လယ္ေတြ ယာေတြ ေဈးေ ကာင္း ရ တိုင္း မေရာင္း ပါ နဲ ႔လို႔ ေျပာေန ရတာ ဒါေ တြ ေၾကာင့္ပါ…(ျဖစ္ ရပ္ မွန္)

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

လယ္ေတြ ယာေတြ ေဈးေ ကာင္း ရ တိုင္း မေရာင္း ပါ နဲ ႔လို႔ ေျပာေန ရတာ ဒါေ တြ ေၾကာင့္ပါ…

(ျဖစ္ ရပ္ မွန္)

ထိုင္း ႏိုင္ငံရဲ႕ အေရွ႕ပိုင္း မွာ ခ်န္ထပူရီ ဆိုတဲ့ျပည္ န ယ္ေလးတ ခုရွိတယ္။ အဲ့ဒီျပည္ နယ္က စိုက္ပ်ိဳးေရးကိုသာ အဓိကလု ပ္ကိုင္ၾကၿပီး အမ်ားဆုံးစိုက္တာ ကေတာ့ စပါးေပါ့။

သူစိုက္တဲ့စ ပါးက ထိုင္းႏိုင္ငံ တႏိုင္ငံလုံးစာနီးပါး ဖူလုံေစသတဲ့။ ေနာက္ေတာ့ တျဖည္းျဖည္းနဲ႔ စပါး အထြက္ ႏႈန္းေ တြေလ်ာ့ က်လာပီး ေနာက္ဆုံး လုံးဝ မထြက္ႏိုင္ေတာ့ တဲ့အထိ ျဖစ္သြားခဲ့လို႔ တ႐ြာလုံးက ေယာက္်ားေလးေတြ သေဘၤာလိုက္

ၿမိဳ႕တက္အ လုပ္လုပ္၊ မိန္းကေလးေတြ က်ေတာ့လည္း ကာရာအိုေ ကဆိုင္ေတြေရာက္ မေကာင္းတာေတြ လုပ္စား စသျဖင့္ေပါ့ဗ်ာ…။

ဒီ လိုနဲ႔ ႏိုင္ငံ့အတြက္ ဆန္စ ပါးရိကၡာဟာ အစပိုင္းမွာ ဖူလုံေနခဲ့ၿပီး ေနာက္ပိုင္းက် ႏိုင္ငံျခားက ဆန္စပါးေတြကို တင္သြင္းလာရေတာ့ ဝန္ႀကီးေတြက သိပ္မၾကည္ၾကေတာ့ဘူး။

ေနာက္ပိုင္း လုံးလုံးလ်ားလ်ား တင္သြင္းလာရေတာ့ တိုင္းျပည္ရဲ႕ ဘ႑ာရိကၡာေငြေတြ ထိခိုက္လာတယ္။ ဒါ့ေၾကာင့္ ဝန္ႀကီးေတြဟာ အစည္းေ ဝးေခၚပီး အစီအစဥ္တခုကို ဆြဲခဲ့ၾကတယ္။

ထိုင္းျပည္သူေတြက ဘုရင္ကို အရမ္းခ်စ္ေၾက တာ့ ဘုရင္ကို ေခၚၿပီး (ဘန္းျပၿပီး) အေဝးေရာက္ေ နသူေတြကို စုစည္းရေအာင္ အဲ့ဒီခ်န္ထပူ ရီေဒသကို တိုင္းခန္းလွည့္လည္မယ္လို႔ ေၾကျငာလိုက္တယ္။

ဘုရင္ကလည္း ႏိုင္ငံ့ေအ ရးဆိုေတာ့ သေဘာတူတယ္။ ေနာက္ ဘုရင္က ဝန္ႀကီးေနာက္လို က္ေတြနဲ႔အတူ ခ်န္ထပူရီကို ေရာက္တယ္ ဆိုပါေတာ့။

အဲ့ဒီမွာ လူလည္းစုံေရာ အရင္က စီစဥ္ထားခဲ့တဲ့ အတိုင္း အေျပာအေဟာေ ကာင္းတဲ့ ဘုရင့္ကိုယ္ေရးအရာရွိကို ေျပာခိုင္းေ တာ့တာဘဲ။

