
Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်





အုန်း ငှက်ပျော လက်ဖတ် ကွမ်းယာ အလင်းတိုင် အချိုရည် ပန်း စသည်တို့ ဆက်ကပ် ရခြင်း တို့မပါရှိပါ။ရိုးရိုး ရှင်းရှင်း ဖြစ်ပြီး လွယ်ကူ သည့် အကျိုးပေး မြန်ဆန်သော စရဏ ကျင့်စဉ် ဖြစ်သည်။












ရရှိစေနိုင်သော အကျိုးတရား မှာ မိမိ အပေါ် တစ်ဘက်ရန်သူ က စီးပွားရေး အရ ဖြစ်စေ အိမ်ထောင်ရေး အရဖြစ်စေ လုပ်ငန်းကိစ္စအရဖြစ်စေ လူမှု့ရေးအရဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်စေ တိုက်ခိုက်လာပါက တိုက်ခိုက် ၍ မရရှိကြောင်း ထူးခြားစွာ သိရှိရသည်။




တနင်္လင်္ာ (၂) လုံး

အင်္ဂါ (၃) လုံး

ဗုဒ္ဓဟူး (၄) လုံး

ကြာသပတေး (၅) လုံး

သောကြာ (၆) လုံး

စေန (၇) လုံး

ရာဟု( ၄ ) လုံး



Unicode

ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်ခဲ့သောအိမ်ထောင်ရေး စီးပွားရေး၊ လူမှုရေး အတိုက်အခိုက်ကင်းလိုလျှင်

ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်သော အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်

ဤ အစွမ်းထက်သော ကျောက်ခဲကျင့်စဉ် သည် သီးသန့် ချီးမြှင့်ခဲ့သော ကျင့်စဉ်ထူး ဖြစ်သည်။လူသိနည်း ၍ ရှားပါးသော ကျင့်စဉ် ဖြစ်သည်။အထူးသဖြင့် ဤကျင့်စဉ်မှာ လွယ်ကူပြီး ထိရောက်မှု့ရှိသည်။

ထူးခြားပြီး လွယ်ကူသည့် ကျင့်စဉ် ဖြစ် သဖြင့် အခြား အခြား သော ကျင့်စဉ်များကဲ့သို့ ဂါထာမန္တန် များ ရွတ်ဖတ်ရခြင်း ပုတီးစိပ်ရခြင်း မွေးနံ အညွန့်အခက် အရွက်ပန်း များ ဘုရား အား ဆက်ကပ် လှုဒါန်းရခြင်း

အုန်း ငှက်ပျော လက်ဖတ် ကွမ်းယာ အလင်းတိုင် အချိူရည် ပန်း စသည်တို့ ဆက်ကပ် ရခြင်း တို့မပါရှိပါ။ရိုးရိုး ရှင်းရှင်း ဖြစ်ပြီး လွယ်ကူ သည့် အကျိူးပေး မြန်ဆန်သော စရဏ ကျင့်စဉ် ဖြစ်သည်။

ဤ အစွမ်းထက်သော ကျောက်ခဲ ကျင့်စဉ် ကို ကျင့်မည့် (၈) ရက်သားသမီးများ သည် ရေတသွင်သွင် စီးနေသည့်မြစ်ချောင်း အနီးရှိကျောက်ခဲ ကို ကောက်ယူရန်ဖြစ်ပါသည်။

ထိုကျောက်ခဲ များကောက်ယူသည့် အခါ မိမိ မွေးနံ အရကောက်ယူရပါမည်။ ရေတသွင်သွင် စီးနေသည့် မြစ်ချောင်းများ မှ ကျောက်ခဲ ကို မိမိတို့၏ မွေးနံအရ ကောက်ယူ ပြီးပါက

ကြေးဖလားတွင် ဖြစ်စေ ငွေဖလားတွင် ဖြစ်စေ မတ်ခွက် တွင် ဖြစ်စေ ရေသန့်သန့်ထည့် ၍ အဆိုပါ ကျောက်ခဲ ကို ထည့်ထားရပါမည် ။

ရေ နှင့် ကျောက်ခဲ ထည့်ထား သည့် ဖလား ကို မိမိ မွေးနေ့ နံနက် (၉) နာရီ မှ (၁၀:၃၀) အတွင်း တိတိကျကျ ကိုယ်တိုင် ဆောင်ရွက် ပြီး အောက်ပါ အတိုင်း ရွတ်ဆို ဆု့တောင်းရပါမည်။

