‘ေဘးထြက္ဆိုးက်ိဳးမရွိေသာ လိပ္ေခါင္း လက္ေတြ႕ေပ်ာက္ေဆး’

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

‘ေဘးထြက္ဆိုးက်ိဳးမရွိေသာ

လိပ္ေခါင္း လက္ေတြ႕ေပ်ာက္ေဆး’

ေဘးထြက္ဆိုးက်ိဳးလည္းမရွိ၍ လိပ္ေခါင္းေဝဒနာရွင္မ်ား ေငြေၾကးကုန္က်မႈမရွိပါဘဲလိုအပ္သူတို႔အသုံးခ်ႏိုင္ပါရန္ တင္ျပအပ္ပါသည္။

အခ်ိဳ႕ကလိပ္ေခါင္းျဖစ္မွန္မသိျဖစ္ေနတတ္ပါသည္။ လက္ေတြ႕ေဝဒနာခံစားရသူ မိတ္ေဆြေျပာျပသည္မွာ လိပ္ေခါင္းျဖစ္ေသာလကၡဏာမ်ားမွာေသြးယိုစီးျခင္း၊အဆစ္အျမစ္ကိုက္ခဲ၍ ဝမ္းသြားရခက္ခဲျခင္း၊ အေၾကာအခ်ဥ္မ်ားတုံ႔ဆိုင္း တတ္ျခင္းစသည္တို႔ျဖစ္သည္ဆိုပါသည္။

အေတာ္စိတ္ပ်က္စရာေကာင္းတဲ့ေရာဂါ ဟုေျပာပါသည္။

အခုေရာ ေပ်ာက္သြားၿပီးလား ေမးမိရာ…

ေပ်ာက္ခ်င္ေတာ့လည္း လိပ္ေခါင္းေဆးစုံေနတဲ့ ကြၽန္ေတာ္ ကံစပ္ခ်င္ေတာ့ ေဆးၿမီးတိုေလးနဲ႔ေပ်ာက္တယ္။

အိမ္ၿခံထဲ ကအပင္ေတြပါပဲ..ကြၽန္ေတာ္ေျပာျပပါမယ္…။

ထိက႐ုံးပင္ အ႐ြက္၊႐ိုးတံအႏုေလးေတြကို ဆုံသန္႔သန္႔ေလးမွာေထာင္းရတယ္အဲဒီကထြက္တဲ့ သတၱဳရည္နဲ႔ ထိက႐ုံးဖက္အေၾကကို ညအိပ္ခ်ိန္တိုင္း စအိုၾကား ထဲထည့္အိပ္ထားပါပဲဗ်ာ..။

ေနာက္တစ္ခုက ေသာက္ေဆးပါ…။

ဘာလဲဆိုေတာ့ ကန္စြန္း႐ိုးနီကို မန္က်ည္းသီးမွည့္နည္းနည္းထည့္ျပဳတ္ၿပီး

ကန္စြန္း႐ြက္ကို သုပ္စားတာပါပဲ…။

အဲ့ဒါေနတိုင္းလုပ္တာ (၇)ရက္နဲ႔ ေပ်ာက္ပါတယ္။ အခုေနာက္ပိုင္းေတာ့ ေရာဂါထပ္မျဖစ္ေအာင္ ကန္စြန္း႐ြက္ျပဳတ္ကို ႀကဳံရင္သုပ္စားေနဆဲပဲ..။ အဲဒီနည္းနဲ႔ပဲ လိပ္ေခါင္းေပ်ာက္တာပါ။

ခင္ဗ်ားကိုဘယ္သူေဆးနည္းေပးတာလဲဗ်

ကြၽန္ေတာ့အဖိုးက တိုင္းရင္းသမားေတာ္ႀကီးဦးႂကြယ္ေလ..သူရဲ႕ေဆးမွတ္စုထဲကရတာပါ…။

လိုသူတို႔အတြက္ ထိက႐ုံးႏွင့္ ကန္စြန္း႐ိုးနီမွာ သဘာဝအတိုင္းအလြန္ေပါမ်ားစြာေပါက္ေရာက္တတ္ပါ၍ ေဘးထြက္ဆိုးႀကိဳးလည္းမရွိ အကုန္အက်လည္းသက္သာေသာ ျမန္မာေဆးၿမီးတိုေလးအားတင္ျပလိုက္ပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးႏိုင္ပါေစ