“ကဲ…ဘုရင္မင္းျမတ္ကိုယ္တိုင္ ဒီလို တိုင္းခန္းႂကြလာျရ ခင္းဟာေတာ့ ႏိုင္ငံ့ရဲ႕ အေရးေပၚေျအ ခအေနတခုကို ေၾကျငာအသိေပးလို တာေၾကာင့္ဘဲ ျဖစ္တယ္။ ဒီေနရာမွာ ဒီေဒသရဲ႕ စပါးအထြက္ႏႈန္းနဲ႔ ပတ္သတ္လို႔ အရင္က

လူႀကီးမင္း တို႔ စပါးစိုက္ၿပီး ထိုင္းတႏိုင္လုံး ကို ဖူလုံႏိုင္ေစခဲ့တယ္။ အခု လူႀကီးမင္းတို႔ မစိုက္ေတာ့လို႔ ကြၽန္ေတာ္တို႔ေတြ တျခားက တင္သြင္းေ နရတယ္၊ ဘ႑ာရိက ၡာအရံေငြေတြ အလြန္ကို ထိခိုက္လာေ နတယ္။

အဲ့ေတာ့ ႏိုင္ငံ့ရဲ႕ ေက်းဇူးသစၥာကိုေစာင့္သိတဲ့အေနနဲ႔ ခင္ဗ်ားတို႔ စပါးကို မျဖစ္မေနျပန္စိုက္ေပးၾကဖို႔ပါ။ မစိုက္ႏိုင္ခဲ့ဘူးဆိုရင္ေတာ့ ဒီေဒသ အတြက္ ထိုက္ေလ်ာက္တဲ့ အေရးယူမႈေ တြ ျပဳသင့္ရင္ ျပဳလုပ္ရပါလိမ့္မယ္….”

အဲ့ဒီမွာ ဘုရင္ႂကြလာလို႔ အားလုံးေပ်ာ္႐ြ င္ေနရာကေန ၿငိမ္ၿပီး ဝမ္းနည္း သြားၾကတယ္။ ခ်က္ျခင္းဘဲ အဖိုးအိုႀကီး တေယာက္က ထလာၿပီး ေတာင္သူဆိုေတာ့ သိတဲ့အတိုင္း ဘုေျပာနဲ႔ ေျပာခ်ေတာ့ တာေပ့ါ။

“ေအး…မင္းတို႔ေျပာသလို မလုပ္ႏိုင္ဘူး…. သတ္ခ်င္သတ္။ ဒါေပမယ့္ အားလုံးေတာ့ မလုပ္နဲ႔။ ငါ့တေယာက္ထဲ လာသတ္လွည့္။

မင္းတို႔က ငါ့တို႔အေၾကာင္းေတာ့ ေသေသခ်ာခ်ာ မစုံစမ္းဘဲ ရမ္းသမ္းၿပီး လာလုပ္လို႔ရမလား… ငါတို႔ ဘယ္ေ လာက္ဒုကၡေရာက္ေန ခဲ့ရသလဲ မင္းတို႔မသိဘဲနဲ႔” ဆိုၿပီး ဝင္ ၿဖဲတာေပါ့။

အဲ့ေတာ့မွ ဝန္ႀကီးေတြ လႈပ္လႈပ္႐ြ႐ြျဖစ္လာၾကတယ္။ ဘုရင့္ ကိုယ္ေရးအရာရွိက ဝန္ႀကီးေတြကို လက္တားျပလိုက္ၿပီး… “ဒါဆိုရင္ အဖိုး ဒီကေစာင့္ေနပါ။ ဒီကိစၥကို အခုမရွင္းေသးဘူး မနက္ျဖန္က်မွ က်ဳပ္နဲ႔ ခင္ဗ်ား ၂ ေယာက္ခ်င္း ေတြ႕မယ္ဆိုၿပီး” အားလုံး ျပန္သြားၾကတယ္။

