မ်က္ရည္ေလွာင္တမံ (သို႔) သဖန္းဆိပ္ေလွာင္တမံ ရဲ႕ မ်က္ရည္က်စရာ သမိုင္း
Zaw Gyi
1996 မွာ စတင္တည္ေဆာက္ျပီး 2001 ခုႏွစ္မွာ ဖြင့္လစ္ခဲ့တဲ့ သဖန္းဆိပ္ေရေလွာင္တမံဆိုတာ စစ္ကိုင္းတိုင္းရဲ႕ ဇာတ္လိုက္ေက်ာ္ၾကီးေပါ့။
ေရေလွာင္တမံရဲ႕ ေရေလွာင္အားေၾကာင့္ ကင္းတပ္ ကာဘိုး ေရလႊဲဆည္မ်ားကတဆင့္ ျမိဳ႕နယ္ေပါင္း10 ျမိဳ႕နယ္မွာရွိတဲ့ လယ္ဧက ေျခာက္သိန္းသံုးေသာင္းကို ေရေပးနိဳင္ခဲ့တယ္။
သဖန္းဆိပ္တမံၾကီးရဲ႕ ေက်းဇူးေၾကာင့္ ေရႊဘိုခရိုင္အတြင္းက ျမိဳ႕ေတြဟာ 16 ႏွစ္ေက်ာ္ ကာလအတြင္းမွာ စီးပြါးေရးအရမ္းေကာင္းခဲ့ရတယ္။ ေရႊဘိုျမိဳ႕မွာဆိုရင္ကိုပဲ အိမ္ေဆာက္ပစၥည္းဆိုင္ဆိုတာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ေနရတယ္။
အိမ္ၾကီးအိမ္းေကာင္းေတြဆိုတာဟာလည္း ရြာေရာ ျမိဳ႕ေရာ လ်ွင္ျမန္စြာတိုးပြါးလာၾကတာကလည္း အားရစရာ အရမ္းေကာင္းလွပါတယ္။ တခ်ိဳ႕ဆိုရင္ စီးပြါးေရးအရမ္းေကာင္းလို႕
မႏၲေလးျမိဳ႕ကို ေျပာင္းေရႊ႕ျပီး စီးပြါးေရးတိုးခ်ဲ႕ေနတာေတြလည္း အမ်ားအျပားေတြ႕ေနရပါတယ္။ အခုဆိုရင္ ေရႊဘိုဆန္ဆိုတာ ျမန္မာနိဳင္ငံမွာ အရည္အေသြးအေကာင္းဆံုးနဲ႕ ေစ်းအၾကီးဆံုးပဲ။
စပါးအထြက္ႏွဳန္းကလည္း တစ္နိဳင္ငံလံုးအတိုင္းအတာနဲ႕ဆိုရင္ အေကာင္းဆံုးပဲ မိုးစပါး ေဘးၾကား(ေပၚဆန္း) ဆိုရင္ တစ္ဧကကို စပါးတင္း ၈၀ နဲ႕ ၁၀၀ ၾကားထြက္တယ္။ ေႏြစပါးဆိုရင္လည္း ေရႊဝါထြန္း ၇၄၇ BG နဲ႕
ပုလဲသြယ္ စပါးမ်ိဳးေတြစိုက္ျပီး တစ္ဧကကို စပါးတင္း ၁၀၀ နဲ႕ ၁၆၀ ၾကားထြက္တယ္။ တစ္ႏွစ္ကို ႏွစ္သီးစိုက္ျပီး စပါးအထြက္ေကာင္း စပါးေစ်းေကာင္းၾကတာမို႕ စီးပြါးေရးအထူးအဆင္ေျပၾကပါတယ္။
လယ္ ၄ ဧကေလာက္ရွိရင္ကိုပဲ မိသားစုတစ္စုအတြက္ ေကာင္းေကာင္းမြန္မြန္ ရပ္တည္လို႕ ရေနျပီေလ။ အဲဒါေတြအားလံုးက သဖန္းဆိပ္ေရေလွာင္တမံၾကီးရဲ႕ အက်ိဳးေက်းဇူးေပါ့။
