စပိုင္ေတြ၊ အထူးလ်ွိဳ႕ဝွက္ေအးဂ်င့္ေတြအေၾကာင္း ရိုက္ကူးထားတဲ့ လူၾကိဳက္အမ်ားဆံုး ႐ုပ္ရွင္ကားေကာင္းမ်ား

Zaw Gyi

James Bond လိုမ်ိဳး စပိုင္ဇာတ္ကားေတြ၊ အထူးလွ်ို႔ဝွက္ေအးဂ်င့္ဇာတ္ကားေတြကို ၁၈၂၀ခုႏွစ္ေနာက္ပိုင္းမွာ စတင္ရိုက္ကူးလာၾကၿပီး

၂၀ရာစုေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္ေလးကို လူႀကိဳက္မ်ားၿပီး ေအာင္ျမင္လာတာကို ေတြ႕ရပါတယ္။

ဇာတ္ရွိန္ေကာင္းေကာင္းနဲ႕ ဇာတ္လမ္းသြက္တာမ်ိဳးကို ႀကိဳက္သူမ်ားအတြက္ေတာ့ စပိုင္၊ေအးဂ်င့္ဇာတ္ကားေတြက ေ႐ြးခ်ယ္စရာတစ္ခုပါပဲ။

ဒါေၾကာင့္ ထြက္ၿပီးသမွ် စပိုင္၊ေအးဂ်င့္ဇာတ္လမ္းေတြထဲက IMDb လည္းျမင့္တဲ့ ႐ုပ္ရွင္(၇)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) North By Northwest။ ။

ဒီကားကေတာ့ ၁၉၅၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.3) ရရွိထားပါတယ္။ ဒါ့အျပင္ ေအာ္စကာဆုေပါင္း(၃)ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီးေတာ့ အျခားဆုေပါင္း(၈)ဆုကို ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ Roger O. Thornhill ဆိုတဲ့ ေၾကာ္ျငာေအဂ်င္စီက အရာရွိတစ္ေယာက္ဟာ အစိုးရအရာရွိတစ္ေယာက္နဲ႕

လူမွားၿပီးေတာ့ ၾကမ္းတမ္းရက္စက္တဲ့ စပိုင္ေတြရဲ႕ ေျခာက္လွန႔္မႈေတြကို ခံရတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

(2) The Bourne Ultimatum။ ။

ဒီဇာတ္ကားကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရထားပါတယ္။ The Bourne Identity ႐ုပ္ရွင္ရဲ႕ အဆက္လည္း ျဖစ္ပါတယ္။

ဒီကားကလည္း ေအာ္စကာဆု(၃)ဆုကို ရရွိထားၿပီးေတာ့ အျခားဆုေပါင္း(၂၆)ဆုကိုလည္း ရရွိထားပါတယ္။ ဒီဇာတ္ကားမွာလည္း ဇာတ္လိုက္ဟာ

သူ႕ရဲ႕ေပ်ာက္ဆုံးေနတဲ့ မွတ္ဉာဏ္ကို လိုက္ရွာေနဆဲ ျဖစ္ၿပီးေတာ့ သူ႕ရဲ႕ အတိတ္က အေၾကာင္းကို အနည္းငယ္ေလာက္ေတာ့ မွတ္မိလာၿပီ ျဖစ္ပါတယ္။

သူဟာ အတိတ္ေမ့ေနတာ မဟုတ္ဘဲ မွတ္ဉာဏ္ေတြ ေဖ်ာက္ခံထားရတာကို သိသြားၿပီး သူ႕ရဲ႕အတိတ္မွာ ဘယ္လိုလွ်ို႔ဝွက္ကိစၥေတြနဲ႕ ပတ္သက္ခဲ့လည္းဆိုတာ ဆက္လက္ ရွာေဖြတာကို ၾကည့္ရႈရမွာပါ။

(3) Casino Royale။

။ ဒီကားကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.0) ရရွိထားပါတယ္။

Daniel Craig သ႐ုပ္ေဆာင္ထားတဲ့ James Bond ဇာတ္ကားေကာင္းေတြထဲမွာ ပါဝင္ၿပီး BAFTA ဆုတစ္ဆုကို ရရွိထားၿပီးေတာ့ အျခား႐ုပ္ရွင္ဆုေပါင္း(၂၆)ဆုကို ရရွိခဲ့ပါတယ္။

