၂၀၂၀ မှာ ဥရောပက အမှိုက်ကုန်းဖြစ်လာလိမ့်မယ်လို့ မျက်မမြင်အကြားအမြင်ဆရာမကြီး ဘာဘာဗန်ဂါ ဟောကိန်းထုတ်ထား………

Zaw Gyi













Credit to Original

Unicode

၂၀၂၀ ၌ ဥရောပဟာ စီးပွားရေးပြိုကျသွားလိမ့်မယ်လို့ မျက်မမြင်အကြားအမြင်ဆရာမကြီး ဘာဘာဗန်ဂါက သတိပေးဟောကိန်းထုတ်ထားကြောင်း

သူ့ကို ယုံကြည်သူတွေက ပြောပါတယ်။

2009/2011 တိုက်ခိုက်မှုကြီးနဲ့ ဆူနာမီတို့ကို ကြိုတင်ဟောကိန်းမှန်ထားတဲ့

ဘာဘာဗန်ဂါဟာ အခုနှစ်မှာ ဥရောပဟာ ပြဿနာမျိုးစုံ ကြုံရလိမ့်မှာဖြစ်ပြီး သက်ရှိနေထိုင်မှု လုံးဝနီးပါးကင်းမဲရာ အမှိုက်ကုန်းကြီး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ထားတယ်လို့ သိရပါတယ်။

ဘူဂေရီးယားက အကြားအမြင်ဆရာမကြီး ဘာဘာဗန်ဂါဟာ ၁၉၁၁ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၁၉၉၆ ဩဂုတ် ၁၁ ရက်မှာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ဘာဘာဗန်ဂါရဲ့ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့

ဟောကိန်းတွေဟာ ရာနှုန်းပြည့်မှဟုတ်တောင် ၈၅ ရာခိုင်နှုန်းအထိ မှန်ကန်မှု ရှိထားတာကလည်း တကယ့်ကို စိတ်စွမ်းအင်ရ အနာဂတ်ကို သိမြင်နိုင်သူလားလို့တောင် ထူးခြားဆန်းကြည်ဖြစ်စေပါတယ်။

ဘာဘာဗန်ဂါရဲ့ အနာဂတ် ဟောကိန်းအချို့မှာ ၂၀၃၃ ကနေ ၂၀၄၅ အတွင်း ဝင်းရိုးစွန်းရေခဲတွေ အရည်ပျော်ပြီး ပင်လယ်သမုဒ္ဒရာ မျက်နှာပြင် မြင့်တက်မယ်လို့ ဟောထားပါတယ်။

ကမ္ဘာ့နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဟောကိန်းတစ်ခုအဖြစ် ၂၀၇၂ ခုနှစ်ကနေ ၂၀၈၆ မှာ ကမ္ဘာမှာ ကွန်မြူနစ်ကြီးစိုးလိမ့်မယ်လို့ ဆိုထားပါတယ်။

အချိန်ခရီးသွားမှုကို လူသားတွေဟာ ၂၂၆၂ ခုနှစ်နဲ့ ၂၃၀၄ အတွင်း အောင်မြင်စွာ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့ပါတယ်။

၂၃၄၁ ခုနှစ်မှာတော့ ကမ္ဘာ့ကြီး ပျက်သုဉ်းပြီး လူသားတွေဟာ နေအဖွဲ့အစည်းအတွင်းက အခြားတစ်နေရာဆီ သွားရောက်အခြေချ ရှင်သန်မယ်ဆိုတဲ့

ဟောထားပြီး ၅၁ ရာစုအရောက် ၅၀၇၉ ခုနှစ်မှာ စကြဝဠာကြီးတစ်ခုလုံး အဆုံးသတ်သွားလိမ့်မယ်လို့ ဟောကိန်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

Credit to Original