ဆည္ေရေသာက္ျပီး စိုက္ပ်ိဳးလုပ္ကိုင္ေနၾကတဲ့ ေတာင္သူေတြကေတာ့ သဖန္းဆိပ္ေရေလွာင္တမံၾကီးကို သူတို႕ရဲ႕ ေက်းဇူးရွင္အျဖစ္သတ္မွတ္ထားၾကပါတယ္။
ဒါေပမဲ့လို႕ အဲဒီလို အက်ိဳးစီးပြါးျဖစ္ထြန္းမွဳရဲ႕ေနာက္ကြယ္မွာ လူေပါင္းသိန္းခ်ီျပီးရွိတဲ့ မ်က္ရည္စက္ေတြရွိေနတာကိုလည္းဝမ္းနည္းစရာ ေတ႔ြျမင္ေနခဲ့ရတယ္။
အဲဒီမ်က္ရည္စက္ေတြက အခုခ်ိန္ထိကို မေျခာက္ေသးပါဘူး။ မိသားစုေပါင္းမ်ားစြာ အခုခ်ိန္ထိ မ်က္ရည္က်ေနရတုန္းပါ။
၁၉၉၆ သဖန္းဆိပ္ေရေလွာင္တမံၾကီးစတင္တည္ေဆာက္မယ္ဆိုေတာ့ ေရျမဳပ္ဧရိယာမွာရွိတဲ႔ ကြ်န္းလွျမိဳ႕နဲ႕ ရြာေပါင္း ၇၃ ရြာကို ေရႊ႕ေျပာင္းခဲ့ၾကတယ္။ ကြ်န္းလွျမိဳ႕ကို ေရေလွာင္တမံၾကီးရဲ႕ အေရွ႕ဘက္၁၂ မိုင္အကြာမွာရွိ သစ္ရာပင္ရြာကို ေရႊ႕ခဲ့တယ္
သစ္ရြာပင္ရြာသူ ရြာသားေတြပိုင္တဲ့ ယာေျမေတြမွာ ျမိဳ႕ကြက္ရိုက္ျပီး ကြ်န္းလွျမိဳ႕သစ္ကို တည္ခဲ့ၾကတယ္။ သစ္ရာပင္ရြာက ယာေျမေတြကို ဆံုးရွံဳးလိုက္ရတယ္။ က်ြန္းလွျမိဳ႕ေျပာင္းေရႊ႕ေနရာခ်ေတာ့
ေျမကြက္ေတြသာေပးခဲ့ျပီး အိမ္ေတြေဆာက္မေပးခဲ့လို႕ က်ြန္းလွျမိဳ႕သားေတြဟာ ကိုယ့္အိမ္ေဟာင္းကိုစြန္႕ျပီး အိမ္သစ္ျပန္ေဆာက္ခဲ့ၾကရတယ္။
ေရႊ႕ေျပာင္းခံ ၇၃ ရြာကလည္း တမံေရျမဳပ္ဧရိယာမွာပါတဲ့ ေျမဧက တစ္သိန္းေျခာက္ေသာင္းေက်ာ္ဆံုးရွံဳးခဲ့ရတယ္။ ရြာသစ္ ၇၃ ရြာကို ျပန္ျပီးေနရာခ်ျပီး
စိုက္ပ်ိဳးေျမျပန္ေပးေတာ့လည္း စိုက္ပ်ိဳးလို႕မရတဲ့ က်စ္တီးေျမေတြကို ေပးခဲ့လို႕ စိုက္ပ်ိဳးလို႕မရခဲ့ဘူး။ ပါးစပ္နဲ႕သာေပးခဲ့တဲ့ စိုက္ပ်ိဳးေျမေတြဟာ အခုခ်ိန္ထိ ပိုင္ဆိုင္မွဳမရေသးပါဘူး။
အမ်ားစုကေတာ့ သစ္ေတာပိုင္ေျမ (သစ္ေတာၾကိဳးဝိုင္း)ထဲမွာ ျဖစ္ျပီး အခုအခ်ိန္ထိ သစ္ေတာေျမကေန စြန္႕လြတ္ထားျခင္းမရွိေသးပါဘူး။ တခ်ိဳ႕ရြာေတြကလည္း သစ္ေတာပိုင္ေျမထဲမွာ ျဖစ္ေနတဲ့အတြက္