အားလုံးကေတာ့ ဘုရင့္ေအ ရွမွာမို႔(ဘုရင္က ျပည္သူေတြကို အရမ္းခ်စ္တာကိုး) အျပစ္မေပးဘဲ ေနာက္မွ အျပစ္ေပးမယ္ေပါ့ စသျဖင့္ ထင္ၾကတယ္။

ေနာက္ ဘန္ေကာက္ျပန္ေရာက္ေတာ့

ဘုရင့္ကိုယ္ေ ရးအရာရွိက သူ႔ရဲ႕ ရာထူးကိုစြ န႔္လိုက္တယ္။ အားလုံးလည္း အံ့ၾသကုန္ၾကတာေပါ့။

သူက ဝန္ႀကီးေတြကို ေျပာခဲ့ေသးတယ္။ က်ေနာ္ဒီ႐ြာကို သြားေလ့ လာရမယ္ေပါ့။ စုေဝးပြဲမွာ တုန္းက အဖိုးႀကီးေျပာတဲ့အထဲ တခုပါခဲ့ေသးတယ္။

“ခင္ဗ်ားတို႔က ရာထူးအေဆာ င္အေယာင္ေတြနဲ႔ ႀကီးပြားေနၿပီး ေအးေအးေဆးေ ဆးေနေနရေတာ့ ဒို႔ဒုကၡေတြကို ဘယ္သိမလဲ” ဆိုၿပီးေပါ့။

ဒါကို ကိုယ္ေရးအရာရွိက ေကာင္းေကာင္း နားလည္သြားပုံရပါတယ္။ ဘုရင္ထံ ခြင့္ေတာင္းတယ္။ ႐ိုး႐ိုး အရပ္သားဘဝနဲ႔ ခ်န္ထပူရီကို ကယ္တင္ပါရေစ ဆိုေတာ့ ဘုရင္ကလဲ ခြင့္ျပဳတယ္။

ဒီလိုနဲ႔ ခ်န္ထပူရီ ကိုေရာက္ အဖိုးႀကီးနဲ႔ေတြ႕။ အေၾကာင္းအရင္းကို ေမးၾကည့္တဲ့အခါ…. “အရင္ကေတာ့ ဟုတ္တယ္ စပါးေတြ စိုက္တိုင္းျဖစ္တယ္။ ေနာက္ ႏိုင္ငံတိုးတက္ လာေတာ့ ဓာတ္ေျမၾသဇာ ပိုးသတ္ေဆး… စတာေတြ ေပၚလာတယ္။

အဲ့ဒါေတြသုံးရင္ ၂ဆ ၃ဆ အထြက္တိုးမယ္ ဆိုၿပီး ဓာတ္ေျမၾသဇာ company ႀကီးေတြက လာေရာင္းတယ္။ အစပိုင္း ၄၊ ၅ႏွစ္မွာ သူတို႔ေျပာတဲ့အတိုင္း ထြက္ေတာ့ ေတာင္သူေတြလဲ ဝမ္းသာတာေပါ့။ ေနာက္ပိုင္း အထြက္ႏႈန္းေလ်ာ့က်လာတယ္။

အထြက္ႏႈန္းေလ်ာ့ လာေတာ့ ဓာတ္ေျမဩဇာေကြၽးႏႈန္းကို ၂ ဆ ၃ ဆ တိုးထဲ့ရမယ္ ဆိုပီး Company ေတြဘက္က ေဆာ္ဩလာတယ္။

ေနာက္ ထပ္ပီး ေဖာ္ျမဴလာ ဝမ္း ဘာညာဆိုၿပီး ေဈးႏႈန္းျမင့္တဲ့ ဓတ္ေျမၾသ ဇာေတြ သြင္းေတာ့တာပဲ။ တျဖည္းျဖည္း ေတာင္သူေတြက မဝယ္ႏိုင္ေတာ့ သူတို႔က စပါးေပးနဲ႔ေရာ င္းတယ္။

