အမ်ားနဲ႔မတူတဲ့ အေတြးအေခၚပုိင္ရွင္ မင္းသား ေနထူးႏုိင္

Zaw Gyi

အမ်ားနဲ႔မတူတဲ့ အေတြးအေခၚပုိင္ရွင္ မင္းသား ေနထူးႏုိင္။ ေနထူးႏိုင္​တဲ့ သူ႔အ​ေၾကာင္​း​ေတြ ​ေရးျပရရင္​အမ်ားႀကီးဗ် ​ေရနံ​ေခ်ာင္​းသား တြင္​းကုန္​းဇာတိ ​ေရနံ​ေခ်ာင္​းဒီဂရီ​ေကာလိပ္​က​ေန ဘြဲ႔ရခဲ့တယ္​ ကိုယ္​့ဒူးကိုယ္​ခြၽန္​ၿပီး

ေအာင္​ျမင္​တဲ့မင္​းသားတ​ေယာက္​ျဖစ္​ခဲ့တယ္​ သူ႔ဇာတ္​ကား​ေတြရဲ႕ ရုိက္ကြင္းေနရာ ေတာ္​​ေတာ္​မ်ားမ်ားက ​ေရနံ​ေခ်ာင္​းၿမိဳ႕ကိုအ​ေျခတည္​တယ္​။ ​ေရနံ​ေခ်ာင္​းၿမိဳ႕ရဲ႕အလွအပ​ေတြ ကို TVဖန္​သားျပင္​က​ေန တႏိုင္​ငံလံုးသိ​ေအာင္​

ႀကိဳးစားျပ​ေနတယ္​ မွတ္​မိ​ေသးတယ္​ မ​ေကြးမွာတကၠသိုလ္​တက္​​ခ်ိန္​ ျမစ္​အ​ေနာက္​ဘက္​က သူငယ္​ခ်င္​း​ေတြနဲ႔ခင္​​ေတာ့ သူ႔ဇာတိ ကိုယ္​့ဇာတိ အျပန္​အလွန္​ မိတ္​ဖြဲ႔ရင္​း ကိုယ္​​ေတြ ​ေရနံ​ေခ်ာင္​းဇာတိမွန္​းသိ​ေရာ မင္​းသား​ေနထူးႏိုင္​

ၿမိဳ႕ကပဲတဲ့။ သူတို႔နယ္​​ေတြဘက္​မွာ မင္​းသားကား​ေတြ ဆို ရံုျပည္​့ရံုလ်ံ အား​ေပးၾကတာတဲ့ ဘာလို႔လည္​းလို႔ ​ေမးၾကည္​့​ေတာ့ သူ႔ဇာတ္​ကား​ေတြက မိသားစု အကုန္​ၾကည္​့လို႔ရတယ္​ ​ေအာက္​လံုးမပါဘူးတဲ့ ဗဟုသုတ ျဖစ္​စရာ

ေတြးစရာတခုခုက်န္​ခဲ့တယ္​တဲ့ တယ္​ဟုတ္​ပလား​ေပါ့။ အမွန္​​ေျပာရရင္​အဲခ်ိန္​အထိ သူ႔ကား​ေတြ ​ေကာင္​း​ေကာင္​းမၾကည္​့ဘူး​ေသးဘူး ျမစ္​အ​ေနာက္​ဘက္​တ​ေၾကာက သူ႔ဖန္​​ေတြ ​ေပါမွ​ေပါ မင္​းသူ႔ကိုသိလားတဲ့ ငါနဲ႔တရပ္​ကြက္​

ထဲပဲလို႔ ​ေနာက္​​ ဆည္​​ေျမာင္​းမွာ အလုပ္​စလုပ္​​ေတာ့ တာဝန္​က်တဲ့​ေနရာကလည္​း အ​ေဝးႀကီး ခု​ေခတ္​လို အင္တာနက္ကလည္​းမဖြံ႔ၿဖိဳး သူငယ္​ခ်င္​းတ​ေတြ ည​ေရာက္​ရင္​ သူ႔ဇာတ္​ကား​ေတြ ဌားၾကည္​့​ေတာ့တာပဲ။ ဇာတ္​ကားထဲက