က်ဴးေက်ာ္ရြာေတြလို ျဖစ္ေနေတာ့တယ္။ ဒီအျဖစ္အပ်က္ေတြကို ေခတ္အဆက္ဆက္ သက္ဆိုင္ရာကို တင္ျပခဲ့ၾကေပမဲ့ အခုအခ်ိန္ထိ ထူးျခားမွဳမရွိခဲ့ဘူး။
အဲဒီလိုနဲ႕ က်ြန္းလွျမိဳ႕အပါအဝင္ ေရႊ႕ေျပာင္းခံရြာေတြဟာ အဆင္ေျပေနတဲ့ဘဝေတြကေန ေန႕ခ်င္းညခ်င္း ဒုကၡဆင္းရဲေရာက္ခဲ့ရျပီး စားဝတ္ေနေရးအတြက္ အင္မတန္ခက္ခဲၾကမ္းတမ္းစြာနဲ႕ ရုန္းကန္ခဲ့ၾကရတယ္။
စိုက္ပ်ိဳးေရးသာလုပ္ကိုင္စားေသာက္တက္ၾကတဲ့ ရြာသူရြာသားေတြဟာ စိုက္စရာေျမမရွိေတာ့တဲ့အတြက္ ၾကံဳရာ က်ပန္းလုပ္ကိုင္ခဲ့ရေတာ့တယ္။ တခ်ိဳ႕ေတြကလည္း ေဒသမွာ အလုပ္အကိုင္မရွိေတာ့လို႕
တျခားေဒသေတြကို ေျပာင္းေရႊ႕ျပီး အလုပ္မ်ိဳးစံုလုပ္ကိုင္စားေသာက္ေနခဲ့ၾကတယ္။ ေျမပိုင္ ယာပိုင္ဘဝကေနျပီး သူမ်ားခိုင္းတာလုပ္ရတဲ့ဘဝကို ခ်က္ခ်င္ေရာက္သြာခဲ့ၾကရေတာ့တယ္။
အခုဆိုရင္ က်ြန္းလွျမိဳ႕နဲ႕ ရြာေပါင္း ၇၃ ရြာေရႊ႕ေျပာင္းခဲ့ရတာ ၂၁ ႏွစ္ရွိေနျပီ လူမ်ားစုကေတာ့ စိုက္ပ်ိဳးေျမေတြ ျပန္မရၾကေသးဘူး။ အခုခ်ိန္ထိ ေျမေတြျပန္ရဖို႕ ေမ်ွာ္လင့္ေနၾကတုန္းပါပဲ။ ဒါေပမဲ့ သူတို႕ေတြရဲ႕ေမ်ွာ္လင့္ခ်က္ကေတာ့ မွဳန္ဝါးေနတုန္းပါပဲ။
ေအာ္ စီမံကိန္း စီမံကိန္းစီမံကိန္လုပ္ငန္းေတြဟာ ေအာင္ျမင္သြားရင္ လူေပါင္းမ်ားစြာ အက်ိဳးျဖစ္ထြန္းေပမဲ့ စီမံမွဳမွားရင္ေတာ့ စီမံကိန္းဒုကၡသည္ေတြရဲ႕ ဘဝေတြကို နင္းေျခခဲ့တာနဲ႕ တူပါတယ္။
သဖန္းဆိပ္ေရေလွာင္တမံၾကီးဟာ ျမန္မာနိဳင္ငံအတြက္ မ်ားစြာအက်ိဳးျပဳပါတယ္။ ျမိဳ႕ဆယ္ျမိဳ႕က စီးပြါးေရးေတြ တိုးတက္သြားၾကပါတယ္။
ဒါေပမဲ့ ေတာင္၊ ေျမာက္ ၂၂ မိုင္ အေရွ႕၊ အေနာက္ ၁၂ မိုင္ေလာက္အက်ယ္ ေရလႊမ္းတဲ့သဖန္းဆိပ္တမံၾကီးနဲ႕ မလြတ္လို႕ ေရႊ႕ေျပာင္းခဲ့ရတဲ့သူေတြရဲ႕ ဘဝကေတာ့ အခုခ်ိန္ထိ ဒုကၡပင္လယ္ေဝတုန္းပါပဲ။