အစပိုင္း အဆင္ေျပေပမယ့္ ေနာက္ပိုင္း အထြက္ႏႈန္းေလ်ာ့ လာျပန္ေရာ။ ေနာက္ဆုံး အေႂကြးေပၚအေႂကြးဆင့္နဲ႔ လုံးဝမစိုက္ႏိုင္ေတာ့ဘဲ သားသမီးေတြကို ခုနကလို အျဖစ္မ်ိဳးေတြျဖစ္ေအာင္ တြန္းပို႔သြားေတာ့တာဘဲ” တဲ့။

အဲ့ဒီမွာ စိုက္ပ်ိဳးေရးေ က်ာင္းဆင္းျဖစ္ခဲ့တဲ့ ကိုယ္ေ ရးအရာရွိက (ရာထူးကစြန႔္လိုက္ၿပီေနာ္) သူ႔ပိုင္ဆိုင္တဲ့ ေငြေတြနဲ႔ ျပန္စမယ္လို႔ ဆိုလိုက္တယ္။ ခင္ဗ်ားတို႔က လူစိုက္ေပး။

တခ်ိဳ႕တဝက္ေတာ့ လက္ရွိ အလုပ္ပဲ ဆက္လုပ္အုံးေပါ့။ ေနာက္အဆင္ေျပလာေတာ့မွ ဒီထက္ လူအင္အား ထပ္တိုးၾကတာေပါ့ဆိုပီး…. ကဲ မွန္းစမ္း ေျမကိုစမ္းၾကည့္မယ္ ေပါက္တူးယူခဲ့ ဆိုေတာ့… ႐ြာသားေတြလည္း တက္ႂကြလာတာေပါ့။

ေနာက္ ေျမကို ေပါက္တူးနဲ႔ ေပါက္လိုက္တာ တခြၽမ္းခြၽမ္း ျမည္ေနေတာ့တာပဲ။ (ဓာတ္ေျမၾသဇာ တန္ခိုးေတြျပပီး ေျမေတြ ကြၽတ္ကုန္ေတာ့တာပါ)

ဒါဆိုသိၿပီ ဆိုၿပီး အဲ့ဒိအခ်ိန္ကေန စတင္လာခဲ့ လိုက္တာ… အခုဆိုရင္ ခ်န္ထပူရီမွာ စပါးအျပင္ အျခားႏွစ္ရွည္ပင္ေတြေရာ၊ စားပင္သီး ပင္ေတြေရာ စုံလို႔။ ဒါ့အျပင္ အဲ့ဒိေဒသက ေတာင္သူလယ္သ မားေတြအတြက္ စိုက္ပ်ိဳးေရးသင္တန္းေက်ာ င္းႀကီးလည္း ဖြင့္ေပးထားတယ္။

ေနာက္ အပင္ေတြကထြက္တဲ့ သဘာဝ အရင္းအျမစ္ေတြနဲ႔ လူ႔အသုံးအေဆာ င္ေတြ စားေသာက္ကုန္ေတြ စတာေတြကို စက္႐ုံေတြနဲ႔ ထုတ္ေနၿပီေလ…. သင္တန္းေက်ာင္း ဆရာကေတာ့ ကိုယ္ေရးအရာရွိႀကီးေပါ့။

(နမူနာ တခုေျပာရရင္ အဲ့ဒိေဒသက ပ်က္စီးသြား တဲ့ေျမေတြကို ေျမဆီျပန္လုပ္တာနဲ႔ပ တ္သတ္လို႔ ခ်န္ထပူရီမွာ ျမက္ရွည္႐ိုင္းေတြက မေပါက္ေတာ့

ကေမာၻဒီယားနဲ႔ ဗီယက္နမ္ေတြဆီက ဝယ္ပီး သေဘၤာေတြနဲ႔ ကားေတြနဲ႔သယ္။ ေနာက္မွ အဲ့ဒါေတြကို ႏုတ္ႏုတ္စင္း ေျမႀကီးေပၚမွာ ခင္းၿပီး သဘာဝေျမဆီ ျပန္လုပ္ခဲ့ရတယ္)

