ေသြးအမ်ိဳးအစားေတြ အလိုက္ အခ်စ္အေပၚ သေဘာထားမ်ား…

Zaw Gyi

ေသြးအမ်ိဳးအစားေတြကလည္း လူတစ္ေယာက္ကို အမ်ားႀကီးသက္ေရာက္မႈ ရွိပါတယ္။ ေသြးအမ်ိဳးအစားအလိုက္ စိတ္ေနစိတ္ထား၊ ခံယူခ်က္၊ ခံစားခ်က္ေတြ ကြဲျပားေနၿပီး လူတစ္ေယာက္ရဲ႕ အေၾကာင္းကို ေသြးအမ်ိဳးအစားကေန တစ္ဆင့္လည္း ခန႔္မွန္းလို႔ ရပါတယ္ …။

ခုေဖာ္ျပေပးမွာကေတာ့ ေသြးအမ်ိဳးအစားအလိုက္ အခ်စ္အေပၚ သေဘာထားနဲ႔ ခံယူခ်က္ေတြပဲျဖစ္ပါတယ္။ သင္ေရာ ဘယ္ေသြးအမ်ိဳးအစားလဲ၊ မွန္ရဲ႕လားဆိုတာ ၾကည့္လိုက္ပါအုံးေနာ္ …။

(1) O ေသြး

အိုေသြးပိုင္ရွင္ေလးေတြဟာ က်န္တဲ့ေနရာမွာေတာ့ သိပ္ၿပီး ေျပာစရာမရွိေလာက္ေအာင္ ျပည့္စုံၾကေပမယ့္ အခ်စ္ေရးမွာေတာ့ သိမ္ငယ္စိတ္ေလးေတြ ရွိေနတတ္တဲ့သူေတြပါ။

ဒီသိမ္ငယ္စိတ္ေလးေတြဟာ မသိစိတ္ထဲကေန ျဖစ္ေနတာေၾကာင့္ တစ္ခါတေလ သူတို႔ကိုယ္သူတို႔ေတာင္ သိမ္ငယ္ေနမွန္း မသိၾကပါဘူး …။

အခ်စ္ႀကီးသေလာက္ မာနလည္း ႀကီးတဲ့သူေတြပါ။

ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ့္ကို ထားခဲ့ခ်င္ေနတဲ့သူတစ္ေယာက္ကို ေအာက္က်ခံၿပီး ဆြဲထားမယ့္သူမ်ိဳးေတြ မဟုတ္ပါဘူး။ ကြယ္ရာမွာသာ ႀကိတ္ငိုရင္ငိုမယ္၊ လူေရွ႕မွာေတာ့ အၿမဲတမ္း ေခါင္းေမာ့ေနမယ့္ သူမ်ိဳးေတြပဲ ျဖစ္ပါတယ္ …။

(2) B ေသြး

B ေသြးပိုင္ရွင္ေလးေတြဟာ စိတ္ႏွလုံးအင္မတန္ ႏူးညံ့သိမ္ေမြ႕သူေတြျဖစ္ပါတယ္။ သည္းခံရင္ အဆုံးစြန္ထိ သည္းခံၿပီး သည္းမခံႏိုင္ေတာ့ရင္ ဘာျဖစ္ျဖစ္ လွည့္မၾကည့္တတ္တဲ့သူေတြျဖစ္ပါတယ္။

အခ်စ္ကို 100% နီးပါး ကိုးကြယ္တဲ့သူေတြျဖစ္ၿပီး အခ်စ္ႀကီးလြန္းလို႔ အၿမဲတမ္း စိတ္ပင္ပန္းရတတ္တဲ့ သူေတြပါ …။

ခ်စ္သူအေပၚ သစၥာရွိၿပီး ခ်စ္သူကလြဲရင္ က်န္တဲ့သူေတြကို စိတ္နဲ႔ေတာင္ မျပစ္မွားတတ္တဲ့သူေတြပါ။ စိတ္ေကာက္လြယ္သလို၊ စိတ္လည္း ခ်က္ခ်င္းျပန္ေျပတတ္တဲ့သူေလးေတြပါ။

စိတ္ထိခိုက္လြယ္လြန္းတဲ့ သူေတြျဖစ္တာေၾကာင့္ တစ္ခါတေလ အေတြးေတြလြန္ၿပီး တစ္ေယာက္တည္း ဝမ္းနည္းေနတတ္ သူေတြလည္း ျဖစ္ပါတယ္ …။

