ေ႐ႊေတြအမ်ားႀကီးဝယ္စုေနရတဲ့အေၾကာင္းရင္းမွန္ကို ေျပာျပလိုက္တဲ့ ဝါဝါေအာင္.. ဗဟုသုတရေအာင္ဖတ္ၾကည့္ပါေနာ္..

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဝါဝါေအာင္က လက္ဝတ္ရတနာေတြထဲမွာ ေ႐ႊထည္ေတြ ဝယ္စုရတာ ပိုအက်ိဳးရွိတဲ့အေၾကာင္း ေျပာလာပါတယ္။ အခက္အခဲ ျဖစ္ေနတဲ့ အခ်ိန္ေတြမွာ ေ႐ႊက ျပန္ေရာင္းလို႔ ရတယ္လို႔ သူကဆိုပါတယ္…။ “ အန္တီဝါက ေ႐ႊစုရတာ ဝါသနာပါတယ္၊ သေဘာလည္း

က်တယ္…။ အန္တီဝါတို႔ သူေဌးခန္းေတြ ႐ိုက္ရမယ္ဆိုရင္ ဖန္စီေတြ အရမ္းဝယ္ရတာ ဝယ္ၿပီးေတာ့မွ အရမ္းႏွေျမာမိတယ္။ သုံးၿပီးေတာ့မွ

အလကားျဖစ္ေနတာေပါ့ေနာ္ ဘာမွလည္းမလုပ္ျဖစ္ဘူး။ ျပန္ေရာင္းလို႔လည္း မရဘူး။ ေ႐ႊၾကေတာ့ ကိုယ္အဆင္ေျပတဲ့

အခ်ိန္မွာ အဆင္ေျပသလိုေလး လုပ္ထားေတာ့ လိုအပ္ရင္ ထုခြဲေရာင္းခ်လို႔ရတယ္” ဆိုၿပီးေတာ့ ဇြန္လ ၁၀ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္႐ိုက္ကူးေရးကို လာေရာက္ရင္း ေျဖဆိုခဲ့တာပါ။ ဝါဝါေအာင္ဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ အဆက္မျပတ္

႐ိုက္ကူးေနရတဲ့အခ်ိန္မွာ ေ႐ႊေတြ ဝယ္စုျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူမကေ႐ႊစုတတ္သလို ခင္ပြန္းျဖစ္သူ ဦးေအာင္ခိုင္ကလည္း ပိုက္ဆံ စုေလ့ စုထ ရွိတယ္လို႔လည္း ဝါဝါေအာင္က ေျပာပါတယ္။ “ အရင္တုန္းက အန္တီဝါတို႔ ဇာတ္ကားေတြ အရမ္း႐ိုက္ခဲ့ရပါ

တယ္။ ဆရာဒါ႐ိုက္တာ ေက်ာ္ေဇာလင္း (အေတြးပုံရိပ္) နဲ႔ဆိုရင္ အမ်ားႀကီး႐ိုက္ခဲ့ရတာပါ။ ၂ ႏွစ္ေလာက္ကို ေတာ္ေတာ္႐ိုက္ေနရတဲ့အခ်ိန္မွာ စုလည္း စုတယ္၊ သုံးလည္း သုံးတယ္။ ကိုယ့္ မိသားစုလည္း ၾကည့္ရတာေပါ့။ အန္တီဝါ့အမ်ိဳးသားဦးေအာင္ခိုင္လည္း

တတ္ႏိုင္သေလာက္ စုတယ္။ စီးတဲ့ေရ ဆည္တဲ့ကန္သင္းေပါ့။ ဒါေတာင္ အန္တီဝါ စုတာ

နည္းေနေသးတယ္လို႔ ထင္တယ္။ ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ လုပ္လိုက္ရင္ ဒီ့ထက္ေတာင္ ပိုစုႏိုင္ဦးမွာ။ ေ႐ႊဆိုတာ ရွိရင္ တန္ဆာ၊ မရွိရင္ ဝမ္းစာပဲေလ တကယ္လိုအပ္လာ

တယ္ဆိုရင္ ထုတ္သုံးၾကရမွာပဲ”လို႔ သူကဆိုပါတယ္။ ဦးေအာင္ခိုင္ကေတာ့ ဇနီးျဖစ္သူ ေ႐ႊေတြ စုေလ့ စုထ ရွိတာကိုမသိခဲ့ဘူးလို႔လည္း ဝါဝါေအာင္က ေျပာပါတယ္။ “ အန္တီဝါ ေ႐ႊေတြ စုတာ ဦးေအာင္ခိုင္မသိဘူး။ ကိုယ္ထုတ္ဝတ္ေတာ့မွ သူက သိတာ။ ဟာ..

