ထီပေါက်လို့ ထီဆိုင်က ဖုန်းဆက် အကြောင်းကြားတာတောင် မီးသတ်နေရလို့ ဖုန်းမကိုင်နိုင်ခဲ့တဲ့ သိန်း၂၀၀ကံထူးရှင် မီးသတ်ရဲဘော်လေး
Zaw Gyi
မနေ့က ထီဆိုင်မှ
Unicode
(၁၆)ကြိမ်မြောက် သိန်း(၂၀၀)ပေါက်သွားသော မီးသတ်ရဲဘော် ကိုစိုင်းသီဟ ဖြစ်ပါတယ်နော်။ မီးသတ်ရဲဘော်ဆိုတာဟာ အသက်နဲ့ရင်းပြီး
လုပ်ရတဲ့ အလုပ်မျိုးပါ။
ဝါသနာ စေတနာအပြင် အနစ်နာခံနိုင်တဲ့စိတ်ရှိမှ လုပ်နိုင်တာမျိုးပါ။
ယခုလမှာတော့ (၁၆)ကြိမ်မြောက် အောင်ဘာလေသိန်းထီ
ဖွင့်ပွဲမှာ သိန်း(၂၀၀)ပေါက်သွားသော မီးသက်ရဲဘော် ကိုစိုင်းသီဟ (ပြင်ဦးလွင် မြို့နယ်မီးသတ်)ဖြစ်ပါတယ်တဲ့နော်။
ကိုစိုင်းသီဟရဲ့ ထီထိုး
ရခြင်း ရည်ရွယ်ချက်ကတော့ မိဘတွေအတွက် ရည်မှန်းပြီး ထီထိုးတာဖြစ်ပြီး ထီပေါက်ခဲ့ရင်လည်း အများကို ကူညီနိုင်မယ်ဆိုတဲ့စိတ် ရည်မှန်းချက်နဲ့
ထိုးခဲ့တာလို့ ဆိုပါတယ်။
လုပ်တဲ့အလုပ်ကလည်း စွန့်လွှတ်စွန့်စား မီးသတ်သမား အများအကျိုးဆောင် အပူငြိမ်းစေတဲ့အလုပ်၊ ထီထိုးရတဲ့
ရည်ရွယ်ချက်ကလည်း မိဘနဲ့ အများအတွက် ပေးကမ်းကူညီနိုင်အောင်တဲ့ မွန်မြတ်ပြီးရင်း မွန်မြတ်ထူးကဲနေတာပါပဲ။
မနေ့က ထီဆိုင်မှ
ထီပေါက်ကြောင်း အကြိမ်ကြိမ် ဖုန်းဆက်အကြောင်းကြားတာကို ဘာလို့ ဖုန်းမကိုင်ခဲ့တာလည်းလို့ မေးမြန်းကြည့်မိတော့
“မီးသတ်နေရလို့ ဖုန်းကိုင်ဖို့ အချိန် မရှိလို့”ပါတဲ့။
တကယ့်ကို ထိုက်ထိုက်တန်တန် သိန်း၂၀၀ ထီဆုကြီးရရှိသွားတဲ့ မီးသတ်ရဲဘော်ပါပဲနော်။
စေတနာအကျိုးပေးတယ် ဆိုရမယ်ထင်ပါရဲ့။
နောက်အကြိမ်တွေလည်းဒီ့ထက်မကပေါက်ပါစေဗျာ။ ပရဟိတစိတ်အပြည့်ရှိတဲ့မီးသတ်ဝန်ထမ်းပါခင်ဗျာ။ ခရက်ဒစ်ပါဝါထီဆိုင်