ေနရာ​ေလး​ေတြ ၾကည္​့ရင္​း ဒါက ငါတို႔ၿမိဳ႕ကဘယ္​​ေနရာ​ေလးဆိုၿပီး အလြမ္​း​ေျဖခဲ့ရတယ္​ ​ေနာက္​တခါ သူ႔ကို အင္တာဗ်ဴးရင္​ ပိုက္​ဆံ​ေပးရမယ္​ဆိုၿပီး မီဒီယာက​ေနအတိအလင္​း​ေၾကညာ​ေတာ့ ပြက္​​ေလာ႐ိုက္​ခဲ့တာမွတ္​မိ​ေသးတယ္​

တပါတ္​မွာတရက္​ မိသားစုကို ​ေရာက္​ရာအရပ္​ကျပန္​ၿပီး ဂ႐ုစိုက္​တက္​​ေသးတယ္​ မိန္​းမအ​ေပၚလည္​း အရမ္​းခ်စ္​တက္​သူႀကီး​ေပါ့ (​ေရနံ​ေခ်ာင္​းသား​ေတြက အရမ္​းခ်စ္​တက္​ၾကတယ္​) ဗီဒီယုိေလာကႀကီးပ်က္​ဆီး​ေနခ်ိန္​ ရ​ေအာင္​​

ေတာင္​့ခံတယ္​ နယ္​​ေတြ ကိုယ္​တိုင္​ဆင္​းၿပီး ဗြီဒီယိုေလာက ျပန္​လည္​ဦး​ေမာ့လာ​ေအာင္​ ႀကိဳးစား​ေနတာ​ေတြလည္​း ျမင္​​ေနရတယ္​ သူ႔ကို မွီခို​ေနရတဲ့ မိသားစု အနည္​းဆံုး ၆၀-၈၀ၾကား႐ွိတယ္​ သူတို႔​ေတြ စားဝတ္​​ေန​ေရးအတြက္​

ႀကိဳးစား​ေပး​ေနရတာတဲ့ အင္တာဗ်ဴးတခုမွာ ​ေျဖတာၾကားဘူးလိုက္​တယ္​။ ျမန္​မာျပည္​မွာ ​ေရႀကီး​ေရလ်ွံျဖစ္​​ေတာ့ အမ်ားသူငွာ ​ေရ​ေဘးသင္​့ျပည္​သူ​ေတြအတြက္​ အစားအ​ေသာက္​​ေတြ အဝတ္​အထည္​​ေတြ လႉဒါန္​း​ေနခ်ိန္​

သူ႔အ​ေတြးအ​ေခၚကအမ်ားနဲ႔မတူျပန္​ဘူး ​ေရ​ေဘးသင္​့​ေဒသက ကြၽဲ ​ေတြ ႏြား​ေတြအတြက္​ အစားအ​ေသာက္​​ေတြ လႉ​ေနျပန္​​ေရာ။ ေနာက္​မႏၱ​ေလးဘက္​မွာ တာဝန္​က်​ေတာ့ ​ေက်ာက္​ဆည္​က ညီတ​ေယာက္​နဲ႔ ခင္​တယ္​ သူက

ေနထူးႏိုင္​ဖန္​ အႀကီးစားႀကီးဗ် ခု​ေခတ္​​ေပၚ​ေနတဲ့မင္​းသား​ေတြကိုမႀကိဳက္​ပဲ ဘာလို႔သူ႔ကိုႀကိဳက္​တာလည္​း ​ေမးၾကည္​့ဘူးတယ္​ သူ႔ကား​ေတြမွာ ​ေမာင္​နဲ႔အမိသားနဲ႔ႏွမ မၾကားဝံ ့မနာသာ​ေတြမပါဘူး ဗဟုသုတ ျဖစ္​စရာ​ေတြ

