက်ာက္ကို မဂိုလမ္းသြားျပၾကည့္တဲ့ခါ ( ထိုေခတ္က ) ရွစ္က်ပ္ေပးပါတယ္။

မေက်နပ္လို႔ ထပ္ပီး ဗိုလ္ခ်ဳပ္ေဈး ေက်ာက္ပြဲစားတန္းကို သြားျပျပန္ပါတယ္။ ေက်ာက္ကို ေသခ်ာစစ္ေဆးပီး ၉၀ က်ပ္ တန္ဖိုးျဖတ္တာနဲ႔ မေရာင္းပဲ ျပန္သိမ္းထား လိုက္ပါတယ္။

တစ္ညမွာေတာ့ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးက ဒါမင္းပစၥည္းမဟုတ္ဘူး အင္းတိုင္ လမ္းဆုံနားမွာဘုရားတည္ေနတယ္ လျပည့္ေန႔ ေန႔လည္တစ္နာရီ အေရာက္သြား အဲသည္ဘုရားမွာ ဌာပနာထည့္လိုက္လို႔ အိပ္မက္ေပးပါတယ္။

ပတၱျမားႀကီးလာၿပီ

ထိုအခ်ိန္က ပါရမီရွင္ အေမၾကည္ဆိုသူဟာ အထက္ပုဂၢိဳလ္ေတြရဲ႕ ဓါတ္မိန႔္ကို နာခံၿပီး က်ိဳက္ေဒးဝိ ေစတီေတာ္ကို ဦးစီးပီး တည္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။

ေစတီေတာ္ တည္ေဆာက္ၿပီးစီးလို႔ လျပည့္ေန႔မွာ ထီးေတာ္တင္ မဂၤလာနဲ႔ ဌာပနာေတာ္သြင္း မဂၤလာ တၿပိဳင္တည္း က်င္းပမွာျဖစ္ပီး

အထက္ပုဂၢိဳလ္ႀကီးမ်ားက ဘုရားေလးဆူကိုမီခဲ့တဲ့ ပတၱျမားႀကီး ေရာက္လာလိမ့္မယ္လို႔ ၫႊန္ၾကားထားၿပီး ျဖစ္ပါတယ္။

အေမၾကည္ရဲ႕ ေျပာၾကားခ်က္ကို မယုံတစ္ဝက္ ယုံတစ္ဝက္နဲ႔ ဟုတ္မွဟုတ္ပါ့မလား ဆိုသူေတြလည္း ရွိပါတယ္။ ဘယ္လိုပဲထင္ထင္

အထက္ပုဂၢိဳလ္ေတြရဲ႕အမိန႔္ဟာ ဘယ္ခါမွ မလြဲမွားတဲ့အတြက္ အေမၾကည္က ပတၱျမားႀကီးတင္ဖို႔ ကလာပ္တစ္ခုေပၚမွာ ဆြတ္ဆြတ္ျဖဴတဲ့ ဂြမ္းေတြတင္ထားပီးပါၿပီ။

ပတၱျမားႀကီး ေရာက္လာမွာတဲ့ဆိုပီး တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ လာၾကတဲ့သူေတြကလည္း တိုးမေပါက္ေအာင္ ျပည့္က်ပ္ေနပါတယ္။

တေျဖးေျဖးနဲ႔ အစီအစဥ္ေတြ တစ္ခုပီး တစ္ခု က်င္းပေနရာက ဌာပနာေတာ္သြင္း မဂၤလာခ်ိန္ ေရာက္ဖို႔ မိနစ္ အနည္းငယ္သာ က်န္ပါေတာ့တယ္။

လူေတြအားလုံးဟာ ဂြမ္းဆိုင္ပုံႀကီးကိုတစ္လွည့္ အေမၾကည္ကို တစ္လွည့္ ၾကည့္ပီးသို႔ေလာ သို႔ေလာနဲ႔ေစာင့္ဆိုင္း ေနၾကပါတယ္။ အေမၾကည္ကေတာ့ ယုံၾကည္ခ်က္အျပည့္နဲ႔

ပတၱျမားႀကီး ေရာက္လာမယ့္လမ္းကို ေစာင့္ေနရာက ေဟာ လာပီ ပတၱျမားႀကီး ေရာက္လာပါၿပီလို႔ ေႂကြးေၾကာ္လိုက္ပါတယ္။

ဦးသိန္းေမာင္တို႔ ဇနီးေမာင္ႏွံဟာ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီး အိပ္မက္အရ ဌာပနာ ထည့္သြင္းဖို႔ လျပည့္ေန႔မွာ ေက်ာက္ကို ယူေဆာင္လာခဲ့ပါတယ္။

ၾကက္ပ်ံမက် ႀကိတ္ႀကိတ္တိုးေနတဲ့ လူေတြကိုျဖတ္ေက်ာ္ပီး လက္ထဲက ညိဳမြဲမြဲ ၉၀ တန္ ေက်ာက္ကို အေမၾကည့္လက္ထဲ အခ်ိန္မီ ေပးအပ္လိုက္ပါတယ္။

