အိန္ဒိယမှပြန်လာမည့်ရဟန်းတော်များ သီတင်းသုံးနိုင်ဖို့ စနစ်တကျပြင်ဆင်ထားတဲ့ သီတဂူဆရာတော်ဘုရားကြီးရဲ့ကုသိုလ်









ယူနီကုဒ်ဖြင့်ဖတ်ရန်

သီတဂူအဓိပတိဆရာတော်ရဲ့ အထောက်အပံ့ဖြင့် အိန္ဒိယနိုင်ငံမှာ မြန်မာပြည်သို့ပြန်လည်ကြွရောက်လာမည့် ပြည်တော်ပြန် ရဟန်းတော်များအတွက် သီတဂူဝိပဿနာအကယ်ဒမီမှာ စောင့်ကြည့်ကာလနေထိုင် သီတင်းသုံးနိုင်ဖို့ စနစ်တကျ စီစဉ်ထားမှုများကို ဖော်ပြပေးလိုက်ရပါတယ်နော်။

၁ – ရောက်လျင်ရောက်ချင်း မိမိတို့ဝတ်လာသော သင်္ကန်းများကိုလှဲလည်ပြီး မိမိတို့အတွက် ဆရာတော် လှူဒါန်းသောသင်္ကန်းများ

၂ – နေစရာ အခန်းများ…. ၃- သောက်စရာ ဆေးအပြည့်အစုံ…. ၄- သုံးဆောင်စရာ အချိုရည်များ သစ်သီးများ…

၅ – နေထိုင်စဉ်အေးအေးချမ်းချမ်း သီတင်းသုံးနိုင်ဖို့ အဲယားကွန်းများတပ်ဆင်ထားခြင်း… ၆- ရေခဲသေတ္တာများထားရှိခြင်း…

၇- ရေချိုခန်း အိမ်သာများ စနစ်တကျထားခြင်း… ၈- အခန်းအတွင်းနေစဉ် အပြင်မထွက်ပဲ ဆွမ်းကို အခန်းအထိလိုက်လံ ပို့ဆောင်လှူဒါန်းခြင်း…

၉- လိုက်လံပို့ဆောင်သူသည်အခန်းအတွင်းမဝင်ရပဲ အခန်းပြင်ပတွင်သာ ထားရှိရန် ခုံများကို စနစ်တကျထားရှိခြင်း…

၁၀- လေ့လာစရာမှတ်သားစရာ စာအုပ်များထားရှိခြင်း…၁၁- လျှက်စစ်ရေနွေးအိုးများထားရှိခြင်း…

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ… ဒါကြောင့် စနစ်တကျစီစဉ်ထားတဲ့ ဘုန်းဘုန်းတို့ရဲ့ စေတနာမေတ္တာကို သာဓုခေါ်ပေးခဲ့ကြပါအုံးနော်။