James Bond ဟာ လိုအပ္ရင္ လူသတ္လို႔ရတဲ့ လိုင္စင္ကို ရရွိၿပီးတဲ့ေနာက္မွာ 007 အျဖစ္နဲ႕ ပထမဆုံးမစ္ရွင္ကို ေစလႊတ္ခံခဲ့ရပါတယ္။

သူ႕ရဲ႕တာဝန္ကေတာ့ အၾကမ္းဖက္သမားေတြကို ေငြေၾကးေထာက္ပံ့ေပးေနတဲ့ ဘဏ္သူေဌးတစ္ေယာက္ကို

မြန္တီနီဂရိုးနိုင္ငံမွာရွိတဲ့ ကာစီနို႐ြိုင္ရယ္လ္က ေၾကးႀကီးတဲ့ ကစားပြဲတစ္ခုမွာ အနိုင္ယူရမွာ ျဖစ္ပါတယ္။ Bond ဟာ သူ႕ရဲ႕တာဝန္ကို အခက္အခဲေတြၾကားက ၿပီးဆုံးေအာင္ လုပ္နိုင္မွာလား၊ ဒါမွမဟုတ္ ဒီတာဝန္ရဲ႕ ေနာက္ကြယ္မွာ ဘာေတြ ရွိေနလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(4) The Bourne Identity။ ။

ဒီဇာတ္ကားကေတာ့ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9)ရရွိထားပါတယ္။ Matt Damon ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အက္ရွင္ကားျဖစ္ၿပီး ႐ုပ္ရွင္ကား

မၿပီးမခ်င္း ေမးခြန္းမ်ားစြာနဲ႕ စိတ္လႈပ္ရွားဖြယ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ႐ုပ္ရွင္ဆု(၃)ဆုရရွိထားၿပီးေတာ့ အျခားဆု(၆)ဆု

အတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ငါးဖမ္းစက္ေလွတစ္စီးဟာ ပင္လယ္ထဲမွာ ေမ်ာေနတဲ့ လူတစ္ေယာက္ကိုေတြ႕ၿပီး ကယ္ဆယ္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ ေမ်ာလာတဲ့လူဟာ ေသနတ္ဒဏ္ရာ ရထားၿပီးေတာ့ ေသမလို ျဖစ္ေနခဲ့ပါတယ္။ သူျပန္သတိရလာတဲ့အခ်ိန္မွာေတာ့ မွတ္ဉာဏ္ေတြ

ေပ်ာက္ဆုံးေနၿပီး ဘာကိုမွ မမွတ္မိဘဲ ရွိေနခဲ့ပါတယ္။ ဒါေပမဲ့လည္း တျဖည္းျဖည္းနဲ႕ သူဟာ ဘာသာစကားေပါင္းစုံကို တတ္ကြၽမ္း႐ုံသာမက ကြၽမ္းကြၽမ္းက်င္က်င္ကို တိုက္ခိုက္နိုင္တာကို သိခဲ့ရပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူ႕အတိတ္ကို ျပန္ၿပီး စုံစမ္းဖို႔ ႀကိဳးစားတဲ့အခါမွာေတာ့ ဘာေတြျဖစ္မလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(5) Skyfall။ ။

ဒီကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ Daniel Craig သ႐ုပ္ေဆာင္ထားတဲ့ အေကာင္းဆုံး James Bond ဇာတ္ကားေတြထဲက တစ္ကားလည္း ျဖစ္ပါတယ္။

ေအာ္စကာဆု(၂) ဆု ရရွိထားၿပီးေတာ့ အျခားဆုေပါင္း (၆၄)ဆု ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့

James Bond ရဲ႕ အထက္လူႀကီးျဖစ္သူ MI6 ဟာ ၿပီးခဲ့တဲ့မစ္ရွင္တစ္ခု မွားယြင္းသြားတာနဲ႕ ပတ္သက္ၿပီး ေျပာင္ေျပာင္တင္းတင္း တိုက္ခိုက္ခံရတာေၾကာင့္ ပုန္းကြယ္ေနရပါတယ္။

ဒီလိုအခ်ိန္မွာ သူမ ယုံၾကည္ရတဲ့ တစ္ဦးတည္းေသာသူ James Bond ကို ဆက္သြယ္လာၿပီး အကူအညီေတာင္းခံရပါေတာ့တယ္။