တကယ္ေတာ့ သဖန္းဆိပ္ေရေလွာင္တမံဆိုတာ ေရေတြေလွာင္ထားတာမဟုတ္ပါဘူး။ ကြ်န္းလွျမိဳ႕နယ္ကလူေတြရဲ႕ မ်က္ရည္ေတြကို ေလွာင္ထားတာပါ။
ဒါေပမဲ့ အဲဒီမ်က္ရည္ေတြက မခါးဘူး အရမ္းကိုခ်ိဳျမိန္ပါတယ္။
အဲ ဒီမ်က္ရည္ေတြေၾကာင့္ လူေပါင္းမ်ားစြာရဲ႕ဘဝေတြ တိုးတက္သြားၾကရတယ္ေလ။
က်ေနာ္ ေတြးေနမိတာက
က်ေနာ္သာ အုပ္ခ်ဳပ္သူတစ္ေယာက္ဆိုရင္ ျမိဳ႕တစ္ျမိဳ႕က လူေတြရဲ႕ ဘဝကိုစေတးျပီး တျခားျမိဳ႕ ၁၀ ျမိဳ႕ေကာင္းစားဖို႔ လုပ္မလား မလုပ္ဘူးလား ဆိုတာကို ေတြးေနမိတယ္။ က်ေနာ့္မိတ္ေဆြေတြဆိုရင္ေရာ ဘယ္လိုလုပ္မလဲ
ဘာပဲေျပာေျပာပါ က်ိန္းေသတာကေတာ့ သဖန္းဆိပ္တမံၾကီးက က်ြန္းလွသူ က်ြန္းလွသားေတြရဲ႕ မ်က္ရည္စက္ေတြကို အခုခ်ိန္ထိေလွာင္ထားတုန္းပါပဲ။
သူတို႕ေတြက မ်က္ရည္စက္ေတြကို ျပံဳးျပံဳးေလးနဲ႕ ငိုေပးေနတာပါ။ဘမ်က္ရည္ကို ေသာက္သူေတြကေတာ့ မ်က္ရည္ေတြကို အလဟသတ္မျဖစ္ပါေစနဲ႕ဗ်ာ။
Unicode
1996 မှာ စတင်တည်ဆောက်ပြီး 2001 ခုနှစ်မှာ ဖွင့်လစ်ခဲ့တဲ့ သဖန်းဆိပ်ရေလှောင်တမံဆိုတာ စစ်ကိုင်းတိုင်းရဲ့ ဇာတ်လိုက်ကျော်ကြီးပေါ့။
ရေလှောင်တမံရဲ့ ရေလှောင်အားကြောင့် ကင်းတပ် ကာဘိုး ရေလွှဲဆည်များကတဆင့် မြို့နယ်ပေါင်း10 မြို့နယ်မှာရှိတဲ့ လယ်ဧက ခြောက်သိန်းသုံးသောင်းကို ရေပေးနိုင်ခဲ့တယ်။
သဖန်းဆိပ်တမံကြီးရဲ့ ကျေးဇူးကြောင့် ရွှေဘိုခရိုင်အတွင်းက မြို့တွေဟာ 16 နှစ်ကျော် ကာလအတွင်းမှာ စီးပွါးရေးအရမ်းကောင်းခဲ့ရတယ်။ ရွှေဘိုမြို့မှာဆိုရင်ကိုပဲ အိမ်ဆောက်ပစ္စည်းဆိုင်ဆိုတာ နေရာတော်တော်များများမှာ တွေ့နေရတယ်။
အိမ်ကြီးအိမ်းကောင်းတွေဆိုတာဟာလည်း ရွာရော မြို့ရော လျှင်မြန်စွာတိုးပွါးလာကြတာကလည်း အားရစရာ အရမ်းကောင်းလှပါတယ်။ တချို့ဆိုရင် စီးပွါးရေးအရမ်းကောင်းလို့
