“ၿမိဳ႕သူၿမိဳ႕သားအားလုံးက ေတာင္းစားသူလို႔ထင္ထားတဲ့ အဖိုးအို ဆုံးသြားၿပီးမွ သိန္းေပါင္းေျမာက္မ်ားစြာ လႉခဲ့သူ ျဖစ္ေနလို႔ အံၾသခဲ့ရတဲ့ အျဖစ္”
Zaw Gyi
ၿမိဳ႕သူၿမိဳ႕သားအားလုံးက ေတာင္းစားသူလို႔ထင္ထားတဲ့ အဖိုးအို ဆုံးသြားၿပီးမွ သိန္းေပါင္းေျမာက္မ်ားစြာ လႉခဲ့သူ ျဖစ္ေနလို႔ အံၾသခဲ့ရတဲ့ အျဖစ္။
ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕က အဖိုးအို တစ္ဦးဟာ ၿမိဳ႕ေပၚမွာ အလႉလိုက္ခံၿပီး အလႉခံရရွိေငြနဲ႔ RCကြန္ကရစ္ ဘုန္းႀကီးေက်ာင္းေဆာင္သစ္အျပင္ အျခား ဘာသာေရးဆိုင္ရာ လႉဒါန္းမႉေတြျပဳလုပ္ခဲ့ၿပီး
ေသဆုံးသြားၿပီးေနာက္မွာေတာ့ အြန္လိုင္းေပၚမွာ သူ႔ရဲ႕
သိန္းေပါင္းမ်ားစြာ လႉဒါန္းထားတဲ့ သဒ္ဒါတရားတွေကြောင့် အံ့အားသင့္စရာေတြျဖစ္ေနၾကရပါတယ္။
ပန္းတေနာ္ၿမိဳ႕ေပၚကလူေတြ ျမင္ေတြ႕ခဲ့ဖူးတာက ဒီလူႀကီးဟာ ေတာင္းရမ္းစားေသာက္သူႀကီးတစ္ဦး အေနနဲ႔သာ ျဖစ္တယ္လို႔ ဆိုပါတယ္။
အမ်ားအျမင္ ေတာင္းရမ္းစားေသာက္ေနသူ လို႔ ထင္ျမင္ယူဆေနတဲ့ အဖိုးအိုဟာ ပန္းတေနာ္ ၿမိဳ႕နယ္ ေ႐ႊျမင္တင္ေစတီေတာ္ျမတ္ႀကီးရဲ႕ အေနာက္ဘက္ကြၽန္းႀကီး႐ြာ ဇာတိျဖစ္ၿပီး ဖခင္ဦးဖိုးႏွစ္ အမိေဒၚေမရင္
မိဘႏွစ္ပါးမွ ေမြးဖြားခဲ့သူျဖစ္ပါတယ္။ ေမြးခ်င္း ခုနစ္ဦးရွိၿပီး ဒုတိယေျမာက္သားျဖစ္ကာ အမည္က ဦးခင္ျမင့္ ဆိုသူ ျဖစ္ပါတယ္။
သူဟာ လမ္းေလွ်ာက္သြားႏိုင္တဲ့ ကာလမွာ အလႉလိုက္ခံခဲ့ၿပီး လမ္းမေလွ်ာက္ႏိုင္ေတာ့ဘဲ ျဖစ္လာခ်ိန္
မွာေတာ့ ဆိုကၠားငွါးၿပီး သြားလာရတဲ့ အခ်ိန္အထိ ပန္းတေနာ္ၿမိဳ႕မေဈးရဲ႕ လမ္းေဘးေတြမွာ ထိုင္ၿပီး အလႉခံခဲ့တာ ျဖစ္ပါတယ္။
အဲဒီေနာက္ အသက္အ႐ြယ္ေၾကာင့္ က်န္းမာေရး ခ်ိဳ႕တဲ့လာခ်ိန္ ပုခန္းဘုန္းေတာ္ႀကီးေက်ာင္းသို႔ ေရာက္သြားခဲ့ရပါတယ္။
ပုခန္းေက်ာင္း ဆရာေတာ္ႀကီးက အဖိုးအိုနားမွာ ရဟန္းတစ္ပါးကို အနီးကပ္ထားေစၿပီး ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့ပါတယ္။
က်န္းမာေရး ခ်ိဳ႕ယြင္းလာတဲ့ အဖိုးအို ဦးခင္ျမင့္ဟာ ပန္းတေနာ္ၿမိဳ႕မေဈးဆီ
အလႉခံထြက္တာေတြ မျပဳလုပ္ႏိုင္ေတာ့ဘဲ ပုခန္းဘုန္းႀကီးေက်ာင္း နတ္လမ္းေဘးမွာပဲ တုန္တုန္ရီရီနဲ႔ ဆက္လက္ အလႉခံတာေတြျပဳလုပ္ခဲ့ပါတယ္။
အလႉခံလို႔ ရသမွ် ေငြေၾကးေတြကို စုေဆာင္းၿပီး ပုခန္းေက်ာင္း ေဂါပက
