ကား၀ယ္ရင္္ မျဖစ္မေနစစ္ေဆးသင္႔သည္႔ အခ်က္၈ခ်က္္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ကားဝယ္မည့္သူမ်ား မျဖစ္မေန သိိထားသင့္ေသာကိိစၥမ်ား
၁/ အရိုးဆစ္ ေကာင္း မေကာင္း ၾကည့္မယ္
အရိုးဆစ္ေကာင္း မေကာင္းကို အရင္ဦးဆုံးေရွ႕က ေဘာနပ္ (စက္ဖုံး)ကို ဖြင့္ပါ ေရွာ့ဘား အထိုင္ ေနရာ ပတ္လည္ ခ်က္စီတန္းေနရာ ပတ္လည္ကို အေသခ်ာၾကည့္ပါ
တစ္ခ်ိဳ႕ကား ေတြမွာ ခ်က္ စီတန္းက ထိုင္ခုံေအာက္မွာ ရွိပါတယ္ ေအာက္မွာ ပုံႏွင့္တကြ ျပေပးထားပါတယ္ အဲဒီေနရာေတြမွာ ပုံမွန္ အေနထားမဟုတ္ပဲ တစ္ခုခု လႊဲမွားေနသလား
ဥပမာ/ ေဆးေတြ ၾကမ္းေနလား ပတ္တီးအက္ေၾကာင္းျဖစ္ေနလား ပိန္ေနလား လိမ္ေနလား ပုံမွန္ အေနထား ဟုတ္လား မဟုတ္လား အေသခ်ာၾကည့္ပါ ပုံမွန္ အေနထားမဟုတ္ရင္ သိသာပါတယ္
ထိုနည္းတူ တျခားေနရာေတြလည္း ဒီအတိုင္းပဲ စစ္ပါ တံခါးေလးဘက္အတြင္း ေနာက္ဖုံး အတြင္း ေရတိုင္ကီတန္း အေပၚ ေအာက္ကို ၾကည့္ပါမယ္ အဆက္ေနရာေလးေတြမွာ ေအာ္ရယ္ဂ်င္နယ္ စေပါ့ အခ်ိဳက္ေသးေသးေလးေတြပါ ရပါမယ္
ဒါဆိုရင္ အရိုးဆစ္ ၾကည့္တဲ့ ကိစၥလုံေလာက္ပါၿပီ”
ယာဥ္မွန္ မမွန္္ ကညန႐ုံးမွာ မစစ္ဘူး ဆိုိရင္ေတာ့ ေရဝိုိက္ပါ ကာဘာ အဖုံးကို ျဖဳတ္ၾကည့္ဖိုိ႔ လိုပါမယ္ ထိုိင္ခုံေအာက္ဆိုရင္လည္း ထိုင္ခုံျဖဳတ္ၿပီး ၾကမ္းခင္း ခဏခြာၾကည့္ဖို႔ လိုပါမယ္ ကညန႐ုံးမွာ ယာဥ္မွန္
မမွန္ စစ္မယ္္ ဆိုရင္ေတာ့ ဒါေတြ ျဖဳတ္ၾကည့္ခြာၾကည့္ဖိုိ႔ မလိုပါ ႐ုံးက တာဝန္ရွိသူေတြ အဲဒီေနရာေတြကို စစ္ပါလိမ့္မည္”
၂/ေဘာ္ဒီ ေကာင္း မေကာင္းၾကည့္မယ္
ေဘာ္ဒီေကာင္း မေကာင္း ဘယ္လို ၾကည့္မလည္း ဆိုေတာ့ အရင္ဦးဆုံး ဆယ္ေပအကြာေလာက္ကေန ေဘာ္ဒီေဂ်ာ (အေၾကာ) ပုံမွန္ ဟုတ္မဟုတ္ တစ္ခ်က္ ရွိုးမယ္
ၿပီးရင္ ေဘာ္ဒီေနရာအႏွံ့ လက္ညႇိုးနဲ႔ ျဖစ္ေစ လက္ခလည္နဲ႔ ျဖစ္ေစ ဇယ္ေတာက္သလိုေလး လိုက္ေခါက္ၾကည့္ပါ ပုံမွန္အသံက သံျပား အသံ အသံမာမာေလး ထြက္ရပါမယ္
ဒီလို မဟုတ္ပဲ သစ္သားပုံး တစ္ခုခုကို ေခါက္ေနရသလို တဘုုတ္ဘုတ္နဲ႔ ျဖစ္ေနရင္ေတာ့ ထိခိုက္ထားၿပီး ျပန္ျပင္ထားတာပါ ေဘာ္ဒီကို စစ္ေဆးတာ ဒီေလာက္ဆို လုံေလာက္ပါၿပီ”
၃/မွန္စေပါ့ မွန္ အက္ေၾကာင္း
ရွိမရွိ စစ္မယ္ ဒါစစ္တာကေတာ့ လြယ္ပါတယ္လူတိုိင္း ၾကည့္တက္ပါတယ္ သတိိထားရမွာက ေရွ႕ေလကာမွန္ဆိုရင္ အနားသက္ေလးေတြမွာ အမဲေရာင္ ကြတ္ထားတာေလးေတြ ရွိပါတယ္
အမဲ ေနရာေလးေတြမွာ အက္ေၾကာင္းရွိေနရင္ အမွတ္တမဲ့ ဆို မျမင္နိုင္ပါဘူး အေသခ်ာၾကည့္ပါ”ဒါဆို လုံေလာက္ပါၿပီ”
၄/ေဘာ္ဒီၾကမ္းခင္း ေဆြး
မေဆြး ၾကည့္မယ္ဒါလည္း လြယ္ပါတယ္ အခင္းတခုရွာပါ ေခါင္းဝင္ၿပီး ပက္လပ္ လွန္ၾကည့္ပါ အရမ္းနိပ္တဲ့ ကားဆိုရင္ အလြယ္တကူ စင္ေပၚတင္လို႔ရတဲ့ ေနရာဆိုရင္ စင္ေပၚတင္ၾကည့္ပါ