မန္တလေးမြို့ကို ပြောင်းရွှေ့ပြီး စီးပွါးရေးတိုးချဲ့နေတာတွေလည်း အများအပြားတွေ့နေရပါတယ်။ အခုဆိုရင် ရွှေဘိုဆန်ဆိုတာ မြန်မာနိုင်ငံမှာ အရည်အသွေးအကောင်းဆုံးနဲ့ ဈေးအကြီးဆုံးပဲ။
စပါးအထွက်နှုန်းကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အကောင်းဆုံးပဲ မိုးစပါး ဘေးကြား(ပေါ်ဆန်း) ဆိုရင် တစ်ဧကကို စပါးတင်း ၈၀ နဲ့ ၁၀၀ ကြားထွက်တယ်။ နွေစပါးဆိုရင်လည်း ရွှေဝါထွန်း ၇၄၇ BG နဲ့
ပုလဲသွယ် စပါးမျိုးတွေစိုက်ပြီး တစ်ဧကကို စပါးတင်း ၁၀၀ နဲ့ ၁၆၀ ကြားထွက်တယ်။ တစ်နှစ်ကို နှစ်သီးစိုက်ပြီး စပါးအထွက်ကောင်း စပါးဈေးကောင်းကြတာမို့ စီးပွါးရေးအထူးအဆင်ပြေကြပါတယ်။
လယ် ၄ ဧကလောက်ရှိရင်ကိုပဲ မိသားစုတစ်စုအတွက် ကောင်းကောင်းမွန်မွန် ရပ်တည်လို့ ရနေပြီလေ။ အဲဒါတွေအားလုံးက သဖန်းဆိပ်ရေလှောင်တမံကြီးရဲ့ အကျိုးကျေးဇူးပေါ့။
ဆည်ရေသောက်ပြီး စိုက်ပျိုးလုပ်ကိုင်နေကြတဲ့ တောင်သူတွေကတော့ သဖန်းဆိပ်ရေလှောင်တမံကြီးကို သူတို့ရဲ့ ကျေးဇူးရှင်အဖြစ်သတ်မှတ်ထားကြပါတယ်။
ဒါပေမဲ့လို့ အဲဒီလို အကျိုးစီးပွါးဖြစ်ထွန်းမှုရဲ့နောက်ကွယ်မှာ လူပေါင်းသိန်းချီပြီးရှိတဲ့ မျက်ရည်စက်တွေရှိနေတာကိုလည်းဝမ်းနည်းစရာ တေ့ွမြင်နေခဲ့ရတယ်။
အဲဒီမျက်ရည်စက်တွေက အခုချိန်ထိကို မခြောက်သေးပါဘူး။ မိသားစုပေါင်းများစွာ အခုချိန်ထိ မျက်ရည်ကျနေရတုန်းပါ။
၁၉၉၆ သဖန်းဆိပ်ရေလှောင်တမံကြီးစတင်တည်ဆောက်မယ်ဆိုတော့ ရေမြုပ်ဧရိယာမှာရှိတဲ့ ကျွန်းလှမြို့နဲ့ ရွာပေါင်း ၇၃ ရွာကို ရွှေ့ပြောင်းခဲ့ကြတယ်။ ကျွန်းလှမြို့ကို ရေလှောင်တမံကြီးရဲ့ အရှေ့ဘက်၁၂ မိုင်အကွာမှာရှိ သစ်ရာပင်ရွာကို ရွှေ့ခဲ့တယ်