ဘယ္တုန္းက လုပ္ထားတာလဲေပါ့။ ဒီလိုပဲ အဆင္ေျပတဲ့အခ်ိန္မွာ လုပ္ထားလိုက္တာေပါ့လို႔ေျပာရတယ္။ သူကိုယ္တိုင္လည္း အံ့ၾသဝမ္းသာျဖစ္သြားတာေပါ့။ ေ႐ႊထည္ေတြပဲ စုတယ္၊ ေက်ာက္ေတြက က်ေတာ့ ျပန္ေရာင္းရင္ ရႈံးတာေလးေတြရွိတတ္ေတာ့မစုျဖစ္

ဘူး။ ကိုယ္ေ႐ႊစုတိုင္းလည္း ဦးေအာင္ခိုင္ မသိတာမ်ားတယ္” လို႔ သေဘာက်ရယ္ေမာရင္း ေျပာလာပါတယ္ ဝါဝါေအာင္ ကိုေတာ့ ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္…။ ဒီေန႔ ဒီအခ်ိန္ ထိ က်ရာ

ဇာတ္႐ုပ္မွာ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားျပင္ဆင္ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္လည္း ပရိသတ္အခိုင္အမာ ရရွိေနတာ ျဖစ္ပါ တယ္။ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြမွာလည္း အဆက္မျပတ္ ပါဝင္သ႐ုပ္ေဆာင္ေနရတာကို ေတြ႕ရပါတယ္။

Crd : duwun

Unicode

ဝါဝါအောင်က လက်ဝတ်ရတနာတွေထဲမှာ ရွှေထည်တွေ ဝယ်စုရတာ ပိုအကျိုးရှိတဲ့အကြောင်း ပြောလာပါတယ်။ အခက်အခဲ ဖြစ်နေတဲ့ အချိန်တွေမှာ ရွှေက ပြန်ရောင်းလို့ ရတယ်လို့ သူကဆိုပါတယ်…။ “ အန်တီဝါက ရွှေစုရတာ ဝါသနာပါတယ်၊ သဘောလည်း

ကျတယ်…။ အန်တီဝါတို့ သူဌေးခန်းတွေ ရိုက်ရမယ်ဆိုရင် ဖန်စီတွေ အရမ်းဝယ်ရတာ ဝယ်ပြီးတော့မှ အရမ်းနှမြောမိတယ်။ သုံးပြီးတော့မှ

အလကားဖြစ်နေတာပေါ့နော် ဘာမှလည်းမလုပ်ဖြစ်ဘူး။ ပြန်ရောင်းလို့လည်း မရဘူး။ ရွှေကြတော့ ကိုယ်အဆင်ပြေတဲ့

အချိန်မှာ အဆင်ပြေသလိုလေး လုပ်ထားတော့ လိုအပ်ရင် ထုခွဲရောင်းချလို့ရတယ်” ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေးကို လာရောက်ရင်း ဖြေဆိုခဲ့တာပါ။ ဝါဝါအောင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ အဆက်မပြတ်

ရိုက်ကူးနေရတဲ့အချိန်မှာ ရွှေတွေ ဝယ်စုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမကရွှေစုတတ်သလို ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ကလည်း ပိုက်ဆံ စုလေ့ စုထ ရှိတယ်လို့လည်း ဝါဝါအောင်က ပြောပါတယ်။ “ အရင်တုန်းက အန်တီဝါတို့ ဇာတ်ကားတွေ အရမ်းရိုက်ခဲ့ရပါ

တယ်။ ဆရာဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ဆိုရင် အများကြီးရိုက်ခဲ့ရတာပါ။ ၂ နှစ်လောက်ကို တော်တော်ရိုက်နေရတဲ့အချိန်မှာ စုလည်း စုတယ်၊ သုံးလည်း သုံးတယ်။ ကိုယ့် မိသားစုလည်း ကြည့်ရတာပေါ့။ အန်တီဝါ့အမျိုးသားဦးအောင်ခိုင်လည်း

တတ်နိုင်သလောက် စုတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းပေါ့။ ဒါတောင် အန်တီဝါ စုတာ

နည်းနေသေးတယ်လို့ ထင်တယ်။ သေသေချာချာ စေ့စေ့စပ်စပ် လုပ်လိုက်ရင် ဒီ့ထက်တောင် ပိုစုနိုင်ဦးမှာ။ ရွှေဆိုတာ ရှိရင် တန်ဆာ၊ မရှိရင် ဝမ်းစာပဲလေ တကယ်လိုအပ်လာ

တယ်ဆိုရင် ထုတ်သုံးကြရမှာပဲ”လို့ သူကဆိုပါတယ်။ ဦးအောင်ခိုင်ကတော့ ဇနီးဖြစ်သူ ရွှေတွေ စုလေ့ စုထ ရှိတာကိုမသိခဲ့ဘူးလို့လည်း ဝါဝါအောင်က ပြောပါတယ်။ “ အန်တီဝါ ရွှေတွေ စုတာ ဦးအောင်ခိုင်မသိဘူး။ ကိုယ်ထုတ်ဝတ်တော့မှ သူက သိတာ။ ဟာ..

ဘယ်တုန်းက လုပ်ထားတာလဲပေါ့။ ဒီလိုပဲ အဆင်ပြေတဲ့အချိန်မှာ လုပ်ထားလိုက်တာပေါ့လို့ပြောရတယ်။ သူကိုယ်တိုင်လည်း အံ့သြဝမ်းသာဖြစ်သွားတာပေါ့။ ရွှေထည်တွေပဲ စုတယ်၊ ကျောက်တွေက ကျတော့ ပြန်ရောင်းရင် ရှုံးတာလေးတွေရှိတတ်တော့မစုဖြစ်

ဘူး။ ကိုယ်ရွှေစုတိုင်းလည်း ဦးအောင်ခိုင် မသိတာများတယ်” လို့ သဘောကျရယ်မောရင်း ပြောလာပါတယ် ဝါဝါအောင် ကိုတော့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်…။ ဒီနေ့ ဒီအချိန် ထိ ကျရာ

ဇာတ်ရုပ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြင်ဆင် သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်အခိုင်အမာ ရရှိနေတာ ဖြစ်ပါ တယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း အဆက်မပြတ် ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

Crd : duwun