ပါတယ္​တဲ့ ​ေအာက္​လံုးမသံုးဘူးတဲ့ စ႐ိုက္​တဲ့ကား​ေတြကသာ က​ေလးကား​ေတြ မ်ား​ေပမယ္​့​ေနာက္​ပိုင္​း႐ိုက္​တဲ့ကား​ေတြမွာ ​ေတာ္​​ေတာ္​​ေလး​ေကာင္​းတယ္​ဆိုပဲ။ ကိုယ္​​ေတြကျမန္​မာကားသိပ္​မၾကည္​့ျဖစ္​​ေတာ့ အလွမ္​းမမွီပါဘူး

ေဟာ ရာသီဥတုပူျပင္​းလို႔ တႏွစ္​ထက္​တႏွစ္​အပူခ်ိန္​ျမင္​့တက္​လာခ်ိန္​ အမ်ားသူငွါ ပန္​ကာဝယ္​ airconတပ္​ဖို႔လုပ္​​ေနခ်ိန္​မွာ ျမန္​မာျပည္​ရဲ႕အပူခ်ိန္​စံခ်ိန္​တင္​တဲ့ ​ေခ်ာက္​ၿမိဳ႕မွာ ​ေနပူပူမွာ ​ေတာင္​ကတံုး​ေတြအ​ေပၚသစ္​ပင္​စိုက္​ဖို႔

သူႀကိဳးစား​ေတာ့ ဝိုင္​းဝန္​း​ေဝဖန္​သံ​ေတြ ၾကားရျပန္​​ေရာ ဘယ္​အပင္​မွမျဖစ္​ထြန္​းဘူးဆိုၿပီး ​ေလွာင္​​ေျပာင္​သံ​ေတြကို အလုပ္​နဲ႔သက္​​ေသျပသြားတယ္​။ ခုဆိုသစ္​ပင္​​ေလး​ေတြ စိမ္​းစို လို႔ ​ေနာက္​၃ႏွစ္​​ေလာက္​ဆို ​ေခ်ာက္​ၿမိဳ႕အပူခ်ိန္​

ေလ်ာ့ခ်ႏိုင္​ၿပီ ​ေနာက္​ Covid ျဖစ္​​ေတာ့လည္​း ဇာတိ​ေျမကို ပစ္​မထားခဲ့ဘူး စက္​မႈ့ဇုန္​မွာ႐ွိတဲ့ သူ႔ရဲ႕႐ုပ္​႐ွင္​ျခံကို အခ်ိန္​မ​ေရြး အသံုးျပဳပါဆိုၿပီး လႉဒါန္​းထား​ေသးတယ္​။ တျခားလိုအပ္​တာ​ေတြ႐ွိရင္​လည္​း​ေျပာပါ သူကူညီပါမယ္​တဲ့

သူ႔ကိုခ်စ္​တဲ့သူ​ေတြ​ေကာ မုန္​းတဲ့သူ​ေတြ​အတြက္​​ေကာ သူအမ်ားႀကီး​ေတာ့ ​ေျပာ​ေနမွာ မဟုတ္​ဘူး သူလုပ္​စရာ႐ွိတာ အ​ေကာင္​းဆံုးလုပ္​​ေနမွာပါ ​ေတာင္​ကတံုး​ေတြကို ​ေသ်ွာင္​မ်ားမ်ားထံုးႏိုင္​ပါ​ေစကိုႀကီး။ ခရက္ဒစ္

Unicode

အများနဲ့မတူတဲ့ အတွေးအခေါ်ပိုင်ရှင် မင်းသား နေထူးနိုင်။ နေထူးနိုင်တဲ့ သူ့အကြောင်းတွေ ရေးပြရရင်အများကြီးဗျ ရေနံချောင်းသား တွင်းကုန်းဇာတိ ရေနံချောင်းဒီဂရီကောလိပ်ကနေ ဘွဲ့ရခဲ့တယ် ကိုယ့်ဒူးကိုယ်ချွန်ပြီး