လူႀကီးနဲ႔ ဆရာေတာ္ႀကီးထံ အပ္ႏွံထားခဲ့တာျဖစ္ ပါတယ္။
အဖိုးအို ဦးခင္ျမင့္ဟာ အလႉခံ စုေဆာင္းထားတဲ့ ေငြေတြထဲက က်ပ္ေလးသိန္းခြဲ ထုတ္ၿပီးေ႐ႊမ်ိဳးသားခ်င္း တစ္ဦးကေနတဆင့္ အိႏၵိယႏိုင္ငံဗုဒၶဂါယာက ဘုရားေလးဌာန
အတြက္ ေပးပို႔လႉဒါန္းေစခဲ့ပါတယ္။
ဒါ့အျပင္ နဂါး႐ုံဘုရား၊ ဝိပႆနာ ရက္တစ္ရာတရားစခန္း၊ မႏၲေလးေျမာက္ျပင္ ပစၥယံရႈပါ႐ုံ
ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ အလႉေငြေတြ ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ပုခန္းေက်ာင္း ေဂါပကလူႀကီး
ဦးေမာင္ေမာင္ေဆြကေျပာျပပါတယ္။
ဒါတင္မကေသးပဲ တစ္ဦးတည္းအလႉခံရရွိသမွ် က်န္ေငြနဲ႔ ေက်ာင္းေဆာင္သစ္ လႉဒါန္းလိုတဲ့အေၾကာင္း ပုခန္းေက်ာင္း ဆရာေတာ္ ဦးပညာသာမိထံ ခြင့္ျပဳခ်က္ေတာင္းခံေလွ်ာက္ထားခဲ့ပါ
ေသးတယ္။ ဆရာေတာ္ခြင့္ျပဳခ်က္နဲ႔ ပုခန္းဘုန္းႀကီးေက်ာင္းအတြင္းမွာ က်ပ္သိန္းတစ္ရာေက်ာ္နဲ႔ RCကြန္ကရစ္ တစ္ထပ္ေက်ာင္းေဆာင္သစ္ကို ေဆာက္လုပ္လႉဒါန္းခဲ့ပါတယ္။ ျမန္မာသကၠရာဇ္ ၁၃၇၈ခုနစ္ ဝါဆိုလျပည္ေန႔
ဘုန္းႀကီးေက်ာင္းေဆာင္သစ္ေရစက္ခ်တဲ့အခါ ကေလးေတြနဲ႔လူႀကီးေတြ၊ ရဟန္းသံဃာေတြနဲ႔ သီလရွင္ ဆရာေလးေတြ၊ ေက်ာင္းသား/သူေတြနဲ႔ ဝန္ထမ္းေတြ၊ အနီးအေဝးက ေစတနာရွင္ အလႉရွင္ေတြဆီက၊ ငါးမူး
တစ္က်ပ္ကေန စတင္စုေဆာင္းရရွိေငြနဲ႔ ေက်ာင္းေဆာင္သစ္လႉဒါန္းရတာျဖစ္ေၾကာင္း၊ အလႉေငြထည့္ေပးသူအားလုံးဟာ
ဆြမ္းအလႉရွင္ေတြ၊ ဘုရားအလႉရွင္ေတြအျပင္ ဘုန္းႀကီးေက်ာင္းေဆာင္သစ္အလႉရွင္ေတြျဖစ္ေၾကာင္း
သူ မကြယ္လြန္ခင္ေျပာျပခဲ့တဲ့ အခါမွာေတာ့ ၾကားရသူအေပါင္း အံ့ၾသတုန္လႈပ္မိခဲ့တယ္လို႔ အနီးကပ္ျပဳစုေစာင့္ေရွာက္သူ ဦးဇင္း(ဦးေသာမ)က ေျပာျပပါတယ္။
ေက်ာင္းေဆာင္သစ္ေရစက္ခ်လႉဒါန္းၿပီးေနာက္ႏွစ္နစ္အၾကာ
အသက္ ၁၀၃ႏွစ္အ႐ြယ္ အဖိုးအိုဦးခင္ျမင့္ဟာ ပုခန္းဘုန္းေတာ္ႀကီး ေက်ာင္းမွာပဲ ကြယ္လြန္ခဲ့သြားခဲ့ပါတယ္။
အဖိုအိုေသဆုံးၿပီး တစ္ေက်ာ္ၾကာသည့္ အခါမွာေတာ့ ေတာင္းရမ္းစားေသာက္သူႀကီးလို႔ ထင္ျမင္ယူဆထားသူေတြက
ဦးခင္ျမင့္ကို သဒ္ဒါတရားထက်သန်တဲ့ အဖိုးအို၊ ဘုရားနဲ႔ ဘုန္းႀကီးေက်ာင္းအလႉရွင္ႀကီးအဖိုးအို၊ ေက်းဇူးႀကီးမားလွတဲ့အဖိုးအိုအျဖစ္
အသိအမွတ္ျပဳကာ သံေဝဂ တရားမ်ားရရွိခဲ့တယ္လို႔မွတ္ခ်က္ျပဳၾကပါေတာ့တယ္။ ခရက္ဒစ္