Bond ကလည္း ဒီျဖစ္ရပ္ေတြရဲ႕ ေနာက္ကြယ္က ႀကိဳးကိုင္ေနတဲ့ Silva ကို ရပ္တန႔္ဖို႔ ႀကိဳးစားနိုင္မွ M ကို ကယ္နိုင္မွာ ျဖစ္ပါတယ္။

၂၀၁၂ခုႏွစ္ရဲ႕ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားျဖစ္တာေၾကာင့္ အခ်ိန္ႏွစ္နာရီခြဲလုံး ထိုင္ရာမထ ၾကည့္ရႈရမယ့္ ကားမ်ိဳးပါလို႔ ၫႊန္းခ်င္ပါတယ္။

(6) Kingsman: The Secret Service။ ။

ဒီကားကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားတဲ့ အထူးေအးဂ်င့္ အက္ရွင္အမ်ိဳးအစား ျဖစ္ပါတယ္။

ဆုေပါင္း(၈)ဆု ရခဲ့ၿပီးေတာ့ အျခားဆုေပါင္း(၂၇)ဆုမွာ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

စပိုင္အဖြဲ႕အစည္းတစ္ခုထဲကို မထင္မွတ္ဘဲ ဝင္ေရာက္သြားတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ရၿပီး

တစ္ကမာၻလုံးနဲ႕ဆိုင္တဲ့ အႏၲရာယ္တစ္ခုကို ရင္ဆိုင္ေျဖရွင္းဖို႔အတြက္ ျဖစ္လာတဲ့အခါမွာေတာ့ စိတ္ဝင္စားစရာေတြကို ဆက္လက္ၾကည့္ရႈရမွာပါ။

(7) Argo။ ။

ဒီဇာတ္ကားကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7)ရရွိထားပါတယ္။ မင္းသား Ben Affleck ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ျဖစ္ရပ္မွန္ကို အေျခခံ ရိုက္ကူးထားတဲ့ဇာတ္ကား ျဖစ္ပါတယ္။

ေအာ္စကာဆု (၃)ဆုလည္း ရထားၿပီးေတာ့ အျခားဆုေပါင္း(၉၃)ဆုကိုလည္း ရထားပါတယ္။

ဇာတ္လမ္းကေတာ့ ၁၉၇၉ခုႏွစ္တုန္းက အီရန္နိုင္ငံ Tehran ၿမိဳ႕မွာ အဖမ္းခံထားရတဲ့ အေမရိကန္ဓားစာခံေတြကို ကယ္တင္ဖို႔အတြက္ ေအးဂ်င့္အဖြဲ႕တစ္ခုက

ကေနဒါနိုင္ငံသား ႐ုပ္ရွင္ရိုက္တဲ့သူေတြအျဖစ္နဲ႕ ႐ုပ္ဖ်က္ၿပီးေတာ့ ကယ္တင္ဖို႔ ႀကိဳးစားၾကပုံကို ရိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ စပိုင္၊ေအးဂ်င့္ဇာတ္ကားေကာင္းေတြ ႏွစ္သက္သူမ်ားအတြက္ စုစည္းေပးထားတာပါ။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္နိုင္ေအာင္ ရွဲေပးသြားပါဦး။ ခရက္ဒစ္

Unicode

James Bond လိုမျိုး စပိုင်ဇာတ်ကားတွေ၊ အထူးလျှို့ဝှက်အေးဂျင့်ဇာတ်ကားတွေကို ၁၈၂၀ခုနှစ်နောက်ပိုင်းမှာ စတင်ရိုက်ကူးလာကြပြီး

၂၀ရာစုနောက်ပိုင်းမှာတော့ တော်တော်လေးကို လူကြိုက်များပြီး အောင်မြင်လာတာကို တွေ့ရပါတယ်။

ဇာတ်ရှိန်ကောင်းကောင်းနဲ့ ဇာတ်လမ်းသွက်တာမျိုးကို ကြိုက်သူများအတွက်တော့ စပိုင်၊အေးဂျင့်ဇာတ်ကားတွေက ရွေးချယ်စရာတစ်ခုပါပဲ။