အောင်မြင်တဲ့မင်းသားတယောက်ဖြစ်ခဲ့တယ် သူ့ဇာတ်ကားတွေရဲ့ ရိုက်ကွင်းနေရာ တော်တော်များများက ရေနံချောင်းမြို့ကိုအခြေတည်တယ်။ ရေနံချောင်းမြို့ရဲ့အလှအပတွေ ကို TVဖန်သားပြင်ကနေ တနိုင်ငံလုံးသိအောင်

ကြိုးစားပြနေတယ် မှတ်မိသေးတယ် မကွေးမှာတက္ကသိုလ်တက်ချိန် မြစ်အနောက်ဘက်က သူငယ်ချင်းတွေနဲ့ခင်တော့ သူ့ဇာတိ ကိုယ့်ဇာတိ အပြန်အလှန် မိတ်ဖွဲ့ရင်း ကိုယ်တွေ ရေနံချောင်းဇာတိမှန်းသိရော မင်းသားနေထူးနိုင်

မြို့ကပဲတဲ့။ သူတို့နယ်တွေဘက်မှာ မင်းသားကားတွေ ဆို ရုံပြည့်ရုံလျံ အားပေးကြတာတဲ့ ဘာလို့လည်းလို့ မေးကြည့်တော့ သူ့ဇာတ်ကားတွေက မိသားစု အကုန်ကြည့်လို့ရတယ် အောက်လုံးမပါဘူးတဲ့ ဗဟုသုတ ဖြစ်စရာ

တွေးစရာတခုခုကျန်ခဲ့တယ်တဲ့ တယ်ဟုတ်ပလားပေါ့။ အမှန်ပြောရရင်အဲချိန်အထိ သူ့ကားတွေ ကောင်းကောင်းမကြည့်ဘူးသေးဘူး မြစ်အနောက်ဘက်တကြောက သူ့ဖန်တွေ ပေါမှပေါ မင်းသူ့ကိုသိလားတဲ့ ငါနဲ့တရပ်ကွက်

ထဲပဲလို့ နောက် ဆည်မြောင်းမှာ အလုပ်စလုပ်တော့ တာဝန်ကျတဲ့နေရာကလည်း အဝေးကြီး ခုခေတ်လို အင်တာနက်ကလည်းမဖွံ့ဖြိုး သူငယ်ချင်းတတွေ ညရောက်ရင် သူ့ဇာတ်ကားတွေ ဌားကြည့်တော့တာပဲ။ ဇာတ်ကားထဲက

နေရာလေးတွေ ကြည့်ရင်း ဒါက ငါတို့မြို့ကဘယ်နေရာလေးဆိုပြီး အလွမ်းဖြေခဲ့ရတယ် နောက်တခါ သူ့ကို အင်တာဗျူးရင် ပိုက်ဆံပေးရမယ်ဆိုပြီး မီဒီယာကနေအတိအလင်းကြေညာတော့ ပွက်လောရိုက်ခဲ့တာမှတ်မိသေးတယ်

တပါတ်မှာတရက် မိသားစုကို ရောက်ရာအရပ်ကပြန်ပြီး ဂရုစိုက်တက်သေးတယ် မိန်းမအပေါ်လည်း အရမ်းချစ်တက်သူကြီးပေါ့ (ရေနံချောင်းသားတွေက အရမ်းချစ်တက်ကြတယ်) ဗီဒီယိုလောကကြီးပျက်ဆီးနေချိန် ရအောင်

တောင့်ခံတယ် နယ်တွေ ကိုယ်တိုင်ဆင်းပြီး ဗွီဒီယိုလောက ပြန်လည်ဦးမော့လာအောင် ကြိုးစားနေတာတွေလည်း မြင်နေရတယ် သူ့ကို မှီခိုနေရတဲ့ မိသားစု အနည်းဆုံး ၆၀-၈၀ကြားရှိတယ် သူတို့တွေ စားဝတ်နေရေးအတွက်