ဒီ ျဖစ္ရပ္ေလးကို နမူနာယူၿပီး က်ေနာ္တို႔ႏိုင္ငံရဲ႕စိုက္ပ်ိဳးေရး က႑ကိုလည္း တိုးတက္ေအာင္ တေခတ္ဆန္း ေျပာင္းလဲ သင့္ၿပီလို႔ ထင္ျမင္မိပါေၾကာင္း တင္ျပလိုက္ရပါတယ္။

(မူရင္းက ထိုင္းႏိုင္ငံမွာ ေနခဲ့ဖူးတဲ့ စာေရးဆ ရာမႀကီးတေယာက္ ေဟာေျပာပြဲကေန စာသားအျဖစ္ နားလည္ႏိုင္ေစရန္ ျပန္လည္ edit လုပ္ထားရပါတယ္။

ဒီျဖစ္ရပ္ဟာ ထိုင္းႏိုင္ငံမွာ တကယ္ျဖစ္သြားခဲ့ တဲ့ အျဖစ္ကေန ယေန႔ ထိုင္းႏိုင္ငံရဲ႕ ကမာၻကိုထိုးေဖာက္ေနတဲ့ စိုက္ပ်ိဳးေရး နည္းစနစ္ကို မီးေမွာင္းထိုးျပခ်င္ ႐ုံမွ်သာ….)

Credit

Unicode

လယ်တွေ ယာတွေ ဈေးေ ကာင်း ရ တိုင်း မရောင်း ပါ နဲ့လို့ ပြောနေ ရတာ ဒါေ တွ ကြောင့်ပါ…(ဖြစ် ရပ် မှန်)

ထိုင်း နိုင်ငံရဲ့ အရှေ့ပိုင်း မှာ ချန်ထပူရီ ဆိုတဲ့ပြည် န ယ်လေးတ ခုရှိတယ်။ အဲ့ဒီပြည် နယ်က စိုက်ပျိုးရေးကိုသာ အဓိကလု ပ်ကိုင်ကြပြီး အများဆုံးစိုက်တာ ကတော့ စပါးပေါ့။

သူစိုက်တဲ့စ ပါးက ထိုင်းနိုင်ငံ တနိုင်ငံလုံးစာနီးပါး ဖူလုံစေသတဲ့။ နောက်တော့ တဖြည်းဖြည်းနဲ့ စပါး အထွက် နှုန်းေ တွလျော့ ကျလာပီး နောက်ဆုံး လုံးဝ မထွက်နိုင်တော့ တဲ့အထိ ဖြစ်သွားခဲ့လို့ တရွာလုံးက ယောက်ျားလေးတွေ သင်္ဘောလိုက်

မြို့တက်အ လုပ်လုပ်၊ မိန်းကလေးတွေ ကျတော့လည်း ကာရာအိုေ ကဆိုင်တွေရောက် မကောင်းတာတွေ လုပ်စား စသဖြင့်ပေါ့ဗျာ…။

ဒီ လိုနဲ့ နိုင်ငံ့အတွက် ဆန်စ ပါးရိက္ခာဟာ အစပိုင်းမှာ ဖူလုံနေခဲ့ပြီး နောက်ပိုင်းကျ နိုင်ငံခြားက ဆန်စပါးတွေကို တင်သွင်းလာရတော့ ဝန်ကြီးတွေက သိပ်မကြည်ကြတော့ဘူး။

နောက်ပိုင်း လုံးလုံးလျားလျား တင်သွင်းလာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရိက္ခာငွေတွေ ထိခိုက်လာတယ်။ ဒါ့ကြောင့် ဝန်ကြီးတွေဟာ အစည်းေ ဝးခေါ်ပီး အစီအစဉ်တခုကို ဆွဲခဲ့ကြတယ်။

ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြေ တာ့ ဘုရင်ကို ခေါ်ပြီး (ဘန်းပြပြီး) အဝေးရောက်ေ နသူတွေကို စုစည်းရအောင် အဲ့ဒီချန်ထပူ ရီဒေသကို တိုင်းခန်းလှည့်လည်မယ်လို့ ကြေငြာလိုက်တယ်။