(3) A ေသြး

A ေသြးေလးေတြဟာ ပင္ကိုယ္အားျဖင့္ အားနာတတ္ၿပီး အရမ္းအလိုက္သိတဲ့သူေတြျဖစ္ပါတယ္။ အခ်စ္နဲ႔ပတ္သက္လာရင္ သူတို႔က သူရဲေကာင္းေတြပါ။ အခ်စ္အရမ္းႀကီးသေလာက္ ေခါင္းလည္း အရမ္းမာၾကပါတယ္။

ခ်စ္လို႔ ၿငိမ္ခံေနမယ့္သူေတြေတာ့ မဟုတ္ပါဘူး၊ သူတို႔ကို တစ္ခုခုလုပ္ရင္ ျပန္လုပ္ရမွ ေက်နပ္တဲ့ သူေတြျဖစ္ပါတယ္ …။

တစ္ခါတေလ ဝမ္းနည္းေနရင္ေတာင္ တစ္ဖက္သား စိတ္မေကာင္းျဖစ္မွာစိုးလို႔ ေပ်ာ္ခ်င္ေယာင္ေဆာင္ေနတတ္တာလည္း သူတို႔ပါပဲ။ အစြဲအလန္းႀကီးၿပီး တစ္ေယာက္တည္းကိုပဲ ႐ူး႐ူးမူးမူးခ်စ္တဲ့ သူေတြျဖစ္ပါတယ္ …။

(4) AB ေသြး

AB ေသြးေလးေတြဟာ ေခါင္းမာၿပီး တစ္ဇြတ္ထိုးလုပ္တတ္ၾကပါတယ္။

အမ်ားႀကီးကို မခ်စ္တတ္သလို၊ ခ်စ္ၿပီဆိုရင္လည္း ေတာ္ေတာ္နဲ႔ မေမ့ႏိုင္ေတာ့ပါဘူး။ အစြဲအလမ္းႀကီးၿပီး အခ်စ္ကို ကိုးကြယ္တဲ့ သူေတြျဖစ္ပါတယ္ …။

အခ်စ္အရမ္းႀကီးသလို ကိုယ္တိုင္လည္း အရမ္းသစၥာရွိသလို၊ ကိုယ့္ကို သစၥာေဖာက္တာကိုလည္း လုံးဝခြင့္မလႊတ္ႏိုင္ၾကပါဘူး။

အရမ္းစိတ္ရွည္သလို၊ ခ်စ္သူအေပၚကို အၿမဲတမ္းအေလွ်ာ့ေပး အလိုလိုက္တတ္တဲ့သူေတြျဖစ္ပါတယ္။

တစ္ေယာက္တည္းကိုပဲ စြဲစြဲၿမဲၿမဲခ်စ္ၿပီး က်န္တဲ့သူေတြကို လုံးဝမျမင္ေတာ့တဲ့ သူေတြလည္း ျဖစ္ပါတယ္ …။ ။

Credit: Aunty May

Unicode

သွေးအမျိုးအစားတွေကလည်း လူတစ်ယောက်ကို အများကြီးသက်ရောက်မှု ရှိပါတယ်။ သွေးအမျိုးအစားအလိုက် စိတ်နေစိတ်ထား၊ ခံယူချက်၊ ခံစားချက်တွေ ကွဲပြားနေပြီး လူတစ်ယောက်ရဲ့ အကြောင်းကို သွေးအမျိုးအစားကနေ တစ်ဆင့်လည်း ခန့်မှန်းလို့ ရပါတယ် …။

ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် အချစ်အပေါ် သဘောထားနဲ့ ခံယူချက်တွေပဲဖြစ်ပါတယ်။ သင်ရော ဘယ်သွေးအမျိုးအစားလဲ၊ မှန်ရဲ့လားဆိုတာ ကြည့်လိုက်ပါအုံးနော် …။

(1) O သွေး

အိုသွေးပိုင်ရှင်လေးတွေဟာ ကျန်တဲ့နေရာမှာတော့ သိပ်ပြီး ပြောစရာမရှိလောက်အောင် ပြည့်စုံကြပေမယ့် အချစ်ရေးမှာတော့ သိမ်ငယ်စိတ်လေးတွေ ရှိနေတတ်တဲ့သူတွေပါ။

ဒီသိမ်ငယ်စိတ်လေးတွေဟာ မသိစိတ်ထဲကနေ ဖြစ်နေတာကြောင့် တစ်ခါတလေ သူတို့ကိုယ်သူတို့တောင် သိမ်ငယ်နေမှန်း မသိကြပါဘူး …။