သစ်ရွာပင်ရွာသူ ရွာသားတွေပိုင်တဲ့ ယာမြေတွေမှာ မြို့ကွက်ရိုက်ပြီး ကျွန်းလှမြို့သစ်ကို တည်ခဲ့ကြတယ်။ သစ်ရာပင်ရွာက ယာမြေတွေကို ဆုံးရှုံးလိုက်ရတယ်။ ကျွန်းလှမြို့ပြောင်းရွှေ့နေရာချတော့
မြေကွက်တွေသာပေးခဲ့ပြီး အိမ်တွေဆောက်မပေးခဲ့လို့ ကျွန်းလှမြို့သားတွေဟာ ကိုယ့်အိမ်ဟောင်းကိုစွန့်ပြီး အိမ်သစ်ပြန်ဆောက်ခဲ့ကြရတယ်။
ရွှေ့ပြောင်းခံ ၇၃ ရွာကလည်း တမံရေမြုပ်ဧရိယာမှာပါတဲ့ မြေဧက တစ်သိန်းခြောက်သောင်းကျော်ဆုံးရှုံးခဲ့ရတယ်။ ရွာသစ် ၇၃ ရွာကို ပြန်ပြီးနေရာချပြီး
စိုက်ပျိုးမြေပြန်ပေးတော့လည်း စိုက်ပျိုးလို့မရတဲ့ ကျစ်တီးမြေတွေကို ပေးခဲ့လို့ စိုက်ပျိုးလို့မရခဲ့ဘူး။ ပါးစပ်နဲ့သာပေးခဲ့တဲ့ စိုက်ပျိုးမြေတွေဟာ အခုချိန်ထိ ပိုင်ဆိုင်မှုမရသေးပါဘူး။
အများစုကတော့ သစ်တောပိုင်မြေ (သစ်တောကြိုးဝိုင်း)ထဲမှာ ဖြစ်ပြီး အခုအချိန်ထိ သစ်တောမြေကနေ စွန့်လွတ်ထားခြင်းမရှိသေးပါဘူး။ တချို့ရွာတွေကလည်း သစ်တောပိုင်မြေထဲမှာ ဖြစ်နေတဲ့အတွက်
ကျူးကျော်ရွာတွေလို ဖြစ်နေတော့တယ်။ ဒီအဖြစ်အပျက်တွေကို ခေတ်အဆက်ဆက် သက်ဆိုင်ရာကို တင်ပြခဲ့ကြပေမဲ့ အခုအချိန်ထိ ထူးခြားမှုမရှိခဲ့ဘူး။
အဲဒီလိုနဲ့ ကျွန်းလှမြို့အပါအဝင် ရွှေ့ပြောင်းခံရွာတွေဟာ အဆင်ပြေနေတဲ့ဘဝတွေကနေ နေ့ချင်းညချင်း ဒုက္ခဆင်းရဲရောက်ခဲ့ရပြီး စားဝတ်နေရေးအတွက် အင်မတန်ခက်ခဲကြမ်းတမ်းစွာနဲ့ ရုန်းကန်ခဲ့ကြရတယ်။
စိုက်ပျိုးရေးသာလုပ်ကိုင်စားသောက်တက်ကြတဲ့ ရွာသူရွာသားတွေဟာ စိုက်စရာမြေမရှိတော့တဲ့အတွက် ကြုံရာ ကျပန်းလုပ်ကိုင်ခဲ့ရတော့တယ်။ တချို့တွေကလည်း ဒေသမှာ အလုပ်အကိုင်မရှိတော့လို့
တခြားဒေသတွေကို ပြောင်းရွှေ့ပြီး အလုပ်မျိုးစုံလုပ်ကိုင်စားသောက်နေခဲ့ကြတယ်။ မြေပိုင် ယာပိုင်ဘဝကနေပြီး သူများခိုင်းတာလုပ်ရတဲ့ဘဝကို ချက်ချင်ရောက်သွာခဲ့ကြရတော့တယ်။