ဘုရင်ကလည်း နိုင်ငံ့အေ ရးဆိုတော့ သဘောတူတယ်။ နောက် ဘုရင်က ဝန်ကြီးနောက်လို က်တွေနဲ့အတူ ချန်ထပူရီကို ရောက်တယ် ဆိုပါတော့။

အဲ့ဒီမှာ လူလည်းစုံရော အရင်က စီစဉ်ထားခဲ့တဲ့ အတိုင်း အပြောအဟောေ ကာင်းတဲ့ ဘုရင့်ကိုယ်ရေးအရာရှိကို ပြောခိုင်းေ တာ့တာဘဲ။

“ကဲ…ဘုရင်မင်းမြတ်ကိုယ်တိုင် ဒီလို တိုင်းခန်းကြွလာရြ ခင်းဟာတော့ နိုင်ငံ့ရဲ့ အရေးပေါ်အြေ ခအနေတခုကို ကြေငြာအသိပေးလို တာကြောင့်ဘဲ ဖြစ်တယ်။ ဒီနေရာမှာ ဒီဒေသရဲ့ စပါးအထွက်နှုန်းနဲ့ ပတ်သတ်လို့ အရင်က

လူကြီးမင်း တို့ စပါးစိုက်ပြီး ထိုင်းတနိုင်လုံး ကို ဖူလုံနိုင်စေခဲ့တယ်။ အခု လူကြီးမင်းတို့ မစိုက်တော့လို့ ကျွန်တော်တို့တွေ တခြားက တင်သွင်းေ နရတယ်၊ ဘဏ္ဍာရိက ္ခာအရံငွေတွေ အလွန်ကို ထိခိုက်လာေ နတယ်။

အဲ့တော့ နိုင်ငံ့ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိတဲ့အနေနဲ့ ခင်ဗျားတို့ စပါးကို မဖြစ်မနေပြန်စိုက်ပေးကြဖို့ပါ။ မစိုက်နိုင်ခဲ့ဘူးဆိုရင်တော့ ဒီဒေသ အတွက် ထိုက်လျောက်တဲ့ အရေးယူမှုေ တွ ပြုသင့်ရင် ပြုလုပ်ရပါလိမ့်မယ်….”

အဲ့ဒီမှာ ဘုရင်ကြွလာလို့ အားလုံးပျော်ရွ င်နေရာကနေ ငြိမ်ပြီး ဝမ်းနည်း သွားကြတယ်။ ချက်ခြင်းဘဲ အဖိုးအိုကြီး တယောက်က ထလာပြီး တောင်သူဆိုတော့ သိတဲ့အတိုင်း ဘုပြောနဲ့ ပြောချတော့ တာပေ့ါ။

“အေး…မင်းတို့ပြောသလို မလုပ်နိုင်ဘူး…. သတ်ချင်သတ်။ ဒါပေမယ့် အားလုံးတော့ မလုပ်နဲ့။ ငါ့တယောက်ထဲ လာသတ်လှည့်။

မင်းတို့က ငါ့တို့အကြောင်းတော့ သေသေချာချာ မစုံစမ်းဘဲ ရမ်းသမ်းပြီး လာလုပ်လို့ရမလား… ငါတို့ ဘယ်ေ လာက်ဒုက္ခရောက်နေ ခဲ့ရသလဲ မင်းတို့မသိဘဲနဲ့” ဆိုပြီး ဝင် ဖြဲတာပေါ့။

အဲ့တော့မှ ဝန်ကြီးတွေ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။ ဘုရင့် ကိုယ်ရေးအရာရှိက ဝန်ကြီးတွေကို လက်တားပြလိုက်ပြီး… “ဒါဆိုရင် အဖိုး ဒီကစောင့်နေပါ။ ဒီကိစ္စကို အခုမရှင်းသေးဘူး မနက်ဖြန်ကျမှ ကျုပ်နဲ့ ခင်ဗျား ၂ ယောက်ချင်း တွေ့မယ်ဆိုပြီး” အားလုံး ပြန်သွားကြတယ်။