ဥပမာ ေရေဆးခုံလိုေနရာ ဝပ္ေရွာ့လိုေနရာ ဒါဆိုရင္ လုံေလာက္ပါၿပီ။
၅/ အင္ဂ်င္ ေကာင္း မေကာင္းစစ္မယ္
မိတ္ေဆြအေနနဲ႔ အရမ္းခက္ခဲမယ္လို႔ ေတြးထင္ထားမွာပါဟုတ္ပါတယ္ မသိရင္ေတာ့ ခက္ခဲပါတယ္ ကၽြန္ေတာ္ ဆိုရင္ အခ်ိန္ေတြ အမွားေတြ အမ်ားႀကီးရင္း ၿပီးမွ သိခဲ့ရတာပါ
မိတ္ေဆြအေနနဲ႔ ကၽြန္ေတာ့္လို အမ်ားႀကီး ရင္းစရာမလိုပါဘူး စာေလး ႏွစ္ေၾကာင္း သုံးေၾကာင္း ဖက္လိုက္တာနဲ႔ သိပါၿပီ အိုင္တင္ခံေနတယ္
လို႔ မထင္ပါနဲ႔ စာေပရဲ့ ေက်းဇူး စာတေၾကာင္းရဲ့ ေက်းဇူးသိေအာင္ ေျပာျပတာပါ။
အရင္ဦးဆုံး ကားကို စက္ႏွိုးထားပါမယ္ အင္ဂ်င္ဝိုင္တိုင္းတဲ့ ဂိတ္တံေလးကို ဆြဲဖြင့္လိုက္ပါေအာက္မွာ ပုံနဲ႔လည္း ျပေပးပါမယ္
မီးခိုးမွုတ္လား မမွုတ္ဘူးလား ၾကည့္ပါ သိပ္ၿပီး မသကၤာဘူးထင္ရင္ လီဘာနင္း ၾကည့္ပါမီးခိုးမွုတ္ေနရင္ အင္ဂ်င္က်ေနပါၿပီ အင္ဂ်င္ မေကာင္းပါ
အေပၚ ဖြင့္ ေအာက္ ဖြင့္ လုပ္ရပါေတာ့မယ္ အခန႔္မသင့္ရင္ အင္ဂ်င္ အလုံးလိုက္ခ်ိန္းရပါမယ္ တျခားအသံေတြကေတာ့နားေထာင္လို႔ လြယ္ပါတယ္ ကြန္ပရာဆာ ေဘာသံ
ေရလည္အုံ ေဘာသံတိုက္ဗစ္ မည္သံ တျခားအသံေတြ ထြက္ မထြက္နားေထာင္ရင္ ရပါၿပီ ။ဒါဆိုရင္ အင္ဂ်င္ေကာင္းမေကာင္း စစ္ေဆးတာ လုံေလာက္ပါၿပီ”
၆/ ဒိုင္ခြက္က သတိေပး
မီးမ်ား ပုံမွန္ ဟုတ္ မဟုတ္စစ္ေဆးမယ္ဒါကလည္း လြယ္ပါတယ္ ယာဥ္ေမာင္းထိုင္ခံမွာ ထိုင္ပါေသာ့မွာ အခ်က္သုံးခ်က္ပါမယ္ ပထမအႀကိမ္ လွည့္တဲ့ အခ်က္က ကက္ဆက္ နဲ႔ ေဆးလိပ္မီးေပါက္ ကို မီးပို႔ပါတယ္
ဒုတိယ တစ္ႀကိမ္က ဒိုင္ခြက္မွာ ရွိတဲ့ မီးေတြရယ္ ကြန္ျမဴတာေဘာက္နဲ႔ တျခား မီးေရာက္ရမဲ့ ေနရာေတြကို အကုန္လုံး မီးပို႔ပါတယ္
တတိယအႀကိမ္မွာ စက္ႏွိုးတယ္ ဒါကေတာ့ လူတိုင္းသိပါတယ္ ဒုတိယႀကိမ္ ဒုတိယ အခ်က္မွာ ဒိုင္ခြက္မွာရွိတဲ့ မီးေတြ အကုန္လင္းရပါမယ္ အင္ဂ်င္ခ်က္ မီးအဲယားဘက္မီး
ဘတၳရီ ပုံအင္ဂ်င္ဝိုင္ ခ်က္ မီး ABS ခ်က္ မီးလင္းရမဲ့ မီးအကုန္လင္း ရပါမယ္ စက္ႏွိုးၿပီးသြားရင္ အဲဒီမီးေတြ အကုန္ညိမ္းရပါမယ္
မီးတစ္ခုခု လင္းေနရင္ Error တခုခုရွိိေနပါၿပီ ေနာက္တစ္ခုရွိတာက ဟြန္ဒါ အုပ္စုမွာ အမ်ားဆုံး ေတြ႕ရမွာပါ ဘတၳရီနဲ႔ အင္ဂ်င္တြဲၿပီး အလုပ္လုပ္တဲ့ ကားေတြမွာ ဆိုရင္ ဘတၳရီ ေကာင္း မေကာင္း နဲ႔ ရွာဂ်င္ဝင္ မဝင္ ၾကည့္ရပါမယ္
အဲဒီကားေတြဆိုရင္ ဟိုပ္ဗစ္ဆိုၿပီး အမည္ေပးထားပါတယ္ ဒါေပမဲ့ ျမန္မာျပည္ ေရာက္ေနကားေတာ္ေတာ္မ်ားမ်ားကေတာ့ ဘတၳရီ သက္တမ္းကုန္ေနၾကပါၿပီ ဟိုပ္ဗစ္ မဟုတ္ရင္ အဲဒါေတြ ေခါင္းထဲ ထည့္စရာမလိုပါ ဒါဆိုိရင္ ဒိုင္ခြက္က သတိေပး မီးေတြ စစ္ေဆးမွု လုံေလာက္ပါၿပီ”