အချစ်ကြီးသလောက် မာနလည်း ကြီးတဲ့သူတွေပါ။

ဘယ်လောက်ချစ်ချစ် ကိုယ့်ကို ထားခဲ့ချင်နေတဲ့သူတစ်ယောက်ကို အောက်ကျခံပြီး ဆွဲထားမယ့်သူမျိုးတွေ မဟုတ်ပါဘူး။ ကွယ်ရာမှာသာ ကြိတ်ငိုရင်ငိုမယ်၊ လူရှေ့မှာတော့ အမြဲတမ်း ခေါင်းမော့နေမယ့် သူမျိုးတွေပဲ ဖြစ်ပါတယ် …။

(2) B သွေး

B သွေးပိုင်ရှင်လေးတွေဟာ စိတ်နှလုံးအင်မတန် နူးညံ့သိမ်မွေ့သူတွေဖြစ်ပါတယ်။ သည်းခံရင် အဆုံးစွန်ထိ သည်းခံပြီး သည်းမခံနိုင်တော့ရင် ဘာဖြစ်ဖြစ် လှည့်မကြည့်တတ်တဲ့သူတွေဖြစ်ပါတယ်။

အချစ်ကို 100% နီးပါး ကိုးကွယ်တဲ့သူတွေဖြစ်ပြီး အချစ်ကြီးလွန်းလို့ အမြဲတမ်း စိတ်ပင်ပန်းရတတ်တဲ့ သူတွေပါ …။

ချစ်သူအပေါ် သစ္စာရှိပြီး ချစ်သူကလွဲရင် ကျန်တဲ့သူတွေကို စိတ်နဲ့တောင် မပြစ်မှားတတ်တဲ့သူတွေပါ။ စိတ်ကောက်လွယ်သလို၊ စိတ်လည်း ချက်ချင်းပြန်ပြေတတ်တဲ့သူလေးတွေပါ။

စိတ်ထိခိုက်လွယ်လွန်းတဲ့ သူတွေဖြစ်တာကြောင့် တစ်ခါတလေ အတွေးတွေလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ် သူတွေလည်း ဖြစ်ပါတယ် …။

(3) A သွေး

A သွေးလေးတွေဟာ ပင်ကိုယ်အားဖြင့် အားနာတတ်ပြီး အရမ်းအလိုက်သိတဲ့သူတွေဖြစ်ပါတယ်။ အချစ်နဲ့ပတ်သက်လာရင် သူတို့က သူရဲကောင်းတွေပါ။ အချစ်အရမ်းကြီးသလောက် ခေါင်းလည်း အရမ်းမာကြပါတယ်။

ချစ်လို့ ငြိမ်ခံနေမယ့်သူတွေတော့ မဟုတ်ပါဘူး၊ သူတို့ကို တစ်ခုခုလုပ်ရင် ပြန်လုပ်ရမှ ကျေနပ်တဲ့ သူတွေဖြစ်ပါတယ် …။

တစ်ခါတလေ ဝမ်းနည်းနေရင်တောင် တစ်ဖက်သား စိတ်မကောင်းဖြစ်မှာစိုးလို့ ပျော်ချင်ယောင်ဆောင်နေတတ်တာလည်း သူတို့ပါပဲ။ အစွဲအလန်းကြီးပြီး တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးချစ်တဲ့ သူတွေဖြစ်ပါတယ် …။

(4) AB သွေး

AB သွေးလေးတွေဟာ ခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်ကြပါတယ်။

အများကြီးကို မချစ်တတ်သလို၊ ချစ်ပြီဆိုရင်လည်း တော်တော်နဲ့ မမေ့နိုင်တော့ပါဘူး။ အစွဲအလမ်းကြီးပြီး အချစ်ကို ကိုးကွယ်တဲ့ သူတွေဖြစ်ပါတယ် …။

အချစ်အရမ်းကြီးသလို ကိုယ်တိုင်လည်း အရမ်းသစ္စာရှိသလို၊ ကိုယ့်ကို သစ္စာဖောက်တာကိုလည်း လုံးဝခွင့်မလွှတ်နိုင်ကြပါဘူး။

အရမ်းစိတ်ရှည်သလို၊ ချစ်သူအပေါ်ကို အမြဲတမ်းအလျှော့ပေး အလိုလိုက်တတ်တဲ့သူတွေဖြစ်ပါတယ်။

တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်ပြီး ကျန်တဲ့သူတွေကို လုံးဝမမြင်တော့တဲ့ သူတွေလည်း ဖြစ်ပါတယ် …။ ။

Credit: Aunty May