အားလုံးကတော့ ဘုရင့်အေ ရှမှာမို့(ဘုရင်က ပြည်သူတွေကို အရမ်းချစ်တာကိုး) အပြစ်မပေးဘဲ နောက်မှ အပြစ်ပေးမယ်ပေါ့ စသဖြင့် ထင်ကြတယ်။

နောက် ဘန်ကောက်ပြန်ရောက်တော့

ဘုရင့်ကိုယ်ေ ရးအရာရှိက သူ့ရဲ့ ရာထူးကိုစွ န့်လိုက်တယ်။ အားလုံးလည်း အံ့သြကုန်ကြတာပေါ့။

သူက ဝန်ကြီးတွေကို ပြောခဲ့သေးတယ်။ ကျနော်ဒီရွာကို သွားလေ့ လာရမယ်ပေါ့။ စုဝေးပွဲမှာ တုန်းက အဖိုးကြီးပြောတဲ့အထဲ တခုပါခဲ့သေးတယ်။

“ခင်ဗျားတို့က ရာထူးအဆော င်အယောင်တွေနဲ့ ကြီးပွားနေပြီး အေးအေးဆေးေ ဆးနေနေရတော့ ဒို့ဒုက္ခတွေကို ဘယ်သိမလဲ” ဆိုပြီးပေါ့။

ဒါကို ကိုယ်ရေးအရာရှိက ကောင်းကောင်း နားလည်သွားပုံရပါတယ်။ ဘုရင်ထံ ခွင့်တောင်းတယ်။ ရိုးရိုး အရပ်သားဘဝနဲ့ ချန်ထပူရီကို ကယ်တင်ပါရစေ ဆိုတော့ ဘုရင်ကလဲ ခွင့်ပြုတယ်။

ဒီလိုနဲ့ ချန်ထပူရီ ကိုရောက် အဖိုးကြီးနဲ့တွေ့။ အကြောင်းအရင်းကို မေးကြည့်တဲ့အခါ…. “အရင်ကတော့ ဟုတ်တယ် စပါးတွေ စိုက်တိုင်းဖြစ်တယ်။ နောက် နိုင်ငံတိုးတက် လာတော့ ဓာတ်မြေသြဇာ ပိုးသတ်ဆေး… စတာတွေ ပေါ်လာတယ်။

အဲ့ဒါတွေသုံးရင် ၂ဆ ၃ဆ အထွက်တိုးမယ် ဆိုပြီး ဓာတ်မြေသြဇာ company ကြီးတွေက လာရောင်းတယ်။ အစပိုင်း ၄၊ ၅နှစ်မှာ သူတို့ပြောတဲ့အတိုင်း ထွက်တော့ တောင်သူတွေလဲ ဝမ်းသာတာပေါ့။ နောက်ပိုင်း အထွက်နှုန်းလျော့ကျလာတယ်။

အထွက်နှုန်းလျော့ လာတော့ ဓာတ်မြေဩဇာကျွေးနှုန်းကို ၂ ဆ ၃ ဆ တိုးထဲ့ရမယ် ဆိုပီး Company တွေဘက်က ဆော်ဩလာတယ်။

နောက် ထပ်ပီး ဖော်မြူလာ ဝမ်း ဘာညာဆိုပြီး ဈေးနှုန်းမြင့်တဲ့ ဓတ်မြေသြ ဇာတွေ သွင်းတော့တာပဲ။ တဖြည်းဖြည်း တောင်သူတွေက မဝယ်နိုင်တော့ သူတို့က စပါးပေးနဲ့ရော င်းတယ်။

အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း အထွက်နှုန်းလျော့ လာပြန်ရော။ နောက်ဆုံး အကြွေးပေါ်အကြွေးဆင့်နဲ့ လုံးဝမစိုက်နိုင်တော့ဘဲ သားသမီးတွေကို ခုနကလို အဖြစ်မျိုးတွေဖြစ်အောင် တွန်းပို့သွားတော့တာဘဲ” တဲ့။