Unicode
မြို့သူမြို့သားအားလုံးက တောင်းစားသူလို့ထင်ထားတဲ့ အဖိုးအို ဆုံးသွားပြီးမှ သိန်းပေါင်းမြောက်များစွာ လှူခဲ့သူ ဖြစ်နေလို့ အံသြခဲ့ရတဲ့ အဖြစ်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့က အဖိုးအို
တစ်ဦးဟာ မြို့ပေါ်မှာ အလှူလိုက်ခံပြီး အလှူခံရရှိငွေနဲ့ RCကွန်ကရစ် ဘုန်းကြီးကျောင်းဆောင်သစ်အပြင် အခြား ဘာသာရေးဆိုင်ရာ လှူဒါန်းမှူတွေပြုလုပ်ခဲ့ပြီး
သေဆုံးသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့
သိန်းပေါင်းများစွာ လှူဒါန်းထားတဲ့ သဒ်ဒါတရားတှကွေောင့ျ အံ့အားသင့်စရာတွေဖြစ်နေကြရပါတယ်။
ပန်းတနော်မြို့ပေါ်ကလူတွေ မြင်တွေ့ခဲ့ဖူးတာက ဒီလူကြီးဟာ တောင်းရမ်းစားသောက်သူကြီးတစ်ဦး အနေနဲ့သာ ဖြစ်တယ်လို့ ဆိုပါတယ်။
အများအမြင် တောင်းရမ်းစားသောက်နေသူ လို့ ထင်မြင်ယူဆနေတဲ့ အဖိုးအိုဟာ ပန်းတနော် မြို့နယ် ရွှေမြင်တင်စေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်ကျွန်းကြီးရွာ ဇာတိဖြစ်ပြီး ဖခင်ဦးဖိုးနှစ် အမိဒေါ်မေရင်
မိဘနှစ်ပါးမှ မွေးဖွားခဲ့သူဖြစ်ပါတယ်။ မွေးချင်း ခုနစ်ဦးရှိပြီး ဒုတိယမြောက်သားဖြစ်ကာ အမည်က ဦးခင်မြင့် ဆိုသူ ဖြစ်ပါတယ်။
သူဟာ လမ်းလျှောက်သွားနိုင်တဲ့ ကာလမှာ အလှူလိုက်ခံခဲ့ပြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်လာချိန်
မှာတော့ ဆိုက္ကားငှါးပြီး သွားလာရတဲ့ အချိန်အထိ ပန်းတနော်မြို့မဈေးရဲ့ လမ်းဘေးတွေမှာ ထိုင်ပြီး အလှူခံခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အသက်အရွယ်ကြောင့် ကျန်းမာရေး ချို့တဲ့လာချိန် ပုခန်းဘုန်းတော်ကြီးကျောင်းသို့ ရောက်သွားခဲ့ရပါတယ်။
ပုခန်းကျောင်း ဆရာတော်ကြီးက အဖိုးအိုနားမှာ ရဟန်းတစ်ပါးကို အနီးကပ်ထားစေပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါတယ်။
ကျန်းမာရေး ချို့ယွင်းလာတဲ့ အဖိုးအို ဦးခင်မြင့်ဟာ ပန်းတနော်မြို့မဈေးဆီ
အလှူခံထွက်တာတွေ မပြုလုပ်နိုင်တော့ဘဲ ပုခန်းဘုန်းကြီးကျောင်း နတ်လမ်းဘေးမှာပဲ တုန်တုန်ရီရီနဲ့ ဆက်လက် အလှူခံတာတွေပြုလုပ်ခဲ့ပါတယ်။
အလှူခံလို့ ရသမျှ ငွေကြေးတွေကို စုဆောင်းပြီး ပုခန်းကျောင်း ဂေါပက
လူကြီးနဲ့ ဆရာတော်ကြီးထံ အပ်နှံထားခဲ့တာဖြစ် ပါတယ်။