အချိန်တိကျစွာ ဆောင်ရွက်ရပါမည် ။ ဘုရားတပည့်တော် သည် ဘုရား တရား သံဃာ ဆရာ မိဘ ဟု့ ဆိုအပ်သော အနန္တော အနန္တ ၅ ပါး တို့၏ ဂုဏ်ကျေး ဇူးတော်များ ကို အာရုံ ပြု့ပြီး

ကျေးဇူးတော်ရှင် ရွှေပေါ်ကျွန်း ဆရာတော် ကြီး ၏ ကျောက်ခဲ ကျင့်စဉ် ကို ယနေ့ အချိန် မှ စ ၍ ကျင့်ဆောင်ပါမည် အရှင်ဘုရား

“ဤ ကျောက်ခဲ ကျင့်စဉ် ကျင့်ဆောင်သည့်နေ့မှ စ ၍ မိမိတို့တွင် တွေ့ကြုံ ခံစားနေရသော ရန်ဓာတ် မာန်ဓာတ် အတိုက်အခိုက်ဓာတ် ဟူ ၍ အမြန်ဆုံး ချူပ်ငြိမ်း ပပျောက်ပါစေသတည်း ” ဟု့စိတ်ဆန္ဒ ထက်သန်စွာ ဖြင့် ဆု့တောင်း ရွတ်ဆို ပြီး

ထို ရေ ကို မကြာခဏ သောက်ရန် ဖြစ်ပါသည်။

ဤ ကျောက်ခဲ ကျင့်စဉ် ကို ကျင့်ဆောင်နေသည့် ပုဂ္ဂိုလ်သည် အလုပ်ကိစ အတွက် ဖြစ်စေ စီးပွားရေးအတွက်ဖြစ်စေ စကားပြောဆိုရန် အကြောင်းကိစ္စများအတွက်ဖြစိစေ..အနှောက်အယှက် အတိုက်အခိုက်များအတွက်ဖြစ်စေ

မည်သည့် အကြောင်းကိစအတွက်ဖြစ်စေ ပြု့လုပ်ဆောင်ရွက်မည် ဆိုပါက ဖော်ပြပါ ခွက်ထဲ မှ ထည့်ထားသော ” ရေ ” ကို သောက် သွားရန် ဖြစ်သည်။

ထို့နောက် ရေ ကို အသစ် ထည့် ၍ အမြဲ ဖြည့်ထားရန် ဖြစ်ပြီး ဖြစ်နိုင်ပါက မိမိသောက်နေသည့် ရေ အစား အဆိုပါ ရေ ကို အမြဲ မကြာခန သောက်ရန် ဖြစ်သည်။

ရရှိစေနိုင်သော အကျိူးတရား မှာ မိမိ အပေါ် တစ်ဘက်ရန်သူ က စီးပွားရေး အရ ဖြစ်စေ အိမ်ထောင်ရေး အရဖြစ်စေ လုပ်ငန်းကိစ္စအရဖြစ်စေ လူမှု့ရေးအရဖြစ်စေ အခြားအကြောင်းများကြောင့်ဖြစ်စေ တိုက်ခိုက်လာပါက တိုက်ခိုက် ၍ မရရှိကြောင်း ထူးခြားစွာ သိရှိရသည်။

ဥုံ …….. သြောင်း ( ဝေ – ဒါ – သာ – ကု ) အစရှိသော ဒဏ်ပြန် ဂါထာ တော်များ ရွတ်ဆိုစရာမလိုသည့် အစွမ်းထက် ကျင့်စဉ် ဖြစ်ပါသည်။

ထူးခြားအစွမ်းထက် သည့် ကျောက်ခဲ ကျင့်စဉ် အား ဆရာတော်ကြီး ကိုယ်တိုင် ကျင့်ကြံ အား ထုပ်ပြီး သိရှိလာသော ကိုယ်တွေ့ကျင့်စဉ် တစ်ခုလည်း ဖြစ်ပါသည်။

တနင်္ဂနွေ .. ကျောက်ခဲ (၁) လုံး

တနင်္လၤာ (၂) လုံး

အင်္ဂါ (၃) လုံး

ဗုဒ္ဓဟူး (၄) လုံး

ကြာသပတေး (၅) လုံး

သောကြာ (၆) လုံး

စေန (၇) လုံး

ရာဟု( ၄ ) လုံး

မိမိ မွေးနံ အတိုင်း ကောက်ယူရမည် ဖြစ်သည်။

မြတ်မိုတင့် ( ရေးသားပူဇော်ပါသည်)