ဒါကြောင့် ထွက်ပြီးသမျှ စပိုင်၊အေးဂျင့်ဇာတ်လမ်းတွေထဲက IMDb လည်းမြင့်တဲ့ ရုပ်ရှင်(၇)ကားကို ဖော်ပြပေးလိုက်ပါတယ်။

(1) North By Northwest။ ။

ဒီကားကတော့ ၁၉၅၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.3) ရရှိထားပါတယ်။ ဒါ့အပြင် အော်စကာဆုပေါင်း(၃)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီးတော့ အခြားဆုပေါင်း(၈)ဆုကို ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ Roger O. Thornhill ဆိုတဲ့ ကြော်ငြာအေဂျင်စီက အရာရှိတစ်ယောက်ဟာ အစိုးရအရာရှိတစ်ယောက်နဲ့

လူမှားပြီးတော့ ကြမ်းတမ်းရက်စက်တဲ့ စပိုင်တွေရဲ့ ခြောက်လှန့်မှုတွေကို ခံရတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

(2) The Bourne Ultimatum။ ။

ဒီဇာတ်ကားကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရထားပါတယ်။ The Bourne Identity ရုပ်ရှင်ရဲ့ အဆက်လည်း ဖြစ်ပါတယ်။

ဒီကားကလည်း အော်စကာဆု(၃)ဆုကို ရရှိထားပြီးတော့ အခြားဆုပေါင်း(၂၆)ဆုကိုလည်း ရရှိထားပါတယ်။ ဒီဇာတ်ကားမှာလည်း ဇာတ်လိုက်ဟာ

သူ့ရဲ့ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်ကို လိုက်ရှာနေဆဲ ဖြစ်ပြီးတော့ သူ့ရဲ့ အတိတ်က အကြောင်းကို အနည်းငယ်လောက်တော့ မှတ်မိလာပြီ ဖြစ်ပါတယ်။

သူဟာ အတိတ်မေ့နေတာ မဟုတ်ဘဲ မှတ်ဉာဏ်တွေ ဖျောက်ခံထားရတာကို သိသွားပြီး သူ့ရဲ့အတိတ်မှာ ဘယ်လိုလျှို့ဝှက်ကိစ္စတွေနဲ့ ပတ်သက်ခဲ့လည်းဆိုတာ ဆက်လက် ရှာဖွေတာကို ကြည့်ရှုရမှာပါ။

(3) Casino Royale။ ။

ဒီကားကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.0) ရရှိထားပါတယ်။

Daniel Craig သရုပ်ဆောင်ထားတဲ့ James Bond ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ပြီး BAFTA ဆုတစ်ဆုကို ရရှိထားပြီးတော့ အခြားရုပ်ရှင်ဆုပေါင်း(၂၆)ဆုကို ရရှိခဲ့ပါတယ်။

James Bond ဟာ လိုအပ်ရင် လူသတ်လို့ရတဲ့ လိုင်စင်ကို ရရှိပြီးတဲ့နောက်မှာ 007 အဖြစ်နဲ့ ပထမဆုံးမစ်ရှင်ကို စေလွှတ်ခံခဲ့ရပါတယ်။

သူ့ရဲ့တာဝန်ကတော့ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ဘဏ်သူဌေးတစ်ယောက်ကို

မွန်တီနီဂရိုးနိုင်ငံမှာရှိတဲ့ ကာစီနိုရွိုင်ရယ်လ်က ကြေးကြီးတဲ့ ကစားပွဲတစ်ခုမှာ အနိုင်ယူရမှာ ဖြစ်ပါတယ်။ Bond ဟာ သူ့ရဲ့တာဝန်ကို အခက်အခဲတွေကြားက ပြီးဆုံးအောင် လုပ်နိုင်မှာလား၊ ဒါမှမဟုတ် ဒီတာဝန်ရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(4) The Bourne Identity။ ။

ဒီဇာတ်ကားကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9)ရရှိထားပါတယ်။ Matt Damon ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားဖြစ်ပြီး ရုပ်ရှင်ကား

မပြီးမချင်း မေးခွန်းများစွာနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရုပ်ရှင်ဆု(၃)ဆုရရှိထားပြီးတော့ အခြားဆု(၆)ဆု

အတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ငါးဖမ်းစက်လှေတစ်စီးဟာ ပင်လယ်ထဲမှာ မျောနေတဲ့ လူတစ်ယောက်ကိုတွေ့ပြီး ကယ်ဆယ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ မျောလာတဲ့လူဟာ သေနတ်ဒဏ်ရာ ရထားပြီးတော့ သေမလို ဖြစ်နေခဲ့ပါတယ်။ သူပြန်သတိရလာတဲ့အချိန်မှာတော့ မှတ်ဉာဏ်တွေ

ပျောက်ဆုံးနေပြီး ဘာကိုမှ မမှတ်မိဘဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ သူဟာ ဘာသာစကားပေါင်းစုံကို တတ်ကျွမ်းရုံသာမက ကျွမ်းကျွမ်းကျင်ကျင်ကို တိုက်ခိုက်နိုင်တာကို သိခဲ့ရပါတယ်။

အဲ့ဒါကြောင့်ပဲ သူ့အတိတ်ကို ပြန်ပြီး စုံစမ်းဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဖြစ်မလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(5) Skyfall။ ။ ဒီကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ Daniel Craig သရုပ်ဆောင်ထားတဲ့ အကောင်းဆုံး James Bond ဇာတ်ကားတွေထဲက တစ်ကားလည်း ဖြစ်ပါတယ်။

အော်စကာဆု(၂) ဆု ရရှိထားပြီးတော့ အခြားဆုပေါင်း (၆၄)ဆု ရရှိထားပါတယ်။ ဇာတ်လမ်းကတော့

James Bond ရဲ့ အထက်လူကြီးဖြစ်သူ MI6 ဟာ ပြီးခဲ့တဲ့မစ်ရှင်တစ်ခု မှားယွင်းသွားတာနဲ့ ပတ်သက်ပြီး ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခံရတာကြောင့် ပုန်းကွယ်နေရပါတယ်။

ဒီလိုအချိန်မှာ သူမ ယုံကြည်ရတဲ့ တစ်ဦးတည်းသောသူ James Bond ကို ဆက်သွယ်လာပြီး အကူအညီတောင်းခံရပါတော့တယ်။

Bond ကလည်း ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ Silva ကို ရပ်တန့်ဖို့ ကြိုးစားနိုင်မှ M ကို ကယ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ်ရဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် အချိန်နှစ်နာရီခွဲလုံး ထိုင်ရာမထ ကြည့်ရှုရမယ့် ကားမျိုးပါလို့ ညွှန်းချင်ပါတယ်။

(6) Kingsman: The Secret Service။ ။

ဒီကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားတဲ့ အထူးအေးဂျင့် အက်ရှင်အမျိုးအစား ဖြစ်ပါတယ်။

ဆုပေါင်း(၈)ဆု ရခဲ့ပြီးတော့ အခြားဆုပေါင်း(၂၇)ဆုမှာ စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

စပိုင်အဖွဲ့အစည်းတစ်ခုထဲကို မထင်မှတ်ဘဲ ဝင်ရောက်သွားတဲ့ ကောင်လေးတစ်ယောက်ဟာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပြီး

တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အန္တရာယ်တစ်ခုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဖြစ်လာတဲ့အခါမှာတော့ စိတ်ဝင်စားစရာတွေကို ဆက်လက်ကြည့်ရှုရမှာပါ။

(7) Argo။ ။

ဒီဇာတ်ကားကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7)ရရှိထားပါတယ်။ မင်းသား Ben Affleck ပါဝင်သရုပ်ဆောင်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

အော်စကာဆု (၃)ဆုလည်း ရထားပြီးတော့ အခြားဆုပေါင်း(၉၃)ဆုကိုလည်း ရထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၇၉ခုနှစ်တုန်းက အီရန်နိုင်ငံ Tehran မြို့မှာ အဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်တင်ဖို့အတွက် အေးဂျင့်အဖွဲ့တစ်ခုက

ကနေဒါနိုင်ငံသား ရုပ်ရှင်ရိုက်တဲ့သူတွေအဖြစ်နဲ့ ရုပ်ဖျက်ပြီးတော့ ကယ်တင်ဖို့ ကြိုးစားကြပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒါကတော့ စပိုင်၊အေးဂျင့်ဇာတ်ကားကောင်းတွေ နှစ်သက်သူများအတွက် စုစည်းပေးထားတာပါ။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။ ခရက်ဒစ်