အဖိုးအို ဦးခင်မြင့်ဟာ အလှူခံ စုဆောင်းထားတဲ့ ငွေတွေထဲက ကျပ်လေးသိန်းခွဲ ထုတ်ပြီးရွှေမျိုးသားချင်း တစ်ဦးကနေတဆင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာက ဘုရားလေးဌာန
အတွက် ပေးပို့လှူဒါန်းစေခဲ့ပါတယ်။
ဒါ့အပြင် နဂါးရုံဘုရား၊ ဝိပဿနာ ရက်တစ်ရာတရားစခန်း၊ မန္တလေးမြောက်ပြင် ပစ္စယံရှုပါရုံ
ဘုန်းတော်ကြီးကျောင်းတွေမှာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပုခန်းကျောင်း ဂေါပကလူကြီး
ဦးမောင်မောင်ဆွေကပြောပြပါတယ်။
ဒါတင်မကသေးပဲ တစ်ဦးတည်းအလှူခံရရှိသမျှ ကျန်ငွေနဲ့ ကျောင်းဆောင်သစ် လှူဒါန်းလိုတဲ့အကြောင်း ပုခန်းကျောင်း ဆရာတော် ဦးပညာသာမိထံ ခွင့်ပြုချက်တောင်းခံလျှောက်ထားခဲ့ပါ
သေးတယ်။ ဆရာတော်ခွင့်ပြုချက်နဲ့ ပုခန်းဘုန်းကြီးကျောင်းအတွင်းမှာ ကျပ်သိန်းတစ်ရာကျော်နဲ့ RCကွန်ကရစ် တစ်ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၇၈ခုနစ် ဝါဆိုလပြည်နေ့
ဘုန်းကြီးကျောင်းဆောင်သစ်ရေစက်ချတဲ့အခါ ကလေးတွေနဲ့လူကြီးတွေ၊ ရဟန်းသံဃာတွေနဲ့ သီလရှင် ဆရာလေးတွေ၊ ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေ၊ အနီးအဝေးက စေတနာရှင် အလှူရှင်တွေဆီက၊ ငါးမူး
တစ်ကျပ်ကနေ စတင်စုဆောင်းရရှိငွေနဲ့ ကျောင်းဆောင်သစ်လှူဒါန်းရတာဖြစ်ကြောင်း၊ အလှူငွေထည့်ပေးသူအားလုံးဟာ
ဆွမ်းအလှူရှင်တွေ၊ ဘုရားအလှူရှင်တွေအပြင် ဘုန်းကြီးကျောင်းဆောင်သစ်အလှူရှင်တွေဖြစ်ကြောင်း
သူ မကွယ်လွန်ခင်ပြောပြခဲ့တဲ့ အခါမှာတော့ ကြားရသူအပေါင်း အံ့သြတုန်လှုပ်မိခဲ့တယ်လို့ အနီးကပ်ပြုစုစောင့်ရှောက်သူ ဦးဇင်း(ဦးသောမ)က ပြောပြပါတယ်။
ကျောင်းဆောင်သစ်ရေစက်ချလှူဒါန်းပြီးနောက်နှစ်နစ်အကြာ
အသက် ၁၀၃နှစ်အရွယ် အဖိုးအိုဦးခင်မြင့်ဟာ ပုခန်းဘုန်းတော်ကြီး ကျောင်းမှာပဲ ကွယ်လွန်ခဲ့သွားခဲ့ပါတယ်။
အဖိုအိုသေဆုံးပြီး တစ်ကျော်ကြာသည့် အခါမှာတော့ တောင်းရမ်းစားသောက်သူကြီးလို့ ထင်မြင်ယူဆထားသူတွေက
ဦးခင်မြင့်ကို သဒ်ဒါတရားထကျသနျတဲ့ အဖိုးအို၊ ဘုရားနဲ့ ဘုန်းကြီးကျောင်းအလှူရှင်ကြီးအဖိုးအို၊ ကျေးဇူးကြီးမားလှတဲ့အဖိုးအိုအဖြစ်
အသိအမှတ်ပြုကာ သံဝေဂ တရားများရရှိခဲ့တယ်လို့မှတ်ချက်ပြုကြပါတော့တယ်။ ခရက်ဒစ်