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)Crd

Unicode

‘ဘေးထွက်ဆိုးကျိုးမရှိသော လိပ်ခေါင်း လက်တွေ့ပျောက်ဆေး’

ဘေးထွက်ဆိုးကျိုးလည်းမရှိ၍ လိပ်ခေါင်းဝေဒနာရှင်များ ငွေကြေးကုန်ကျမှုမရှိပါဘဲလိုအပ်သူတို့အသုံးချနိုင်ပါရန် တင်ပြအပ်ပါသည်။

အချို့ကလိပ်ခေါင်းဖြစ်မှန်မသိဖြစ်နေတတ်ပါသည်။ လက်တွေ့ဝေဒနာခံစားရသူ မိတ်ဆွေပြောပြသည်မှာ လိပ်ခေါင်းဖြစ်သောလက္ခဏာများမှာသွေးယိုစီးခြင်း၊အဆစ်အမြစ်ကိုက်ခဲ၍ ဝမ်းသွားရခက်ခဲခြင်း၊ အကြောအချဉ်များတုံ့ဆိုင်း တတ်ခြင်းစသည်တို့ဖြစ်သည်ဆိုပါသည်။

အတော်စိတ်ပျက်စရာကောင်းတဲ့ရောဂါ ဟုပြောပါသည်။

အခုရော ပျောက်သွားပြီးလား မေးမိရာ…

ပျောက်ချင်တော့လည်း လိပ်ခေါင်းဆေးစုံနေတဲ့ ကျွန်တော် ကံစပ်ချင်တော့ ဆေးမြီးတိုလေးနဲ့ပျောက်တယ်။

အိမ်ခြံထဲ ကအပင်တွေပါပဲ..ကျွန်တော်ပြောပြပါမယ်…။

ထိကရုံးပင် အရွက်၊ရိုးတံအနုလေးတွေကို ဆုံသန့်သန့်လေးမှာထောင်းရတယ်အဲဒီကထွက်တဲ့ သတ္တုရည်နဲ့ ထိကရုံးဖက်အကြေကို ညအိပ်ချိန်တိုင်း စအိုကြား ထဲထည့်အိပ်ထားပါပဲဗျာ..။

နောက်တစ်ခုက သောက်ဆေးပါ…။

ဘာလဲဆိုတော့ ကန်စွန်းရိုးနီကို မန်ကျည်းသီးမှည့်နည်းနည်းထည့်ပြုတ်ပြီး

ကန်စွန်းရွက်ကို သုပ်စားတာပါပဲ…။

အဲ့ဒါနေတိုင်းလုပ်တာ (၇)ရက်နဲ့ ပျောက်ပါတယ်။ အခုနောက်ပိုင်းတော့ ရောဂါထပ်မဖြစ်အောင် ကန်စွန်းရွက်ပြုတ်ကို ကြုံရင်သုပ်စားနေဆဲပဲ..။ အဲဒီနည်းနဲ့ပဲ လိပ်ခေါင်းပျောက်တာပါ။

ခင်ဗျားကိုဘယ်သူဆေးနည်းပေးတာလဲဗျ

ကျွန်တော့အဖိုးက တိုင်းရင်းသမားတော်ကြီးဦးကြွယ်လေ..သူရဲ့ဆေးမှတ်စုထဲကရတာပါ…။

လိုသူတို့အတွက် ထိကရုံးနှင့် ကန်စွန်းရိုးနီမှာ သဘာဝအတိုင်းအလွန်ပေါများစွာပေါက်ရောက်တတ်ပါ၍ ဘေးထွက်ဆိုးကြိုးလည်းမရှိ အကုန်အကျလည်းသက်သာသော မြန်မာဆေးမြီးတိုလေးအားတင်ပြလိုက်ပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ

ရဲမျိုးသူ(ဗောဓိမြိုင်)Crd