၇/ ေအာက္ပိုင္း ေကာင္း
မေကာင္း ဂီယာခ်ိန္းပုံ မွန္မမွန္ ေမာင္းစစ္မယ္ ဒါကေတာ့ ကားေမာင္းၾကည့္ၿပီး စစ္ေဆးရမဲ့ အပိုင္း ေရာက္လာၿပီ ေအာက္ပိုင္းကေတာ့ စစ္ရတာ လြယ္ပါတယ္ ကီလို 30 ေက်ာ္ 40 ေလာက္ထိ ေမာင္းၾကည့္ပါ
ဘရိိတ္ဖမ္းၾကည့္ပါ အသံနားေထာင္ပါ လမ္းသိပ္မေကာင္းတဲ့ အဖုအထစ္ေလးေတြ ရွိတဲ့ေနရာ ေမာင္းၾကည့္ပါ တခ်ိဳ႕ကား စီယာတိုင္ ဂန္းက လမ္းအေကာင္းမွာ လုံးဝအသံမထြက္ပါ
ဂီယာေဘာက္အပိုင္းမွာ ကေတာ့ ေအာ္တိုဂီယာ အင္ဂ်င္ပါဝါႀကီးတဲ့ကား ဆိုရင္ ကီလို 80 ေလာက္ထိ ေမာင္းၾကည့္ပါ ပါဝါ ေသးရင္ေတာ့ 50 ေက်ာ္ 60 ေလာက္ ေမာင္းၾကည့္ပါ
ဒါဆိုရင္ ဂီယာအစုံအစိ ေရာက္ပါၿပီ ရိုးရိုးမန္ႏူရယ္ ဂီယာေဘာက္ဆိုရင္ နံပါတ္တစ္ ဂီယာကေန 2345ေနာက္ဆုံးထိ ထည့္ေမာင္း စမ္းပါ ဂီယာခ်ိန္းတာပုံမွန္ျဖစ္သလား
ဂီယာ ေဆာင့္သလား တြန႔္ဆုတ္တြန႔္ဆုတ္ ျဖစ္သလား ဂီယာ ၿငီးသံၾကား သလား နားေထာင္ပါ ဒါဆိုရင္ ေအာက္ပိုင္းနဲ႔ ဂီယာ စစ္ေဆးမွု လုံေလာက္ပါၿပီ”
၈/ ယာဥ္ မွန္ မမွန္ စစ္မယ္
ဒီအပိုင္းက အခုေနာက္ပိုင္း ကညန ႐ုံးမွာပဲ သြားစစ္ၾကတာမ်ားပါတယ္ ကိုယ္တိုင္ စစ္မယ္ ဆိုရင္ေတာ့ နံပါတ္ (၁) အပိုင္းမွာ ေျပာထားသလို ခ်က္စီတန္း
ေနရာတစ္ဝိုက္ကို ျဖဳတ္ၿပီး ခြာၿပီး စစ္ရပါမယ္ ၿပီးရင္ အုံနာဘုတ္ စာအုပ္နဲ႔ ဝွီးတက္ မွန္မမွန္ စစ္ပါမယ္ လိုင္စင္စစ္တဲ့ ေဆာဝဲ ေဒါင္းေလာ့ဆြဲထားပါ
ဒီထက္ပိုၿပီးေသခ်ာခ်င္ရင္ ခိုင္မာတဲ့ ေနရာမွာ စာခ်ဳပ္ခ်ဳပ္ပါ အိမ္ သို႔မဟုတ္ ႐ုံး စာခ်ဳပ္ ခ်ဳပ္ေငြေခ်ေနတဲ့ ပုံစံေတြ ဓာတ္ပုံရိုက္ယူထားပါ”ဒါဆိုိရင္ ယာဥ္မွန္ မမွန္ စစ္တဲ့ အပိုင္းမွာ လုံေလာက္ၿပီလို႔ ထင္ပါတယ္
ဒီေလာက္ဆိုရင္ ကားနဲ႔ ရင္းနီးၿပီးသား သူေတြ အတြက္ ဇေဝဇဝါ ျဖစ္စရာ အေၾကာင္း မရွိေတာ့ပါ အရင္က တစ္မိုင္ေလာက္ကေန ျမင္ရတဲ့ အရာက အခု တစ္ေပေလာက္ကေန ၾကည့္ရသလို ရွင္း သြားမွာပါ”
ပထမပို႔စ္မွာ ေျပာျပထားတဲ့ အၾကမ္းျဖင္း (၈)ခ်က္ကိုေတာ့ အေသခ်ာမွတ္ထားပါ ကားၾကည့္ေတာ့မယ္ဆိုရင္ အဲဒီ အစဥ္တိုင္း စစ္ေဆးပါ အစဥ္တိုင္း မစစ္ရင္ ဟိုဟာ က်န္ ဒါ က်န္နဲ႔ကၽြန္ေတာ့္လို ျဖစ္ပါမယ္
ေနာက္တစ္ပိုင္းကေတာ့ ကားနဲ႔ မရင္းနီးေသးတဲ့ သူေတြအတြက္ပါ ကားနံပါတ္ေတြမွာ အကၡရာေတြ ဂဏန္းေတြ ရွိပါမယ္ ေနာက္မွာ ကABCD ကေန အခုဆိုရင္ R အထိ ထြက္ေနပါၿပီ
ကားေလာကမွာေတာ့ ေရွ႕က 123456789ကို ေထြေထြထူးထူး ထည့္တြက္ေလ့မရွိပါ ေနာက္က Aတန္း Bတန္းCတန္းကေန R တန္းထိ ဒီလိုပဲ တြက္ပါတယ္တကၠစီေတြမွာဆိုရင္ေတာ့ AA “BB ကေန HH ေနာက္ဆုံးထြက္ထားပါတယ္