အဲ့ဒီမှာ စိုက်ပျိုးရေးေ ကျာင်းဆင်းဖြစ်ခဲ့တဲ့ ကိုယ်ေ ရးအရာရှိက (ရာထူးကစွန့်လိုက်ပြီနော်) သူ့ပိုင်ဆိုင်တဲ့ ငွေတွေနဲ့ ပြန်စမယ်လို့ ဆိုလိုက်တယ်။ ခင်ဗျားတို့က လူစိုက်ပေး။

တချို့တဝက်တော့ လက်ရှိ အလုပ်ပဲ ဆက်လုပ်အုံးပေါ့။ နောက်အဆင်ပြေလာတော့မှ ဒီထက် လူအင်အား ထပ်တိုးကြတာပေါ့ဆိုပီး…. ကဲ မှန်းစမ်း မြေကိုစမ်းကြည့်မယ် ပေါက်တူးယူခဲ့ ဆိုတော့… ရွာသားတွေလည်း တက်ကြွလာတာပေါ့။

နောက် မြေကို ပေါက်တူးနဲ့ ပေါက်လိုက်တာ တချွမ်းချွမ်း မြည်နေတော့တာပဲ။ (ဓာတ်မြေသြဇာ တန်ခိုးတွေပြပီး မြေတွေ ကျွတ်ကုန်တော့တာပါ)

ဒါဆိုသိပြီ ဆိုပြီး အဲ့ဒိအချိန်ကနေ စတင်လာခဲ့ လိုက်တာ… အခုဆိုရင် ချန်ထပူရီမှာ စပါးအပြင် အခြားနှစ်ရှည်ပင်တွေရော၊ စားပင်သီး ပင်တွေရော စုံလို့။ ဒါ့အပြင် အဲ့ဒိဒေသက တောင်သူလယ်သ မားတွေအတွက် စိုက်ပျိုးရေးသင်တန်းကျော င်းကြီးလည်း ဖွင့်ပေးထားတယ်။

နောက် အပင်တွေကထွက်တဲ့ သဘာဝ အရင်းအမြစ်တွေနဲ့ လူ့အသုံးအဆော င်တွေ စားသောက်ကုန်တွေ စတာတွေကို စက်ရုံတွေနဲ့ ထုတ်နေပြီလေ…. သင်တန်းကျောင်း ဆရာကတော့ ကိုယ်ရေးအရာရှိကြီးပေါ့။

(နမူနာ တခုပြောရရင် အဲ့ဒိဒေသက ပျက်စီးသွား တဲ့မြေတွေကို မြေဆီပြန်လုပ်တာနဲ့ပ တ်သတ်လို့ ချန်ထပူရီမှာ မြက်ရှည်ရိုင်းတွေက မပေါက်တော့

ကမ္ဘောဒီယားနဲ့ ဗီယက်နမ်တွေဆီက ဝယ်ပီး သင်္ဘောတွေနဲ့ ကားတွေနဲ့သယ်။ နောက်မှ အဲ့ဒါတွေကို နုတ်နုတ်စင်း မြေကြီးပေါ်မှာ ခင်းပြီး သဘာဝမြေဆီ ပြန်လုပ်ခဲ့ရတယ်)

ဒီ ဖြစ်ရပ်လေးကို နမူနာယူပြီး ကျနော်တို့နိုင်ငံရဲ့စိုက်ပျိုးရေး ကဏ္ဍကိုလည်း တိုးတက်အောင် တခေတ်ဆန်း ပြောင်းလဲ သင့်ပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။

(မူရင်းက ထိုင်းနိုင်ငံမှာ နေခဲ့ဖူးတဲ့ စာရေးဆ ရာမကြီးတယောက် ဟောပြောပွဲကနေ စာသားအဖြစ် နားလည်နိုင်စေရန် ပြန်လည် edit လုပ်ထားရပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံမှာ တကယ်ဖြစ်သွားခဲ့ တဲ့ အဖြစ်ကနေ ယနေ့ ထိုင်းနိုင်ငံရဲ့ ကမ္ဘာကိုထိုးဖောက်နေတဲ့ စိုက်ပျိုးရေး နည်းစနစ်ကို မီးမှောင်းထိုးပြချင် ရုံမျှသာ….)

Credit