အနာဂတ်မှာ မီလျံနာ ဖြစ်လာနိုင်ချေ အရှိဆုံး ရာသီခွင်ဖွား (၅) မျိုး…
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Leo သိဟ် ရာသီဖွား
Pisces မိန် ရာသီဖွား
Taurus ပြိဿ ရာသီဖွား
Unicode
သင်ဟာ တခြားသူတွေထက် ချမ်းသာနိုင်ချေ ပိုများတဲ့သူတစ်ယောက်လားဆိုတာကို သင့်ရဲ့ရာသီခွင်ကို ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။
ရာသီခွင်တွေထဲမှာ ချမ်းသာနိုင်ချေ အများဆုံးရာသီခွင် (၅) ခုထဲမှာ သင်ရောပါရဲ့လားဆိုတာ ဖတ်ကြည့်လိုက်ပါဦးနော်။
Capricorn မကာရ ရာသီဖြား
( ဒီဇင်ဘာလ ၂၂ ရက် – ဇန်နဝါရီလ ၁၉ ရက် ) သင်က မကာရရာသီဖွားတစ်ယောက်ဖြစ်တယ်ဆိုရင်
အားလုံးထက် ချမ်းသာနိုင်ချေ အများဆုံးရှိတဲ့ ရာသီခွင်ကို ပိုင်ဆိုင်ထားပါတယ်။
ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ကောက်ယူခဲ့တဲ့စစ်တမ်းအရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ
ထိပ်ဆုံးက နေရယူထားတဲ့သူတွေဟာ မကာရရာသီဖွားတွေဖြစ်နေတယ်ဆိုတာက သက်သေအဖြစ် ရှိနေပါတယ်။
ကဲ ချမ်းသာနိုင်ချေကတော့ အများဆုံးဖြစ်နေပြီ၊
သင့်ဘက်က အားစိုက်ထုတ်ဖို့ပဲ လိုတော့တယ်နော်။
Scorpio ဗြိစ္ဆာ ရာသီဖွား
( အောက်တိုဘာလ ၂၃ ရက် – နိုဝင်ဘာလ ၂၁ ရက် ) ချမ်းသာနိုင်ချေအများဆုံး ဒုတိယနေရာမှာ ရှိနေတာကတော့
ဗြိစ္ဆာရာသီဖွားတွေပါပဲ။
ဒီရာသီဖွားတွေက ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လာရင် အရှုံးပေါ်တာမျိုး ဖြစ်နိုင်ချေအရမ်းနည်းတာကြောင့်
ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ ငွေကြေးဆုံးရှုံးမှု မရှိသလောက်နည်းတဲ့သူတွေပါ။
Leo သိဟ် ရာသီဖွား
( ဇူလိုင်လ ၂၃ ရက် – သြဂုတ်လ ၂၂ ရက် ) တတိယနေရာမှာ ရှိနေတာကတော့ သိဟ်ရာသီဖွားတွေပါပဲ။
လုပ်တဲ့လုပ်ငန်းတွေက အစပိုင်းမှာ အဆင်မပြေသလိုဖြစ်တတ်ပေမယ့်
နောက်ပိုင်းကျရင် တဟုန်ထိုးအောင်မြင်တတ်တာမို့ ဘာလုပ်လုပ် စောစောစီးစီး လက်မလျှော့လိုက်ဘဲ
ဇွဲကောင်းဖို့တော့လိုပါတယ်။
Pisces မိန် ရာသီဖွား
( ဖေဖော်ဝါရီလ ၁၉ ရက် – မတ်လ ၂၀ ရက် ) မိန်ရာသီဖွားတွေကတော့ ချမ်းသာနိုင်ချေအများဆုံး ရာသီခွင်တွေထဲမှာ လေးနေရာမြောက်မှာ ရှိနေတာပါ။
ငယ်ရွယ်စဉ်မှာ ဘဝက ကြမ်းတမ်းခက်ခဲနိုင်ပေမယ့် လူလတ်ပိုင်းအရွယ်မှာ လမ်းမှန်ကို ရွေးချယ်နိုင်ပြီး
ကိုယ့်အတွက် အကျိုးအမြတ်ကောင်းမွန်တဲ့နေရာတွေမှာ ရင်းနှီးမိတာမျိုးဖြစ်နိုင်တာကြောင့်
စိတ်ဓာတ်မကျဘဲ အမြဲတမ်းရှေ့ဆက်နေဖို့လိုပါတယ်။
Taurus ပြိဿ ရာသီဖွား
( ဧပြီလ ၂၀ ရက် – မေလ ၂၀ ရက် ) ပြိဿရာသီဖွားတွေကတော့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ၊
စီးပွားရေးလုပ်ငန်းတွေ လုပ်တာထက် ကိုယ်ပိုင်တီထွင်ဖန်တီးမှုလုပ်န်းတွေကတဆင့်
ဝင်ငွေကောင်းလာနိုင်တဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အလုပ်တွေနဲ့၊ ကိုယ်ရဲ့ဖန်တီးနိုင်စွမ်းကို ယုံကြည်မှုအပြည့် ရှိသင့်ပါတယ်။Credit