အေမၾကည္က ေက်ာက္ကို လက္ႏွစ္ဘက္နဲ႔ တ႐ိုတေသလွမ္းယူလိုက္ပီး

ေနေရာင္မွာ ကိုင္ေျမႇာက္ျပလိုက္တဲ့ခါ လူေတြအားလုံး အေမ့လက္ထဲက ေက်ာက္ကို စုၿပဳံၾကည့္ရင္း သာမန္ေက်ာက္ခဲလို ဘာမွလည္းမထူးျခားပဲ အထင္နဲ႔အျမင္ တက္တက္စင္လြဲေနတာမို႔ စိတ္ပ်က္သြားၾကပါတယ္။

အေမၾကည္ကအၿပဳံးမပ်က္ပဲ ေက်ာက္ကိုဂြမ္းဆိုင္ေပၚ တင္လိုက္တဲ့အခ်ိန္မွာေတာ့ အေရာင္အဆင္းမရွိတဲ့ေက်ာက္ခဲဟာ မ်က္လွည့္ျပလိုက္သလို ေနေရာင္ေအာက္မွာ ႐ႊန္းစိုလာပီး

တေျဖးေျဖး နီရဲေနတဲ့ အေရာင္ေတြတဖိတ္ဖိတ္ တလက္လက္ ယွက္ျဖာလာရင္း ဂြမ္းဆိုင္ထုတစ္ခုလုံး အနီေရာင္ေတြ ကူးစက္သြားပီး ပတၱျမားရည္ေတြ စီးက်ေနသလို ခ်င္းခ်င္း နီရဲသြားပါတယ္။

ပတၱျမားႀကီးရဲ႕ အေရာင္ေတြဟာ ေနေရာင္ခတဲ့ အခ်ိန္မွ ာၿပိဳးၿပိဳးျပက္ျပက္အလင္းတန္းေတြျဖာပီး လူေတြဆီပါ အေရာင္ေတြဟပ္ေနပါေတာ့တယ္။ ေအာင္ၿပီပတၱျမားႀကီးကို ဌာပနာသြင္းပီးခ်ိန္မွာေတာ့

အေမၾကည္နဲ႔အတူ ပရိတ္သတ္ႀကီးအားလုံးေအာင္ၿပီ ေအာင္ၿပီ ေအာင္ၿပီ ဆိုၿပီးတခဲနက္ေႂကြးေၾကာ္လိုက္ၾကပါေတာ့တယ္။

ဘုရားရဲ႕ဘြဲ႕ေတာ္က က်ိဳက္ေဒးဝိ ျဖစ္ပါတယ္ ေတာ္႐ုံသမာဓိနဲ႔ အဓိဌာန္မဝင္သင့္တဲ့ေနရာပါ ကုကၠိဳသစ္ကြင္းပင္ တစ္ပင္ရွိပီး နတ္က်ာ္းတစ္ေကာင္ ေစာင့္ေရွာက္ေနပါတယ္။

တစ္ခါတစ္ေခါက္ လာေရာက္ဖူးေျမာ္ပါလို႔တိုက္တြန္းလိုက္ပါရေစ။ မုခ္ဦးအဝင္မွာ ကိုယ္တိုင္ က်ားဟိန္းသံၾကားခဲ့ဖူးပါတယ္။ ယုံၾကည္ဖို႔ မည္သူ႔ကိုမွ်မတိုက္တြန္းပါ။Credit

Unicode

တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံစိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါ်တယ် ။ အထူးသဖြင့် မမြင်အပ်တဲ့ပုဂ္ဂိုလ် တွေနဲ့ဆက်စပ်တဲ့အခါမျိုးမှာ

သာမန်အတွေးနဲ့ ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ်။သုဝဏ္ဏ အားကစား ရုံတည်ဆောက်နေစဉ်ကာလနိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာစိုက်ပျိုးမယ့်

မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကိုထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကိုတွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ်။

ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်က ကျားနှစ်ကောင်ကို တွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်

လက်ရာတူညီနေတာကို သဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာအသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ်။

စကားပြန်ကတဆင့် အကျိုးအကြောင်း ပြောပီး စုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက

တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်း ထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီး စစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း

ကျားနှစ်ကောင်ကိုသေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့ အခါမှာတော့

အမှန်တကယ် ကျားတစ်ကောင်ထဲသာ ရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြ တုန်လှုပ် ကုန်ကြပါတယ်။

( ကျိုက်ဒေးဝိ သမိုင်း )

ကျိုက်ထီးရိုး ဘိုးဘိုးကြီး

သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ဦးသိန်းမောင်တို့ ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက် ဖူးမြော်ကြပါတယ်။

