အမြန်လမ်းမှာ ဆိုင်ကယ်မှောက်ပြီး ဒုက္ခရောက်နေတဲ့ သားအမိကို ကားနဲ့တင်ခေါ်လာပြီး အိမ်လိုက်ပို့ပြီး ကူညီလိုက်တဲ့ ဝန်ကြီး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
အမြန်လမ်းမှာ ဆိုင်ကယ်မှောက်ပြီး ဒုက္ခရောက်နေတဲ့ သားအမိကို ကားနဲ့တင်ခေါ်လာပြီး အိမ်လိုက်ပို့တဲ့ ဝန်ကြီး ဒေါက်တာအောင်မိုးညို….။
မဲဆွယ်တယ်လို့ မပြောနှင့်လူပီသတဲ့ လူတွေ လုပ်နေကြ အလုပ်ပဲ ဖြစ်တယ် ။
မကွေးတိုင်းဝန်ကြီးချုပ်သည် ယနေ့ NLD ခေါင်းဆောင်ပိုင်းများ လစဉ်ပုံမှန်ဗဟိုအလုပ်အမှုဆောင်အစည်းကအပြန်နေပြည်တော်
အမြန်လမ်းစောစန္ဒာဝင်း ထမင်း ဆိုင်နှင့် မြို့သစ်မြို့ကြားရေကျော်ချောင်းတွင် ဆိုင်ကယ်မှောက်၍ မတော်တဆထိခိုက်ဒဏ်ရာရရှိထားသော
သားအမိ နှစ်ဦးကို တွေ့သောအခါဝန်ကြီးချုပ်ကစိတ်ပူပြီ ကားကို ရပ်ခိုင်းစေပြီ အခြေအနေကို မေးမြန်းကာ
ကြောက်လှန့်နေသောသားအမိကို သူ၏ကားပေါ်သို့ တင်ဆောင်စေပြီလုံခြုံရေးအရာရှိကို သားအမိ၏ ဆိုင်ကယ်ကိုစီးခိုင်းထိခိုက်မိသော
သားအမိ၏ အိမ်သို့ဝန်ကြီးချုပ်ကိုယ်တိုင် မိမိကားဖြင့်အိမ်သို့အရောက်ပို့ဆောင်ပေးခဲ့ပါသည် မိမိတိုင်းဒေသ က ဒုက္ခ ရောက်သူ ပြည်သူကိုဂရုစိုက်ပြီ
ကုသိုလ်တစ်ခု ပြုခဲ့သော ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ကို လေးစားမိပါတယ် ။Credit: Hlaing Min Zaw