အခုဆိုရင် ကျွန်းလှမြို့နဲ့ ရွာပေါင်း ၇၃ ရွာရွှေ့ပြောင်းခဲ့ရတာ ၂၁ နှစ်ရှိနေပြီ လူများစုကတော့ စိုက်ပျိုးမြေတွေ ပြန်မရကြသေးဘူး။ အခုချိန်ထိ မြေတွေပြန်ရဖို့ မျှော်လင့်နေကြတုန်းပါပဲ။ ဒါပေမဲ့ သူတို့တွေရဲ့မျှော်လင့်ချက်ကတော့ မှုန်ဝါးနေတုန်းပါပဲ။
အော် စီမံကိန်း စီမံကိန်းစီမံကိန်လုပ်ငန်းတွေဟာ အောင်မြင်သွားရင် လူပေါင်းများစွာ အကျိုးဖြစ်ထွန်းပေမဲ့ စီမံမှုမှားရင်တော့ စီမံကိန်းဒုက္ခသည်တွေရဲ့ ဘဝတွေကို နင်းခြေခဲ့တာနဲ့ တူပါတယ်။
သဖန်းဆိပ်ရေလှောင်တမံကြီးဟာ မြန်မာနိုင်ငံအတွက် များစွာအကျိုးပြုပါတယ်။ မြို့ဆယ်မြို့က စီးပွါးရေးတွေ တိုးတက်သွားကြပါတယ်။
ဒါပေမဲ့ တောင်၊ မြောက် ၂၂ မိုင် အရှေ့၊ အနောက် ၁၂ မိုင်လောက်အကျယ် ရေလွှမ်းတဲ့သဖန်းဆိပ်တမံကြီးနဲ့ မလွတ်လို့ ရွှေ့ပြောင်းခဲ့ရတဲ့သူတွေရဲ့ ဘဝကတော့ အခုချိန်ထိ ဒုက္ခပင်လယ်ဝေတုန်းပါပဲ။
တကယ်တော့ သဖန်းဆိပ်ရေလှောင်တမံဆိုတာ ရေတွေလှောင်ထားတာမဟုတ်ပါဘူး။ ကျွန်းလှမြို့နယ်ကလူတွေရဲ့ မျက်ရည်တွေကို လှောင်ထားတာပါ။ ဒါပေမဲ့ အဲဒီမျက်ရည်တွေက မခါးဘူး အရမ်းကိုချိုမြိန်ပါတယ်။
အဲ ဒီမျက်ရည်တွေကြောင့် လူပေါင်းများစွာရဲ့ဘဝတွေ တိုးတက်သွားကြရတယ်လေ။
ကျနော် တွေးနေမိတာက
ကျနော်သာ အုပ်ချုပ်သူတစ်ယောက်ဆိုရင် မြို့တစ်မြို့က လူတွေရဲ့ ဘဝကိုစတေးပြီး တခြားမြို့ ၁၀ မြို့ကောင်းစားဖို့ လုပ်မလား မလုပ်ဘူးလား ဆိုတာကို တွေးနေမိတယ်။ ကျနော့်မိတ်ဆွေတွေဆိုရင်ရော ဘယ်လိုလုပ်မလဲ
ဘာပဲပြောပြောပါ ကျိန်းသေတာကတော့ သဖန်းဆိပ်တမံကြီးက ကျွန်းလှသူ ကျွန်းလှသားတွေရဲ့ မျက်ရည်စက်တွေကို အခုချိန်ထိလှောင်ထားတုန်းပါပဲ။
သူတို့တွေက မျက်ရည်စက်တွေကို ပြုံးပြုံးလေးနဲ့ ငိုပေးနေတာပါ။ဘမျက်ရည်ကို သောက်သူတွေကတော့ မျက်ရည်တွေကို အလဟသတ်မဖြစ်ပါစေနဲ့ဗျာ။