ကြိုးစားပေးနေရတာတဲ့ အင်တာဗျူးတခုမှာ ဖြေတာကြားဘူးလိုက်တယ်။ မြန်မာပြည်မှာ ရေကြီးရေလျှံဖြစ်တော့ အများသူငှာ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်တွေ အဝတ်အထည်တွေ လှူဒါန်းနေချိန်

သူ့အတွေးအခေါ်ကအများနဲ့မတူပြန်ဘူး ရေဘေးသင့်ဒေသက ကျွဲ တွေ နွားတွေအတွက် အစားအသောက်တွေ လှူနေပြန်ရော။ နောက်မန္တလေးဘက်မှာ တာဝန်ကျတော့ ကျောက်ဆည်က ညီတယောက်နဲ့ ခင်တယ် သူက

နေထူးနိုင်ဖန် အကြီးစားကြီးဗျ ခုခေတ်ပေါ်နေတဲ့မင်းသားတွေကိုမကြိုက်ပဲ ဘာလို့သူ့ကိုကြိုက်တာလည်း မေးကြည့်ဘူးတယ် သူ့ကားတွေမှာ မောင်နဲ့အမိသားနဲ့နှမ မကြားဝံ့မနာသာတွေမပါဘူး ဗဟုသုတ ဖြစ်စရာတွေ

ပါတယ်တဲ့ အောက်လုံးမသုံးဘူးတဲ့ စရိုက်တဲ့ကားတွေကသာ ကလေးကားတွေ များပေမယ့်နောက်ပိုင်းရိုက်တဲ့ကားတွေမှာ တော်တော်လေးကောင်းတယ်ဆိုပဲ။ ကိုယ်တွေကမြန်မာကားသိပ်မကြည့်ဖြစ်တော့ အလှမ်းမမှီပါဘူး

ဟော ရာသီဥတုပူပြင်းလို့ တနှစ်ထက်တနှစ်အပူချိန်မြင့်တက်လာချိန် အများသူငှါ ပန်ကာဝယ် airconတပ်ဖို့လုပ်နေချိန်မှာ မြန်မာပြည်ရဲ့အပူချိန်စံချိန်တင်တဲ့ ချောက်မြို့မှာ နေပူပူမှာ တောင်ကတုံးတွေအပေါ်သစ်ပင်စိုက်ဖို့

သူကြိုးစားတော့ ဝိုင်းဝန်းဝေဖန်သံတွေ ကြားရပြန်ရော ဘယ်အပင်မှမဖြစ်ထွန်းဘူးဆိုပြီး လှောင်ပြောင်သံတွေကို အလုပ်နဲ့သက်သေပြသွားတယ်။ ခုဆိုသစ်ပင်လေးတွေ စိမ်းစို လို့ နောက်၃နှစ်လောက်ဆို ချောက်မြို့အပူချိန်

လျော့ချနိုင်ပြီ နောက် Covid ဖြစ်တော့လည်း ဇာတိမြေကို ပစ်မထားခဲ့ဘူး စက်မှု့ဇုန်မှာရှိတဲ့ သူ့ရဲ့ရုပ်ရှင်ခြံကို အချိန်မရွေး အသုံးပြုပါဆိုပြီး လှူဒါန်းထားသေးတယ်။ တခြားလိုအပ်တာတွေရှိရင်လည်းပြောပါ သူကူညီပါမယ်တဲ့

သူ့ကိုချစ်တဲ့သူတွေကော မုန်းတဲ့သူတွေအတွက်ကော သူအများကြီးတော့ ပြောနေမှာ မဟုတ်ဘူး သူလုပ်စရာရှိတာ အကောင်းဆုံးလုပ်နေမှာပါ တောင်ကတုံးတွေကို သျှောင်များများထုံးနိုင်ပါစေကိုကြီး။ ခရက်ဒစ်