ေရွ႕ဂဏန္းေတြကို မၾကည့္ပဲ ေနာက္က ABCD ကေန Rထိကို အစဥ္လိုက္ အႏွိပ္အျမင့္ တြက္ပါတယ္ တကၠစီမွာလည္း AA BB ကေန HH ထိ အစဥ္လိုက္ အႏွိပ္ ျမင့္တြက္ပါတယ္ ေမာ္ဒယ္ေတြက ေျပာျပစရာမလိုေလာက္ဘူးလို႔ ထင္ပါတယ္။
ဒီေလာက္ဆို ရွင္းမယ္လို႔ ထင္ပါတယ္ ကၽြန္ေတာ္သိသမၽွေတာ့ ဒါ အကုန္ပဲ ကားပြဲစားနဲ႔ ကားေလာကထဲမွာလည္း ကုန္သေလာက္ပါပဲ ဒီထက္သိတဲ့ ဆရာမ်ားရွိရင္လည္း ကၽြန္ေတာ့္ကို ျပန္လည္ မၽွေဝနိုင္ပါတယ္
တခ်ိဳ႕ ေသာ သူေတြ ထင္နိုင္ပါတယ္ ကိုယ္လုပ္တဲ့ အလုပ္ သူမ်ား ေတြကို ေျပာျပေတာ့ကိုယ့္ပါးစပ္ေပါက္ ကိုယ္ ပိတ္သလိုျဖစ္ေနၿပီ ထူတယ္ အ”တယ္လို႔ ထင္နိုင္ပါတယ္္ အခု ဒီစာဖက္ေနေသာ မိတ္ေဆြေရာ ကၽြန္ေတာ့္ကို ဘယ္လိုထင္ပါသလည္း
ကဲ…. ကားေလာက ကၽြန္ေတာ္ သိသမၽွ အိပ္သြန္ဖာေမွာက္အကုန္ ေျပာျပလိုက္ပါၿပီ
မိတ္ေဆြ သိသလို သူတစ္ပါးလည္း သိပါေစ ဆိုတဲ့ စိတ္နဲ႔ တစ္ဆင့္ ျပန္လည္မၽွေဝေပးလိုက္ပါ”
“ရႊင္လန္းခ်မ္းေျမ့ၾကပါေစ”
Unicode
ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ
၁/ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ်
အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ
တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား
ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်
ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်
ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ”
ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်
မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”
၂/ဘော်ဒီ ကောင်း မကောင်းကြည့်မယ်
ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်
ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်
ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”
၃/မှန်စပေါ့ မှန် အက်ကြောင်း
ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်
အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”
၄/ဘော်ဒီကြမ်းခင်း ဆွေး
မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ
ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။
၅/ အင်ဂျင် ကောင်း မကောင်းစစ်မယ်
မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ် ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ
မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်
လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။
အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်
မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါမီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ
အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ
ရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လုံလောက်ပါပြီ”
၆/ ဒိုင်ခွက်က သတိပေး
မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်
ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်
တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီးအဲယားဘက်မီး
ဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်
မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ်
အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”
၇/ အောက်ပိုင်း ကောင်း
မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ
ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ
ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ
ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား
ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”
၈/ ယာဉ် မှန် မမှန် စစ်မယ်
ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း
နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ
ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်
ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”
ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့ကျွန်တော့်လို ဖြစ်ပါမယ်
နောက်တစ်ပိုင်းကတော့ ကားနဲ့ မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ
ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်တက္ကစီတွေမှာဆိုရင်တော့ AA “BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်
ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။
ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်
တချို့ သော သူတွေ ထင်နိုင်ပါတယ် ကိုယ်လုပ်တဲ့ အလုပ် သူများ တွေကို ပြောပြတော့ကိုယ့်ပါးစပ်ပေါက် ကိုယ် ပိတ်သလိုဖြစ်နေပြီ ထူတယ် အ”တယ်လို့ ထင်နိုင်ပါတယ် အခု ဒီစာဖက်နေသော မိတ်ဆွေရော ကျွန်တော့်ကို ဘယ်လိုထင်ပါသလည်း
ကဲ…. ကားလောက ကျွန်တော် သိသမျှ အိပ်သွန်ဖာမှောက်အကုန် ပြောပြလိုက်ပါပြီ
မိတ်ဆွေ သိသလို သူတစ်ပါးလည်း သိပါစေ ဆိုတဲ့ စိတ်နဲ့ တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါ”
“ရွှင်လန်းချမ်းမြေ့ကြပါစေ”