စေတီတော်ကို ကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါ ဦးသိန်းမောင်ရဲ့ လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျော အရာတစ်ခု ပါလာပါတယ်။

အညိုရောင် ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိ ကျောက်တစ်လုံးကို တွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါ ငါ့ကိုပေးတာ ဖြစ်မယ်လို့ယူဆပီး ကျောက်ကို အိမ်အပြန် ယူလာခဲ့ပါတယ်။

အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက်ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ ( ထိုခေတ်က ) ရှစ်ကျပ်ပေးပါတယ်။

မကျေနပ်လို့ ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ်။ ကျောက်ကို သေချာစစ်ဆေးပီး ၉၀ ကျပ် တန်ဖိုးဖြတ်တာနဲ့ မရောင်းပဲ ပြန်သိမ်းထား လိုက်ပါတယ်။

တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးက ဒါမင်းပစ္စည်းမဟုတ်ဘူး အင်းတိုင် လမ်းဆုံနားမှာဘုရားတည်နေတယ် လပြည့်နေ့ နေ့လည်တစ်နာရီ အရောက်သွား အဲသည်ဘုရားမှာ ဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ်။

ပတ္တမြားကြီးလာပြီ

ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကို နာခံပြီး ကျိုက်ဒေးဝိ စေတီတော်ကို ဦးစီးပီး တည်နေတဲ့အချိန်ဖြစ်ပါတယ်။

စေတီတော် တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာ ထီးတော်တင် မင်္ဂလာနဲ့ ဌာပနာတော်သွင်း မင်္ဂလာ တပြိုင်တည်း ကျင်းပမှာဖြစ်ပီး

အထက်ပုဂ္ဂိုလ်ကြီးများက ဘုရားလေးဆူကိုမီခဲ့တဲ့ ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

အမေကြည်ရဲ့ ပြောကြားချက်ကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလား ဆိုသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲထင်ထင်

အထက်ပုဂ္ဂိုလ်တွေရဲ့အမိန့်ဟာ ဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေတင်ထားပီးပါပြီ။

ပတ္တမြားကြီး ရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့ လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင် ပြည့်ကျပ်နေပါတယ်။

တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီး တစ်ခု ကျင်းပနေရာက ဌာပနာတော်သွင်း မင်္ဂလာချိန် ရောက်ဖို့ မိနစ် အနည်းငယ်သာ ကျန်ပါတော့တယ်။

လူတွေအားလုံးဟာ ဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကို တစ်လှည့် ကြည့်ပီးသို့လော သို့လောနဲ့စောင့်ဆိုင်း နေကြပါတယ်။ အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့

ပတ္တမြားကြီး ရောက်လာမယ့်လမ်းကို စောင့်နေရာက ဟော လာပီ ပတ္တမြားကြီး ရောက်လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ်။

ဦးသိန်းမောင်တို့ ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီး အိပ်မက်အရ ဌာပနာ ထည့်သွင်းဖို့ လပြည့်နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ်။

ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့ လူတွေကိုဖြတ်ကျော်ပီး လက်ထဲက ညိုမွဲမွဲ ၉၀ တန် ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီ ပေးအပ်လိုက်ပါတယ်။

အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့ တရိုတသေလှမ်းယူလိုက်ပီး

နေရောင်မှာ ကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲက ကျောက်ကို စုပြုံကြည့်ရင်း သာမန်ကျောက်ခဲလို ဘာမှလည်းမထူးခြားပဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ်။

အမေကြည်ကအပြုံးမပျက်ပဲ ကျောက်ကိုဂွမ်းဆိုင်ပေါ် တင်လိုက်တဲ့အချိန်မှာတော့ အရောင်အဆင်းမရှိတဲ့ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာ ရွှန်းစိုလာပီး

တဖြေးဖြေး နီရဲနေတဲ့ အရောင်တွေတဖိတ်ဖိတ် တလက်လက် ယှက်ဖြာလာရင်း ဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေ ကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလို ချင်းချင်း နီရဲသွားပါတယ်။

ပတ္တမြားကြီးရဲ့ အရောင်တွေဟာ နေရောင်ခတဲ့ အချိန်မှ ာပြိုးပြိုးပြက်ပြက်အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။ အောင်ပြီပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့

အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအားလုံးအောင်ပြီ အောင်ပြီ အောင်ပြီ ဆိုပြီးတခဲနက်ကြွေးကြော်လိုက်ကြပါတော့တယ်။

ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ် တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါ ကုက္ကိုသစ်ကွင်းပင် တစ်ပင်ရှိပီး နတ်ကျာ်းတစ်ကောင် စောင့်ရှောက်နေပါတယ်။

တစ်ခါတစ်ခေါက် လာရောက်ဖူးမြော်ပါလို့တိုက်တွန်းလိုက်ပါရစေ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့ မည်သူ့ကိုမျှမတိုက်တွန်းပါ။Credit